အေမရိကန္မွာ စီးပြားေရးလုပ္ငန္းေတြ ျပန္လည္ပတ္ဖုိ႔ သမၼတ Trump ျပင္ဆင္


(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု ကို႐ိုနာဗုိင္းရပ္စ္ အႏၱရာယ္ကုိ သတိထား ေစာင့္ၾကည့္ေနရဆဲ အခ်ိန္မွာပဲ ျပည္နယ္အေတာ္မ်ားမ်ားက စီးပြားေရးလုပ္ငန္းေတြကို ေရွ႕လာမယ့္သီတင္းပတ္ကစ ျပန္ဖြင့္သြားမွာ ျဖစ္တယ္လို႔ သမၼတ Donald Trump က ေျပာလိုက္ပါတယ္။

တကၠဆက္နဲ႔ ဗားေမာင့္ျပည္နယ္ေတြက တခ်ိဳ႕ စီးပြားေရးလုပ္ငန္းေတြကို လာမယ့္ တနလၤာေန႔မွာ ျပန္ဖြင့္ခြင့္ေပးလိုက္ၿပီး မြန္တားနားျပည္နယ္ကေတာ့ ေသာၾကာေန႔မွာ စတင္မွာျဖစ္တယ္လို႔ သမၼတ Trump က စေနေန႔ကျပဳလုပ္တဲ့ အိမ္ျဖဴေတာ္ သတင္းစာရွင္းလင္းပဲြမွာ ေျပာလိုက္ပါတယ္။

“ဗုိင္းရပ္စ္ကူးစက္မႈေတြ အျမင့္ဆုံးအဆင့္ကို ေက်ာ္လြန္လာၿပီဆုိတဲ့ အျပဳသေဘာေဆာင္တဲ့ အရိပ္လကၡဏာေတြကို က်ေနာ္တုိ႔ ဆက္တုိက္ ေတြ႔လာေနရပါတယ္။ ဗုိင္းရပ္စ္ပိုးရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြကလည္း ပိုေကာင္းလာပါတယ္။” လို႔ သမၼတ Trump က ေျပာသြားတာပါ။

သမၼတ Trump က အဲဒီလိုေျပာခဲ့ေပမယ့္လည္း ခုိင္မာတဲ့ သက္ေသအေထာက္အထားေတာ့ မျပႏုိင္ခဲ့ပါဘူး။ ဒါေပမယ့္လည္း တခ်ိဳ႕ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြကေတာ့ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ထပ္မျဖစ္ရေအာင္ ေရာဂါပိုးရွိမရွိ စမ္းသပ္စစ္ေဆးတာေတြကို ထပ္မလုပ္ႏုိင္ဘဲနဲ႔ေတာ့ သူတုိ႔ျပည္နယ္က စီးပြားေရးလုပ္ငန္းေတြကို အခ်ိန္မတုိင္ဘဲ ျပန္ဖြင့္သြားမွာ မဟုတ္ဘူးလို႔ သတိေပးလိုက္ပါတယ္။

အေမရိကန္မွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ လူေတြကို အိမ္ထဲကေန အျပင္မထြက္ဘဲ ေနၾကဖို႔ ကန္႔သတ္ထားတာကုိ ၿမိဳ႕အေတာ္မ်ားမ်ားမွာ လူေတြ ရာနဲ႔ခ်ီၿပီး ဆႏၵျပခဲ့ၾကပါတယ္။

လုပ္ငန္းေတြကိုပိတ္ၿပီး လူေတြကို အျပင္မထြက္ဖို႔ အမိန္႔ထုတ္ထားတာေၾကာင့္ ျဖစ္ေပၚလာတဲ့ စီးပြားေရးအရ ထိခုိက္မႈေတြကို ဆႏၵျပတဲ့သူေတြက ေဒါသထြက္ၾကတာ ျဖစ္ပါတယ္။

ကမာၻတ၀ွမ္းမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ အေရအတြက္ ၂ သန္း ၃ သိန္းေက်ာ္နဲ႔ ေသဆုံးသူ ၁ သိန္း ၆ ေသာင္းေက်ာ္ရွိၿပီး အေမရိကန္မွာေတာ့ ကူးစက္ခံရသူ ၇ သိန္း ၃ ေသာင္းေက်ာ္နဲ႔ ေသဆုံးသူ ၃ ေသာင္း ၉ ေထာင္ေက်ာ္ ရွိပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------

(Unicode)

အမေရိကန်မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ သမ္မတ Trump ပြင်ဆင်

အမေရိကန်ပြည်ထောင်စု ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို သတိထား စောင့်ကြည့်နေရဆဲ အချိန်မှာပဲ ပြည်နယ်အတော်များများက စီးပွားရေးလုပ်ငန်းတွေကို ရှေ့လာမယ့်သီတင်းပတ်ကစ ပြန်ဖွင့်သွားမှာဖြစ်တယ်လို့ သမ္မတ Donald Trump က ပြောလိုက်ပါတယ်။

တက္ကဆက်နဲ့ ဗားမောင့်ပြည်နယ်တွေက တချို့ စီးပွားရေးလုပ်ငန်းတွေကို လာမယ့် တနင်္လာနေ့မှာ ပြန်ဖွင့်ခွင့်ပေးလိုက်ပြီး မွန်တားနားပြည်နယ်ကတော့ သောကြာနေ့မှာ စတင်မှာဖြစ်တယ်လို့ သမ္မတ Trump က စနေနေ့ကပြုလုပ်တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“ဗိုင်းရပ်စ်ကူးစက်မှုတွေ အမြင့်ဆုံးအဆင့်ကို ကျော်လွန်လာပြီဆိုတဲ့ အပြုသဘောဆောင်တဲ့ အရိပ်လက္ခဏာတွေကို ကျနော်တို့ ဆက်တိုက် တွေ့လာနေရပါတယ်။ ဗိုင်းရပ်စ်ပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေကလည်း ပိုကောင်းလာပါတယ်။” လို့ သမ္မတ Trump က ပြောသွားတာပါ။

သမ္မတ Trump က အဲဒီလိုပြောခဲ့ပေမယ့်လည်း ခိုင်မာတဲ့ သက်သေအထောက်အထားတော့ မပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း တချို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ထပ်မဖြစ်ရအောင် ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးတာတွေကို ထပ်မလုပ်နိုင်ဘဲနဲ့တော့ သူတို့ပြည်နယ်က စီးပွားရေးလုပ်ငန်းတွေကို အချိန်မတိုင်ဘဲ ပြန်ဖွင့်သွားမှာ မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် လူတွေကို အိမ်ထဲကနေ အပြင်မထွက်ဘဲ နေကြဖို့ ကန့်သတ်ထားတာကို မြို့အတော်များများမှာ လူတွေ ရာနဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။

လုပ်ငန်းတွေကိုပိတ်ပြီး လူတွေကို အပြင်မထွက်ဖို့ အမိန့်ထုတ်ထားတာကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးအရ ထိခိုက်မှုတွေကို ဆန္ဒပြတဲ့သူတွေက ဒေါသထွက်ကြတာ ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် ၂ သန်း ၃ သိန်းကျော်နဲ့ သေဆုံးသူ ၁ သိန်း ၆ သောင်းကျော်ရှိပြီး အမေရိကန်မှာတော့ ကူးစက်ခံရသူ ၇ သိန်း ၃ သောင်းကျော်နဲ့ သေဆုံးသူ ၃ သောင်း ၉ထောင်ကျော် ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-economy-trump/5378604.html
အေမရိကန္မွာ စီးပြားေရးလုပ္ငန္းေတြ ျပန္လည္ပတ္ဖုိ႔ သမၼတ Trump ျပင္ဆင္ အေမရိကန္မွာ စီးပြားေရးလုပ္ငန္းေတြ ျပန္လည္ပတ္ဖုိ႔ သမၼတ Trump ျပင္ဆင္ Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.