ျမန္မာ ႏိုင္ငံ ကပ္ေရာဂါ တိုက္ဖ်က္ႏိုင္ရန္ လာေရာက္ ကူညီေပးသည့္ တ႐ုတ္ ႏိုင္ငံ ေဆးဘက္ဆိုင္ရာ ပညာရွင္ အဖြဲ႕ က ကပ္ေရာဂါ တိုက္ဖ်က္ေရး အေတြ႕အႀကဳံမ်ားအား မွ်ေဝေပး

တ႐ုတ္ ႏိုင္ငံ ေဆးပညာရွင္ အဖြဲ႕ က ေျမာက္ဥကၠလာပ အေထြေထြေရာဂါကု ေဆး႐ုံႀကီး ရွိ အေရးေပၚကုသေရးဌာန သို႔ ဧၿပီ ၁၀ ရက္ ၌ သြားေရာက္ေလ့လာေနစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵

    ရန္ကုန္ ၊ ဧၿပီ ၁၁ ရက္ (ဆင္ဟြာ)

    ျမန္မာ ႏိုင္ငံ ကပ္ေရာဂါ တိုက္ဖ်က္ႏိုင္ရန္ လာေရာက္ ကူညီေပးသည့္ တ႐ုတ္ ႏိုင္ငံ ေဆးဘက္ဆိုင္ရာ ပညာရွင္ အဖြဲ႕ က ဧၿပီ ၁၀ ရက္ တြင္ ရန္ကုန္ အေထြေထြ ေရာဂါကု ေဆး႐ုံႀကီး ၊ ေျမာက္ဥကၠလာပ အေထြေထြ ေရာဂါကု ေဆး႐ုံႀကီး ႏွင့္ ေဝဘာဂီ အထူးကု ေဆး႐ုံႀကီး သို႔ သြားေရာက္ ခဲ့ၿပီး ျမန္မာ ႏိုင္ငံ ေဆး႐ုံ မ်ား၏ ေဆးဝါးကုသမႈ ၊ ေဆးဘက္ဆိုင္ရာ ဝန္ထမ္း ေနရာခ်ထားမႈ ၊ ေဆးဘက္ဆိုင္ရာ အရင္းအျမစ္ မ်ား အသုံးခ်မႈ ၊ ICU ခန္း ပစၥည္းကိရိယာ အေျခအေန ၊ ကူးစက္ေရာဂါ ထိန္းခ်ဳပ္မႈ ႏွင့္ စီမံခန႔္ခြဲ႕မႈ တို႔ကို သြားေရာက္ေလ့လာ ခဲ့ၿပီး ကူးစက္ေရာဂါ ေလ့လာမႈ ႏွင့္ ျမန္မာ ႏိုင္ငံ အမ်ိဳးသား ဓာတ္ခြဲခန္း တြင္ လုပ္ငန္းေဆာင္႐ြက္မႈမ်ား ျပဳလုပ္ခဲ့ကာ ျမန္မာ ႏိုင္ငံ တာဝန္ရွိသူမ်ား အား ကပ္ေရာဂါ တိုက္ဖ်က္ေရး အေတြ႕အႀကဳံမ်ား မွ်ေဝေပးခဲ့ေၾကာင္း သိရွိရသည္။

တ႐ုတ္ ႏိုင္ငံ ပညာရွင္ အဖြဲ႕ ဒုတိယ ေခါင္းေဆာင္ ဝမ္နန္ဟဲ့ က ဧၿပီ ၁၀ ရက္ တြင္ ပညာရွင္ အဖြဲ႕ အေနျဖင့္ ေဆး႐ုံ အဖြဲ႕ ႏွင့္ ဓာတ္ခြဲခန္း အဖြဲ႕ ဟူ၍ ႏွစ္ဖြဲ႕ခြဲ ေဆာင္႐ြက္ခဲ့ေၾကာင္း ၊ ေဆး႐ုံ အဖြဲ႕ အား ထပ္မံ၍ ကူးစက္ေရာဂါ ပညာရွင္ အဖြဲ႕ ႏွင့္ ထိန္းခ်ဳပ္ကာကြယ္ေရး စီမံခန႔္ခြဲမႈ အဖြဲ႕ အျဖစ္ ခြဲ၍ လုပ္ငန္းေဆာင္႐ြက္မႈမ်ား ျပဳလုပ္ ခဲ့ေၾကာင္း ဆင္ဟြာ သတင္းဌာန အား ဧၿပီ ၁၀ ရက္ တြင္ ေျပာၾကား ခဲ့သည္။

ဆင္ဟြာ သတင္းဌာန အေနျဖင့္ ဧၿပီ ၁၀ ရက္ တြင္ ပညာရွင္ အဖြဲ႕ ႏွင့္ အတူတကြ ေျမာက္ဥကၠလာပ အေထြေထြ ေရာဂါကု ေဆး႐ုံႀကီး သို႔ လိုက္ပါသြားေရာက္ ခဲ့ၿပီး တ႐ုတ္ ႏိုင္ငံ ေဆးဘက္ဆိုင္ရာ ပညာရွင္ အဖြဲ႕ ႏွင့္ ေဆး႐ုံ ရွိ ေဆးဘက္ဆိုင္ရာ ဝန္ထမ္း တို႔ က မိမိကိုယ္ကိုယ္ ကာကြယ္ျခင္း ၊ ေဆး႐ုံအရင္းအျမစ္ အသုံးျပဳျခင္း ၊ ေရာဂါလကၡဏာ မရွိဘဲ ကူးစက္ခံထားရသူ အေပၚ မည္သို႔ လုပ္ကိုင္ ေဆာင္႐ြက္ျခင္း စသည့္ ျမန္မာ ႏိုင္ငံ ဘက္မွ စိတ္ဝင္စားေသာ ကိစၥရပ္မ်ား ႏွင့္ ပတ္သက္၍ ေမးျမန္းေျဖဆိုမႈ ႏွင့္ ဖလွယ္မႈမ်ား ကို ေဆာင္႐ြက္ ခဲ့သည္။ ထို႔ေနာက္တြင္ တ႐ုတ္ ႏိုင္ငံ ပညာရွင္အဖြဲ႕ က ေဆး႐ုံရွိ အေရးေပၚဌာန ၊ ကိုယ္ပူခ်ိန္ တိုင္းတာေရး ဧရိယာ(Fever Room)ႏွင့္ သီးသန႔္ခြဲျခား ဧရိယာ စသည့္ ေနရာ မ်ားသို႔ လက္ေတြ႕ ေလ့လာစစ္ေဆးမႈမ်ား ျပဳလုပ္ ခဲ့သည္။

တ႐ုတ္ ႏိုင္ငံ ပညာရွင္ အဖြဲ႕ အဖြဲ႕ဝင္ သုေရွာင္ဟြာ က လက္ေတြ႕ကြင္းဆင္း ေလ့လာမႈမ်ားအရ မိမိ တို႔အေနျဖင့္ ျမန္မာ ႏိုင္ငံ ေဆးဘက္ဆိုင္ရာဝန္ထမ္းမ်ား ၏ မိမိကိုယ္ကိုယ္ ကာကြယ္ေရး ေဆာင္႐ြက္ရမည့္ အသိ အား ျမႇင့္တင္ရန္ လိုအပ္သည္ ကို ေတြ႕ရွိခဲ့ရေၾကာင္း ၊ အေထြေထြေရာဂါကု ေဆး႐ုံ တြင္ ကိုယ္ပူခ်ိန္တက္ ျပင္ပ လူနာဌာန တည္ေဆာက္ရန္ လိုအပ္ၿပီး ကိုယ္ပူခ်ိန္တက္ လူနာမ်ားကို အဆင့္ဆင့္ ခြဲျခား၍ ကုသမႈမ်ား ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း ေျပာၾကား ခဲ့သည္။

တ႐ုတ္ ႏိုင္ငံ ပညာရွင္ အဖြဲ႕ အဖြဲ႕ဝင္ ဟန္ကြမ္ရင္ က ေလ့လာသုံးသပ္မႈမ်ားအရ ျမန္မာ ႏိုင္ငံ အစိုးရ ႏွင့္ ေဆးဘက္ဆိုင္ရာ ဝန္ထမ္းမ်ား က COVID-19 ေရာဂါ ႏွင့္ ပတ္သက္၍ လြန္စြာ အေလးထားေၾကာင္း ကို ေတြ႕ရွိခဲ့ရေၾကာင္း ၊ ေရွ႕ဆက္၍ တ႐ုတ္ ႏိုင္ငံ ပညာရွင္ အဖြဲ႕ အေနျဖင့္ ျမန္မာ ႏိုင္ငံ ေဆးဘက္ဆိုင္ရာ ဝန္ထမ္းမ်ား မိမိကိုယ္ကို ကာကြယ္သည့္ အသိပညာ ႏွင့္ ပတ္သက္၍ သင္တန္းပို႔ခ်မႈ ႏွင့္ လမ္းၫႊန္မႈမ်ား ကို ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ၿပီး တ႐ုတ္ ႏိုင္ငံ ၏ အေတြ႕အႀကဳံမ်ား ကို မွ်ေဝေပးကာ နည္းလမ္းမ်ားအား ျပသ ကူညီေပးသြားမည္ ျဖစ္ေၾကာင္း ေျပာၾကား ခဲ့သည္။ 

ေျမာက္ဥကၠလာပအေထြေထြေရာဂါကုေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာၾကည္စိုး က တ႐ုတ္ ႏိုင္ငံ မွ ေဆးဘက္ဆိုင္ရာ ပညာရွင္အဖြဲ႕ အား ျမန္မာ ႏိုင္ငံ ကပ္ေရာဂါ တိုက္ဖ်က္ႏိုင္ရန္ အတြက္ ေစလႊတ္ေပးခဲ့ျခင္း သည္ လြန္စြာ အေထာက္အကူ ျဖစ္ေစခဲ့သျဖင့္ တ႐ုတ္ ႏိုင္ငံ ပညာရွင္ အဖြဲ႕ အား ကပ္ေရာဂါ တိုက္ဖ်က္ေရး အေတြ႕အႀကဳံမွ်ေဝေပး သည့္ အတြက္ ေက်းဇူးတင္ေၾကာင္း ႏွင့္ တ႐ုတ္ ႏိုင္ငံ ပညာရွင္အဖြဲ႕ က ျမန္မာ ႏိုင္ငံ ေဆးဘက္ဆိုင္ရာ ဝန္ထမ္းမ်ားအား သင္တန္းပို႔ခ်မႈ ႏွင့္ လမ္းၫႊန္မႈမ်ား ေဆာင္႐ြက္ေပးေစလိုေၾကာင္း ေျပာၾကား ခဲ့သည္။

တ႐ုတ္ ႏိုင္ငံ မွ လႉဒါန္းေပးခဲ့သည့္ ေရာဂါ စစ္ေဆးမႈကိရိယာ ႏွင့္ ေရာဂါစစ္ေဆးရာတြင္ လိုအပ္ေသာ ပစၥည္းမ်ား အား ျမန္မာ ႏိုင္ငံ ထံသို႔ လႊဲေျပာင္းေပးအပ္ခဲ့ၿပီး စတင္ အသုံးျပဳေနၿပီး ျဖစ္ေၾကာင္း ၊ ဧၿပီ ၉ ရက္ တြင္ ရန္ကုန္ ၿမိဳ႕ရွိ အမ်ိဳးသား ဓာတ္ခြဲခန္း တြင္ COVID-19 ေရာဂါစစ္ေဆးႏိုင္မႈႏႈန္း အား တစ္ဆ ျမႇင့္တင္ ႏိုင္ခဲ့ေၾကာင္း ၊ ေနာက္တစ္ဆင့္ အေနျဖင့္ တ႐ုတ္ ႏိုင္ငံ ပညာရွင္ အဖြဲ႕ က လူမႈအသိုင္းအဝိုင္း ကာကြယ္ထိန္းခ်ဳပ္မႈ ဧရိယာ ႏွင့္ ထိန္းသိမ္းေစာင့္ၾကည့္မႈ ဧရိယာ တို႔အား ေလ့လာစစ္ေဆးမႈမ်ား ေဆာင္႐ြက္သြားမည္ ျဖစ္ၿပီး ျမန္မာ ႏိုင္ငံ ကပ္ေရာဂါ တိုက္ဖ်က္ေရး လုပ္ငန္း တြင္ ေဆာင္႐ြက္မႈမ်ား အေပၚ နက္ရႈိင္းစြာ ေလ့လာသြားကာ လက္ေတြ႕ေလ့လာစစ္ေဆးမႈ အေျဖေပၚ မူတည္၍ ျမန္မာ ႏိုင္ငံ ဘက္သို႔ အျပဳသေဘာေဆာင္သည့္ အႀကံျပဳခ်က္ ၊ သင္တန္းပို႔ခ်မႈ ႏွင့္ လမ္းၫႊန္မႈမ်ား ကို ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရွိရသည္။

တ႐ုတ္ ႏိုင္ငံ အစိုးရ မွ ေစလႊတ္ေပးခဲ့သည့္ ကပ္ေရာဂါ တိုက္ဖ်က္ေရး ဆိုင္ရာ ေဆးဘက္ဆိုင္ရာ ပညာရွင္ အဖြဲ႕ က ဧၿပီလ ၈ ရက္ တြင္ ျမန္မာ ႏိုင္ငံ ရန္ကုန္ၿမိဳ႕ သို႔ ေရာက္ရွိခဲ့ၿပီး တ႐ုတ္ ႏိုင္ငံ အစိုးရ မွ လႉဒါန္းေပးသည့္ ကာကြယ္ေရးပစၥည္းမ်ား ၊ ေဆးဘက္ဆိုင္ရာ ပစၥည္းကိရိယာမ်ား ႏွင့္ တ႐ုတ္ တိုင္းရင္းေဆး စသည့္ ကပ္ေရာဂါ တိုက္ဖ်က္ေရး ဆိုင္ရာ ပစၥည္း ကိရိယာ မ်ား ကို ၎တို႔ႏွင့္ အတူတကြ သယ္ေဆာင္လာခဲ့ေၾကာင္း သိရွိရသည္။

ျမန္မာ ႏိုင္ငံ က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန ၏ ဧၿပီ ၁၀ ရက္ ထုတ္ျပန္ေၾကညာခ်က္ အရ ျမန္မာ ႏိုင္ငံ တြင္ COVID-19 ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၂၈ ဦး ရွိၿပီး စုစုေပါင္း ၃ ဦး ေသဆုံးကာ ျပန္လည္ေကာင္းမြန္လာသူ ၂ ဦး ရွိေၾကာင္း သိရွိရသည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/27106-2020-04-11-07-47-56
-------------
(Unicode)⤵⤵⤵

မြန်မာ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်နိုင်ရန် လာရောက် ကူညီပေးသည့် တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ က ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံများအား မျှဝေပေး

တရုတ် နိုင်ငံ ဆေးပညာရှင် အဖွဲ့ က မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီး ရှိ အရေးပေါ်ကုသရေးဌာန သို့ ဧပြီ ၁၀ ရက် ၌ သွားရောက်လေ့လာနေစဉ်(ဆင်ဟွာ)

    ရန်ကုန် ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

    မြန်မာ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်နိုင်ရန် လာရောက် ကူညီပေးသည့် တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ က ဧပြီ ၁၀ ရက် တွင် ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီး ၊ မြောက်ဥက္ကလာပ အထွေထွေ ရောဂါကု ဆေးရုံကြီး နှင့် ဝေဘာဂီ အထူးကု ဆေးရုံကြီး သို့ သွားရောက် ခဲ့ပြီး မြန်မာ နိုင်ငံ ဆေးရုံ များ၏ ဆေးဝါးကုသမှု ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း နေရာချထားမှု ၊ ဆေးဘက်ဆိုင်ရာ အရင်းအမြစ် များ အသုံးချမှု ၊ ICU ခန်း ပစ္စည်းကိရိယာ အခြေအနေ ၊ ကူးစက်ရောဂါ ထိန်းချုပ်မှု နှင့် စီမံခန့်ခွဲ့မှု တို့ကို သွားရောက်လေ့လာ ခဲ့ပြီး ကူးစက်ရောဂါ လေ့လာမှု နှင့် မြန်မာ နိုင်ငံ အမျိုးသား ဓာတ်ခွဲခန်း တွင် လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကာ မြန်မာ နိုင်ငံ တာဝန်ရှိသူများ အား ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံများ မျှဝေပေးခဲ့ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ ဒုတိယ ခေါင်းဆောင် ဝမ်နန်ဟဲ့ က ဧပြီ ၁၀ ရက် တွင် ပညာရှင် အဖွဲ့ အနေဖြင့် ဆေးရုံ အဖွဲ့ နှင့် ဓာတ်ခွဲခန်း အဖွဲ့ ဟူ၍ နှစ်ဖွဲ့ခွဲ ဆောင်ရွက်ခဲ့ကြောင်း ၊ ဆေးရုံ အဖွဲ့ အား ထပ်မံ၍ ကူးစက်ရောဂါ ပညာရှင် အဖွဲ့ နှင့် ထိန်းချုပ်ကာကွယ်ရေး စီမံခန့်ခွဲမှု အဖွဲ့ အဖြစ် ခွဲ၍ လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ် ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန အား ဧပြီ ၁၀ ရက် တွင် ပြောကြား ခဲ့သည်။

ဆင်ဟွာ သတင်းဌာန အနေဖြင့် ဧပြီ ၁၀ ရက် တွင် ပညာရှင် အဖွဲ့ နှင့် အတူတကွ မြောက်ဥက္ကလာပ အထွေထွေ ရောဂါကု ဆေးရုံကြီး သို့ လိုက်ပါသွားရောက် ခဲ့ပြီး တရုတ် နိုင်ငံ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ နှင့် ဆေးရုံ ရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း တို့ က မိမိကိုယ်ကိုယ် ကာကွယ်ခြင်း ၊ ဆေးရုံအရင်းအမြစ် အသုံးပြုခြင်း ၊ ရောဂါလက္ခဏာ မရှိဘဲ ကူးစက်ခံထားရသူ အပေါ် မည်သို့ လုပ်ကိုင် ဆောင်ရွက်ခြင်း စသည့် မြန်မာ နိုင်ငံ ဘက်မှ စိတ်ဝင်စားသော ကိစ္စရပ်များ နှင့် ပတ်သက်၍ မေးမြန်းဖြေဆိုမှု နှင့် ဖလှယ်မှုများ ကို ဆောင်ရွက် ခဲ့သည်။ ထို့နောက်တွင် တရုတ် နိုင်ငံ ပညာရှင်အဖွဲ့ က ဆေးရုံရှိ အရေးပေါ်ဌာန ၊ ကိုယ်ပူချိန် တိုင်းတာရေး ဧရိယာ(Fever Room)နှင့် သီးသန့်ခွဲခြား ဧရိယာ စသည့် နေရာ များသို့ လက်တွေ့ လေ့လာစစ်ဆေးမှုများ ပြုလုပ် ခဲ့သည်။

တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ အဖွဲ့ဝင် သုရှောင်ဟွာ က လက်တွေ့ကွင်းဆင်း လေ့လာမှုများအရ မိမိ တို့အနေဖြင့် မြန်မာ နိုင်ငံ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ၏ မိမိကိုယ်ကိုယ် ကာကွယ်ရေး ဆောင်ရွက်ရမည့် အသိ အား မြှင့်တင်ရန် လိုအပ်သည် ကို တွေ့ရှိခဲ့ရကြောင်း ၊ အထွေထွေရောဂါကု ဆေးရုံ တွင် ကိုယ်ပူချိန်တက် ပြင်ပ လူနာဌာန တည်ဆောက်ရန် လိုအပ်ပြီး ကိုယ်ပူချိန်တက် လူနာများကို အဆင့်ဆင့် ခွဲခြား၍ ကုသမှုများ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ အဖွဲ့ဝင် ဟန်ကွမ်ရင် က လေ့လာသုံးသပ်မှုများအရ မြန်မာ နိုင်ငံ အစိုးရ နှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ က COVID-19 ရောဂါ နှင့် ပတ်သက်၍ လွန်စွာ အလေးထားကြောင်း ကို တွေ့ရှိခဲ့ရကြောင်း ၊ ရှေ့ဆက်၍ တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ အနေဖြင့် မြန်မာ နိုင်ငံ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ မိမိကိုယ်ကို ကာကွယ်သည့် အသိပညာ နှင့် ပတ်သက်၍ သင်တန်းပို့ချမှု နှင့် လမ်းညွှန်မှုများ ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး တရုတ် နိုင်ငံ ၏ အတွေ့အကြုံများ ကို မျှဝေပေးကာ နည်းလမ်းများအား ပြသ ကူညီပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ 

မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုး က တရုတ် နိုင်ငံ မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ အား မြန်မာ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်နိုင်ရန် အတွက် စေလွှတ်ပေးခဲ့ခြင်း သည် လွန်စွာ အထောက်အကူ ဖြစ်စေခဲ့သဖြင့် တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ အား ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံမျှဝေပေး သည့် အတွက် ကျေးဇူးတင်ကြောင်း နှင့် တရုတ် နိုင်ငံ ပညာရှင်အဖွဲ့ က မြန်မာ နိုင်ငံ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအား သင်တန်းပို့ချမှု နှင့် လမ်းညွှန်မှုများ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ မှ လှူဒါန်းပေးခဲ့သည့် ရောဂါ စစ်ဆေးမှုကိရိယာ နှင့် ရောဂါစစ်ဆေးရာတွင် လိုအပ်သော ပစ္စည်းများ အား မြန်မာ နိုင်ငံ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး စတင် အသုံးပြုနေပြီး ဖြစ်ကြောင်း ၊ ဧပြီ ၉ ရက် တွင် ရန်ကုန် မြို့ရှိ အမျိုးသား ဓာတ်ခွဲခန်း တွင် COVID-19 ရောဂါစစ်ဆေးနိုင်မှုနှုန်း အား တစ်ဆ မြှင့်တင် နိုင်ခဲ့ကြောင်း ၊ နောက်တစ်ဆင့် အနေဖြင့် တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ က လူမှုအသိုင်းအဝိုင်း ကာကွယ်ထိန်းချုပ်မှု ဧရိယာ နှင့် ထိန်းသိမ်းစောင့်ကြည့်မှု ဧရိယာ တို့အား လေ့လာစစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း တွင် ဆောင်ရွက်မှုများ အပေါ် နက်ရှိုင်းစွာ လေ့လာသွားကာ လက်တွေ့လေ့လာစစ်ဆေးမှု အဖြေပေါ် မူတည်၍ မြန်မာ နိုင်ငံ ဘက်သို့ အပြုသဘောဆောင်သည့် အကြံပြုချက် ၊ သင်တန်းပို့ချမှု နှင့် လမ်းညွှန်မှုများ ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ အစိုးရ မှ စေလွှတ်ပေးခဲ့သည့် ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ က ဧပြီလ ၈ ရက် တွင် မြန်မာ နိုင်ငံ ရန်ကုန်မြို့ သို့ ရောက်ရှိခဲ့ပြီး တရုတ် နိုင်ငံ အစိုးရ မှ လှူဒါန်းပေးသည့် ကာကွယ်ရေးပစ္စည်းများ ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ နှင့် တရုတ် တိုင်းရင်းဆေး စသည့် ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ပစ္စည်း ကိရိယာ များ ကို ၎င်းတို့နှင့် အတူတကွ သယ်ဆောင်လာခဲ့ကြောင်း သိရှိရသည်။

မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၏ ဧပြီ ၁၀ ရက် ထုတ်ပြန်ကြေညာချက် အရ မြန်မာ နိုင်ငံ တွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၈ ဦး ရှိပြီး စုစုပေါင်း ၃ ဦး သေဆုံးကာ ပြန်လည်ကောင်းမွန်လာသူ ၂ ဦး ရှိကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/27106-2020-04-11-07-47-56
ျမန္မာ ႏိုင္ငံ ကပ္ေရာဂါ တိုက္ဖ်က္ႏိုင္ရန္ လာေရာက္ ကူညီေပးသည့္ တ႐ုတ္ ႏိုင္ငံ ေဆးဘက္ဆိုင္ရာ ပညာရွင္ အဖြဲ႕ က ကပ္ေရာဂါ တိုက္ဖ်က္ေရး အေတြ႕အႀကဳံမ်ားအား မွ်ေဝေပး ျမန္မာ ႏိုင္ငံ ကပ္ေရာဂါ တိုက္ဖ်က္ႏိုင္ရန္ လာေရာက္ ကူညီေပးသည့္ တ႐ုတ္ ႏိုင္ငံ ေဆးဘက္ဆိုင္ရာ ပညာရွင္ အဖြဲ႕ က ကပ္ေရာဂါ တိုက္ဖ်က္ေရး အေတြ႕အႀကဳံမ်ားအား မွ်ေဝေပး Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.