ကို႐ိုနာအႏၲရာယ္ေၾကာင့္ ကခ်င္စစ္ေဘးဒုကၡသည္ေတြ ရိကၡာပိုလိုအပ္


(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါ ျဖစ္ပြားေနခ်ိန္အတြင္းမွာ ကခ်င္ျပည္နယ္ထဲက စစ္ေဘးဒုကၡသည္စခန္းေတြမွာ စားနပ္ရိကၡာ ကူညီေထာက္ပံ့ေပးဖို႔ စခန္းတာဝန္ခံေတြက ေတာင္းဆိုေနၾကပါတယ္။

စစ္ေဘးဒုကၡသည္ေတြဟာ စာဝတ္ေနေရးအတြက္ စခန္းအျပင္ထြက္ၿပီး အလုပ္လုပ္ေနရတဲ့အတြက္ အျပင္က ေရာဂါပိုးေတြ စခန္းကလူေတြကိုပါ ကူးစက္လာမွာကို စိုးရိမ္တဲ့အတြက္ အျပင္မထြက္ဖို႔ စာနပ္ရိကၡာ ေထာက္ပံ့ ေပးေစခ်င္တယ္လို႔ ျမစ္ႀကီးနားၿမိဳ႕ ဂ်န္မိုင္ေကာင့္ RC စစ္ေရွာင္စခန္းတာဝန္ခံ ေဒၚ႐ြယ္ဂ်ား ကေျပာပါတယ္ ။

ဝိုင္းေမာ္ၿမိဳ႕နယ္ မိုင္နား KBC စစ္ေရွာင္စခန္းက စစ္ေျပးဒုကၡသည္ေတြလည္း စားဝတ္ေနေရးအတြက္ တစ္ရက္ကို အေယာက္ႏွစ္ရာခန႔္ စခန္းအျပင္ဝင္ထြက္သြားလာေနတဲ့အတြက္ ေရာဂါပိုးပါလာမွာကို စိုးရိမ္ေနရတယ္လို႔ စခန္းဒုတာဝန္ခံ ဦးဘရန္မိုင္ ကေျပာပါတယ္။

စခန္းမွာ လူဦးေရႏွစ္ေထာင္ေလာက္ရွိေနတဲ့အတြက္ လက္ေဆးရည္နဲ႔ ႏွာေခါင္းစည္းေတြ လႉဒါန္းတာေတြ ရွိေပမယ့္ လုံေလာက္မႈ မရွိေသးဘူးလို႔လည္း ဦးဘရန္မိုင္ ကေျပာပါတယ္။

ျမစ္ႀကီးနားၿမိဳ႕ တပ္ကုန္းရပ္ကြက္က စစ္ေရွာင္စခန္းမွာလည္း ေရာဂါေၾကာင့္ အလုပ္ေတြနားထားရတဲ့အတြက္ စာနပ္ရိကၡာေတြေထာက္ပံ့ေပးဖို႔ စခန္းဒုတာဝန္ခံ ေဒၚေဒါင္ေဇးက ေျပာပါတယ္။

ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ဦးေနဝင္းကေတာ့ စစ္ေဘးဒုကၡသည္ေတြကို စာနပ္ရိကၡာအတြက္ ဆန္လႉဒါန္းတာေတြရွိတယ္လို႔ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၁ ခုႏွစ္ ဇြန္လက တစ္ေက်ာ့ျပန္ ျပန္လည္ျဖစ္ပြားခဲ့တဲ့တိုက္ပြဲေတြေၾကာင့္ ကခ်င္ျပည္နယ္အတြင္းက စစ္ေဘးဒုကၡသည္စခန္းေပါင္း တစ္ရာေလာက္မွာ စစ္ေဘးဒုကၡသည္ တစ္သိန္းေလာက္ရွိေနတာပါ။

ကခ်င္ျပည္နယ္မွာ တိုက္ပြဲေတြေလာေလာဆယ္ျဖစ္မေနဘူးဆိုေပမဲ့လည္း စစ္ေျပးဒုကၡသည္ေတြေတာ့ အခုအခ်ိန္ထိေနရပ္ကို မျပန္ႏိုင္ၾကေသးပါဘူး။

RFA Burmese
https://www.rfa.org/burmese/news/kachin-refugees-more-foods-afarid-corona-04072020045802.html
------------
(Unicode)⤵⤵⤵
ကိုရိုနာအန္တရာယ်ကြောင့် ကချင်စစ်ဘေးဒုက္ခသည်တွေ ရိက္ခာပိုလိုအပ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေချိန်အတွင်းမှာ ကချင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးဖို့ စခန်းတာဝန်ခံတွေက တောင်းဆိုနေကြပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ စာဝတ်နေရေးအတွက် စခန်းအပြင်ထွက်ပြီး အလုပ်လုပ်နေရတဲ့အတွက် အပြင်က ရောဂါပိုးတွေ စခန်းကလူတွေကိုပါ ကူးစက်လာမှာကို စိုးရိမ်တဲ့အတွက် အပြင်မထွက်ဖို့ စာနပ်ရိက္ခာ ထောက်ပံ့ ပေးစေချင်တယ်လို့ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင့် RC စစ်ရှောင်စခန်းတာဝန်ခံ ဒေါ်ရွယ်ဂျား ကပြောပါတယ် ။

ဝိုင်းမော်မြို့နယ် မိုင်နား KBC စစ်ရှောင်စခန်းက စစ်ပြေးဒုက္ခသည်တွေလည်း စားဝတ်နေရေးအတွက် တစ်ရက်ကို အယောက်နှစ်ရာခန့် စခန်းအပြင်ဝင်ထွက်သွားလာနေတဲ့အတွက် ရောဂါပိုးပါလာမှာကို စိုးရိမ်နေရတယ်လို့ စခန်းဒုတာဝန်ခံ ဦးဘရန်မိုင် ကပြောပါတယ်။

စခန်းမှာ လူဦးရေနှစ်ထောင်လောက်ရှိနေတဲ့အတွက် လက်ဆေးရည်နဲ့ နှာခေါင်းစည်းတွေ လှူဒါန်းတာတွေ ရှိပေမယ့် လုံလောက်မှု မရှိသေးဘူးလို့လည်း ဦးဘရန်မိုင် ကပြောပါတယ်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်က စစ်ရှောင်စခန်းမှာလည်း ရောဂါကြောင့် အလုပ်တွေနားထားရတဲ့အတွက် စာနပ်ရိက္ခာတွေထောက်ပံ့ပေးဖို့ စခန်းဒုတာဝန်ခံ ဒေါ်ဒေါင်ဇေးက ပြောပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းကတော့ စစ်ဘေးဒုက္ခသည်တွေကို စာနပ်ရိက္ခာအတွက် ဆန်လှူဒါန်းတာတွေရှိတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လက တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းပေါင်း တစ်ရာလောက်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းလောက်ရှိနေတာပါ။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေလောလောဆယ်ဖြစ်မနေဘူးဆိုပေမဲ့လည်း စစ်ပြေးဒုက္ခသည်တွေတော့ အခုအချိန်ထိနေရပ်ကို မပြန်နိုင်ကြသေးပါဘူး။

RFA Burmese
https://www.rfa.org/burmese/news/kachin-refugees-more-foods-afarid-corona-04072020045802.html
ကို႐ိုနာအႏၲရာယ္ေၾကာင့္ ကခ်င္စစ္ေဘးဒုကၡသည္ေတြ ရိကၡာပိုလိုအပ္ ကို႐ိုနာအႏၲရာယ္ေၾကာင့္ ကခ်င္စစ္ေဘးဒုကၡသည္ေတြ ရိကၡာပိုလိုအပ္ Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.