ပခုကၠဴၿမိဳ႕ အမွတ္(၃)ရပ္ကြက္တြင္ မီးေလာင္မႈျဖစ္ပြား ေနအိမ္ ၅ လုံးမီးေလာင္ဆုံးရႈံး


(Zawgyi)⤵⤵⤵
ပခုကၠဴ   ဧၿပီ  ၂၅

ပခုကၠဴၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္တြင္ ယေန႔ နံနက္ ၉ နာရီ ၄၅ မိနစ္ခန႔္က မီးေလာင္မႈျဖစ္ပြားသျဖင့္ ေနအိမ္ ၅ လုံးမီးေလာင္ဆုံးရႈံးခဲ့ ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ အမွတ္(၃)ရပ္ကြက္ သီရိမာလာလမ္းေန ေဒၚခင္စိန္၏ ေနအိမ္အေပၚထပ္ရွိ ပန္ကာအပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ ျခင္းျဖစ္ကာ ေဒၚခင္စိန္၏ ေနအိမ္အပါအဝင္ လူေနအိမ္ ၅ လုံး မီးေလာင္ဆုံးရႈံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ ပခုကၠဴခ႐ိုင္မီးသတ္ဦးစီးမႉး ဦးေက်ာ္ႏိုင္ႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ၾကက္ေျခနီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ားက ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ရာ နံနက္ ၁၀ နာရီခြဲခန႔္တြင္ မီးျငႇိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈႏွင့္ပတ္သက္၍ ပခုကၠဴၿမိဳ႕မရဲစခန္းက အေရးယူေဆာင္႐ြက္ႏိုင္ေရး စစ္ေဆးေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။

 (ခ႐ိုင္ ျပန္/ဆက္)
-------------------------------------
(Unicode)⤵⤵⤵
ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား နေအိမ် ၅ လုံးမီးလောင်ဆုံးရှုံး

ပခုက္ကူ   ဧပြီ  ၂၅

ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ် ၅ လုံးမီးလောင်ဆုံးရှုံးခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်(၃)ရပ်ကွက် သီရိမာလာလမ်းနေ ဒေါ်ခင်စိန်၏ နေအိမ်အပေါ်ထပ်ရှိ ပန်ကာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကာ ဒေါ်ခင်စိန်၏ နေအိမ်အပါအဝင် လူနေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ ပခုက္ကူမြို့မရဲစခန်းက အရေးယူဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 (ခရိုင် ပြန်/ဆက်)
https://www.moi.gov.mm/iprd/
ပခုကၠဴၿမိဳ႕ အမွတ္(၃)ရပ္ကြက္တြင္ မီးေလာင္မႈျဖစ္ပြား ေနအိမ္ ၅ လုံးမီးေလာင္ဆုံးရႈံး ပခုကၠဴၿမိဳ႕ အမွတ္(၃)ရပ္ကြက္တြင္ မီးေလာင္မႈျဖစ္ပြား ေနအိမ္ ၅ လုံးမီးေလာင္ဆုံးရႈံး Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.