တ႐ုတ္ ေဆးဘက္ဆိုင္ရာ ကၽြမ္းက်င္ကိုယ္စားလွယ္အဖြဲ႔ ေျမာက္ကိုရီးယားသြာ

ေျမာက္ကုိရီးယား အလုပ္သမားပါတီ ဗဟုိေကာ္မတီ အစည္းအေဝးတြင္ အမွာစကားေျပာၾကားေနသည့္ Kim Jong Un. (ဧၿပီ ၁၁၊ ၂၀၂၀)
(Zawgyi / Unicode)

ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un ေတာ္ေတာ္ေနမေကာင္းဘူးဆိုတဲ့ သတင္းေတြ ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္း ထြက္ေနခဲ့ၿပီးတဲ့ေနာက္ တ႐ုတ္အစိုးရက ေဆးပညာကၽြမ္းက်င္သူေတြ ပါဝင္တဲ့ ကိုယ္စားလွယ္အဖြဲ႔ကို ေျမာက္ကိုရီးယားကို လႊတ္လိုက္တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

အဲဒီကိုယ္စားလွယ္အဖြဲ႔ကို ေျမာက္ကိုရီးယားအေရးဆိုင္ရာ တ႐ုတ္ထိပ္တန္းအရာရွိ ဦးေဆာင္တာျဖစ္ၿပီး ၾကာသပေတးေန႔ကပဲ ေျမာက္ကိုရီးယားကို ထြက္ခြာသြားတယ္လို႔ သတင္းမွာ ေရးထားပါတယ္။

အမည္မေဖာ္တဲ့ သတင္းအရင္းအျမစ္ ၃ ခုကို ႐ိုက္တာက ကိုးကားေရးသားထားတာျဖစ္ၿပီး ဘယ္လိုအႀကံမ်ဳိး ေပးအပ္ဖို႔ သြားတာလဲဆိုတာ မေျပာထားသလို ေျမာက္ကိုရီးယားေခါင္းေဆာင္ရဲ႕ က်န္းမာေရးကိစၥေၾကာင့္လား ဆိုတာ အတည္ျပဳလို႔မရေၾကာင္း ေျပာထားပါတယ္။

ေတာင္ကိုရီးယားအေျခစိုက္ အြန္လိုင္းသတင္းစာမ်က္ႏွာ Daily NK သတင္းကေတာ့ Mr. Kim ဧၿပီလ ၁၂ ရက္ေန႔က ႏွလံုးခြဲစိတ္ကုသမႈ လုပ္ခဲ့ရတယ္လို႔ ၿပီးခဲ့တဲ့ အဂၤါေန႔က သတင္းေဖာ္ျပထားပါတယ္။

ဒီသတင္းမွန္မမွန္သိရဖို႔ အေမရိကန္က ေစာင့္ၾကည့္ေနပါတယ္ဆိုၿပီး အေမရိကန္ အရာရွိေတြရဲ႕ ေျပာၾကားခ်က္ကို အေမရိကန္ CNN နဲ႔ တျခားသတင္းေတြမွာ ေဖာ္ျပပါတယ္။

အေမရိကန္သမၼတ Donald Trump ကေတာ့ ဒီသတင္းမမွန္ဘူးလို႔ သူယံုၾကည္ေၾကာင္း ၾကာသပေတးေန႔က ေျပာသြားၿပီး Mr. Kim နဲ႔ အဆက္အသြယ္ရွိမရွိ ဆုိတာကိုေတာ့ ဘာမွမေျပာပါဘူး။

ေတာင္ကိုရီးယား အရာရွိေတြကလည္း Mr. Kim ေနမေကာင္းဘူးဆိုတာ ဘာအေထာက္အထားမွ မေတြ႔ရေၾကာင္း ေျပာပါတယ္။

ေျမာက္ကိုရီးယားမွာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း က်င္းပခဲ့တဲ့ အေရးႀကီး ႏိုင္ငံေတာ္အခမ္းအနားမွာ ေျမာက္ကိုရီးယားေခါင္းေဆာင္ကို မေတြ႔ခဲ့ရတဲ့အတြက္ အခုလို ေကာလာဟလ ထြက္လာတာ ျဖစ္ပါတယ္။

Kim Jong Un ဟာ ၂၀၁၄ ကလည္း တခါ လူျမင္ကြင္းကေန တလၾကာ ေပ်ာက္ေနခဲ့ၿပီး ေနာက္ေတာ့ တုတ္ေကာက္နဲ႔ လမ္းေကာင္းေကာင္းမေလွ်ာက္ႏိုင္ဘဲ ျပန္ထြက္လာတာကို ေတြ႔ခဲ့ၾကရဖူးပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------

(Unicode)

တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားသွား

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တော်တော်နေမကောင်းဘူးဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ထွက်နေခဲ့ပြီးတဲ့နောက် တရုတ်အစိုးရက ဆေးပညာကျွမ်းကျင်သူတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားကို လွှတ်လိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားအရေးဆိုင်ရာ တရုတ်ထိပ်တန်းအရာရှိ ဦးဆောင်တာဖြစ်ပြီး ကြာသပတေးနေ့ကပဲ မြောက်ကိုရီးယားကို ထွက်ခွာသွားတယ်လို့ သတင်းမှာ ရေးထားပါတယ်။

အမည်မဖော်တဲ့ သတင်းအရင်းအမြစ် ၃ ခုကို ရိုက်တာက ကိုးကားရေးသားထားတာဖြစ်ပြီး ဘယ်လိုအကြံမျိုး ပေးအပ်ဖို့ သွားတာလဲဆိုတာ မပြောထားသလို မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ကျန်းမာရေးကိစ္စကြောင့်လား ဆိုတာ အတည်ပြုလို့မရကြောင်း ပြောထားပါတယ်။

တောင်ကိုရီးယားအခြေစိုက် အွန်လိုင်းသတင်းစာမျက်နှာ Daily NK သတင်းကတော့ Mr. Kim ဧပြီလ ၁၂ ရက်နေ့က နှလုံးခွဲစိတ်ကုသမှု လုပ်ခဲ့ရတယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က သတင်းဖော်ပြထားပါတယ်။

ဒီသတင်းမှန်မမှန်သိရဖို့ အမေရိကန်က စောင့်ကြည့်နေပါတယ်ဆိုပြီး အမေရိကန် အရာရှိတွေရဲ့ ပြောကြားချက်ကို အမေရိကန် CNN နဲ့ တခြားသတင်းတွေမှာ ဖော်ပြပါတယ်။

အမေရိကန်သမ္မတ Donald Trump ကတော့ ဒီသတင်းမမှန်ဘူးလို့ သူယုံကြည်ကြောင်း ကြာသပတေးနေ့က ပြောသွားပြီး Mr. Kim နဲ့ အဆက်အသွယ်ရှိမရှိ ဆိုတာကိုတော့ ဘာမှမပြောပါဘူး။

တောင်ကိုရီးယား အရာရှိတွေကလည်း Mr. Kim နေမကောင်းဘူးဆိုတာ ဘာအထောက်အထားမှ မတွေ့ရကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ အရေးကြီး နိုင်ငံတော်အခမ်းအနားမှာ မြောက်ကိုရီးယားခေါင်းဆောင်ကို မတွေ့ခဲ့ရတဲ့အတွက် အခုလို ကောလာဟလ ထွက်လာတာ ဖြစ်ပါတယ်။

Kim Jong Un ဟာ ၂၀၁၄ ကလည်း တခါ လူမြင်ကွင်းကနေ တလကြာ ပျောက်နေခဲ့ပြီး နောက်တော့ တုတ်ကောက်နဲ့ လမ်းကောင်းကောင်းမလျှောက်နိုင်ဘဲ ပြန်ထွက်လာတာကို တွေ့ခဲ့ကြရဖူးပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/china-medical-te…/5391843.html
တ႐ုတ္ ေဆးဘက္ဆိုင္ရာ ကၽြမ္းက်င္ကိုယ္စားလွယ္အဖြဲ႔ ေျမာက္ကိုရီးယားသြာ တ႐ုတ္ ေဆးဘက္ဆိုင္ရာ ကၽြမ္းက်င္ကိုယ္စားလွယ္အဖြဲ႔ ေျမာက္ကိုရီးယားသြာ Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.