ျပည္နဲ႔ တာခ်ီလိတ္က သူနာျပဳသုံးဦး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရ

(Zawgyi)⤵⤵⤵
လူနာနံပါတ္ ၁၇ ကို ကုသေပးခဲ့တဲ့ ေဆးအဖြဲ႕ထဲက သူနာျပဳႏွစ္ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း ေဒသခံလႊတ္ေတာ္အမတ္ ေဒါက္တာ ခင္စိုးစိုးၾကည္က ဘီဘီစီကိုေျပာပါတယ္။

လူနာနံပါတ္ ၁၇ ကို ထိေတြ႕ကုသမႈေပးခဲ့တဲ့အတြက္ ေမ့ေဆးဆရာဝန္ႀကီးအပါအဝင္ ေဆးအဖြဲ႕က ၁၄ ဦးလုံးကို သီးသန႔္အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ခဲ့တဲ့ေနာက္ ပထမအႀကိမ္ေဆးစစ္ရာမွာ ေမ့ေဆးဆရာဝန္ႀကီးတစ္ဦးတည္းမွာပဲ ပိုးရွိေၾကာင္း ေတြ႕ခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ ဒုတိယအႀကိမ္ ေဆးထပ္စစ္ရာမွာေတာ့ သူနာျပဳဆရာမႏွစ္ဦးမွာ ဗိုင္းရပ္စ္ေတြ႕ရွိခဲ့ပါတယ္။

"ဒီဆရာမေလးႏွစ္ေယာက္က ေမ့ေဆးဆရာဝန္ႀကီးနဲ႔ တစ္အိမ္တည္း ႏွစ္ရက္ေလာက္ ကြာရန္တင္းဝင္ထားတာလည္းရွိတယ္။ ေနာက္ၿပီး ဆရာမေလးတစ္ေယာက္က သူ အနံ႔မရတာ ႏွစ္ရက္ေလာက္ရွိၿပီလို႔ ေျပာတယ္။ ဒါေၾကာင့္ ဒုတိယအႀကိမ္ အားလုံးျပန္စစ္တဲ့အခါမွာ အခုလို ပိုးေတြ႕ရွိတာျဖစ္ပါတယ္"လို႔ ေဒါက္တာ ခင္စိုးစိုးၾကည္က ေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ တာခ်ီလိတ္မွာလည္း အသက္ ၂၉ ႏွစ္အ႐ြယ္ သူနာျပဳဆရာမတစ္ဦး ဗိုင္းရပ္စ္ ကူးစက္ခံထားရပါတယ္။

လူနာကို ကုသေပးရင္း ကူးစက္ခံရတဲ့ က်န္းမာေရးဝန္ထမ္းက အခုဆို ေလးဦး ရွိလာေနပါတယ္။ အဲဒီထဲမွာ ျပည္က ေမ့ေဆးဆရာဝန္ႀကီးနဲ႔ သူနာျပဳႏွစ္ဦးနဲ႔ ရန္ကုန္က ခြဲစိတ္အထူးကုဆရာဝန္ႀကီး တစ္ဦးတို႔ ျဖစ္ပါတယ္။

တာခ်ီလိတ္က သူနာျပဳကေတာ့ အဲဒီ ခြဲစိတ္အထူးကုဆရာဝန္ႀကီး ေခတၱလာေရာက္ခဲ့တဲ့တာခ်ီလိတ္ေဆး႐ုံမွာ အမႈထမ္းေနသူ ျဖစ္ၿပီး ဆရာဝန္ႀကီးနဲ႔ အတူ ထမင္းတစ္ဝိုင္းတည္း စားခဲ့တဲ့အထဲမွာ ပါဝင္ခဲ့တယ္လို႔ ေဒသခံအမတ္ ဦးခင္ေမာင္တင့္ကေျပာပါတယ္။

"လူနာနံပါတ္ ၉၆ (ခြဲစိတ္ဆရာဝန္ႀကီး) နဲ႔ ထိေတြ႕ခဲ့တဲ့ အေယာက္ ၃၀ ထဲမွာ ဒီအနီဝတ္ဆရာမတစ္ေယာက္က အခု ပိုးေတြ႕ရွိပါတယ္။ က်န္တဲ့သူေတြအားလုံး မွာေတာ့ မရွိပါဘူး။ ဆရာဝန္ႀကီးရဲ႕ဇနီး(ဆရာဝန္မႀကီး) မွာလည္း ေရာဂါပိုးမရွိအေျဖထြက္ထားပါတယ္။ ၂၄ ရက္ေန႔က်ရင္ ေနာက္တစ္ေခါက္ထပ္စစ္ရပါမယ္"လို႔ သူကေျပာပါတယ္။

ျမန္မာမွာ ဧၿပီ ၂၁ ရက္ မနက္ ၈ နာရီအထိ ဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၁၁၉ ဦးရွိၿပီး ေသဆုံးသူ ၅ ဦးနဲ႔ ျပန္လည္က်န္းမာလာသူ ၉ ဦးရွိပါတယ္။ အဲဒီထဲက ၆ ဦးကေတာ့ ေဆး႐ုံကဆင္းခြင့္ရခဲ့ၿပီး သူတို႔ကို အသြားအလာကန႔္သတ္ေစာင့္ၾကည့္မႈေတြ ဆက္လုပ္ထားမွာ ျဖစ္ပါတယ္။

ေဝဘာဂီအထူးကုေဆး႐ုံက အထူးၾကပ္မတ္ကုသေဆာင္မွာ လူနာနံပါတ္ ၈၇ နဲ႔ ၈၉ တို႔ႏွစ္ဦးက်န္ရွိၿပီး လူနာနံပါတ္ ၂၈ ကေတာ့ အထူးၾကပ္မတ္ကုသေပးရတဲ့အေျခအေနက လြတ္ကင္းသြားၿပီလို႔ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ က ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာေရးသားထားပါတယ္။

BBC Burmese
----------------------------------------


(Unicode)⤵⤵⤵
ပြည်နဲ့ တာချီလိတ်က သူနာပြုသုံးဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

လူနာနံပါတ် ၁၇ ကို ကုသပေးခဲ့တဲ့ ဆေးအဖွဲ့ထဲက သူနာပြုနှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ဒေသခံလွှတ်တော်အမတ် ဒေါက်တာ ခင်စိုးစိုးကြည်က ဘီဘီစီကိုပြောပါတယ်။

လူနာနံပါတ် ၁၇ ကို ထိတွေ့ကုသမှုပေးခဲ့တဲ့အတွက် မေ့ဆေးဆရာဝန်ကြီးအပါအဝင် ဆေးအဖွဲ့က ၁၄ ဦးလုံးကို သီးသန့်အသွားအလာ ကန့်သတ်စောင့်ကြည့်ခဲ့တဲ့နောက် ပထမအကြိမ်ဆေးစစ်ရာမှာ မေ့ဆေးဆရာဝန်ကြီးတစ်ဦးတည်းမှာပဲ ပိုးရှိကြောင်း တွေ့ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဒုတိယအကြိမ် ဆေးထပ်စစ်ရာမှာတော့ သူနာပြုဆရာမနှစ်ဦးမှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ပါတယ်။

"ဒီဆရာမလေးနှစ်ယောက်က မေ့ဆေးဆရာဝန်ကြီးနဲ့ တစ်အိမ်တည်း နှစ်ရက်လောက် ကွာရန်တင်းဝင်ထားတာလည်းရှိတယ်။ နောက်ပြီး ဆရာမလေးတစ်ယောက်က သူ အနံ့မရတာ နှစ်ရက်လောက်ရှိပြီလို့ ပြောတယ်။ ဒါကြောင့် ဒုတိယအကြိမ် အားလုံးပြန်စစ်တဲ့အခါမှာ အခုလို ပိုးတွေ့ရှိတာဖြစ်ပါတယ်"လို့ ဒေါက်တာ ခင်စိုးစိုးကြည်က ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တာချီလိတ်မှာလည်း အသက် ၂၉ နှစ်အရွယ် သူနာပြုဆရာမတစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

လူနာကို ကုသပေးရင်း ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းက အခုဆို လေးဦး ရှိလာနေပါတယ်။ အဲဒီထဲမှာ ပြည်က မေ့ဆေးဆရာဝန်ကြီးနဲ့ သူနာပြုနှစ်ဦးနဲ့ ရန်ကုန်က ခွဲစိတ်အထူးကုဆရာဝန်ကြီး တစ်ဦးတို့ ဖြစ်ပါတယ်။

တာချီလိတ်က သူနာပြုကတော့ အဲဒီ ခွဲစိတ်အထူးကုဆရာဝန်ကြီး ခေတ္တလာရောက်ခဲ့တဲ့တာချီလိတ်ဆေးရုံမှာ အမှုထမ်းနေသူ ဖြစ်ပြီး ဆရာဝန်ကြီးနဲ့ အတူ ထမင်းတစ်ဝိုင်းတည်း စားခဲ့တဲ့အထဲမှာ ပါဝင်ခဲ့တယ်လို့ ဒေသခံအမတ် ဦးခင်မောင်တင့်ကပြောပါတယ်။

"လူနာနံပါတ် ၉၆ (ခွဲစိတ်ဆရာဝန်ကြီး) နဲ့ ထိတွေ့ခဲ့တဲ့ အယောက် ၃၀ ထဲမှာ ဒီအနီဝတ်ဆရာမတစ်ယောက်က အခု ပိုးတွေ့ရှိပါတယ်။ ကျန်တဲ့သူတွေအားလုံး မှာတော့ မရှိပါဘူး။ ဆရာဝန်ကြီးရဲ့ဇနီး(ဆရာဝန်မကြီး) မှာလည်း ရောဂါပိုးမရှိအဖြေထွက်ထားပါတယ်။ ၂၄ ရက်နေ့ကျရင် နောက်တစ်ခေါက်ထပ်စစ်ရပါမယ်"လို့ သူကပြောပါတယ်။

မြန်မာမှာ ဧပြီ ၂၁ ရက် မနက် ၈ နာရီအထိ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၁၉ ဦးရှိပြီး သေဆုံးသူ ၅ ဦးနဲ့ ပြန်လည်ကျန်းမာလာသူ ၉ ဦးရှိပါတယ်။ အဲဒီထဲက ၆ ဦးကတော့ ဆေးရုံကဆင်းခွင့်ရခဲ့ပြီး သူတို့ကို အသွားအလာကန့်သတ်စောင့်ကြည့်မှုတွေ ဆက်လုပ်ထားမှာ ဖြစ်ပါတယ်။

ဝေဘာဂီအထူးကုဆေးရုံက အထူးကြပ်မတ်ကုသဆောင်မှာ လူနာနံပါတ် ၈၇ နဲ့ ၈၉ တို့နှစ်ဦးကျန်ရှိပြီး လူနာနံပါတ် ၂၈ ကတော့ အထူးကြပ်မတ်ကုသပေးရတဲ့အခြေအနေက လွတ်ကင်းသွားပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ က ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52363875
ျပည္နဲ႔ တာခ်ီလိတ္က သူနာျပဳသုံးဦး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရ ျပည္နဲ႔ တာခ်ီလိတ္က သူနာျပဳသုံးဦး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရ Reviewed by THITHTOOLWIN on 10:10 Rating: 5
Powered by Blogger.