ကို႐ိုနာ အတြက္ ယၾတာ ကိုအားကိုးေနရတဲ့ ေဒသခံေတြ

ဆားနဲ႔ပ်ားရည္ကို ၿခံဝင္ေပါက္မွာ ခ်ထားေနသူ
(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ ကိုဗစ္ ၁၉ ေရာဂါပိုး ကူးစက္ခံရတဲ့သူ ၁၆ဦးရွိၿပီလို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ဧၿပီလ ၁ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။ ဒါ့အျပင္ ကိုဗစ္ ၁၉ ကူးစက္ခံထားရတဲ့ အသက္ ၆၉ ႏွစ္အ႐ြယ္ လူနာ အမွတ္ ၅ အမ်ိဳးသားတဦးလည္း မတ္ ၃၁ ရက္ မနက္ပိုင္းမွာ ကြယ္လြန္ သြားတယ္လို႔ ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ကိုဗစ္ ၁၉ ေရာဂါပိုး ကူးစက္ခံရတဲ့သူ တေန႔တျခား တိုးလာတဲ့အေပၚ ႏိုင္ငံသားေတြ အၾကား စိုးရိမ္ထိတ္လန႔္မႈေတြ ရွိလာပါတယ္။

ဒီေရာဂါကို ကာကြယ္ ထိန္းခ်ဳပ္ႏိုင္ဖို႔ လူစုလူေဝးေတြကို တတ္ႏိုင္သမွ် နည္းေအာင္ အစိုးရက ႀကိဳးစားခဲ့ၾကၿပီး ႏွစ္စဥ္က်င္းပတဲ့ ဘုရားပြဲေတြကို ပိတ္သိမ္းတာေတြ လုပ္ေဆာင္ခဲ့ပါတယ္။

ဒါ့အျပင္ ႏိုင္ငံရပ္ျခားက ျပန္လာတဲ့သူေတြဆိုရင္လည္း သက္ဆိုင္ရာ ရပ္ကြက္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးထံမွာ အေၾကာင္းၾကားဖို႔နဲ႔ သတ္မွတ္ေနရာမွာ ၁၄ ရက္ ေစာင့္ၾကည့္ခံဖိုဆိုတဲ့ ၫႊန္ၾကားခ်က္ေတြကိုလည္း ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံ အလယ္ပိုင္းနဲ႔ေအာက္ပိုင္း ကလူေတြ ကေတာ့ တမာ႐ြက္ျပဳတ္ေသာက္ၾက တယ္ဆိုပါတယ္။ ရွမ္းျပည္နယ္ေနရာအခ်ိဳ႕မွာ ေတာ့ သူတို႔ေဒသ က ယၾတာကို အားကိုးၿပီး ကာကြယ္ၾကတာေတြ႕ရပါတယ္။
လမ္းေထာင့္တြင္ ခ်ိတ္ဆြဲထားတဲ့ သတိေပးစာမ်ား
ရွမ္းျပည္နယ္မွာဆိုရင္ ၅ ရက္တႀကိမ္က်င္းပတဲ့ ေဈးေတြကို ပိတ္သိမ္းတာေတြကိုလည္း ေဒသဆိုင္ရာ တာဝန္ရွိသူေတြက ၫႊန္ၾကားထားပါတယ္။

ကိုဗစ္ ၁၉ ကူးစက္ခံရတဲ့ ဧည့္လမ္းၫႊန္ တဦး သြားေရာက္ခဲ့တဲ့ ျပည္တြင္းနဲ႔ျပည္ပ ခရီးသြားဧည့္သည္ေတြ အလာမ်ားတဲ့ အင္းေလးကို သြားေရာက္ရတဲ့ ေညာင္ေ႐ႊၿမိဳ႕ဝင္ ၿမိဳ႕ထြက္မွာ ျဖတ္သန္းသြားလာသူေတြကို စစ္ေဆးမႈေတြ လုပ္ေဆာင္ေနပါတယ္။

ဒါ့အျပင္ ဒီၿမိဳ႕မွာရွိတဲ့ ဟိုတယ္နဲ႔ တည္းခိုခန္းေတြလည္း လာမယ့္ ရက္ပိုင္းအတြင္း ပိတ္ထားေတာ့မွာလည္း ျဖစ္ပါတယ္။
 ေစတနာရွင္တဦးက လူထု အေျချပဳအဖြဲ႕အစည္းေတြ အတြက္ လႉဒါန္းထားေသာ လက္ေဆးရည္မ်ား
ၿမိဳ႕ေတြမွာရွိတဲ့ တခ်ိဳ႕ စားေသာက္ဆိုင္ေတြဆိုရင္ ဆိုင္မွာ စားေသာက္ခြင့္မျပဳဘဲ ပါဆယ္နဲ႔သာ ေရာင္းခ်မယ္ဆိုတဲ့ ဆိုင္းဘုတ္ေတြနဲ႔ ခ်ိတ္ဆြဲထားသလို တခ်ိဳ႕ေဆးဆိုင္ဆိုရင္ လူကို အဝင္မခံဘဲ အျပင္ကေန လိုအပ္တာကို ေျပာၿပီး ေရာင္းခ်ေပးေနတာေတြကို အခုရက္ပိုင္း ပို ေတြ႕ျမင္ရပါတယ္။

တခ်ိဳ႕ၿမိဳ႕ေတြမွာဆိုရင္ ေစတနာရွင္ေတြနဲ႔ လူထု အေျချပဳ အဖြဲ႕အစည္းေတြက မ်က္ႏွာဖုံးေတြ ျဖန႔္ေဝတာ၊ လူအသြားအလာမ်ားတဲ့ ေနရာေတြမွာ လက္ေဆးဖို႔ အတြက္ ေဆးရည္နဲ႔ လက္ေဆးဖို႔ေနရာေတြ စီစဥ္ ထားေပးတာေတြကိုလည္း ေတြ႕ေနရပါတယ္။

ဒီေရာဂါ ကူးစက္မႈနဲ႔ ပတ္သက္ၿပီး လူထု အၾကား က်န္းမာေရး အသိပညာေပးတာ ေတြကို အစိုးရမဟုတ္တဲ့ လူမႈေရး အဖြဲ႕အစည္းေတြနဲ႔ လူထု အေျချပဳ အဖြဲ႕ေတြ ကလည္းလုပ္ေဆာင္ေနပါတယ္။

ဒါ့အျပင္ လူမႈကြန္ရက္ေတြ အစိုးရသတင္းစာေတြနဲ႔ စာနယ္ဇင္းေတြက ကိုဗစ္၁၉ နဲ႔ ပတ္သက္ၿပီး လိုက္နာေဆာင္႐ြက္ ရမယ့္ နည္းလမ္းေတြနဲ႔ က်န္းမာေရး အသိပညာေပးေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္ေနတာေၾကာင့္ ဒါေတြကို လက္လွမ္းမီတဲ့ လူေတြအၾကား က်န္းမာေရး ဗဟုသုတေတြ ရရွိေနပါတယ္။

ျမန္မာႏိုင္ငံ မွာ ကို႐ိုနာ ကပ္ေရာဂါ ျဖစ္လာႏိုင္သလား

ဒါ့ေပမယ့္ အင္တာနက္၊ စာနယ္ဇင္းေတြနဲ႔ အလွမ္းေဝးတဲ့ ေက်းလက္ေတာ႐ြာေတြက လူေတြကေရာ ကိုဗစ္၁၉ နဲ႔ ပတ္သက္ၿပီး ဘယ္လို သေဘာေပါက္နားလည္ ၾကပါသလဲ။

ေက်းလက္ေတြမွာ ကိုဗစ္နဲ႔ ပတ္သက္ၿပီး က်န္းမာေရးအသိပညာ ဘယ္လိုရွိလဲ။

ရွမ္းျပည္နယ္ ၿမိဳ႕ေတာ္ ေတာင္ႀကီးကေန ၇ မိုင္အကြာ ဖာမြိဳန္းေက်း႐ြာ အုပ္စုထဲက ဒုံခါရာ႐ြာက ႐ြာသားေတြကေတာ့ ေရာဂါ ျဖစ္ေနတယ္ဆိုတာ သိထားေပမယ့္ ဒီေရာဂါက ဘာလဲဆိုတာ ေသေသခ်ာခ်ာ မသိဘူးလို႔ ေျပာပါတယ္။
ဒုံခါရာ႐ြာကို မနက္အေစာ အေပၚစီးကေန ျမင္ေတြ႕ရစ
တျခားသူေတြ ေၾကာက္တယ္ဆိုလို႔သာ လိုက္ေၾကာက္ေနေပမယ့္ ဒီေရာဂါ ဘယ္လို ကူးတတ္တယ္၊ ေရာဂါရဲ႕သေဘာသဘာဝက ဘာလဲဆိုတာ မသိဘူးလို႔ ႐ြာသားအမ်ားစုက ေျပာပါတယ္။

ဒီအထဲက ႐ြာသား ဦးဟိုးက “ကိုနာဗိုင္းရပ္လို႔ေျပာတာပဲ၊ ဘာမွန္းေတာ့ မသိဘူး” လို႔ ေျပာပါတယ္။

ဒီ႐ြာက အိမ္ေျခ ၁၃၀နီးပါး ရွိၿပီး ခန႔္မွန္း လူဦးေရ ၅၀ဝနီးပါး ေနထိုင္ေနတဲ့ ႐ြာျဖစ္ပါတယ္။ ႐ြာသားေတြက စိုက္ပ်ိဳးေရး လုပ္ငန္း၊ သဲတူး၊ အားလပ္ခ်ိန္မွာ ေန႔စားလိုက္ စတဲ့ လုပ္ငန္းေတြနဲ႔ အသက္ေမြးဝမ္းေၾကာင္း ျပဳၾကပါတယ္။

က်န္မာေရးအတြက္ အနီးနားက ဖာမြိဳန္းေက်း႐ြာမွာ ရွိတဲ့ ေက်းလက္ ေဆးေပးခန္းကို ႐ြာကလူေတြက မွီခိုေနရပါတယ္။

ဒီရက္ပိုင္းအတြင္းမွာ တျခားသူေတြက လက္ေဆးဖို႔ ေျပာလာလို႔ ႐ြာသားေတြ အေနနဲ႔ လက္ေတြ ပိုေဆးလာၾကတာကို သတိထားမိတယ္လို႔လည္း ဆိုပါတယ္။

ဒါ့အျပင္ အနီးနားက ဖာမြိဳန္းေက်း႐ြာက ေက်ာင္းမွာ ထိုင္းကျပန္လာတဲ့ လူ ၃၀ေက်ာ္ကို ေစာင့္ၾကပ္ၾကည့္ရႈေနပါတယ္။

သၾကၤန္တြင္း ဘုရားသြားေက်ာင္းတက္ လုပ္ပါက အရင္ကလို လူစုလူေဝးနဲ႔ မသြားဖို႔ ပအိုဝ့္အမ်ိဳးသားအဖြဲ႕ခ်ဳပ္က ၫႊန္ၾကားလာတာေတြက ဒီရက္ပိုင္းအတြင္း တခုခု ျဖစ္ေနတယ္ဆိုတာ သိသာေစတဲ့ အရာတခုလို႔ ႐ြာသားေတြက ေျပာပါတယ္။

ကိုဗစ္ ၁၉ နဲ႔ ပတ္သက္ၿပီး ႐ြာမွာ အသိပညာေပးေဟာေျပာတာေတြ မရွိဘဲ တဆင့္ စကား တဆင့္နားနဲ႔ ၾကားသိရတယ္လို႔ ဆိုပါတယ္။

ေတာင္ႀကီးၿမိဳ႕ကေန ဒုံခါရာ ႐ြာမွာလာဖြင့္ထားတဲ့ ကုန္စုံဆိုင္ ပိုင္ရွင္ ေဂၚရခါး အမ်ိဳးသမီးက “သားကို ဒီရက္ပိုင္း ဝပ္ေရွာ့မပို႔ေတာ့ဘူး၊ ၾကားရတဲ့သတင္းေတြေၾကာင့္ မသြား ခိုင္းေတာ့တာ။ သူတို႔ေနရာက လူစုံတယ္ေလ” လို႔ ေျပာပါတယ္။

ကိုဗစ္ကို ဘယ္လို ရင္ဆိုင္ေနလဲ။

ဆားနဲ႔ ပန္းေပါင္းစုံ ပ်ားရည္ ဆတူ ေရာၿပီး ၿခံဝင္ေပါက္ ျမဳပ္ထားရင္ မေကာင္း ဆိုးဝါးေတြနဲ႔လက္ရွိျဖစ္ေနတဲ့ ကိုဗစ္ကို ကာကြယ္ႏိုင္မယ္လို႔ ႐ြာသားတဦး ျဖစ္တဲ့ ဦးေက်ာ္က ယုံၾကည္ေနပါတယ္။
ဆားနဲ႔ပ်ားရည္ကို ၿခံဝင္ေပါက္မွာ ခ်ထားေနသူ
Image caption ဆားနဲ႔ပ်ားရည္ကို ၿခံဝင္ေပါက္မွာ ခ်ထားေနသူ

ဒီအတြက္ သူ႔ေနထိုင္တဲ့ ေနအိမ္အဝင္မွာ ရက္ေကာင္းရက္ျမတ္ ေ႐ြးၿပီး ျမဳပ္ထားတယ္လို႔ သူက ေျပာပါတယ္။

ဒီနည္းက သူတို႔ ယုံၾကည္ရတဲ့သူဆီက ရတာျဖစ္ၿပီး ဘယ္သူလဲဆိုတာကိုေတာ့ သူက မေျပာပါဘူး။

ဒါ့အျပင္ တခ်ိဳ႕က နဖူးကေန နားေခါင္းထိပ္အထိ ထုံးတို႔ၿပီး ယၾတရာ လုပ္ၾကေပမယ့္ ဒီနည္းကိုေတာ့ သူမလုပ္ျဖစ္ဘူးလို႔ ဦးေက်ာ္က ေျပာပါတယ္။

အရင္ ရက္ပိုင္းကလည္း ဂူတြင္းမွာ တရားက်င့္ႀကံ့ေနတဲ့ မိုင္းဘုန္းဆရာေတာ္က သံပရာသီး ၅ လုံး၊ ဇီးသီး ၅ လုံး ဘုရားမွာ လႉရင္ ဒီေရာဂါကို ေက်ာ္လႊားႏိုင္မယ္ဆိုတဲ့ ေကာလဟလေတြလည္း ထြက္ေပၚ ခဲ့ပါေသးတယ္။

“သိသူေဖာ္စား မသိသူေက်ာ္သြားေပါ့ဗ်ာ၊ ယၾတာလို႔လည္း ေျပာလို႔ရတယ္၊ ကြၽန္ေတာ္တို႔ တတ္ႏိုင္တဲ့နည္းနဲ႔ ကာကြယ္ၾကည့္တာပါ၊ ဘာမွမွမသိတာ”လို႔ သူက ရွင္းျပပါတယ္။

႐ြာထဲမွာရွိတဲ့ တခ်ိဳ႕အိမ္ေတြကလည္း အလားတူ လုပ္ေဆာင္တာမ်ိဳးေတြ ရွိေပမယ့္ တခ်ိဳ႕က မလုပ္ၾကဘူးလို႔ဆိုပါတယ္။

“ဟိုကတမ်ိဳးေျပာ ဒီကတမ်ိဳးေျပာနဲ႔ ဘာလုပ္ရမွန္းမသိေပမယ့္ အဓိက မေၾကာက္ဖို႔ လိုတယ္၊ ေၾကာက္ရင္ ဘာမွ လုပ္လို႔ရမွာ မဟုတ္ဘူး၊ မေၾကာက္ရင္ ဘာမွ မျဖစ္ဘူး၊ ခုထိတႏိုင္ငံလုံးမွာ ေဆးမေတြ႕ဘူးဆိုေတာ့ ယၾတာပဲ အားကိုးရတာေပါ့”လို႔ ဦးေက်ာ္က ေျပာပါတယ္။

------------------------------------------------
(Unicode)⤵⤵⤵

ကိုရိုနာ အတွက် ယတြာ ကိုအားကိုးနေရတဲ့ ဒေသခံတွေ

Image caption ဆားနဲ့ပျားရည်ကို ခြံဝင်ပေါက်မှာ ချထားနေသူ

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရတဲ့သူ ၁၆ဦးရှိပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ အသက် ၆၉ နှစ်အရွယ် လူနာ အမှတ် ၅ အမျိုးသားတဦးလည်း မတ် ၃၁ ရက် မနက်ပိုင်းမှာ ကွယ်လွန် သွားတယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရတဲ့သူ တနေ့တခြား တိုးလာတဲ့အပေါ် နိုင်ငံသားတွေ အကြား စိုးရိမ်ထိတ်လန့်မှုတွေ ရှိလာပါတယ်။

ဒီရောဂါကို ကာကွယ် ထိန်းချုပ်နိုင်ဖို့ လူစုလူဝေးတွေကို တတ်နိုင်သမျှ နည်းအောင် အစိုးရက ကြိုးစားခဲ့ကြပြီး နှစ်စဉ်ကျင်းပတဲ့ ဘုရားပွဲတွေကို ပိတ်သိမ်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရပ်ခြားက ပြန်လာတဲ့သူတွေဆိုရင်လည်း သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှာ အကြောင်းကြားဖို့နဲ့ သတ်မှတ်နေရာမှာ ၁၄ ရက် စောင့်ကြည့်ခံဖိုဆိုတဲ့ ညွှန်ကြားချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့အောက်ပိုင်း ကလူတွေ ကတော့ တမာရွက်ပြုတ်သောက်ကြ တယ်ဆိုပါတယ်။ ရှမ်းပြည်နယ်နေရာအချို့မှာ တော့ သူတို့ဒေသ က ယတြာကို အားကိုးပြီး ကာကွယ်ကြတာတွေ့ရပါတယ်။
ဓာတ်ပုံ မူပိုင် Bird Eye
Image caption လမ်းထောင့်တွင် ချိတ်ဆွဲထားတဲ့ သတိပေးစာများ

ရှမ်းပြည်နယ်မှာဆိုရင် ၅ ရက်တကြိမ်ကျင်းပတဲ့ ဈေးတွေကို ပိတ်သိမ်းတာတွေကိုလည်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။

ကိုဗစ် ၁၉ ကူးစက်ခံရတဲ့ ဧည့်လမ်းညွှန် တဦး သွားရောက်ခဲ့တဲ့ ပြည်တွင်းနဲ့ပြည်ပ ခရီးသွားဧည့်သည်တွေ အလာများတဲ့ အင်းလေးကို သွားရောက်ရတဲ့ ညောင်ရွှေမြို့ဝင် မြို့ထွက်မှာ ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် ဒီမြို့မှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေလည်း လာမယ့် ရက်ပိုင်းအတွင်း ပိတ်ထားတော့မှာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Bird Eye
Image caption စေတနာရှင်တဦးက လူထု အခြေပြုအဖွဲ့အစည်းတွေ အတွက် လှူဒါန်းထားသော လက်ဆေးရည်များ

မြို့တွေမှာရှိတဲ့ တချို့ စားသောက်ဆိုင်တွေဆိုရင် ဆိုင်မှာ စားသောက်ခွင့်မပြုဘဲ ပါဆယ်နဲ့သာ ရောင်းချမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ ချိတ်ဆွဲထားသလို တချို့ဆေးဆိုင်ဆိုရင် လူကို အဝင်မခံဘဲ အပြင်ကနေ လိုအပ်တာကို ပြောပြီး ရောင်းချပေးနေတာတွေကို အခုရက်ပိုင်း ပို တွေ့မြင်ရပါတယ်။

တချို့မြို့တွေမှာဆိုရင် စေတနာရှင်တွေနဲ့ လူထု အခြေပြု အဖွဲ့အစည်းတွေက မျက်နှာဖုံးတွေ ဖြန့်ဝေတာ၊ လူအသွားအလာများတဲ့ နေရာတွေမှာ လက်ဆေးဖို့ အတွက် ဆေးရည်နဲ့ လက်ဆေးဖို့နေရာတွေ စီစဉ် ထားပေးတာတွေကိုလည်း တွေ့နေရပါတယ်။

ဒီရောဂါ ကူးစက်မှုနဲ့ ပတ်သက်ပြီး လူထု အကြား ကျန်းမာရေး အသိပညာပေးတာ တွေကို အစိုးရမဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေနဲ့ လူထု အခြေပြု အဖွဲ့တွေ ကလည်းလုပ်ဆောင်နေပါတယ်။

ဒါ့အပြင် လူမှုကွန်ရက်တွေ အစိုးရသတင်းစာတွေနဲ့ စာနယ်ဇင်းတွေက ကိုဗစ်၁၉ နဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက် ရမယ့် နည်းလမ်းတွေနဲ့ ကျန်းမာရေး အသိပညာပေးတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာကြောင့် ဒါတွေကို လက်လှမ်းမီတဲ့ လူတွေအကြား ကျန်းမာရေး ဗဟုသုတတွေ ရရှိနေပါတယ်။

မြန်မာနိုင်ငံ မှာ ကိုရိုနာ ကပ်ရောဂါ ဖြစ်လာနိုင်သလား

ဒါ့ပေမယ့် အင်တာနက်၊ စာနယ်ဇင်းတွေနဲ့ အလှမ်းဝေးတဲ့ ကျေးလက်တောရွာတွေက လူတွေကရော ကိုဗစ်၁၉ နဲ့ ပတ်သက်ပြီး ဘယ်လို သဘောပေါက်နားလည် ကြပါသလဲ။

ကျေးလက်တွေမှာ ကိုဗစ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးအသိပညာ ဘယ်လိုရှိလဲ။

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးကနေ ၇ မိုင်အကွာ ဖာမွိုန်းကျေးရွာ အုပ်စုထဲက ဒုံခါရာရွာက ရွာသားတွေကတော့ ရောဂါ ဖြစ်နေတယ်ဆိုတာ သိထားပေမယ့် ဒီရောဂါက ဘာလဲဆိုတာ သေသေချာချာ မသိဘူးလို့ ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Bird Eye
Image caption ဒုံခါရာရွာကို မနက်အစော အပေါ်စီးကနေ မြင်တွေ့ရစ

တခြားသူတွေ ကြောက်တယ်ဆိုလို့သာ လိုက်ကြောက်နေပေမယ့် ဒီရောဂါ ဘယ်လို ကူးတတ်တယ်၊ ရောဂါရဲ့သဘောသဘာဝက ဘာလဲဆိုတာ မသိဘူးလို့ ရွာသားအများစုက ပြောပါတယ်။

ဒီအထဲက ရွာသား ဦးဟိုးက “ကိုနာဗိုင်းရပ်လို့ပြောတာပဲ၊ ဘာမှန်းတော့ မသိဘူး” လို့ ပြောပါတယ်။

ဒီရွာက အိမ်ခြေ ၁၃၀နီးပါး ရှိပြီး ခန့်မှန်း လူဦးရေ ၅၀ဝနီးပါး နေထိုင်နေတဲ့ ရွာဖြစ်ပါတယ်။ ရွာသားတွေက စိုက်ပျိုးရေး လုပ်ငန်း၊ သဲတူး၊ အားလပ်ချိန်မှာ နေ့စားလိုက် စတဲ့ လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။

ကျန်မာရေးအတွက် အနီးနားက ဖာမွိုန်းကျေးရွာမှာ ရှိတဲ့ ကျေးလက် ဆေးပေးခန်းကို ရွာကလူတွေက မှီခိုနေရပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ တခြားသူတွေက လက်ဆေးဖို့ ပြောလာလို့ ရွာသားတွေ အနေနဲ့ လက်တွေ ပိုဆေးလာကြတာကို သတိထားမိတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အနီးနားက ဖာမွိုန်းကျေးရွာက ကျောင်းမှာ ထိုင်းကပြန်လာတဲ့ လူ ၃၀ကျော်ကို စောင့်ကြပ်ကြည့်ရှုနေပါတယ်။

သင်္ကြန်တွင်း ဘုရားသွားကျောင်းတက် လုပ်ပါက အရင်ကလို လူစုလူဝေးနဲ့ မသွားဖို့ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်က ညွှန်ကြားလာတာတွေက ဒီရက်ပိုင်းအတွင်း တခုခု ဖြစ်နေတယ်ဆိုတာ သိသာစေတဲ့ အရာတခုလို့ ရွာသားတွေက ပြောပါတယ်။

ကိုဗစ် ၁၉ နဲ့ ပတ်သက်ပြီး ရွာမှာ အသိပညာပေးဟောပြောတာတွေ မရှိဘဲ တဆင့် စကား တဆင့်နားနဲ့ ကြားသိရတယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို့ကနေ ဒုံခါရာ ရွာမှာလာဖွင့်ထားတဲ့ ကုန်စုံဆိုင် ပိုင်ရှင် ဂေါ်ရခါး အမျိုးသမီးက “သားကို ဒီရက်ပိုင်း ဝပ်ရှော့မပို့တော့ဘူး၊ ကြားရတဲ့သတင်းတွေကြောင့် မသွား ခိုင်းတော့တာ။ သူတို့နေရာက လူစုံတယ်လေ” လို့ ပြောပါတယ်။
ကိုဗစ်ကို ဘယ်လို ရင်ဆိုင်နေလဲ။

ဆားနဲ့ ပန်းပေါင်းစုံ ပျားရည် ဆတူ ရောပြီး ခြံဝင်ပေါက် မြုပ်ထားရင် မကောင်း ဆိုးဝါးတွေနဲ့လက်ရှိဖြစ်နေတဲ့ ကိုဗစ်ကို ကာကွယ်နိုင်မယ်လို့ ရွာသားတဦး ဖြစ်တဲ့ ဦးကျော်က ယုံကြည်နေပါတယ်။
Image caption ဆားနဲ့ပျားရည်ကို ခြံဝင်ပေါက်မှာ ချထားနေသူ

ဒီအတွက် သူ့နေထိုင်တဲ့ နေအိမ်အဝင်မှာ ရက်ကောင်းရက်မြတ် ရွေးပြီး မြုပ်ထားတယ်လို့ သူက ပြောပါတယ်။

ဒီနည်းက သူတို့ ယုံကြည်ရတဲ့သူဆီက ရတာဖြစ်ပြီး ဘယ်သူလဲဆိုတာကိုတော့ သူက မပြောပါဘူး။

ဒါ့အပြင် တချို့က နဖူးကနေ နားခေါင်းထိပ်အထိ ထုံးတို့ပြီး ယတြရာ လုပ်ကြပေမယ့် ဒီနည်းကိုတော့ သူမလုပ်ဖြစ်ဘူးလို့ ဦးကျော်က ပြောပါတယ်။

အရင် ရက်ပိုင်းကလည်း ဂူတွင်းမှာ တရားကျင့်ကြံ့နေတဲ့ မိုင်းဘုန်းဆရာတော်က သံပရာသီး ၅ လုံး၊ ဇီးသီး ၅ လုံး ဘုရားမှာ လှူရင် ဒီရောဂါကို ကျော်လွှားနိုင်မယ်ဆိုတဲ့ ကောလဟလတွေလည်း ထွက်ပေါ် ခဲ့ပါသေးတယ်။

“သိသူဖော်စား မသိသူကျော်သွားပေါ့ဗျာ၊ ယတြာလို့လည်း ပြောလို့ရတယ်၊ ကျွန်တော်တို့ တတ်နိုင်တဲ့နည်းနဲ့ ကာကွယ်ကြည့်တာပါ၊ ဘာမှမှမသိတာ”လို့ သူက ရှင်းပြပါတယ်။

ရွာထဲမှာရှိတဲ့ တချို့အိမ်တွေကလည်း အလားတူ လုပ်ဆောင်တာမျိုးတွေ ရှိပေမယ့် တချို့က မလုပ်ကြဘူးလို့ဆိုပါတယ်။

“ဟိုကတမျိုးပြော ဒီကတမျိုးပြောနဲ့ ဘာလုပ်ရမှန်းမသိပေမယ့် အဓိက မကြောက်ဖို့ လိုတယ်၊ ကြောက်ရင် ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး၊ မကြောက်ရင် ဘာမှ မဖြစ်ဘူး၊ ခုထိတနိုင်ငံလုံးမှာ ဆေးမတွေ့ဘူးဆိုတော့ ယတြာပဲ အားကိုးရတာပေါ့”လို့ ဦးကျော်က ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52113984

ကို႐ိုနာ အတြက္ ယၾတာ ကိုအားကိုးေနရတဲ့ ေဒသခံေတြ ကို႐ိုနာ အတြက္ ယၾတာ ကိုအားကိုးေနရတဲ့ ေဒသခံေတြ Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.