VOM သတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးေနမ်ဳိးလင္း ျပန္လြတ္

မတ္လ ၃၁ ရက္ေန႔တုန္းက VOM သတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးေနမ်ဳိးလင္းကို တရားရံုးထုတ္စဥ္
(Zawgyi/Unicode)

အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒနဲ႔ ဖမ္းဆီး အမႈဖြင့္ခံထားရတဲ့ VOM သတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးေနမ်ိဳးလင္းကို ဧၿပီ ၉ရက္ေန႔ ညပိုင္းမွာ အက်ဥ္းေထာင္က ေနျပန္လည္ လႊတ္ေပးလိုက္တာနဲ႔ပတ္သတ္လို႔ ဗြီအိုေအ သတင္းေထာက္ေမခက ေျပာျပေပးမွာပါ။

ဧၿပီ ၉ရက္ေန႔မနက္ပိုင္းမွာ ဒုတိယ အႀကိမ္ တရား႐ုံး ရမန္ရယူခဲ့တဲ့ VOM သတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးေနမ်ိဳးလင္းကို ရမန္ရယူခဲ့တဲ့ ဧၿပီ ၉ရက္ေန႔ အညပိုင္းမွာဘဲ ေထာင္ကေနလႊတ္ေပးလိုက္တာပါ။

ကာယကံရွင္ ဦးေနမ်ိဳးလင္းက ေထာင္ကလႊတ္ေပးလိုက္တဲ့ အေျခအေနကို ဗြီအိုေအ ကို ခုလိုေျပာျပလာတာပါ။

“က်ေနာ္ကို ၈နာရီ မတ္တင္းမွာေထာင္ကေန ပစည္းေတြသိမ္းပါဆိုၿပီး လာေခၚတယ္။ ေထာင္ကေန စီအိုင္ဒီကိုလႊဲလိုက္တယ္။ အဲမွာ က်ေနာ့ကိုစြဲဆိုထားတဲ့ ၅၀(က)၊၅၂(က) တို႔ကဥပေဒ မေျမာက္ဘူး။ သူတို႔ ဆြဲထားတဲ့ ပုဒ္မနဲ႔ မကိုက္ညီတဲ့အတြက္ လႊတ္ေပးဖို႔အထက္ကေျပာတယ္ေပါ့ေနာ္။ ဒါေၾကာင့္ လႊတ္ေပးလိုက္တဲ့ အေၾကာင္းေျပာပါတယ္။ ေနာက္လိုအပ္ရင္သူတို႔ေခၚရင္ လာဖို႔ ခံဝန္ ၁၆၉ ေတာ့ ထိုးခဲ့ရတယ္။”

ၿပီးခဲ့တဲ့ မတ္လ ၂၇ ေန႔က VOM သတင္းဌာန က အစိုးရဘက္က အၾကမ္းဖက္ အဖြဲ႕အစည္းအေနနဲ႔ သတ္မွတ္ထား တဲ့ AA ရကိၡဳင့္ တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခနဲ႔ VOM ဆက္သြယ္ေမးျမန္ ခဲ့တာက အၾကမ္းဖက္တိုက္ ဖ်က္ ေရး ဥပေဒနဲ႔ ၿငိစြန္းတယ္ဖို႔ၿပီး တရားစြဲဆိုခဲ့တာပါ။

အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒ ၅၀(က)၊၅၂(က) တို႔နဲ႔ မႏၲေလးတိုင္း သတင္းရဲ တပ္ဖြဲ႕ ဒုရဲမႉး ခင္ေမာင္းဝင္းက တရားလိုျပဳတိုင္ၾကားခံရလို႔ မႏၱေလး တိုင္းေဒသႀကီး အိုးဘိုေထာင္မွာ ထိန္းသိမ္းခံထားခဲ့ရပါတယ္။

လႊတ္ေျမာက္လာတဲ့ အေပၚ ဝမ္းသာမိေပမယ့္ အစိုးရရဲ႕ လုပ္ရပ္က သတင္းသမားေတြ ရဲ႕ သတင္း သိရွိခ်င္စိတ္နဲ႔ အမွန္တရားေဖာ္ထုတ္လိုစိတ္ကို တန႔္သြားေစတာမ်ိဳးျဖစ္ေစ တယ္လို႔ သူကေျပာပါတယ္။

“ သတင္း တခ်ိဳ႕ေရးရဲ ေျပာရဲသူေတာင္ တြန႔္ဆုတ္သြားတဲ့အတြက္ ဒါေလးကေတာ့ အႏုတ္ရလဒ္ျဖစ္ တာေပါ့။ သတင္းသမားေတြဘက္က တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ပတ္သတ္ရင္ လက္တြန႔္သြားသလိုျဖစ္တာေပါ့ ျဖစ္သြားႏိုင္တာေပါ့ေနာ္။ ဒါက်ေနာ္က အစမ္းသပ္ခံ သေဘာမ်ိဳး ၊ မီဒီယာကို ေသြးတိုးစမ္းခံရတဲ့ သေဘာ ျဖစ္သြားတာေပါ့။ အခုလို ေသြးတိုးစမ္းတာက က်ေနာတို႔ မညီၫႊတ္တဲ့ ဥပေဒနဲ႔ လုပ္ေတာ့ က်ေနာ္တို႔မီဒီယာေတြ ဘက္က ေအာင္ျမင္သြားတဲ့သေဘာေပါ့။ သတင္းမီဒီယာေတြနဲ႔ အဖြဲ႕အစည္းအားလုံးရဲ႕ ပူးေပါင္း ေတာင္းဆိုမႈေၾကာင့္ အခုလိုျဖစ္တာပါ။”

ဦးေနမ်ိဳးလင္းလိုဘဲ ဒီဥပေဒနဲ႔ တရားစြဲခံထားရတဲ့ က်န္ ၂ဦးျဖစ္တဲ့ ရခိုင္ေဒသ အေျခစိုက္ နိရၪၥရာ သတင္းဌာနက အယ္ဒီ တာခ်ဳပ္ ခိုင္ျမတ္ေက်ာ္နဲ႔ ရန္ကုန္ ေခတ္သစ္ သတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးသာလြန္ေဇာင္း ထက္တို႔ အေျခအေနကို ေတာ့ အတိအက်မသိရေသးပါဘူး။

အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒ ၅၀(က)ဟာ အနည္းဆုံးေထာင္ဒဏ္ (၁၀)ႏွစ္မွ အမ်ားဆုံး ေထာင္ဒဏ္ တစ္သက္တကြၽန္းက်ေစႏိုင္ၿပီး အၾကမ္းဖက္တိုက္ ဖ်က္ေရး ဥပေဒ ၅၂(က)ကေတာ့ အနည္းဆုံးေထာင္ဒဏ္(၃)ႏွစ္ မွ အမ်ားဆုံး ေထာင္ဒဏ္(၇)ႏွစ္ ထိ က်ခံရႏိုင္တဲ့ ပုဒ္မေတြျဖစ္ပါတယ္။

ေမခ  / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------

VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်း ပြန်လွတ်

(Unicode)

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီး အမှုဖွင့်ခံထားရတဲ့ VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို ဧပြီ ၉ရက်နေ့ ညပိုင်းမှာ အကျဉ်းထောင်က နေပြန်လည် လွှတ်ပေးလိုက်တာနဲ့ပတ်သတ်လို့ ဗွီအိုအေ သတင်းထောက်မေခက ပြောပြပေးမှာပါ။

ဧပြီ ၉ရက်နေ့မနက်ပိုင်းမှာ ဒုတိယ အကြိမ် တရားရုံး ရမန်ရယူခဲ့တဲ့ VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို ရမန်ရယူခဲ့တဲ့ ဧပြီ ၉ရက်နေ့ အညပိုင်းမှာဘဲ ထောင်ကနေလွှတ်ပေးလိုက်တာပါ။

ကာယကံရှင် ဦးနေမျိုးလင်းက ထောင်ကလွှတ်ပေးလိုက်တဲ့ အခြေအနေကို ဗွီအိုအေ ကို ခုလိုပြောပြလာတာပါ။

“ကျနော်ကို ၈နာရီ မတ်တင်းမှာထောင်ကနေ ပစည်းတွေသိမ်းပါဆိုပြီး လာခေါ်တယ်။ ထောင်ကနေ စီအိုင်ဒီကိုလွှဲလိုက်တယ်။ အဲမှာ ကျနော့ကိုစွဲဆိုထားတဲ့ ၅၀(က)၊၅၂(က) တို့ကဥပဒေ မမြောက်ဘူး။ သူတို့ ဆွဲထားတဲ့ ပုဒ်မနဲ့ မကိုက်ညီတဲ့အတွက် လွှတ်ပေးဖို့အထက်ကပြောတယ်ပေါ့နော်။ ဒါကြောင့် လွှတ်ပေးလိုက်တဲ့ အကြောင်းပြောပါတယ်။ နောက်လိုအပ်ရင်သူတို့ခေါ်ရင် လာဖို့ ခံဝန် ၁၆၉ တော့ ထိုးခဲ့ရတယ်။”

ပြီးခဲ့တဲ့ မတ်လ ၂၇ နေ့က VOM သတင်းဌာန က အစိုးရဘက်က အကြမ်းဖက် အဖွဲ့အစည်းအနေနဲ့ သတ်မှတ်ထား တဲ့ AA ရက္ခိုင့် တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ VOM ဆက်သွယ်မေးမြန် ခဲ့တာက အကြမ်းဖက်တိုက် ဖျက် ရေး ဥပဒေနဲ့ ငြိစွန်းတယ်ဖို့ပြီး တရားစွဲဆိုခဲ့တာပါ။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၀(က)၊၅၂(က) တို့နဲ့ မန္တလေးတိုင်း သတင်းရဲ တပ်ဖွဲ့ ဒုရဲမှူး ခင်မောင်းဝင်းက တရားလိုပြုတိုင်ကြားခံရလို့ မန္တလေး တိုင်းဒေသကြီး အိုးဘိုထောင်မှာ ထိန်းသိမ်းခံထားခဲ့ရပါတယ်။

လွှတ်မြောက်လာတဲ့ အပေါ် ဝမ်းသာမိပေမယ့် အစိုးရရဲ့ လုပ်ရပ်က သတင်းသမားတွေ ရဲ့ သတင်း သိရှိချင်စိတ်နဲ့ အမှန်တရားဖော်ထုတ်လိုစိတ်ကို တန့်သွားစေတာမျိုးဖြစ်စေ တယ်လို့ သူကပြောပါတယ်။

“ သတင်း တချို့ရေးရဲ ပြောရဲသူတောင် တွန့်ဆုတ်သွားတဲ့အတွက် ဒါလေးကတော့ အနုတ်ရလဒ်ဖြစ် တာပေါ့။ သတင်းသမားတွေဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပတ်သတ်ရင် လက်တွန့်သွားသလိုဖြစ်တာပေါ့ ဖြစ်သွားနိုင်တာပေါ့နော်။ ဒါကျနော်က အစမ်းသပ်ခံ သဘောမျိုး ၊ မီဒီယာကို သွေးတိုးစမ်းခံရတဲ့ သဘော ဖြစ်သွားတာပေါ့။ အခုလို သွေးတိုးစမ်းတာက ကျနောတို့ မညီညွှတ်တဲ့ ဥပဒေနဲ့ လုပ်တော့ ကျနော်တို့မီဒီယာတွေ ဘက်က အောင်မြင်သွားတဲ့သဘောပေါ့။ သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းအားလုံးရဲ့ ပူးပေါင်း တောင်းဆိုမှုကြောင့် အခုလိုဖြစ်တာပါ။”

ဦးနေမျိုးလင်းလိုဘဲ ဒီဥပဒေနဲ့ တရားစွဲခံထားရတဲ့ ကျန် ၂ဦးဖြစ်တဲ့ ရခိုင်ဒေသ အခြေစိုက် နိရဉ္စရာ သတင်းဌာနက အယ်ဒီ တာချုပ် ခိုင်မြတ်ကျော်နဲ့ ရန်ကုန် ခေတ်သစ် သတင်းဌာန အယ်ဒီတာချုပ် ဦးသာလွန်ဇောင်း ထက်တို့ အခြေအနေကို တော့ အတိအကျမသိရသေးပါဘူး။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀(က)ဟာ အနည်းဆုံးထောင်ဒဏ် (၁၀)နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တကျွန်းကျစေနိုင်ပြီး အကြမ်းဖက်တိုက် ဖျက်ရေး ဥပဒေ ၅၂(က)ကတော့ အနည်းဆုံးထောင်ဒဏ်(၃)နှစ် မှ အများဆုံး ထောင်ဒဏ်(၇)နှစ် ထိ ကျခံရနိုင်တဲ့ ပုဒ်မတွေဖြစ်ပါတယ်။

မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/vom-editor-in-chief-release-/5366403.html
VOM သတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးေနမ်ဳိးလင္း ျပန္လြတ္ VOM သတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးေနမ်ဳိးလင္း ျပန္လြတ္ Reviewed by THITHTOOLWIN on 04:39 Rating: 5
Powered by Blogger.