COVID-19 ကာကြယ္ေရး စီမံခန္႔ခြဲသူေတြ ဂ႐ုစိုက္လုပ္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ သတိေပး

ေဒၚေအာင္ဆန္းစုၾကည္ (သတင္းဓာတ္ပံု - Myanmar State Counsellor Office)

(Zawgyi / Unicode)

ဝန္ႀကီးခ်ဳပ္ေတြ အပါအဝင္ ဘယ္သူမွ COVID ေရာဂါပိုး မကူးစက္ဘဲ ေရာဂါၿပီးတယ္ဆိုတာ မရွိတာေၾကာင့္ အားလုံး စည္းကမ္းလိုက္နာၿပီး အထူးဂ႐ုစိုက္ လုပ္ေဆာင္ၾကဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ဒီကေန႔ ေရးထားပါတယ္။

ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစား ျပည္သူေတြအတြက္ ရိကၡာျဖန႔္ျဖဴးေရး လုပ္ငန္းကို မေန႔ကစၿပီး လုပ္ေဆာင္တာမွာ COVID ကာကြယ္ေရးအတြက္ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြအတိုင္း မလိုက္နာတဲ့ ျဖစ္ရပ္ေလးေတြေၾကာင့္ ေဝဖန္စရာ ျဖစ္ရတယ္ဆိုၿပီး ေျပာထားပါတယ္။ ဒီလိုထပ္မျဖစ္ဖို႔အတြက္ စီမံခန႔္ခြဲသူေတြ အထူးဂ႐ုစိုက္ပါလို႔လည္း သတိေပးထားပါတယ္။

မႏၱေလးၿမိဳ႕မွာ ႏွာေခါင္းစည္းမ်ားတပ္ထားၿပီး စက္ဘီးစီးေနၾကတဲ့ အမ်ိဳးသားႏွစ္ဦး (ဧၿပီ ၀၇၊ ၂၀၂၀)

အိမ္မွာေနၿပီး လူစုလူေဝးေရွာင္ဖို႔ က်န္းမာေရးပညာရွင္ သတိေပး

ေဒၚေအာင္ဆန္းစုၾကည္က ဘယ္သူဘယ္ဝါရယ္လို႔ နာမည္ရာထူးနဲ႔တကြ အတိအက် ေဖာ္ျပမထားပါဘူး။ မေန႔တုန္းကေတာ့ ရိကၡာျဖန႔္ျဖဴးတာကို ကိုယ္တိုင္ဝင္လုပ္တဲ့ တာဝန္ရွိသူေတြဟာ လူေတြၾကားထဲမွာ အနီးကပ္ ထိစပ္ၿပီး ေပးေဝေနတဲ့ပုံေတြ ေဖ့စ္ဘုတ္ေပၚမွာ တက္လာတာေၾကာင့္ ေဝဖန္ေျပာဆိုၾကတာေတြ ရွိထားပါတယ္။

အခုလက္ရွိ quarantine ကာလကို ၁၄ ရက္ သတ္မွတ္ထားတာမွာ အဲဒီရက္လြန္ေတာ့မွ ေရာဂါလကၡဏာ ျပသူေတြေတြ႔ရလို႔ စိတ္ခ်ရေအာင္ quarantine ကာလကို ၂၁ ရက္ထိ ထပ္တိုးရမယ္လုိ႔လည္း ေဒၚေအာင္ဆန္းစုၾကည္က အသိေပးထားပါတယ္။

အိမ္မွာ သီးျခားခြဲေနသူေတြ မေပါ့ဆၾကဖို႔ သတိေပးထားတဲ့အျပင္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ ၫႊန္ၾကားခ်က္ေတြကို အေသခ်ာ ေလ့လာ လိုက္နာပါလို႔လည္း မွာၾကားထားပါ တယ္။

ထိုင္းႏုိင္ငံကေန ျပန္လာသူ အေရအတြက္ဟာ သီတင္းႏွစ္ပတ္ေက်ာ္အတြင္း တသိန္းခြဲေက်ာ္သြားၿပီလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေရးထားၿပီး ေရာဂါကူးစက္ထားသူေတြ ေနာက္သီတင္းပတ္အတြင္း ေပၚလာလိမ့္္မယ္လုိ႔လည္း ေျပာထားပါတယ္။

အေရအတြက္ ဘယ္ေလာက္အထိ မ်ားမယ္ဆုိတာ ခန္႔မွန္းလို႔ မရေသးတဲ့အေၾကာင္း၊ အစိုးရအေနနဲ႔ကေတာ့ ျပည္သူတေယာက္ခ်င္းကို တန္ဖိုးထားၿပီး အေကာင္းဆံုး ေစာင့္ေရွာက္သြားဖို႔ သႏၷိ႒ာန္ ခ်ထားတဲ့အေၾကာင္းနဲ႔ တည္တည္ၿငိမ္ၿငိမ္၊ စည္းကမ္းလိုက္နာျခင္းနဲ႔ ျပည္သူအားလုံး ကူညီေပးၾကပါလို႔ ပန္ၾကားထားပါတယ္။

ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူအျဖစ္ ဓာတ္ခြဲအတည္ျပဳထားၿပီးသား အေရအတြက္က အခုခ်ိန္ထိဆိုရင္ ၂၈ ေယာက္ ရွိသြားၿပီျဖစ္ပါတယ္။ ဒီထဲက ၂ ေယာက္ ေရာဂါေပ်ာက္ကင္းသြားၿပီျဖစ္ၿပီး ၃ ေယာက္ကေတာ့ ကြယ္လြန္သြားပါတယ္။


---------------------------------

(Unicode)

COVID-19 ကာကွယ်ရေး စီမံခန့်ခွဲသူတွေ ဂရုစိုက်လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး

ဝန်ကြီးချုပ်တွေ အပါအဝင် ဘယ်သူမှ COVID ရောဂါပိုး မကူးစက်ဘဲ ရောဂါပြီးတယ်ဆိုတာ မရှိတာကြောင့် အားလုံး စည်းကမ်းလိုက်နာပြီး အထူးဂရုစိုက် လုပ်ဆောင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဒီကနေ့ ရေးထားပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား ပြည်သူတွေအတွက် ရိက္ခာဖြန့်ဖြူးရေး လုပ်ငန်းကို မနေ့ကစပြီး လုပ်ဆောင်တာမှာ COVID ကာကွယ်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း မလိုက်နာတဲ့ ဖြစ်ရပ်လေးတွေကြောင့် ဝေဖန်စရာ ဖြစ်ရတယ်ဆိုပြီး ပြောထားပါတယ်။ ဒီလိုထပ်မဖြစ်ဖို့အတွက် စီမံခန့်ခွဲသူတွေ အထူးဂရုစိုက်ပါလို့လည်း သတိပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူဘယ်ဝါရယ်လို့ နာမည်ရာထူးနဲ့တကွ အတိအကျ ဖော်ပြမထားပါဘူး။ မနေ့တုန်းကတော့ ရိက္ခာဖြန့်ဖြူးတာကို ကိုယ်တိုင်ဝင်လုပ်တဲ့ တာဝန်ရှိသူတွေဟာ လူတွေကြားထဲမှာ အနီးကပ် ထိစပ်ပြီး ပေးဝေနေတဲ့ပုံတွေ ဖေ့စ်ဘုတ်ပေါ်မှာ တက်လာတာကြောင့် ဝေဖန်ပြောဆိုကြတာတွေ ရှိထားပါတယ်။
ရန္ကုန္ၿမိဳ႕မွာ ပိုးသတ္ေဆးျဖန္းေနတဲ့ ၀န္ထမ္းတခ်ိဳ႕ (မတ္ ၂၉၊ ၂၀၂၀)
SEE ALSO:
ေရာဂါလကၡဏာမျပ ကူးစက္သူ ရွိလာတာေၾကာင့္ ပိုသတိထားၾကဖို႔ လုိအပ္

အခုလက်ရှိ quarantine ကာလကို ၁၄ ရက် သတ်မှတ်ထားတာမှာ အဲဒီရက်လွန်တော့မှ ရောဂါလက္ခဏာ ပြသူတွေတွေ့ရလို့ စိတ်ချရအောင် quarantine ကာလကို ၂၁ ရက်ထိ ထပ်တိုးရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အသိပေးထားပါတယ်။

အိမ်မှာ သီးခြားခွဲနေသူတွေ မပေါ့ဆကြဖို့ သတိပေး ထားတဲ့အပြင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ညွှန်ကြားချက် တွေကို အသေချာ လေ့ လာ လိုက်နာပါလို့လည်း မှာကြားထားပါတယ်။

ထိုင်းနိုင်ငံကနေ ပြန်လာသူ အရေအတွက်ဟာ သီတင်းနှစ်ပတ်ကျော်အတွင်း တသိန်းခွဲကျော်သွားပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ရေးထားပြီး ရောဂါကူးစက်ထားသူတွေ နောက်သီတင်းပတ်အတွင်း ပေါ်လာလိမ့်မယ်လို့လည်း ပြောထားပါတယ်။

အရေအတွက် ဘယ်လောက်အထိ များမယ်ဆိုတာ ခန့်မှန်းလို့ မရသေးတဲ့အကြောင်း၊ အစိုးရအနေနဲ့ကတော့ ပြည်သူတယောက်ချင်းကို တန်ဖိုးထားပြီး အကောင်းဆုံး စောင့်ရှောက်သွားဖို့ သန္နိဋ္ဌာန် ချထားတဲ့အကြောင်းနဲ့ တည်တည်ငြိမ်ငြိမ်၊ စည်းကမ်းလိုက်နာခြင်းနဲ့ ပြည်သူအားလုံး ကူညီပေးကြပါလို့ ပန်ကြားထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူအဖြစ် ဓာတ်ခွဲအတည်ပြုထားပြီးသား အရေအတွက်က အခုချိန်ထိဆိုရင် ၂၈ ယောက် ရှိသွားပြီဖြစ်ပါတယ်။ ဒီထဲက ၂ ယောက် ရောဂါပျောက်ကင်းသွားပြီဖြစ်ပြီး ၃ ယောက်ကတော့ ကွယ်လွန်သွားပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/covid19-myanmar-daw-aung-san-suu-kyi/5368390.html
COVID-19 ကာကြယ္ေရး စီမံခန္႔ခြဲသူေတြ ဂ႐ုစိုက္လုပ္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ သတိေပး COVID-19 ကာကြယ္ေရး စီမံခန္႔ခြဲသူေတြ ဂ႐ုစိုက္လုပ္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ သတိေပး Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.