ျမန္မာအက်ဥ္းေထာင္ေတြမွာ COVID-19 ကူးစက္မယ့္အႏၱရာယ္ အရပ္ဖက္အဖဲြ႔ေတြသတိေပး

ရန္ကုန္ၿမိဳ႕ အင္းစိန္ အက်ဥ္းေထာင္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံက အက်ဥ္းေထာင္ေတြမွာ COVID-19 ကပ္ေရာဂါ ကူးစက္ျပန္႔ပြားလာႏိုင္တဲ့အႏၲရာယ္ရွိတာေၾကာင့္ အက်ဥ္းသားတခ်ိဳ႕ကို လႊတ္ေပးဖို႔နဲ႔ အက်ဥ္းေထာင္ေတြထဲ ကပ္ေရာဂါ မျဖစ္ပြားေအာင္ ႀကိဳတင္ကာကြယ္ေရး ေဆာင္႐ြက္ခ်က္ေတြ လုပ္ေဆာင္ေပးဖို႔ ေမတၱာရပ္ခံထားတဲ့ ေၾကညာခ်က္ တေစာင္ကို ျမန္မာ့ အရပ္ဖက္ လူမႈအဖြဲ႕အစည္းေတြ ပူးေပါင္း ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ဧၿပီလ ၆ ရက္ေန႔ ရက္စြဲနဲ႔ ျမန္မာအာဏာပိုင္ေတြထံ ေမတၱာရပ္ခံတိုက္တြန္းထားတဲ့ အဲဒီ ပူးတြဲေၾကညာခ်က္မွာ အရပ္ဖက္ လူမႈအဖြဲ႕အစည္းေပါင္း ၉၀ ေက်ာ္ ပါဝင္ လက္မွတ္ေရးထိုးထားတာပါ။

အဲဒီ ေၾကညာခ်က္မွာ က်န္းမာေရး ျပႆနာအခံရွိတဲ့ အက်ဥ္းသားေတြတင္မကဘဲ အၾကမ္းဖက္ ျပစ္မႈနဲ႔ မဟုတ္တဲ့ အက်ဥ္းက်ခံေနရသူေတြကိုပါ လႊတ္ေပးဖို႔ ေတာင္းဆိုထားသလို အက်ဥ္းေထာင္ေတြထဲ COVID-19 ကပ္ေရာဂါ မျဖစ္ပြားေအာင္ ႀကိဳတင္ အေရးယူ ေဆာင္႐ြက္ခ်က္ေတြ လုပ္ေပးဖို႔လည္း တိုက္တြန္းထားပါတယ္။

ပူးတြဲ ေၾကညာခ်က္မွာ အက်ဥ္းေထာင္ေတြထဲ လူဦးေရ ၾကပ္ညပ္ မ်ားျပားေနတာကို ေထာက္ျပထားၿပီး အက်ဥ္းသား အေရအတြက္ ေလွ်ာ့ခ်တဲ့ အေနနဲ႔ အမ်ားျပည္သူ လုံၿခဳံေရးအတြက္ အႏၲရာယ္ နည္းပါးတဲ့ အက်ဥ္းသားေတြကို စိစစ္ ေ႐ြးခ်ယ္လႊတ္ေပးဖို႔ေတာင္းဆိုထားပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ ေထာင္ခ်တာနဲ႔ အၾကမ္းဖက္မႈ မရွိတဲ့ ျပစ္မႈအတြက္ ဖမ္းဆီးထိန္းသိမ္းတာေတြကို ယာယီဆိုင္ငံ့ထားဖို႔လည္း ေတာင္းဆိုထားပါတယ္။ အက်ဥ္းေထာင္ေတြထဲ ေရာဂါကူးစက္မႈ အႏၲရာယ္ ေလွ်ာ့ခ်ဖို႔အတြက္ ႀကိဳတင္ ကာကြယ္တားဆီးေရး လုပ္ငန္းေတြ အရွိန္ျမႇင့္ လုပ္ေဆာင္ဖို႔ တိုက္တြန္းထားၿပီး အက်ဥ္းသားေတြနဲ႔ အက်ဥ္းေထာင္ ဝန္ထမ္းေတြ က်န္းမာေရး ဝန္ေဆာင္မႈ ပိုမို လက္လွမ္းမီေရး ေဆာင္႐ြက္ေပးဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

အစိုးရ အဆက္ဆက္ သမၼတ လြတ္ၿငိမ္းခ်မ္းသာခြင့္အာဏာကို ထိထိေရာက္ေရာက္ အသုံးျပဳလာခဲ့တဲ့နည္းတူ လက္ရွိ အေျခအေနေအာက္မွာ ႏွစ္သစ္ကူး လြတ္ၿငိမ္းခ်မ္းသာခြင့္ဟာ အရင္ႏွစ္ေတြကနဲ႔ မတူပဲ အထူးပဲ အေရးႀကီးလာၿပီ ျဖစ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္ရွင္။

[Unicode Version]

မြန်မာအကျဉ်းထောင်တွေမှာ COVID-19 ကူးစက်မယ့်အန္တရာယ် အရပ်ဖက်အဖွဲ့တွေသတိပေး

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားလာနိုင်တဲ့အန္တရာယ်ရှိတာကြောင့် အကျဉ်းသားတချို့ကို လွှတ်ပေးဖို့နဲ့ အကျဉ်းထောင်တွေထဲ ကပ်ရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်တွေ လုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံထားတဲ့ ကြေညာချက် တစောင်ကို မြန်မာ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဧပြီလ ၆ ရက်နေ့ ရက်စွဲနဲ့ မြန်မာအာဏာပိုင်တွေထံ မေတ္တာရပ်ခံတိုက်တွန်းထားတဲ့ အဲဒီ ပူးတွဲကြေညာချက်မှာ အရပ်ဖက် လူမှုအဖွဲ့အစည်းပေါင်း ၉၀ ကျော် ပါဝင် လက်မှတ်ရေးထိုးထားတာပါ။

အဲဒီ ကြေညာချက်မှာ ကျန်းမာရေး ပြဿနာအခံရှိတဲ့ အကျဉ်းသားတွေတင်မကဘဲ အကြမ်းဖက် ပြစ်မှုနဲ့ မဟုတ်တဲ့ အကျဉ်းကျခံနေရသူတွေကိုပါ လွှတ်ပေးဖို့ တောင်းဆိုထားသလို အကျဉ်းထောင်တွေထဲ COVID-19 ကပ်ရောဂါ မဖြစ်ပွားအောင် ကြိုတင် အရေးယူ ဆောင်ရွက်ချက်တွေ လုပ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ပူးတွဲ ကြေညာချက်မှာ အကျဉ်းထောင်တွေထဲ လူဦးရေ ကြပ်ညပ် များပြားနေတာကို ထောက်ပြထားပြီး အကျဉ်းသား အရေအတွက် လျှော့ချတဲ့ အနေနဲ့ အများပြည်သူ လုံခြုံရေးအတွက် အန္တရာယ် နည်းပါးတဲ့ အကျဉ်းသားတွေကို စိစစ် ရွေးချယ်လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။

ဒါ့အပြင် နောက်ထပ် ထောင်ချတာနဲ့ အကြမ်းဖက်မှု မရှိတဲ့ ပြစ်မှုအတွက် ဖမ်းဆီးထိန်းသိမ်းတာတွေကို ယာယီဆိုင်ငံ့ထားဖို့လည်း တောင်းဆိုထားပါတယ်။ အကျဉ်းထောင်တွေထဲ ရောဂါကူးစက်မှု အန္တရာယ် လျှော့ချဖို့အတွက် ကြိုတင် ကာကွယ်တားဆီးရေး လုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ တိုက်တွန်းထားပြီး အကျဉ်းသားတွေနဲ့ အကျဉ်းထောင် ဝန်ထမ်းတွေ ကျန်းမာရေး ဝန်ဆောင်မှု ပိုမို လက်လှမ်းမီရေး ဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အစိုးရ အဆက်ဆက် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်အာဏာကို ထိထိရောက်ရောက် အသုံးပြုလာခဲ့တဲ့နည်းတူ လက်ရှိ အခြေအနေအောက်မှာ နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်ဟာ အရင်နှစ်တွေကနဲ့ မတူပဲ အထူးပဲ အရေးကြီးလာပြီ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်ရှင်။

VOA (Burmese)
https://burmese.voanews.com/a/myanmar-prison-covid-19/5363040.html
ျမန္မာအက်ဥ္းေထာင္ေတြမွာ COVID-19 ကူးစက္မယ့္အႏၱရာယ္ အရပ္ဖက္အဖဲြ႔ေတြသတိေပး ျမန္မာအက်ဥ္းေထာင္ေတြမွာ COVID-19 ကူးစက္မယ့္အႏၱရာယ္ အရပ္ဖက္အဖဲြ႔ေတြသတိေပး Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.