တပ္မေတာ္ရဲ႕ေစာင့္ၾကည့္ေရးစင္တာတစ္ခု |
မြန္ျပည္နယ္မွာ သထုံၿမိဳ႕အပါအဝင္ ၿမိဳ႕နယ္၁၀ခုမွာ ရွိတဲ့ ေစာင့္ၾကည့္ေရးစင္တာေတြက ေစာင့္ၾကည့္ရက္ ၁၄ ရက္ျပည့္ၿပီးသူ ေတြအျပင္ မျပည့္ေသးသူ ျပည္ေတာ္ျပန္အားလုံးကို ဧၿပီ ၁၀ ရက္ေန႔က ေနအိမ္ေတြကို ျပန္လည္ေစလႊတ္ ခဲ့တယ္လို႔ သိရေၾကာင္း မြန္ျပည္နယ္လႊတ္ေတာ္ သထုံလႊတ္ေတာ္အမတ္ ေဒၚခိုင္ခိုင္လဲ့က ဘီဘီစီကို ေျပာပါတယ္။
မြန္ျပည္နယ္အတြင္းက ျပည္ေတာ္ျပန္ေတြအနက္ ဧၿပီ ၁၀ ရက္ေန႔အထိ ေစာင့္ၾကည့္လူနာထဲက ေသဆုံး သူ ၁၀ ဦးအထိရွိလာၿပီလည္း ျဖစ္ပါတယ္။
' ' မေန႔က ေသာၾကာေန႔က အကုန္လုံးကို ျပန္လႊတ္လိုက္တာ။ ဘာေၾကာင့္လႊတ္တယ္ဆိုတာ လည္း မသိရဘူး။ ဒီလူေတြကို ေနအိမ္မွာပဲ ကြာရန္တင္းလုပ္မယ္လို႔ သိရတယ္။ ဒါေပမယ့္ ေစာင့္ၾကည့္ စင္တာမွာေတာင္ စည္ကမ္းလိုက္နာမႈရွိတာ မဟုတ္ဘူး။ ၆ ေပခြာဆို ကုတင္ေတြ ကပ္ထားတယ္။ ေနအိမ္ျပန္ေရာက္ ေတာ့လည္း အိမ္မွာမေနဘူး။ ဆိုင္ကယ္နဲ႔ လမ္းထြက္ေနၾကတယ္''လို႔ ေဒၚခိုင္ခိုင္လဲ့က အေျခအေနကို ေျပာျပပါတယ္။
ေစာင့္ၾကည့္စင္တာေတြကေန ျပည္ေတာ္ျပန္ေတြကို ျပန္လႊတ္တာဟာ ျပည္နယ္အစိုးရက တိုက္႐ိုက္ေဆာင္႐ြက္တာျဖစ္တယ္လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ ေျပာျပခ်က္အရသိရၿပီး အတည္ျပဳႏိုင္ဖို႔ ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉးကို ဘီဘီစီက ဆက္သြယ္ေမးျမန္းဖို႔ ဖုန္းေခၚဆိုခဲ့ေပမယ့္ မရရွိခဲ့ပါဘူး။
မြန္ျပည္နယ္အတြင္း ေသဆုံးခဲ့တဲ့ ေစာင့္ၾကည့္လူနာ ၁၀ ဦးကို ကိုဗစ္- ၁၉ ပိုး ရွိမရွိ ဓာတ္ခြဲနမူနာ ရယူခဲ့ၿပီးေနာက္ ဧၿပီ ၁၀ ရက္ေန႔က ေသဆုံးလူနာေတြကလြဲလို႔ က်န္ေသဆုံးလူနာေတြမွာ ပိုးမေတြ႕ရဘူးလို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားခ်က္ေတြအရ သိရပါတယ္။
' 'မေန႔က ေသတဲ့သူေတြထဲမွာ သံျဖဴဇရပ္က ပါတယ္။ သထုံက ပါတယ္။ ပင က တစ္ဦးပါတယ္။ ဒီလူေတြရဲ႕ အေျဖကေတာ့ မသိရေသးဘူး။ ဒီထဲက ေသတဲ့တစ္ေယာက္ဆိုရင္ ေစာင့္ၾကည့္မႈ မခံယူဘဲ ေလွ်ာက္သြားေနတာ။ ေဆးခန္းေတြလည္း သြားျပတယ္။ ကြၽန္မလိုက္ၿပီး ေနာက္ေၾကာင္းလိုက္ၿပီး ထိုင္းကျပန္လာတဲ့သူဆိုတာ သိရလို႔ ေဆး႐ုံတက္ဖို႔ အတင္းလုပ္ခဲ့ရတာ။ ဒီမွာက ျပန္လာသူတခ်ိဳ႕က စည္းကမ္းေတြလည္း မလိုက္နာၾကဘူး''လို႔လည္း ေဒၚခိုင္ခိုင္လဲ့က ေျပာပါတယ္။
မြန္ျပည္နယ္အတြင္း ထိုင္းႏိုင္ငံက ျပန္ဝင္လာသူအမ်ားအျပားရွိၿပီး သထုံၿမိဳ႕နယ္တစ္ခုတည္းမွာ ျပန္ဝင္လာသူ စာရင္းမွာ ၁၆၀၀ ေက်ာ္ရွိေသာ္လည္း ေစာင့္ၾကည့္ေရးစင္တာကို ေရာက္လာသူ ဦးေရမွာ ၈၀၀ ေက်ာ္သာရွိ တယ္လို႔လည္း ျပည္နယ္လႊတ္ေတာ္အမတ္ေတြထံက သိရပါတယ္။
သထုံၿမိဳ႕နယ္အတြင္း ေစာင့္ၾကည့္ေရးစင္တာတစ္ခုကို ၿပီးခဲ့တဲ့ တပတ္အတြင္းက ေတြ႕ရစဥ္ |
က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနကေန ျပည္ေတာ္ျပန္ဝင္လာသူေတြကို ေစာင့္ၾကည့္ေရးစင္တာမွာ ၁၄ ရက္ေစာင့္ၾကည့္မႈခံယူဖို႔နဲ႔ ျငင္းဆန္ပါက ဥပေဒအရအေရးယူဖို႔ ထုတ္ျပန္ထားတာ ေတြလည္းရွိပါတယ္။
ဒါေပမယ့္လည္း သထုံၿမိဳ႕နယ္အတြင္းမွာေတာ့ စည္းကမ္းမလိုက္နာသူေတြကို အေရးယူတာမ်ိဳးေတာ့ မေတြ႕ရဘူးလို႔ လည္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့ကေျပာျပပါ တယ္။
ဒါ့အျပင္ ေစာင့္ၾကည့္ေရးစင္တာေတြက ေစာင့္ၾကည့္လူနာ ဒါမွမဟုတ္ သံသယလူနာေတြထြက္ေျပးလို႔ အေရးယူတာ ေထာင္ခ်တာေတြရွိလာခဲ့ရင္လည္း အက်ဥ္းေထာင္ေတြမွာ လက္မခံဖို႔ အက်ဥ္းဦးစီးဌာန ကေန ၫႊန္ၾကားထားတာေတြရွိတယ္လို႔လည္း မြန္ျပည္နယ္ အက်ဥ္းဦးစီးဌာနက တာဝန္ရွိသူတစ္ဦးက ေျပာျပပါတယ္။
' ' ဒီမွာကေတာ့ အခုထိ အျပစ္ေပးအေရးယူတဲ့သူေတြလည္း မရွိေသးဘူး။ ရွိလာရင္လည္း ေဆး႐ုံေတြမွာပဲ ထားဖို႔ ဌာနခ်င္း ခ်ိတ္ဆက္စီစဥ္ထားတာေတာ့ရွိပါတယ္။ ေရာဂါကာကြယ္ ေရးအရ အက်ဥ္းေထာင္ေတြမွာေတာ့ လက္မခံဖို႔ ၫႊန္ၾကားခ်က္ ရွိၿပီးသားပါ''လို႔ အဆိုပါ တာဝန္ရွိသူကေျပာျပ ပါတယ္။
ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ပိုးေတြ႕ လူနာ ၁၈ ဦးအနက္ ေစာင့္ၾကည့္ ၁၄ ရက္ျပည့္ၿပီးေနာက္ပိုင္းမွာမွ လူနာအမွတ္ ၁ ရဲ႕ မိခင္ျဖစ္သူ မွာ လကၡဏာမျပ ပိုးရွိေၾကာင္း ေတြ႕ရွိခဲ့တဲ့ အတြက္ ေစာင့္ၾကည့္ကာလ ကို တိုးျမႇင့္ေပးဖို႔ အမ်ားျပည္သူအၾကား ေျပာဆိုေထာက္ျပတာေတြလည္းရွိေနပါတယ္။
BBC Burmese
https://www.bbc.com/burmese/burma-52255202
--------------
(Unicode)⤵⤵⤵
မွန်မှာ စောင့်ကြည့်ရေးစင်တာတွေက စောင့်ကြည့်ရက် ၁၄ ရက် မပြည့်သေးသူတွေ အပါအဝင် အားလုံးကို ပြန်လွှတ်
ဓာတ်ပုံ မူပိုင် YeMyo
Image caption တပ်မတော်ရဲ့စောင့်ကြည့်ရေးစင်တာတစ်ခု
မွန်ပြည်နယ်မှာ သထုံမြို့အပါအဝင် မြို့နယ်၁၀ခုမှာ ရှိတဲ့ စောင့်ကြည့်ရေးစင်တာတွေက စောင့်ကြည့်ရက် ၁၄ ရက်ပြည့်ပြီးသူ တွေအပြင် မပြည့်သေးသူ ပြည်တော်ပြန်အားလုံးကို ဧပြီ ၁၀ ရက်နေ့က နေအိမ်တွေကို ပြန်လည်စေလွှတ် ခဲ့တယ်လို့ သိရကြောင်း မွန်ပြည်နယ်လွှတ်တော် သထုံလွှတ်တော်အမတ် ဒေါ်ခိုင်ခိုင်လဲ့က ဘီဘီစီကို ပြောပါတယ်။
မွန်ပြည်နယ်အတွင်းက ပြည်တော်ပြန်တွေအနက် ဧပြီ ၁၀ ရက်နေ့အထိ စောင့်ကြည့်လူနာထဲက သေဆုံး သူ ၁၀ ဦးအထိရှိလာပြီလည်း ဖြစ်ပါတယ်။
' ' မနေ့က သောကြာနေ့က အကုန်လုံးကို ပြန်လွှတ်လိုက်တာ။ ဘာကြောင့်လွှတ်တယ်ဆိုတာ လည်း မသိရဘူး။ ဒီလူတွေကို နေအိမ်မှာပဲ ကွာရန်တင်းလုပ်မယ်လို့ သိရတယ်။ ဒါပေမယ့် စောင့်ကြည့် စင်တာမှာတောင် စည်ကမ်းလိုက်နာမှုရှိတာ မဟုတ်ဘူး။ ၆ ပေခွာဆို ကုတင်တွေ ကပ်ထားတယ်။ နေအိမ်ပြန်ရောက် တော့လည်း အိမ်မှာမနေဘူး။ ဆိုင်ကယ်နဲ့ လမ်းထွက်နေကြတယ်''လို့ ဒေါ်ခိုင်ခိုင်လဲ့က အခြေအနေကို ပြောပြပါတယ်။
စောင့်ကြည့်စင်တာတွေကနေ ပြည်တော်ပြန်တွေကို ပြန်လွှတ်တာဟာ ပြည်နယ်အစိုးရက တိုက်ရိုက်ဆောင်ရွက်တာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရဲ့ ပြောပြချက်အရသိရပြီး အတည်ပြုနိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ဖုန်းခေါ်ဆိုခဲ့ပေမယ့် မရရှိခဲ့ပါဘူး။
မွန်ပြည်နယ်အတွင်း သေဆုံးခဲ့တဲ့ စောင့်ကြည့်လူနာ ၁၀ ဦးကို ကိုဗစ်- ၁၉ ပိုး ရှိမရှိ ဓာတ်ခွဲနမူနာ ရယူခဲ့ပြီးနောက် ဧပြီ ၁၀ ရက်နေ့က သေဆုံးလူနာတွေကလွဲလို့ ကျန်သေဆုံးလူနာတွေမှာ ပိုးမတွေ့ရဘူးလို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
' 'မနေ့က သေတဲ့သူတွေထဲမှာ သံဖြူဇရပ်က ပါတယ်။ သထုံက ပါတယ်။ ပင က တစ်ဦးပါတယ်။ ဒီလူတွေရဲ့ အဖြေကတော့ မသိရသေးဘူး။ ဒီထဲက သေတဲ့တစ်ယောက်ဆိုရင် စောင့်ကြည့်မှု မခံယူဘဲ လျှောက်သွားနေတာ။ ဆေးခန်းတွေလည်း သွားပြတယ်။ ကျွန်မလိုက်ပြီး နောက်ကြောင်းလိုက်ပြီး ထိုင်းကပြန်လာတဲ့သူဆိုတာ သိရလို့ ဆေးရုံတက်ဖို့ အတင်းလုပ်ခဲ့ရတာ။ ဒီမှာက ပြန်လာသူတချို့က စည်းကမ်းတွေလည်း မလိုက်နာကြဘူး''လို့လည်း ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။
မွန်ပြည်နယ်အတွင်း ထိုင်းနိုင်ငံက ပြန်ဝင်လာသူအများအပြားရှိပြီး သထုံမြို့နယ်တစ်ခုတည်းမှာ ပြန်ဝင်လာသူ စာရင်းမှာ ၁၆၀၀ ကျော်ရှိသော်လည်း စောင့်ကြည့်ရေးစင်တာကို ရောက်လာသူ ဦးရေမှာ ၈၀၀ ကျော်သာရှိ တယ်လို့လည်း ပြည်နယ်လွှတ်တော်အမတ်တွေထံက သိရပါတယ်။
ဓာတ်ပုံ မူပိုင် ဒေါ်ခိုင်ခိုင်လဲ့ Facebook Page
Image caption သထုံမြို့နယ်အတွင်း စောင့်ကြည့်ရေးစင်တာတစ်ခုကို ပြီးခဲ့တဲ့ တပတ်အတွင်းက တွေ့ရစဉ်
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကနေ ပြည်တော်ပြန်ဝင်လာသူတွေကို စောင့်ကြည့်ရေးစင်တာမှာ ၁၄ ရက်စောင့်ကြည့်မှုခံယူဖို့နဲ့ ငြင်းဆန်ပါက ဥပဒေအရအရေးယူဖို့ ထုတ်ပြန်ထားတာ တွေလည်းရှိပါတယ်။
ဒါပေမယ့်လည်း သထုံမြို့နယ်အတွင်းမှာတော့ စည်းကမ်းမလိုက်နာသူတွေကို အရေးယူတာမျိုးတော့ မတွေ့ရဘူးလို့ လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကပြောပြပါ တယ်။
ဒါ့အပြင် စောင့်ကြည့်ရေးစင်တာတွေက စောင့်ကြည့်လူနာ ဒါမှမဟုတ် သံသယလူနာတွေထွက်ပြေးလို့ အရေးယူတာ ထောင်ချတာတွေရှိလာခဲ့ရင်လည်း အကျဉ်းထောင်တွေမှာ လက်မခံဖို့ အကျဉ်းဦးစီးဌာန ကနေ ညွှန်ကြားထားတာတွေရှိတယ်လို့လည်း မွန်ပြည်နယ် အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
' ' ဒီမှာကတော့ အခုထိ အပြစ်ပေးအရေးယူတဲ့သူတွေလည်း မရှိသေးဘူး။ ရှိလာရင်လည်း ဆေးရုံတွေမှာပဲ ထားဖို့ ဌာနချင်း ချိတ်ဆက်စီစဉ်ထားတာတော့ရှိပါတယ်။ ရောဂါကာကွယ် ရေးအရ အကျဉ်းထောင်တွေမှာတော့ လက်မခံဖို့ ညွှန်ကြားချက် ရှိပြီးသားပါ''လို့ အဆိုပါ တာဝန်ရှိသူကပြောပြ ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၁၈ ဦးအနက် စောင့်ကြည့် ၁၄ ရက်ပြည့်ပြီးနောက်ပိုင်းမှာမှ လူနာအမှတ် ၁ ရဲ့ မိခင်ဖြစ်သူ မှာ လက္ခဏာမပြ ပိုးရှိကြောင်း တွေ့ရှိခဲ့တဲ့ အတွက် စောင့်ကြည့်ကာလ ကို တိုးမြှင့်ပေးဖို့ အများပြည်သူအကြား ပြောဆိုထောက်ပြတာတွေလည်းရှိနေပါတယ်။
BBC Burmese
https://www.bbc.com/burmese/burma-52255202
မြန္မွာ ေစာင့္ၾကည့္ေရးစင္တာေတြက ေစာင့္ၾကည့္ရက္ ၁၄ ရက္ မျပည့္ေသးသူေတြ အပါအဝင္ အားလုံးကို ျပန္လႊတ္
Reviewed by THITHTOOLWIN
on
21:03
Rating: