
ရန်ကုန်မြို့မှာ ပိုးသတ်ဆေးဖြန်းနေကြတဲ့ မီးသတ်ဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းများ (ဧပြီ ၀၈၊ ၂၀၂၀)
(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်နေသူ နောက်ထပ်တယောက်ကို စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။




အသက် ၅၈ နှစ်အမျိုးသမီးမှာ ရောဂါပိုးကူးစက်နေပေမဲ့ ရောဂါလက္ခဏာ တစုံတရာမပြကြောင်းနဲ့ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ပြီး လိုအပ်တဲ့ ကုသမှုတွေ ဆက်လုပ်သွားမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတ်လ ၂၃ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကူးစက်တယ်လို့ အတည်ပြုသူတွေထဲက ၂ ယောက်မှာ ရောဂါပိုးမတွေ့ရတော့ဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန်လာတဲ့အတွက် ဆေးရုံတွေမှာ သီးခြားခွဲကုသမှု မလုပ်တော့ဘဲ တယောက်ကို တယောက်ကိုဆေးရုံမှာ ကျန်တယောက်ကို ဟိုတယ်မှာ အသွားအလာကန့်သတ် တားမြစ်မှုတွေလုပ်ထားတယ်လို့ဆိုပါတယ်။

ရောဂါပိုးတွေ့သူတွေထဲက ကင်ဆာရောဂါ၊ ဆီးချိုနဲ့ သွေးတိုးရောဂါ အခံရှိသူ ၃ ယောက်ကတော့ သေဆုံးခဲ့ပါတယ်။

-------------------------------
[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ နောက်တဦး ထပ်တိုး

မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်နေသူ နောက်ထပ်တယောက်ကို စစ်ဆေးတေ့ွရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာနံပါတ် ၂၃ ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ် ကျေးရွာမှာနေထိုင်သူ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် Green Card ရရှိထားသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါ့အပြင်သူဟာ လူနာနံပါတ် ၁ ရဲ့ မိခင်ဖြစ်ပြီး လူနာနံပါတ် ၁ နဲ့အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ကနေ မတ်လ ၁၃ ရက်နေ့က ထွက်ခွာလာပြီး

ကာတာနိုင်ငံ၊ ဒိုဟာမြို့ကတဆင့် ရန်ကုန်လေဆိပ်ကို မတ်လ ၁၅ ရက်နေ့က ရောက်လာခဲ့တယ်လို့ ပြောပါတယ်။ လူနာနံပါတ် ၁ မှာ Coronavirus ပိုးကူးနေကြောင်း အတည်ပြုပြီးချိန်မှာ သူ့မိခင်ကို ရွာထဲက သီးသန့်အိမ်တလုံးမှာ သီးခြားခွဲစောင့်ကြည့် ဆေးစစ်ခဲ့တာဖြစ်ပါတယ်။

အသက် ၅၈ နှစ်အမျိုးသမီးမှာ ရောဂါပိုးကူးစက်နေပေမဲ့ ရောဂါလက္ခဏာ တစုံတရာမပြကြောင်းနဲ့ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ပြီး လိုအပ်တဲ့ ကုသမှုှုတွေ ဆက်လုပ်သွားမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတ်လ ၂၃ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကူးစက်တယ်လို့ အတည်ပြုသူတွေထဲက ၂ ယောက်မှာ ရောဂါပိုးမတေ့ွရတော့ဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန်လာတဲ့အတွက် ဆေးရုံတွေမှာ သီးခြားခွဲကုသမှု မလုပ်တော့ဘဲ တယောက်ကို တယောက်ကိုဆေးရုံမှာ ကျန်တယောက်ကို ဟိုတယ်မှာ အသွားအလာကန့်သတ် တားမြစ်မှုတွေလုပ်ထားတယ်လို့ဆိုပါတယ်။

ရောဂါပိုးတေ့ွသူတွေထဲက ကင်ဆာရောဂါ၊ ဆီးချိုနဲ့ သွေးတိုးရောဂါ အခံရှိသူ ၃ ယောက်ကတော့ သေဆုံးခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-confirmed-case-22-covid-19/5366022.html
မြန်မာ COVID-19 ကူးစက်သူ နောက်တဦး ထပ်တိုး မြန်မာ COVID-19 ကူးစက်သူ နောက်တဦး ထပ်တိုး Reviewed by THITHTOOLWIN on 04:40 Rating: 5
Powered by Blogger.