ထိုင္းႏုိင္ငံမွာ COVID-19 ကူးစက္သူ ျမန္မာအေရအတြက္ ထပ္တိုး

ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕ Mo Chit ဘတ္စ္ကားဂိတ္တြင္ ခရီးသည္အခ်ဳိ႕အား ကုိယ္အပူခ်ိန္ တုိင္းတာစစ္ေဆးေနသည့္ ျမင္ကြင္း။ (မတ္ ၂၃၊ ၂၀၂၀)
(Zawgyi / Unicode)

ထိုင္းႏုိင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတဲ့ စေနေန႔ ေနာက္တိုးစာရင္းထဲမွာ ျမန္မာႏုိင္ငံသား အမ်ားစု ပါဝင္ေနပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအုိေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းက်န္းမာေရးဝန္ႀကီးဌာန၊ COVID-19 Situation Administration (CCSA) ရဲ႕ ထုတ္ျပန္ခ်က္အရ ဧၿပီလ ၂၅ ရက္ေန႔မွာ COVID-19 ေနာက္ထပ္ကူးစက္သူ ၅၃ ဦးထဲ ျမန္မာႏုိင္ငံသား ၃၄ ဦး ပါဝင္ၿပီး ထိုင္းႏုိင္ငံတြင္း ကူးစက္သူက ၁၁ ဦး ရွိပါတယ္။

အဲဒီ ျမန္မာႏုိင္ငံသားေတြဟာ ထိုင္းႏုိင္ငံကေနတဆင့္ မေလးရွားႏုိင္ငံထဲကို တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္ခဲ့တာေၾကာင့္ မေလးရွားႏုိင္ငံက ဖမ္းဆီးၿပီး ထုိင္းႏုိင္ငံဘက္ ျပန္လႊဲေျပာင္းေပးထားသူေတြ ျဖစ္တယ္လုိ႔ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ရဲ႕ ဥကၠ႒ ဦးေအာင္ေက်ာ္က ေျပာပါတယ္။

"ထိုိင္းက်န္းမာေရး၀န္ႀကီးဌာနက ေၾကညာတာ ေပါ့စတစ္ျဖစ္သူ ၅၃ ဦးရွိတယ္ေပါ့။ အဲဒီထဲမွာ ႏုိင္ငံျခားသား ၄၂ ဦးျဖစ္တယ္။ အဲဒီ ႏုိင္ငံျခားသားကုိ ျပန္စိစစ္ေတာ့ ျမန္မာႏုိင္ငံသားက ၃၄ ဦးလို႔ ေဖာ္ျပတယ္။ ဒီ ျမန္မာႏုိင္ငံသား ၃၄ ဦးက မေလးရွားႏုိင္ငံကို ခိုး၀င္သြားလို႔ ဟုိႏုိင္ငံက စစ္ေဆးၿပီး ထုိင္းဘက္က ၀င္လာတာမို႔ ထုိင္းကို မေလးရွားက ျပန္ၿပီး တရား၀င္လဲႊေျပာင္းေပးလာတာ။ အဲဒီ လဲႊေျပာင္းေပးလာသူေတြကုိ ေစာင့္ၾကည့္ေရးစင္တာမွာ ထားၿပီး စစ္ေဆးလိုက္တဲ့အခါ အခုလို အေျဖထြက္တာ။"

အခုလို ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူေတြကုိ ထုိင္းႏုိင္ငံက က်န္းမာေရးေစာင့္ေရွာက္မႈေတြ ေပးသြားမွာ ျဖစ္တဲ့အေၾကာင္းကိုလည္း ဆက္ေျပာျပပါတယ္။

"သူတို႔ ထိုင္းက်န္းမာေရး၀န္ႀကီးဌာနရဲ႕ ေၾကညာခ်က္ထဲမွာေတာ့ အားတက္စရာ ပါပါတယ္။ မည္သည့္ႏုိင္ငံသားပဲျဖစ္ေစ ဒီေရာဂါပိုး ျဖစ္ေနတယ္ဆုိရင္ ထုိင္းႏုိင္ငံသားေတြနည္းတူ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ေပးသြားမယ္ဆုိတာ ပါပါတယ္။"

မေလးရွားႏုိင္ငံထဲကို ခုိးဝင္မႈနဲ႔ ျပန္ပို႔ထားသူေတြကို ဆုန္ခလာခ႐ုိင္ စေဒါင္ၿမိဳ႕နယ္မွာထားၿပီး စစ္ေဆးရာကေန ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ေနတာကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

အခုဆိုရင္ ထုိင္းႏုိင္ငံထဲမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၃,၀၀၀ ၀န္းက်င္ရွိၿပီး ထိုင္းက်န္းမာေရးဌာနရဲ႕ တရားဝင္ထုတ္ျပန္ခ်က္အရ အဲဒီထဲမွာ ျမန္မာႏိုင္ငံသား ၅၁ ဦး ရွိပါတယ္။

ထိုင္းႏုိင္ငံတြင္းမွာ ကုိ႐ုိနာဗိုင္းရပ္စ္ေၾကာင့္ စုစုေပါင္း ေသဆံုးသူကေတာ့ အေယာက္ ၅၀ ၀န္းက်င္ ရွိသြားၿပီျဖစ္ပါတယ္။

မေအးေအးမာ / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------

(Unicode)

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်သူ မြန်မာအရေအတွက် ထပ်တိုး

ထိုင်းနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ စနေနေ့ နောက်တိုးစာရင်းထဲမှာ မြန်မာနိုင်ငံသား အများစု ပါဝင်နေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာန၊ COVID-19 Situation Administration (CCSA) ရဲ့ ထုတ်ပြန်ချက်အရ ဧပြီလ ၂၅ ရက်နေ့မှာ COVID-19 နောက်ထပ်ကူးစက်သူ ၅၃ ဦးထဲ မြန်မာနိုင်ငံသား ၃၄ ဦး ပါဝင်ပြီး ထိုင်းနိုင်ငံတွင်း ကူးစက်သူက ၁၁ ဦး ရှိပါတယ်။

အဲဒီ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တာကြောင့် မလေးရှားနိုင်ငံက ဖမ်းဆီးပြီး ထိုင်းနိုင်ငံဘက် ပြန်လွှဲပြောင်းပေးထားသူတွေ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

"ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ကြေညာတာ ပေါ့စတစ်ဖြစ်သူ ၅၃ ဦးရှိတယ်ပေါ့။ အဲဒီထဲမှာ နိုင်ငံခြားသား ၄၂ ဦးဖြစ်တယ်။ အဲဒီ နိုင်ငံခြားသားကို ပြန်စိစစ်တော့ မြန်မာနိုင်ငံသားက ၃၄ ဦးလို့ ဖော်ပြတယ်။ ဒီ မြန်မာနိုင်ငံသား ၃၄ ဦးက မလေးရှားနိုင်ငံကို ခိုးဝင်သွားလို့ ဟိုနိုင်ငံက စစ်ဆေးပြီး ထိုင်းဘက်က ဝင်လာတာမို့ ထိုင်းကို မလေးရှားက ပြန်ပြီး တရားဝင်လွဲှပြောင်းပေးလာတာ။ အဲဒီ လွဲှပြောင်းပေးလာသူတွေကို စောင့်ကြည့်ရေးစင်တာမှာ ထားပြီး စစ်ဆေးလိုက်တဲ့အခါ အခုလို အဖြေထွက်တာ။"

အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို ထိုင်းနိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးသွားမှာ ဖြစ်တဲ့အကြောင်းကိုလည်း ဆက်ပြောပြပါတယ်။

"သူတို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာတော့ အားတက်စရာ ပါပါတယ်။ မည်သည့်နိုင်ငံသားပဲဖြစ်စေ ဒီရောဂါပိုး ဖြစ်နေတယ်ဆိုရင် ထိုင်းနိုင်ငံသားတွေနည်းတူ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးသွားမယ်ဆိုတာ ပါပါတယ်။"

မလေးရှားနိုင်ငံထဲကို ခိုးဝင်မှုနဲ့ ပြန်ပို့ထားသူတွေကို ဆုန်ခလာခရိုင် စဒေါင်မြို့နယ်မှာထားပြီး စစ်ဆေးရာကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃,၀၀၀ ဝန်းကျင်ရှိပြီး ထိုင်းကျန်းမာရေးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်အရ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၅၁ ဦး ရှိပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စုစုပေါင်း သေဆုံးသူကတော့ အယောက် ၅၀ ဝန်းကျင် ရှိသွားပြီဖြစ်ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-infected-covid19-in-thailand/5391706.html
ထိုင္းႏုိင္ငံမွာ COVID-19 ကူးစက္သူ ျမန္မာအေရအတြက္ ထပ္တိုး ထိုင္းႏုိင္ငံမွာ COVID-19 ကူးစက္သူ ျမန္မာအေရအတြက္ ထပ္တိုး Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.