အိမ္ျပင္မထြက္ရအမိန္႔ ခ်ဳိးေဖာက္သူေတြ ပစ္သတ္ဖို႔ သမၼတ Duterte အမိန္႔ေပး


(Zawgyi/Unicode)

ဖိလစ္ပိုင္ႏိုင္ငံမွာ coronavirus ပိုးကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ဖုိ႔ အိမ္ျပင္မထြက္ရ တားျမစ္ထားတဲ့အမိန္႔ကို ခ်ဳိးေဖာက္သူေတြကို ပစ္သတ္မယ္လို႔ သမၼတ Rodrigo Duterte က ေျပာၾကားလိုက္ပါတယ္။

ရဲတပ္ဖြ႔ဲ၊ စစ္တပ္နဲ႔ ေက်း႐ြာအႀကီးအကဲေတြအေနနဲ႔ ျပႆနာလုပ္သူေတြ ႐ွိတယ္။ ကိုယ့္အသက္အႏၱရာယ္ ႐ွိတယ္ဆိုရင္ ပစ္သာသတ္လိုက္ဖို႔ အမိန္႔ေပးတယ္လို႔ ဖိလစ္ပိုင္ သမၼတ Duterte က ဗုဒၼဟူးေန႔က ႐ုပ္ျမင္သံၾကားေပၚကေန ေျပာၾကားခဲ့တာပါ။ မနီလာၿမိဳ႕ေတာ္က ဆင္းရဲသားရပ္ကြက္ တခုမွာ အစိုးရရဲ႕ အစားအေသာက္ေထာက္ပံ့မႈေတြ မလံုေလာက္တဲ့အေပၚ ဆူပူဆႏၵျပမႈေတြ ႐ွိခဲ့ၿပီးေနာက္ ျပႆနာလုပ္သူေတြကို ပစ္သတ္မယ္လို႔ သမၼတကေျပာၾကားခဲ့တာပါ။

ဒါတင္မက ဆရာဝန္ေတြ က်န္းမာေရးဝန္ထမ္းေတြအေပၚ တိုက္ခိုက္သူေတြကိုလည္း အဆိပ္အတင္း ေသာက္ခိုင္းတာမ်ဳိးအထိ လုပ္ၿပီး ျပင္းျပင္းထန္ထန္ အေရးယူမယ္လို႔ သတိေပးခဲ့ပါတယ္။

ဖိလစ္ပုိင္မွာ coronavirus ပိုးကူးစက္မႈ အေျခအေန ဆိုးလာေနတယ္လို႔လည္း သမၼတက ေျပာၾကားခဲ့ပါတယ္။ ဖိလစ္ပိုင္မွာ ေရာဂါပုိးကူးစက္တယ္လို႔ အတည္ျပဳထားသူ ေလာေလာဆယ္ ၂,၃၀၀ ေက်ာ္႐ွိၿပီး ေသဆံုးသူ ၉၆ ေယာက္႐ွိပါတယ္။
-------------------------------------------------------

[Unicode Version]

အိမ်ပြင်မထွက်ရအမိန့် ချိုးဖောက်သူတွေ ပစ်သတ်ဖို့ သမ္မတ Duterte အမိန့်ပေး

ဖိလစ်ပိုင်နိုင်ငံမှာ coronavirus ပိုးကူးစက်မှု ထိန်းချုပ်နိုင်ဖို့ အိမ်ပြင်မထွက်ရ တားမြစ်ထားတဲ့အမိန့်ကို ချိုးဖောက်သူတွေကို ပစ်သတ်မယ်လို့ သမ္မတ Rodrigo Duterte က ပြောကြားလိုက်ပါတယ်။

ရဲတပ်ဖွ့ဲ၊ စစ်တပ်နဲ့ ကျေးရွာအကြီးအကဲတွေအနေနဲ့ ပြဿနာလုပ်သူတွေ ရှိတယ်။ ကိုယ့်အသက်အန္တရာယ် ရှိတယ်ဆိုရင် ပစ်သာသတ်လိုက်ဖို့ အမိန့်ပေးတယ်လို့ ဖိလစ်ပိုင် သမ္မတ Duterte က ဗုဒ္မဟူးနေ့က ရုပ်မြင်သံကြားပေါ်ကနေ ပြောကြားခဲ့တာပါ။ မနီလာမြို့တော်က ဆင်းရဲသားရပ်ကွက် တခုမှာ အစိုးရရဲ့ အစားအသောက်ထောက်ပံ့မှုတွေ မလုံလောက်တဲ့အပေါ် ဆူပူဆန္ဒပြမှုတွေ ရှိခဲ့ပြီးနောက် ပြဿနာလုပ်သူတွေကို ပစ်သတ်မယ်လို့ သမ္မတကပြောကြားခဲ့တာပါ။

ဒါတင်မက ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်သူတွေကိုလည်း အဆိပ်အတင်း သောက်ခိုင်းတာမျိုးအထိ လုပ်ပြီး ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ coronavirus ပိုးကူးစက်မှု အခြေအနေ ဆိုးလာနေတယ်လို့လည်း သမ္မတက ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ ရောဂါပိုးကူးစက်တယ်လို့ အတည်ပြုထားသူ လောလောဆယ် ၂,၃၀၀ ကျော်ရှိပြီး သေဆုံးသူ ၉၆ ယောက်ရှိပါတယ်။

VOA Burmese News
https://burmese.voanews.com/a/philippines-covid-duterte/5356708.html
အိမ္ျပင္မထြက္ရအမိန္႔ ခ်ဳိးေဖာက္သူေတြ ပစ္သတ္ဖို႔ သမၼတ Duterte အမိန္႔ေပး အိမ္ျပင္မထြက္ရအမိန္႔ ခ်ဳိးေဖာက္သူေတြ ပစ္သတ္ဖို႔ သမၼတ Duterte အမိန္႔ေပး Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.