ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရတဲ့ ရန္ကုန္ေဆး႐ုံႀကီးက ဆရာဝန္

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးက ဆရာဝန္တစ္ဦး ျဖစ္ၿပီး ဧၿပီလ ၆ ရက္က တာခ်ီလိတ္ကိုျပန္လာသူ
(Zawgyi)⤵⤵⤵
က်န္းမာေရး နဲ႔ အားကစားဝန္ႀကီးဌာန ရဲ႕ ဧၿပီလ ၁၈ရက္ေန႔ ည ၉ နာရီ ထုတ္ျပန္ခ်က္မွာပါရွိတဲ့ ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္က လူနာနံပါတ္ ၉၆ (အသက္ ၄၃ ႏွစ္အ႐ြယ္) အမ်ိဳးသားဟာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးက ခြဲစိတ္ ဆရာဝန္တစ္ဦးျဖစ္တယ္လို႔ တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ဘီဘီစီကို ေျပာပါတယ္။

သူဟာ ဧၿပီလ ၆ ရက္ေန႔က ရန္ကုန္ ကေန တာခ်ီလိတ္ မွာတာဝန္က်ေနတဲ့ သူ႔အမ်ိဳးသမီးဆီ ျပန္လာခဲ့သူျဖစ္ၿပီးေတာ့၊ ရန္ကုန္မွာ လူနာ နံပတ္ ၄၇ ရဲ႕မိသားစု၀င္ေတြ ကို ထိေတြ႕ ကုသမႈ ေပးခဲ့တယ္လို႔လည္း ဦးခင္ေမာင္တင့္က ေျပာပါတယ္။

ျပည္ ခုတင္ ၅၀၀ ေဆး႐ုံက ေမ့ေဆးအထူးကုဆရာဝန္ႀကီးဟာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရတဲ့ ျမန္မာႏိုင္ငံက ပထမဆုံး ဆရာဝန္ျဖစ္ၿပီးေတာ့ ျမန္မာႏိုင္ငံ ရဲ႕ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရတဲ့ ၃၀ ဦးေျမာက္လူနာျဖစ္ ပါတယ္။

ဧၿပီလ ၁၉ရက္ေန႔ က ထုတ္ျပန္ခဲ့တဲ့ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးက အတည္ျပဳလူနာ ဆရာဝန္ပါ ေရတြက္ရင္ ျမန္မာႏိုင္ငံမွာ ကုသမႈေပးရင္း လူနာေတြကေန ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ဆရာဝန္ ႏွစ္ဦးထိရွိလာၿပီ ျဖစ္ပါတယ္။
လူနာ အမွတ္ ၉၆
"လူနာ အမွတ္ ၉၆က ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးက ဆရာဝန္ပါ၊ ဧၿပီ ၆ ရက္ေန႔က ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းနဲ႔ ေရာက္လာပါတယ္ ။ ပိတ္ရက္မွာ သူ႔အမ်ိဳးသမီးဆီလာတာပါ။ သူ႔အမ်ိဳးသမီးကလည္း တာခ်ီလိတ္ေဆး႐ုံက အိုဂ်ီ ပါ ။ လူနာနံပါတ္ ၄၇ (ရန္ကုန္) ရဲ႕ ေဆြမ်ိဳးသားခ်င္းမိသားစုဝင္ေတြနဲ႔ ထိေတြ႕ဆက္ဆံကုသေပးခဲ့ဖူးတယ္လို႔ သိရတယ္။ ၾကားခံထိေတြ႕ခဲ့တာမ်ိဳး ရွိခဲ့တယ္"တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာပါတယ္။

သူနဲ႔ေလယာဥ္တစ္စီးတည္းစီးလာခဲ့တဲ့ တာခ်ီလိတ္က လူ၁၂ ေယာက္ရယ္ ၊ တာခ်ီလိတ္မွာ ဒီဆရာဝန္နဲ႔ ထိေတြ႕ဆက္ဆံခဲတဲ့ ဆရာဝန္ နဲ႔ သူနာျပဳ ၂၁ ေယာက္ ကိုေတာ့ အသြားအလာ ကန္႔သတ္ၿပီးေစာင့္ၾကည့္တာေတြလုပ္ေနတယ္ လို႔လည္း သူကေျပာပါတယ္။

"လူနာ အမွတ္ ၉၆ ကိုေတာ့ မနက္က က်ိဳင္းတုံေဆး႐ုံႀကီးက ပို႔ေပးခဲပါတယ္။ သူ႔ရဲ႕က်န္းမာေရး အေျခအေန ေကာင္းပါတယ္လို႔ " က်ိဳင္းတုံ ကိုဗစ္ -၁၉ ေရာဂါကာကြယ္ေရး အဖြဲ႕ ဝင္တစ္ဦး ကဘီဘီစီကိုေျပာပါတယ္။

အတည္ျပဳလူနာ နံပါတ္ ၉၆ ျဖစ္တဲ့ ခြဲစိတ္ဆရာဝန္ဟာ သၾကၤန္ပိတ္ရက္ မိသားစုထံ ျပန္လာရင္းစိုးရိမ္လို႔ကြာရန္တင္းဝင္ၿပီး အသြားအလာ ကန္႔သတ္ထားရာကေန ဓာတ္ခြဲနမူနာ ယူလိုက္တဲ့အခါမွာ ေရာဂါပိုးရွိေၾကာင္းေတြ႕ရွိခဲ့တာျဖစ္ပါတယ္။
လူနာကို က်ိဳင္းတုံေဆး႐ုံႀကီးကို ေခၚသြား
က်န္းမာေရး နဲ႔ အားကစားဝန္ႀကီး ဌာနရဲ႕ ဧၿပီလ ၁၉ ရက္ေန႔ မနက္ ၇နာရီ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၁၀၇ ဦးရွိေနၿပီျဖစ္ပါတယ္။

ကိုဗစ္ -၁၉ ပထမဆုံးကူးစက္ခံရသူ ေမ့ေဆးအထူးကုဆရာဝန္ႀကီးက ေတာ့ လူနာ အမွတ္ ၁၇ ကို ကုသမႈေပးခဲ့တဲ့ ဆရာဝန္မႀကီးျဖစ္ပါတယ္။

ျပည္ေဆး႐ုံမွာ လူနာနံပါတ္ ၁၇ ေရာဂါသည္းထန္ခ်ိန္မွာ ေဆးအဖြဲ႕ဝင္ စုစုေပါင္း ၁၄ ဦးနဲ႔အတူ အထူးၾကပ္မတ္ကုသခန္းထဲ ကုသေပးခဲ့တာျဖစ္ၿပီး ကုသမႈေပးၿပီး ျပန္ထြက္လာခ်ိန္မွာ အကာအကြယ္ဝတ္စုံက မ်က္မွန္ကို ခြၽတ္မိတယ္လို႔ သူ ကေျပာၾကားတာမ်ိဳးရွိေၾကာင္းနဲ႔ ျပည္ေဆး႐ုံ က ဒုတိယေဆး႐ုံအုပ္ႀကီး ေဒါက္တာသီတာစိုးက ဘီဘီစီကိုေျပာခဲ့ပါတယ္။

"ရန္ကုန္ေဆး႐ုံႀကီးက ဆရာဝန္ကေတာ့ သူကုေပးတဲ့ လူနာ ဟာ ကိုဗစ္ ၁၉ကူးစက္ခံရတာသိတာနဲ႔ ဧၿပီ ၁၃ ရက္ေန႔ကစၿပီး တာခ်ီလိတ္ေနအိမ္မွာ အသြားအလာကန္႔သတ္ၿပီး ေစာင့္ၾကည့္ခဲ့တယ္ ၊ ဒီက ဌာန ဆိုင္ရာေတြကိုလည္း အေၾကာင္း ၾကားထားခဲ့တယ္ လို႔လည္း ဦးခင္ေမာင္တင့္ကေျပာပါတယ္။
က်ိဳင္းတုံအနီး ကိုဗစ္ ၁၉ ရွာေဖြစစ္ေဆးျခင္း မ်ားေဆာင္႐ြက္ေနစဥ္
တာခ်ီလိတ္က ဆရာဝန္ဟာ လူနာ အမွတ္ ၄၇ ကေန တစ္ဆင့္ကူးစက္တာျဖစ္ၿပီးေတာ့ လူနာ အမွတ္ ၄၇ ဟာ အင္းစိန္ အုပ္စု ျဖစ္တဲ့ လူနာ အမွတ္ ၂၄ ကေန ကူးစက္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါအျပင္ ဧၿပီလ ၁၉ ရက္ေန႔ကထုတ္ျပန္ခဲ့တဲ့ ရန္ကုန္ ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္း ကအတည္ျပဳလူနာ ႏွစ္ဦးတို႔ ဟာလည္း အင္းစိန္တရားပြဲ ကေနတစ္ဆင့္ကူးစက္ခဲ့တာလည္းျဖစ္ပါတယ္။

အင္းစိန္က သင္းအုပ္ဆရာတစ္ဦးနဲ႔ အမႈေတာ္ေဆာင္တစ္ဦးကိုလည္း ဒီလို အုပ္စုလိုက္ကူးစက္ေစမႈေၾကာင့္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒနဲ႔ အမႈဖြင့္ထားပါတယ္။

တာခ်ီလိတ္က လူနာအမွတ္ ၉၆ ဆရာဝန္ရဲ႕ အမ်ိဳးသမီးကေတာ့ ေရာဂါပိုးရွိတာ မေတြ႕ရေၾကာင္းနဲ႔ ေနအိမ္ကို ေဆးဖ်န္းထားၿပီးေတာ့ လမ္းကို လည္း ေလာ့ေဒါင္းလုပ္ထားတယ္လို႔လည္း ဦးခင္ေမာင္တင့္ ကဘီဘီစီကိုေျပာပါတယ္။

BBC Burmese
------------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ရန်ကုန်ဆေးရုံကြီးက ဆရာဝန်

ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန ရဲ့ ဧပြီလ ၁၈ရက်နေ့ ည ၉ နာရီ ထုတ်ပြန်ချက်မှာပါရှိတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်က လူနာနံပါတ် ၉၆ (အသက် ၄၃ နှစ်အရွယ်) အမျိုးသားဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ခွဲစိတ် ဆရာဝန်တစ်ဦးဖြစ်တယ်လို့ တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ဘီဘီစီကို ပြောပါတယ်။

သူဟာ ဧပြီလ ၆ ရက်နေ့က ရန်ကုန် ကနေ တာချီလိတ် မှာတာဝန်ကျနေတဲ့ သူ့အမျိုးသမီးဆီ ပြန်လာခဲ့သူဖြစ်ပြီးတော့၊ ရန်ကုန်မှာ လူနာ နံပတ် ၄၇ ရဲ့မိသားစုဝင်တွေ ကို ထိတွေ့ ကုသမှု ပေးခဲ့တယ်လို့လည်း ဦးခင်မောင်တင့်က ပြောပါတယ်။

ပြည် ခုတင် ၅၀၀ ဆေးရုံက မေ့ဆေးအထူးကုဆရာဝန်ကြီးဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ မြန်မာနိုင်ငံက ပထမဆုံး ဆရာဝန်ဖြစ်ပြီးတော့ မြန်မာနိုင်ငံ ရဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ၃၀ ဦးမြောက်လူနာဖြစ် ပါတယ်။

ဧပြီလ ၁၉ရက်နေ့ က ထုတ်ပြန်ခဲ့တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အတည်ပြုလူနာ ဆရာဝန်ပါ ရေတွက်ရင် မြန်မာနိုင်ငံမှာ ကုသမှုပေးရင်း လူနာတွေကနေ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ဆရာဝန် နှစ်ဦးထိရှိလာပြီ ဖြစ်ပါတယ်။

"လူနာ အမှတ် ၉၆က ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်ပါ၊ ဧပြီ ၆ ရက်နေ့က မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ ရောက်လာပါတယ် ။ ပိတ်ရက်မှာ သူ့အမျိုးသမီးဆီလာတာပါ။ သူ့အမျိုးသမီးကလည်း တာချီလိတ်ဆေးရုံက အိုဂျီ ပါ ။ လူနာနံပါတ် ၄၇ (ရန်ကုန်) ရဲ့ ဆွေမျိုးသားချင်းမိသားစုဝင်တွေနဲ့ ထိတွေ့ဆက်ဆံကုသပေးခဲ့ဖူးတယ်လို့ သိရတယ်။ ကြားခံထိတွေ့ခဲ့တာမျိုး ရှိခဲ့တယ်"တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောပါတယ်။

သူနဲ့လေယာဉ်တစ်စီးတည်းစီးလာခဲ့တဲ့ တာချီလိတ်က လူ၁၂ ယောက်ရယ် ၊ တာချီလိတ်မှာ ဒီဆရာဝန်နဲ့ ထိတွေ့ဆက်ဆံခဲတဲ့ ဆရာဝန် နဲ့ သူနာပြု ၂၁ ယောက် ကိုတော့ အသွားအလာ ကန့်သတ်ပြီးစောင့်ကြည့်တာတွေလုပ်နေတယ် လို့လည်း သူကပြောပါတယ်။

"လူနာ အမှတ် ၉၆ ကိုတော့ မနက်က ကျိုင်းတုံဆေးရုံကြီးက ပို့ပေးခဲပါတယ်။ သူ့ရဲ့ကျန်းမာရေး အခြေအနေ ကောင်းပါတယ်လို့ " ကျိုင်းတုံ ကိုဗစ် -၁၉ ရောဂါကာကွယ်ရေး အဖွဲ့ ဝင်တစ်ဦး ကဘီဘီစီကိုပြောပါတယ်။

အတည်ပြုလူနာ နံပါတ် ၉၆ ဖြစ်တဲ့ ခွဲစိတ်ဆရာဝန်ဟာ သင်္ကြန်ပိတ်ရက် မိသားစုထံ ပြန်လာရင်းစိုးရိမ်လို့ကွာရန်တင်းဝင်ပြီး အသွားအလာ ကန့်သတ်ထားရာကနေ ဓာတ်ခွဲနမူနာ ယူလိုက်တဲ့အခါမှာ ရောဂါပိုးရှိကြောင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေး နဲ့ အားကစားဝန်ကြီး ဌာနရဲ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၇နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၀၇ ဦးရှိနေပြီဖြစ်ပါတယ်။

ကိုဗစ် -၁၉ ပထမဆုံးကူးစက်ခံရသူ မေ့ဆေးအထူးကုဆရာဝန်ကြီးက တော့ လူနာ အမှတ် ၁၇ ကို ကုသမှုပေးခဲ့တဲ့ ဆရာဝန်မကြီးဖြစ်ပါတယ်။

ပြည်ဆေးရုံမှာ လူနာနံပါတ် ၁၇ ရောဂါသည်းထန်ချိန်မှာ ဆေးအဖွဲ့ဝင် စုစုပေါင်း ၁၄ ဦးနဲ့အတူ အထူးကြပ်မတ်ကုသခန်းထဲ ကုသပေးခဲ့တာဖြစ်ပြီး ကုသမှုပေးပြီး ပြန်ထွက်လာချိန်မှာ အကာအကွယ်ဝတ်စုံက မျက်မှန်ကို ချွတ်မိတယ်လို့ သူ ကပြောကြားတာမျိုးရှိကြောင်းနဲ့ ပြည်ဆေးရုံ က ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက ဘီဘီစီကိုပြောခဲ့ပါတယ်။

"ရန်ကုန်ဆေးရုံကြီးက ဆရာဝန်ကတော့ သူကုပေးတဲ့ လူနာ ဟာ ကိုဗစ် ၁၉ကူးစက်ခံရတာသိတာနဲ့ ဧပြီ ၁၃ ရက်နေ့ကစပြီး တာချီလိတ်နေအိမ်မှာ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ခဲ့တယ် ၊ ဒီက ဌာန ဆိုင်ရာတွေကိုလည်း အကြောင်း ကြားထားခဲ့တယ် လို့လည်း ဦးခင်မောင်တင့်ကပြောပါတယ်။

တာချီလိတ်က ဆရာဝန်ဟာ လူနာ အမှတ် ၄၇ ကနေ တစ်ဆင့်ကူးစက်တာဖြစ်ပြီးတော့ လူနာ အမှတ် ၄၇ ဟာ အင်းစိန် အုပ်စု ဖြစ်တဲ့ လူနာ အမှတ် ၂၄ ကနေ ကူးစက်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါအပြင် ဧပြီလ ၁၉ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ ရန်ကုန် ဒဂုံမြို့သစ် မြောက်ပိုင်း ကအတည်ပြုလူနာ နှစ်ဦးတို့ ဟာလည်း အင်းစိန်တရားပွဲ ကနေတစ်ဆင့်ကူးစက်ခဲ့တာလည်းဖြစ်ပါတယ်။

အင်းစိန်က သင်းအုပ်ဆရာတစ်ဦးနဲ့ အမှုတော်ဆောင်တစ်ဦးကိုလည်း ဒီလို အုပ်စုလိုက်ကူးစက်စေမှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။

တာချီလိတ်က လူနာအမှတ် ၉၆ ဆရာဝန်ရဲ့ အမျိုးသမီးကတော့ ရောဂါပိုးရှိတာ မတွေ့ရကြောင်းနဲ့ နေအိမ်ကို ဆေးဖျန်းထားပြီးတော့ လမ်းကို လည်း လော့ဒေါင်းလုပ်ထားတယ်လို့လည်း ဦးခင်မောင်တင့် ကဘီဘီစီကိုပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/52344461
ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရတဲ့ ရန္ကုန္ေဆး႐ုံႀကီးက ဆရာဝန္ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရတဲ့ ရန္ကုန္ေဆး႐ုံႀကီးက ဆရာဝန္ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.