ကုိ႐ုိနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ စတင္ရာအျဖစ္ စြပ္စဲြခ်က္ ၀ူဟန္ဇီ၀ဓာတ္ခဲြခန္း အႀကီးအကဲ ပယ္ခ်


(Zawgyi / Unicode)

ကို႐ုိနာဗုိင္းရပ္စ္ စတင္ျဖစ္ေပၚလာတာဟာ ၀ူဟန္ၿမိဳ႕ ဇီ၀ဓာတ္ခဲြခန္းကေန ျဖစ္ႏုိင္တယ္လို႔ ေျပာဆိုေနတဲ့အေပၚမွာ ၀ူဟန္ဓာတ္ခဲြခန္းရဲ႕ ညႊန္ၾကားေရးမွဴးက အျပင္းအထန္ ကန္႔ကြက္ ေျပာဆုိလိုက္ပါတယ္။

ဒီေျပာဆုိခ်က္အေပၚ တ႐ုတ္အစိုးရနဲ႔ ကြန္ျမဴနစ္ပါတီ ေခါင္းေဆာင္ေတြကလည္း လက္မခံဘဲ ပယ္ခ်ထားတာပါ။

ဒါေတြဟာ လုံး၀မျဖစ္ႏုိင္ဘဲ လွ်ဳိ႕၀ွက္ပူးေပါင္းႀကံစည္တယ္ဆုိတဲ့ အယူအဆသာ ျဖစ္တယ္လို႔ သူက ေျပာလိုက္ပါတယ္။

၀ူဟန္ ဇီ၀ဓာတ္ခဲြခန္းကေန စတင္ပ်ံ႕ႏွံ႔စရာ ဘာအေၾကာင္းမွ မရွိဘူးလို႔ ညႊန္ၾကားေရးမွဴး Yuan Zhiming က တ႐ုတ္အစိုးရပိုင္ CGTN အဂၤလိပ္ပိုင္း သတင္းဌာနနဲ႔ ဒီကေန႔ ေတြ႔ဆုံေမးျမန္းခန္းမွာ ေျပာထားပါတယ္။

အဲဒီ ဇီ၀ဓာတ္ခဲြခန္းက ၀န္ထမ္းေတြ တေယာက္မွ ေရာဂါကူးစက္ခံခဲ့ရတာ မရွိေၾကာင္းနဲ႔ ကို႐ုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ဒီအဖဲြ႔တခုလုံးက ေနရာစုံမွာ သုေတသနေတြ လုပ္ေနတယ္လို႔ သူက ေျပာပါတယ္။

ကို႐ုိနာဗုိင္းရပ္စ္ဟာ ၀ူဟန္ ဇီ၀ဓာတ္ခဲြခန္းကေန စတင္ျဖစ္ေပၚလာတာ ဟုတ္မဟုတ္ဆုိတာကို အေမရိကန္က စုံစမ္းစစ္ေဆးေနသလို ဒီ ကို႐ုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ကိုင္တြယ္ေဆာင္ရြက္ပုံေတြဟာ ပြင့္လင္းျမင္သာမႈ မရွိတာေၾကာင့္ တ႐ုတ္အစိုးရဟာ ေ၀ဖန္ခံေနရတာ ျဖစ္ပါတယ္။

ေရာဂါကူးစက္မႈ အဆုိးရြားဆုံး ျဖစ္ေနခ်ိန္မွာ တ႐ုတ္အစိုးရက ေရာဂါကူးစက္သူ အေရအတြက္နဲ႔ ပတ္သက္ၿပီး မၾကာခဏ ေျပာင္းေနတာေၾကာင့္ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အစကတည္းက ေမးခြန္းထုတ္စရာေတြ ျဖစ္ခဲ့ပါတယ္။

ေသဆုံးသူေတြကို ေရတြက္တဲ့ေနရာမွာ အမွားအယြင္းေတြ ရွိခဲ့တယ္လို႔ ၀ူဟန္ အာဏာပုိင္ေတြဘက္က ၿပီးခဲ့တဲ့တပတ္က ၀န္ခံလိုက္ၿပီး ေသဆုံးသူ အေရအတြက္ကိုလည္း ၅၀ ရာခုိင္ႏႈန္း ထပ္တုိးလိုက္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု စတင်ရာအဖြစ် စွပ်စွဲချက် ဝူဟန်ဇီဝဓာတ်ခွဲခန်း အကြီးအကဲ ပယ်ချ

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပေါ်လာတာဟာ ဝူဟန်မြို့ ဇီဝဓာတ်ခွဲခန်းကနေ ဖြစ်နိုင်တယ်လို့ ပြောဆိုနေတဲ့အပေါ်မှာ ဝူဟန်ဓာတ်ခွဲခန်းရဲ့ ညွှန်ကြားရေးမှူးက အပြင်းအထန် ကန့်ကွက် ပြောဆိုလိုက်ပါတယ်။

ဒီပြောဆိုချက်အပေါ် တရုတ်အစိုးရနဲ့ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေကလည်း လက်မခံဘဲ ပယ်ချထားတာပါ။

ဒါတွေဟာ လုံးဝမဖြစ်နိုင်ဘဲ လျှို့ဝှက်ပူးပေါင်းကြံစည်တယ်ဆိုတဲ့ အယူအဆသာ ဖြစ်တယ်လို့ သူက ပြောလိုက်ပါတယ်။

ဝူဟန် ဇီဝဓာတ်ခွဲခန်းကနေ စတင်ပျံ့နှံ့စရာ ဘာအကြောင်းမှ မရှိဘူးလို့ ညွှန်ကြားရေးမှူး Yuan Zhiming က တရုတ်အစိုးရပိုင် CGTN အင်္ဂလိပ်ပိုင်း သတင်းဌာနနဲ့ ဒီကနေ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောထားပါတယ်။

အဲဒီ ဇီဝဓာတ်ခွဲခန်းက ဝန်ထမ်းတွေ တယောက်မှ ရောဂါကူးစက်ခံခဲ့ရတာ မရှိကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဒီအဖွဲ့တခုလုံးက နေရာစုံမှာ သုတေသနတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန် ဇီဝဓာတ်ခွဲခန်းကနေ စတင်ဖြစ်ပေါ်လာတာ ဟုတ်မဟုတ်ဆိုတာကို အမေရိကန်က စုံစမ်းစစ်ဆေးနေသလို ဒီ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်ပုံတွေဟာ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် တရုတ်အစိုးရဟာ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ရောဂါကူးစက်မှု အဆိုးရွားဆုံး ဖြစ်နေချိန်မှာ တရုတ်အစိုးရက ရောဂါကူးစက်သူ အရေအတွက်နဲ့ ပတ်သက်ပြီး မကြာခဏ ပြောင်းနေတာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အစကတည်းက မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။

သေဆုံးသူတွေကို ရေတွက်တဲ့နေရာမှာ အမှားအယွင်းတွေ ရှိခဲ့တယ်လို့ ဝူဟန် အာဏာပိုင်တွေဘက်က ပြီးခဲ့တဲ့တပတ်က ဝန်ခံလိုက်ပြီး သေဆုံးသူ အရေအတွက်ကိုလည်း ၅၀ ရာခိုင်နှုန်း ထပ်တိုးလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/director-of-wuha…/5378498.html
ကုိ႐ုိနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ စတင္ရာအျဖစ္ စြပ္စဲြခ်က္ ၀ူဟန္ဇီ၀ဓာတ္ခဲြခန္း အႀကီးအကဲ ပယ္ခ် ကုိ႐ုိနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ စတင္ရာအျဖစ္ စြပ္စဲြခ်က္ ၀ူဟန္ဇီ၀ဓာတ္ခဲြခန္း အႀကီးအကဲ ပယ္ခ် Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.