ထိုင္းမွာ ေသာၾကာေန႔ကစၿပီး ညမထြက္ရအမိန္႔ထုတ္


(Zawgyi/Unicode)

ထိုင္းႏိုင္ငံမွာ Coronavirus ပိုးကူးစက္မႈ ထိန္းခ်ဳပ္တဲ့အေနနဲ႔ ညမထြက္ရအမိန္႔ ထုတ္ျပန္လိုက္ပါတယ္။

နက္ျဖန္ေသာၾကာေန႔ကစၿပီး ည ၁၀ နာရီကေန မနက္ ၄ နာရီၾကား တႏိုင္ငံလံုး မထြက္ရအမိန္႔ထုတ္ျပန္တယ္လို႔ ဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha က ႐ုပ္ျမင္သံၾကားေပၚကေန ဒီကေန႔ ေၾကညာသြားတာျဖစ္ပါတယ္။

ေဆးဘက္ဆိုင္ရာ ပစၥည္းေတြ ပို႔ေဆာင္တာ၊ သီးျခားခြဲထားဖုိ႔လိုအပ္သူေတြ၊ လူနာေတြ၊ ေဆးဘက္ဆိုင္ရာ တာဝန္႐ွိသူေတြကိုေတာ့ ညမထြက္ရ ျခြင္းခ်က္ျပဳတယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ Coronavirus ေၾကာင့္ ေသဆံုးသူ ၅,၀၀၀ ေက်ာ္သြားခ်ိန္မွာ ဒုတိယလူဦးေရအမ်ားဆံုးၿမိဳ႕ ျဖစ္တဲ့ Los Angeles ၿမိဳ႕ ၿမိဳ႕ေတာ္ဝန္က အမ်ားျပည္သူၾကားသြားသူတိုင္း ႏွာေခါင္းစည္း မ်က္ႏွာဖံုးအကာ ဝတ္ဆင္ရမယ္လို႔ အမိန႔္ထုတ္လုိက္ပါတယ္။

က်န္းမာေရးဝန္ထမ္းေတြ သံုးဖုိ႔ လိုအပ္ေနတဲ့ ေဆး႐ံုသံုး ႏွာေခါင္းစည္းမ်ဳိးကိုေတာ့ မဝတ္သင့္ေပမဲ့ အဝတ္စကို ႏွာေခါင္းစည္းအကာအျဖစ္ဝတ္ဆင္ၿပီး Coronavirus ပိုးကူးစက္မႈ တားဆီးၾကဖုိ႔ ၿမိဳ႕ေတာ္ဝန္ Eric Garcetti ကေျပာၾကားခဲ့ပါတယ္။

အစားအေသာက္ထြက္ဝယ္တာမ်ဳိးလို႔ မျဖစ္မေန အိမ္ျပင္ထြက္ဖုိ႔လိုမွ ထြက္ဖုိ႔လည္း သူကထပ္သတိေပးခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုအစိုးရ က်န္းမာေရးတာဝန္ခံေတြကေတာ့ ႏွာေခါင္းစည္းအကာဝတ္ဆင္ဖို႔ အႀကံမျပဳေသးပါဘူး။

ကမၻာတဝန္းမွာ Coronavirus ပိုးကူးစက္သူ စုစုေပါင္း ၁,၀၀၀,၀၀၀ ျပည့္ခါနီးေနသလို ေသဆံုးသူကလည္း ၅၀,၀၀၀ နီးပါး႐ွိေနပါတယ္။ ေရာဂါပိုးကူးစက္မႈ ျမန္ဆန္ေနတဲ့အေပၚ စိုးရိမ္တယ္လို႔ WHO ကမာၻ႔က်န္းမာေရး အဖဲြ႔အႀကီးအကဲက ေျပာၾကားပါတယ္။

အိမ္ျပင္မထြက္ရ တားျမစ္ခ်က္ ထုတ္ထားတဲ့ေနရာေတြက ဆင္းရဲသားေတြ ပိုၿပီးဒုကၡျဖစ္ေနတ့ဲအေပၚ စုိးရိမ္ေၾကာင္းနဲ႔ လူမႈဖူလံုေရးစနစ္မေကာင္းတဲ့ ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြကို ကူညီၾကဖုိ႔ တိုက္တြန္းခဲ့ပါတယ္။
--------------------------------------------------------------------
[Unicode Version]

ထိုင်းမှာ သောကြာနေ့ကစပြီး ညမထွက်ရအမိန့်ထုတ်

ထိုင်းနိုင်ငံမှာ Coronavirus ပိုးကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

နက်ဖြန်သောကြာနေ့ကစပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီကြား တနိုင်ငံလုံး မထွက်ရအမိန့်ထုတ်ပြန်တယ်လို့ ဝန်ကြီးချုပ် Prayut Chan-o-cha က ရုပ်မြင်သံကြားပေါ်ကနေ ဒီကနေ့ ကြေညာသွားတာဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ပို့ဆောင်တာ၊ သီးခြားခွဲထားဖို့လိုအပ်သူတွေ၊ လူနာတွေ၊ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေကိုတော့ ညမထွက်ရ ခြွင်းချက်ပြုတယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ Coronavirus ကြောင့် သေဆုံးသူ ၅,၀၀၀ ကျော်သွားချိန်မှာ ဒုတိယလူဦးရေအများဆုံးမြို့ ဖြစ်တဲ့ Los Angeles မြို့ မြို့တော်ဝန်က အများပြည်သူကြားသွားသူတိုင်း နှာခေါင်းစည်း မျက်နှာဖုံးအကာ ဝတ်ဆင်ရမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ သုံးဖို့ လိုအပ်နေတဲ့ ဆေးရုံသုံး နှာခေါင်းစည်းမျိုးကိုတော့ မဝတ်သင့်ပေမဲ့ အဝတ်စကို နှာခေါင်းစည်းအကာအဖြစ်ဝတ်ဆင်ပြီး Coronavirus ပိုးကူးစက်မှု တားဆီးကြဖို့ မြို့တော်ဝန် Eric Garcetti ကပြောကြားခဲ့ပါတယ်။

အစားအသောက်ထွက်ဝယ်တာမျိုးလို့ မဖြစ်မနေ အိမ်ပြင်ထွက်ဖို့လိုမှ ထွက်ဖို့လည်း သူကထပ်သတိပေးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအစိုးရ ကျန်းမာရေးတာဝန်ခံတွေကတော့ နှာခေါင်းစည်းအကာဝတ်ဆင်ဖို့ အကြံမပြုသေးပါဘူး။

ကမ္ဘာတဝန်းမှာ Coronavirus ပိုးကူးစက်သူ စုစုပေါင်း ၁,၀၀၀,၀၀၀ ပြည့်ခါနီးနေသလို သေဆုံးသူကလည်း ၅၀,၀၀၀ နီးပါးရှိနေပါတယ်။ ရောဂါပိုးကူးစက်မှု မြန်ဆန်နေတဲ့အပေါ် စိုးရိမ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့အကြီးအကဲက ပြောကြားပါတယ်။

အိမ်ပြင်မထွက်ရ တားမြစ်ချက် ထုတ်ထားတဲ့နေရာတွေက ဆင်းရဲသားတွေ ပိုပြီးဒုက္ခဖြစ်နေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ လူမှုဖူလုံရေးစနစ်မကောင်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီကြဖို့ တိုက်တွန်းခဲ့ပါတယ်။

VOA Burmese News
https://burmese.voanews.com/a/thai-covid-main/5356840.html
ထိုင္းမွာ ေသာၾကာေန႔ကစၿပီး ညမထြက္ရအမိန္႔ထုတ္ ထိုင္းမွာ ေသာၾကာေန႔ကစၿပီး ညမထြက္ရအမိန္႔ထုတ္ Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.