COVID-19 လူနာ တဦး ေရာဂါေပ်ာက္ကင္းေၾကာင္း ျမန္မာက်န္းမာေရး၀န္ႀကီးဌာန အတည္ျပဳ

မႏၱေလးေဆးရံု

(Zawgyi/Unicode)

COVID-19 ဓာတ္ခြဲအတည္ျပဳလူနာေတြထဲမွာ လူနာနံပါတ္ ၄ ဟာ ပထမဆုံး COVID-19 ေပ်ာက္ကင္းသူျဖစ္လာပါၿပီ။ ေနာက္ထပ္ ဓာတ္ခြဲအတည္ျပဳလူနာ အမွတ္ ၇ ဟာလည္း ဒီေရာဂါေပ်ာက္ကင္းမယ့္ အလားအလာရွိေနတယ္လို႔ က်န္းမာေရးဌာန တာဝန္ရွိသူကေျပာပါတယ္။ ျမန္မာႏိုင္ငံတြင္းက COVID-19 ဓာတ္ခြဲအတည္ျပဳလူနာေတြရဲ႕ အေျခအေနကို ဗြီအိုေအသတင္းေထာက္ စုစုကေမးျမန္း စုံစမ္းထားပါတယ္။

မႏၲေလးကန္ေတာ္နဒီေဆး႐ုံက COVID-19 ဓာတ္ခြဲအတည္ျပဳလူနာျဖစ္တဲ့ အသက္ ၃၃ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ ပထမဦးဆုံး ေရာဂါေပ်ာက္ကင္းသူ ျဖစ္လာတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္က ဗြီအိုေအကို အတည္ျပဳေျပာဆိုလိုက္ပါတယ္။

စုစု။ အဲဒီေတာ့ဆရာ ဒီပထမဦးဆုံး COVID-19 ေပ်ာက္ကင္းတဲ့ လူနာက အမွတ္ ၄ လူနာလို႔ ေျပာလို႔ရမွာေပါ့ေနာ္။

ေဒါက္တာသာထြန္းေက်ာ္။ ဟုတ္ပါတယ္ခင္ဗ်။ မွန္ပါတယ္ မွန္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ သတ္မွတ္ခ်က္နဲ႔အညီ ဓာတ္ခြဲအတည္ျပဳလူနာေတြကို ျပန္စစ္တဲ့အခ်ိန္မွာ ႏွစ္ႀကိမ္ဆက္တိုက္ Negative ျဖစ္ခဲ့ရင္ ေဆး႐ုံကေန ဆင္းလို႔ရတဲ့ လူနာအျဖစ္သတ္မွတ္လို႔ရၿပီဆိုတာကို ေဒါက္တာသာထြန္းေက်ာ္က အခုလိုရွင္းျပထားပါတယ္။

“ေဆးဝါးကုသမႈၿပီးရင္ ၆ ရက္ၾကာတဲ့အခ်ိန္မွာ စၿပီးေတာ့ ဓာတ္ခြဲနမူနာယူၿပီး စစ္တယ္။ အဲဒီဓာတ္ခြဲနမူနာ ယူၿပီးစစ္တဲ့အခ်ိန္မွာ Positive ျဖစ္ေနခဲ့ရင္ ေနာက္ထပ္ ၆ ရက္ၾကာမွ ထပ္စစ္ဖို႔အစီအစဥ္လုပ္တယ္။ ဒါေပမဲ့ Negative ျဖစ္ခဲ့ရင္ေတာ့ ၄၈ နာရီအၾကာမွာ ဒုတိယအႀကိမ္ ဓာတ္ခြဲနမူနာယူၿပီးေတာ့ စစ္ပါတယ္။ ဒုတိယအႀကိမ္ ဓာတ္ခြဲနမူနာယူၿပီး စစ္တဲ့အခ်ိန္မွာ Negative ေတြ႕ခဲ့ရင္ေတာ့ ဒီလူနာဟာ COVID-19 ဗိုင္းရပ္စ္ပိုး ကင္းစင္သြားၿပီဆိုၿပီးေတာ့ က်ေနာ္တို႔ သတ္မွတ္ပါတယ္။”

ဒါေပမဲ့ COVID-19 လူနာေတြကို ကုသရာမွာ တျခားႏိုင္ငံေတြရဲ႕ အေတြ႕အႀကဳံအရဆို လူနာကို ေဆး႐ုံကေန ဆင္းခြင့္ေပးလိုက္ေပမဲ့ အသြားအလာကန႔္သတ္ၿပီး ေနအိမ္မွာပဲ ၁၄ရက္ၾကာ သီးသန႔္ေနထိုင္ဖို႔ကို စီမံေဆာင္႐ြက္ထားတယ္လို႔ သိရပါတယ္။ အခု လူနာနံပါတ္ ၄ ဟာ ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ုံကဆင္းခြင့္ရေပမယ့္ လူနာရွင္ရဲ႕ဆႏၵအရ Home Quarantine ၁၄ ရက္ကို ေဆး႐ုံမွာပဲ ေနထိုင္မယ္လို႔ ေဒါက္တာသာထြန္းေက်ာ္က ေျပာပါတယ္။

“ဒီလူနာက မိမိရဲ႕အိမ္ကိုျပန္ၿပီး Home Quarantine ေနဖို႔ အခက္အခဲရွိတဲ့အတြက္ ေဆး႐ုံမွာပဲ ေနာက္ထပ္ Home Quarantine ႏွစ္ပတ္ကို အဲဒီကန္ေတာ္နဒီေဆး႐ုံမွာပဲေနဖို႔ လူနာရွင္ကဆႏၵရွိတဲ့အတြက္ ကန္ေတာ္နဒီမွာပဲ က်ေနာ္တို႔ ေနာက္ထပ္ႏွစ္ပတ္ထားၿပီးေတာ့ ေစာင့္ၾကပ္ၾကည့္ရႈဖို႔ စီစဥ္ထားပါတယ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕မေန႔က ညထုတ္ျပန္ခ်ိန္အထိဆို ျမန္မာႏိုင္ငံမွာေသဆုံးသြားသူ တဦးအပါအဝင္ COVID-19 ဓာတ္ခြဲအတည္ျပဳခဲ့သူ လူနာ၂၂ ဦးအထိ ရွိခဲ့ပါတယ္။

ေနျပည္ေတာ္ျပည္သူ႔ေဆး႐ုံႀကီးက အသက္ ၅၈ႏွစ္အ႐ြယ္ အမ်ိဳးသမီး လူနာနံပါတ္ ၇ ကို ျပန္လည္စစ္ေဆးရာမွာေတာ့ ပထမအႀကိမ္မွာ Negative လို႔ အေျဖထြက္ထားၿပီး ေနာက္ထပ္တႀကိမ္စစ္ေဆးမႈရဲ႕ အေျဖကေတာ့ ဒီကေန႔ည ထုတ္ျပန္ခ်က္ထဲမွာ ပါလာႏိုင္တယ္လို႔ ေဒါက္တာသာထြန္းေက်ာ္က ေျပာပါတယ္။

“ေနျပည္ေတာ္မွာရွိတဲ့လူနာက Negative တႀကိမ္ရထားၿပီးျဖစ္ပါတယ္။ အခုသူ႔ဆီက ဓာတ္ခြဲနမူနာကိုယူၿပီးေတာ့ ရန္ကုန္ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲခန္းကို ပို႔ထားပါတယ္။ ဒီေန႔ညအေျဖမွာ သူ႔ရဲ႕အေျဖပါမယ္လို႔ က်ေနာ္တို႔သိရပါတယ္ခင္ဗ်။”

က်န္ရွိေနေသးတဲ့ COVID-19 လူနာေတြကို သက္ဆိုင္ရာေဆး႐ုံေတြမွာ သီးသန႔္ထားရွိၿပီးကုသေပးေနသလို၊ အထူးၾကပ္မတ္ကုသေပးေနရတဲ့ လူနာႏွစ္ဦးရဲ႕ ေရာဂါအေျခအေနဟာလည္း တိုးတက္ေကာင္းမြန္လာတယ္လို႔ သိရပါတယ္။ ဒီေရာဂါကူးစက္မႈကေန ကာကြယ္ႏိုင္ဖို႔အတြက္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ လိုက္နာရမယ့္အခ်က္ေတြကို တိတိက်က် လိုက္နာေပးဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

ဒီကေန႔စာရင္းေတြအရ ႏိုင္ငံေပါင္း၂၀၉ ႏိုင္ငံကို ကူးစက္ခဲ့ၿပီး လူေပါင္း ၁၃ သိန္းေက်ာ္ကို ကူးစက္ခဲ့တာပါ။ ဒီေရာဂါေၾကာင့္ ေသဆုံးသူ ၇၅,၀၀၀ ေက်ာ္ရွိခဲ့ေပမယ့္ ေရာဂါေပ်ာက္ကင္းသူ အေရအတြက္ဟာလည္း ၂၉၀,၀၀၀ ေက်ာ္ထိ ရွိေနၿပီျဖစ္ပါတယ္။

[Unicode Version]

COVID-19 လူနာတဦး ရောဂါပျောက်ကင်းကြောင်း မြန်မာကျန်းမာရေးဝန်ကြီးဌာနအတည်ပြု

COVID-19 ဓာတ်ခွဲအတည်ပြုလူနာတွေထဲမှာ လူနာနံပါတ် ၄ ဟာ ပထမဆုံး COVID-19 ပျောက်ကင်းသူဖြစ်လာပါပြီ။ နောက်ထပ် ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၇ ဟာလည်း ဒီရောဂါပျောက်ကင်းမယ့် အလားအလာရှိနေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူကပြောပါတယ်။ မြန်မာနိုင်ငံတွင်းက COVID-19 ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့ အခြေအနေကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း စုံစမ်းထားပါတယ်။

မန္တလေးကန်တော်နဒီဆေးရုံက COVID-19 ဓာတ်ခွဲအတည်ပြုလူနာဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသားဟာ ပထမဦးဆုံး ရောဂါပျောက်ကင်းသူ ဖြစ်လာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဗွီအိုအေကို အတည်ပြုပြောဆိုလိုက်ပါတယ်။

စုစု။ အဲဒီတော့ဆရာ ဒီပထမဦးဆုံး COVID-19 ပျောက်ကင်းတဲ့ လူနာက အမှတ် ၄ လူနာလို့ ပြောလို့ရမှာပေါ့နော်။

ဒေါက်တာသာထွန်းကျော်။ ဟုတ်ပါတယ်ခင်ဗျ။ မှန်ပါတယ် မှန်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်နဲ့အညီ ဓာတ်ခွဲအတည်ပြုလူနာတွေကို ပြန်စစ်တဲ့အချိန်မှာ နှစ်ကြိမ်ဆက်တိုက် Negative ဖြစ်ခဲ့ရင် ဆေးရုံကနေ ဆင်းလို့ရတဲ့ လူနာအဖြစ်သတ်မှတ်လို့ရပြီဆိုတာကို ဒေါက်တာသာထွန်းကျော်က အခုလိုရှင်းပြထားပါတယ်။

“ဆေးဝါးကုသမှုပြီးရင် ၆ ရက်ကြာတဲ့အချိန်မှာ စပြီးတော့ ဓာတ်ခွဲနမူနာယူပြီး စစ်တယ်။ အဲဒီဓာတ်ခွဲနမူနာ ယူပြီးစစ်တဲ့အချိန်မှာ Positive ဖြစ်နေခဲ့ရင် နောက်ထပ် ၆ ရက်ကြာမှ ထပ်စစ်ဖို့အစီအစဉ်လုပ်တယ်။ ဒါပေမဲ့ Negative ဖြစ်ခဲ့ရင်တော့ ၄၈ နာရီအကြာမှာ ဒုတိယအကြိမ် ဓာတ်ခွဲနမူနာယူပြီးတော့ စစ်ပါတယ်။ ဒုတိယအကြိမ် ဓာတ်ခွဲနမူနာယူပြီး စစ်တဲ့အချိန်မှာ Negative တွေ့ခဲ့ရင်တော့ ဒီလူနာဟာ COVID-19 ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီဆိုပြီးတော့ ကျနော်တို့ သတ်မှတ်ပါတယ်။”

ဒါပေမဲ့ COVID-19 လူနာတွေကို ကုသရာမှာ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံအရဆို လူနာကို ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပေမဲ့ အသွားအလာကန့်သတ်ပြီး နေအိမ်မှာပဲ ၁၄ရက်ကြာ သီးသန့်နေထိုင်ဖို့ကို စီမံဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ အခု လူနာနံပါတ် ၄ ဟာ ရောဂါပျောက်ကင်းလို့ ဆေးရုံကဆင်းခွင့်ရပေမယ့် လူနာရှင်ရဲ့ဆန္ဒအရ Home Quarantine ၁၄ ရက်ကို ဆေးရုံမှာပဲ နေထိုင်မယ်လို့ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။

“ဒီလူနာက မိမိရဲ့အိမ်ကိုပြန်ပြီး Home Quarantine နေဖို့ အခက်အခဲရှိတဲ့အတွက် ဆေးရုံမှာပဲ နောက်ထပ် Home Quarantine နှစ်ပတ်ကို အဲဒီကန်တော်နဒီဆေးရုံမှာပဲနေဖို့ လူနာရှင်ကဆန္ဒရှိတဲ့အတွက် ကန်တော်နဒီမှာပဲ ကျနော်တို့ နောက်ထပ်နှစ်ပတ်ထားပြီးတော့ စောင့်ကြပ်ကြည့်ရှုဖို့ စီစဉ်ထားပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့မနေ့က ညထုတ်ပြန်ချိန်အထိဆို မြန်မာနိုင်ငံမှာသေဆုံးသွားသူ တဦးအပါအဝင် COVID-19 ဓာတ်ခွဲအတည်ပြုခဲ့သူ လူနာ၂၂ ဦးအထိ ရှိခဲ့ပါတယ်။

နေပြည်တော်ပြည်သူ့ဆေးရုံကြီးက အသက် ၅၈နှစ်အရွယ် အမျိုးသမီး လူနာနံပါတ် ၇ ကို ပြန်လည်စစ်ဆေးရာမှာတော့ ပထမအကြိမ်မှာ Negative လို့ အဖြေထွက်ထားပြီး နောက်ထပ်တကြိမ်စစ်ဆေးမှုရဲ့ အဖြေကတော့ ဒီကနေ့ည ထုတ်ပြန်ချက်ထဲမှာ ပါလာနိုင်တယ်လို့ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။

“နေပြည်တော်မှာရှိတဲ့လူနာက Negative တကြိမ်ရထားပြီးဖြစ်ပါတယ်။ အခုသူ့ဆီက ဓာတ်ခွဲနမူနာကိုယူပြီးတော့ ရန်ကုန်ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းကို ပို့ထားပါတယ်။ ဒီနေ့ညအဖြေမှာ သူ့ရဲ့အဖြေပါမယ်လို့ ကျနော်တို့သိရပါတယ်ခင်ဗျ။”

ကျန်ရှိနေသေးတဲ့ COVID-19 လူနာတွေကို သက်ဆိုင်ရာဆေးရုံတွေမှာ သီးသန့်ထားရှိပြီးကုသပေးနေသလို၊ အထူးကြပ်မတ်ကုသပေးနေရတဲ့ လူနာနှစ်ဦးရဲ့ ရောဂါအခြေအနေဟာလည်း တိုးတက်ကောင်းမွန်လာတယ်လို့ သိရပါတယ်။ ဒီရောဂါကူးစက်မှုကနေ ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရမယ့်အချက်တွေကို တိတိကျကျ လိုက်နာပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီကနေ့စာရင်းတွေအရ နိုင်ငံပေါင်း၂၀၉ နိုင်ငံကို ကူးစက်ခဲ့ပြီး လူပေါင်း ၁၃ သိန်းကျော်ကို ကူးစက်ခဲ့တာပါ။ ဒီရောဂါကြောင့် သေဆုံးသူ ၇၅,၀၀၀ ကျော်ရှိခဲ့ပေမယ့် ရောဂါပျောက်ကင်းသူ အရေအတွက်ဟာလည်း ၂၉၀,၀၀၀ ကျော်ထိ ရှိနေပြီဖြစ်ပါတယ်။

စုစု/VOA (Burmese)
https://burmese.voanews.com/a/covid-19-recover-patient/5363081.html
COVID-19 လူနာ တဦး ေရာဂါေပ်ာက္ကင္းေၾကာင္း ျမန္မာက်န္းမာေရး၀န္ႀကီးဌာန အတည္ျပဳ COVID-19 လူနာ တဦး ေရာဂါေပ်ာက္ကင္းေၾကာင္း ျမန္မာက်န္းမာေရး၀န္ႀကီးဌာန အတည္ျပဳ Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.