ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တရားေရးလုပ္ငန္းမွာ အခက္အခဲရွိလာ


(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈအႏၲရာယ္ကို ထိန္းခ်ဳပ္ေနတဲ့ကာလအတြင္း စီမံခန႔္ခြဲမႈ အားနည္းခ်က္ေတြေၾကာင့္ တရားေရးလုပ္ငန္းေတြမွာ အခက္အခဲေတြ ရွိလာေနတယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေနေတြက RFA ကို ေျပာပါတယ္။

လူစုလူေဝးေရွာင္ဖို႔၊ မလိုအပ္ဘဲ အျပင္မထြက္ဖို႔၊ ပြဲလမ္းသဘင္ေတြ မက်င္းပဖို႔လို သက္ဆိုင္ရာက ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ထားေပမဲ့ - ႀကိဳတင္အေၾကာင္းၾကားမႈမရွိဘဲ ႐ုတ္တရက္ တရား႐ုံးခ်ိန္းေတြ ေ႐ႊ႕ဆိုင္းလိုက္မႈက - အဆင္မေျပတာေတြ၊ အခက္အခဲေတြနဲ႔ ႀကဳံေနၾကရတာပါ။

မတ္လ ၇ ရက္ အဂၤါေန႔ကဆိုရင္ ရန္ကုန္တိုင္း ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း ၿမိဳ႕နယ္တရား႐ုံးမွာ အမိန႔္ခ်ဖို႔ရွိေနတဲ့ တရားခြင္တခုဟာ - ႀကိဳတင္ အေၾကာင္းမၾကားဘဲ ရက္ေ႐ႊ႕ဆိုင္းခဲ့တဲ့အတြက္ အင္းစိန္ေထာင္ထိ သြားခဲ့ရၿပီး၊ အဲဒီမွာလည္း အခက္အခဲတခ်ိဳ႕ ႀကံဳခဲ့ရတယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေအာင္ေက်ာ္ျမင့္က ေျပာပါတယ္။

“၁ ရက္ေန႔ကေန ၈ ရက္ေန႔အထိ အခက္အခဲတခုကို က်ေနာ္ေျပာခ်င္ပါတယ္။ အဲ့ဒီအခက္အခဲက အမိန႔္ေပါ့။ အမိန႔္ခ်မွတ္ရမယ့္ အမႈတခု က်ေနာ့္ဆီမွာ ရွိတယ္။ က်ေနာ္လိုက္ေနတဲ့အမႈ။ က်ေနာ့္အမႈသည္ကလည္း အမိန႔္ကို ခ်ေစခ်င္တယ္။ ဒါေပမဲ့ က်ေနာ့္အမႈသည္ကို ႐ုံးမထုတ္တဲ့အတြက္ေၾကာင့္မို႔ က်ေနာ္ အင္းစိန္ေထာင္ အထိကို လိုက္သြားရတယ္။ အင္းစိန္ေထာင္ထိ လိုက္သြားတဲ့အခ်ိန္မွာလည္း ဘယ္ေန႔မွာ အမိန႔္ခ်မယ္ဆိုတာ ကိုလည္း က်ေနာ့္ကို ေထာင္က ေတြ႕ခြင့္မေပးခဲ့ဘူး။ Covid-19 ေၾကာင့္ဆိုၿပီးေတာ့ ေတြ႕ခြင့္မေပးခဲ့ဘူး”

“အမိန႔္ခ်ခါနီး အမႈတခုကို က်ေနာ္ျဖစ္ေစခ်င္တာကေတာ့ အမိန႔္မခ်ျဖစ္ရင္လည္း က်ေနာ္တို႔ကို ႀကိဳတင္ အေၾကာင္းၾကားသင့္တယ္လို႔ ထင္ပါတယ္။ ကိုယ္စားလွယ္ပါ၀ါတင္ကတည္းက က်ေနာ္တို႔ရဲ႕လိုင္စင္ကို မိတၱဴလည္းေပးရတယ္။ မိတၱဴနဲ႔အတူ က်ေနာ္တို႔ရဲ႕တံဆိပ္တုံးမွာ ဖုန္းနံပါတ္ပါတယ္။ အဲ့လိုမ်ိဳး႐ုံးခ်ိန္းေတြဆိုရင္ ေတြ႕လို႔မရဘူး၊ သြားလို႔မရဘူး၊ တရားသူႀကီးကေန ေထာင္ကို ရမန္သြားေပးမယ္ဆိုတာေတြကို စာေရးကေန အခ်ိန္မီ အေၾကာင္းၾကားေစခ်င္ပါတယ္။ ဒါကေတာ့ က်ေနာ္ျဖစ္ေစခ်င္တဲ့အပိုင္းပါ”

အင္းစိန္ေထာင္မွာလည္း စည္းကမ္းခ်က္အသစ္ေတြ ထုတ္ျပန္ထားတဲ့အတြက္ အမႈသည္နဲ႔ ေတြ႕ခြင့္မရခဲ့ဘူးလို႔ ေရွ႕ေန ဦးေအာင္ေက်ာ္ျမင့္က ေျပာျပပါတယ္။

“အရင္နဲ႔ ဘာကြာလဲဆိုေတာ့ ဝင္ေပါက္ထြက္ေပါက္ေတြမွာေတာ့ အပူခ်ိန္တိုင္းတာေတြရွိတယ္။ လက္ရွိ အေျခအေနအရဆိုရင္ မိသားစုဝင္ ၂ ဦး၊ ၃ ဦး ေတြ႕ခြင့္ရတယ္။ အခုကေတာ့ တပတ္ကိုတႀကိမ္ပဲ ေတြ႕ခြင့္ရမယ္။ ၿပီးေတာ့ လူ ၁ ဦးပဲ ေတြ႕ရမယ္။ စပီကာနဲ႔ကို ေအာ္ၿပီးေတာ့ ဧည့္ေတြ႕ေဆာင္မွာ အသိေပးေန တာေပါ့ေနာ္။ ဒါကေတာ့ ထူးျခားတဲ့အခ်က္ေတြပါ။ ကမာၻ႔ကပ္ေရာဂါကာလမွာေပါ့ေလ အဲ့လိုမ်ိဳး ျမင္ခဲ့ရပါ တယ္။ က်ေနာ့္အမႈသည္နဲ႔လည္း က်ေနာ္ ေတြ႕ခြင့္မရခဲ့ပါဘူး။ ဒါကေတာ့ ေရွ႕ေနေတြကိုလည္း ေတြ႕ခြင့္ပိတ္ ထားပါတယ္ဆိုၿပီးေတာ့ ေထာင္က အရာခံအဆင့္ရွိတဲ့ ဗိုလ္က က်ေနာ့္ကို ေျပာလိုက္တာပါ။ က်ေနာ္ကေတာ့ ၁ဝ ရက္ေန႔ကေန ၁၉ ရက္ေန႔အထိက ၫႊန္ၾကားခ်က္ေတြထြက္ၿပီးေတာ့မွ သတ္မွတ္ထားတဲ့စည္းကမ္း ဘယ္မွ မသြားရဘူး၊ မလာရဘူးဆိုတာ - အဲ့ဒီမတိုင္ခင္ ၇ ရက္ေန႔ကတည္းက ေတြ႕ခြင့္မရခဲ့တာမို႔ ၁၉ ရက္ေန႔ ေနာက္ပိုင္းမွာ က်ေနာ့္အမႈသည္နဲ႔ ထပ္မံေတြ႕ဖို႔ ႀကိဳးစားသြားမွာပါ”

အက်ဥ္းေထာင္ေတြမွာ ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ကို ကာကြယ္ႏိုင္ဖို႔အတြက္ အက်ဥ္းသားဦးေရ ေလွ်ာ့ခ်ဖို႔၊ ႏိုင္ငံေရးအက်ဥ္းသားေတြကို ျပန္လႊတ္ေပးဖို႔ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္မႈအဖြဲ႕ႀကီးက အစိုးရကို တိုက္တြန္းထားတာျဖစ္ပါတယ္။

နႏၵာခ်မ္း / RFA Burmese
----------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရားရေးလုပ်ငန်းမှာ အခက်အခဲရှိလာ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကို ထိန်းချုပ်နေတဲ့ကာလအတွင်း စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် တရားရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိလာနေတယ်လို့ တရားလွှတ်တော်ရှေ့နေတွေက RFA ကို ပြောပါတယ်။

လူစုလူဝေးရှောင်ဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ ပွဲလမ်းသဘင်တွေ မကျင်းပဖို့လို သက်ဆိုင်ရာက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပေမဲ့ - ကြိုတင်အကြောင်းကြားမှုမရှိဘဲ ရုတ်တရက် တရားရုံးချိန်းတွေ ရွှေ့ဆိုင်းလိုက်မှုက - အဆင်မပြေတာတွေ၊ အခက်အခဲတွေနဲ့ ကြုံနေကြရတာပါ။

မတ်လ ၇ ရက် အင်္ဂါနေ့ကဆိုရင် ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တရားရုံးမှာ အမိန့်ချဖို့ရှိနေတဲ့ တရားခွင်တခုဟာ - ကြိုတင် အကြောင်းမကြားဘဲ ရက်ရွှေ့ဆိုင်းခဲ့တဲ့အတွက် အင်းစိန်ထောင်ထိ သွားခဲ့ရပြီး၊ အဲဒီမှာလည်း အခက်အခဲတချို့ ကြုံခဲ့ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်မြင့်က ပြောပါတယ်။

“၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ အခက်အခဲတခုကို ကျနော်ပြောချင်ပါတယ်။ အဲ့ဒီအခက်အခဲက အမိန့်ပေါ့။ အမိန့်ချမှတ်ရမယ့် အမှုတခု ကျနော့်ဆီမှာ ရှိတယ်။ ကျနော်လိုက်နေတဲ့အမှု။ ကျနော့်အမှုသည်ကလည်း အမိန့်ကို ချစေချင်တယ်။ ဒါပေမဲ့ ကျနော့်အမှုသည်ကို ရုံးမထုတ်တဲ့အတွက်ကြောင့်မို့ ကျနော် အင်းစိန်ထောင် အထိကို လိုက်သွားရတယ်။ အင်းစိန်ထောင်ထိ လိုက်သွားတဲ့အချိန်မှာလည်း ဘယ်နေ့မှာ အမိန့်ချမယ်ဆိုတာ ကိုလည်း ကျနော့်ကို ထောင်က တွေ့ခွင့်မပေးခဲ့ဘူး။ Covid-19 ကြောင့်ဆိုပြီးတော့ တွေ့ခွင့်မပေးခဲ့ဘူး”

“အမိန့်ချခါနီး အမှုတခုကို ကျနော်ဖြစ်စေချင်တာကတော့ အမိန့်မချဖြစ်ရင်လည်း ကျနော်တို့ကို ကြိုတင် အကြောင်းကြားသင့်တယ်လို့ ထင်ပါတယ်။ ကိုယ်စားလှယ်ပါဝါတင်ကတည်းက ကျနော်တို့ရဲ့လိုင်စင်ကို မိတ္တူလည်းပေးရတယ်။ မိတ္တူနဲ့အတူ ကျနော်တို့ရဲ့တံဆိပ်တုံးမှာ ဖုန်းနံပါတ်ပါတယ်။ အဲ့လိုမျိုးရုံးချိန်းတွေဆိုရင် တွေ့လို့မရဘူး၊ သွားလို့မရဘူး၊ တရားသူကြီးကနေ ထောင်ကို ရမန်သွားပေးမယ်ဆိုတာတွေကို စာရေးကနေ အချိန်မီ အကြောင်းကြားစေချင်ပါတယ်။ ဒါကတော့ ကျနော်ဖြစ်စေချင်တဲ့အပိုင်းပါ”

အင်းစိန်ထောင်မှာလည်း စည်းကမ်းချက်အသစ်တွေ ထုတ်ပြန်ထားတဲ့အတွက် အမှုသည်နဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ ရှေ့နေ ဦးအောင်ကျော်မြင့်က ပြောပြပါတယ်။

“အရင်နဲ့ ဘာကွာလဲဆိုတော့ ဝင်ပေါက်ထွက်ပေါက်တွေမှာတော့ အပူချိန်တိုင်းတာတွေရှိတယ်။ လက်ရှိ အခြေအနေအရဆိုရင် မိသားစုဝင် ၂ ဦး၊ ၃ ဦး တွေ့ခွင့်ရတယ်။ အခုကတော့ တပတ်ကိုတကြိမ်ပဲ တွေ့ခွင့်ရမယ်။ ပြီးတော့ လူ ၁ ဦးပဲ တွေ့ရမယ်။ စပီကာနဲ့ကို အော်ပြီးတော့ ဧည့်တွေ့ဆောင်မှာ အသိပေးနေ တာပေါ့နော်။ ဒါကတော့ ထူးခြားတဲ့အချက်တွေပါ။ ကမ္ဘာ့ကပ်ရောဂါကာလမှာပေါ့လေ အဲ့လိုမျိုး မြင်ခဲ့ရပါ တယ်။ ကျနော့်အမှုသည်နဲ့လည်း ကျနော် တွေ့ခွင့်မရခဲ့ပါဘူး။ ဒါကတော့ ရှေ့နေတွေကိုလည်း တွေ့ခွင့်ပိတ် ထားပါတယ်ဆိုပြီးတော့ ထောင်က အရာခံအဆင့်ရှိတဲ့ ဗိုလ်က ကျနော့်ကို ပြောလိုက်တာပါ။ ကျနော်ကတော့ ၁ဝ ရက်နေ့ကနေ ၁၉ ရက်နေ့အထိက ညွှန်ကြားချက်တွေထွက်ပြီးတော့မှ သတ်မှတ်ထားတဲ့စည်းကမ်း ဘယ်မှ မသွားရဘူး၊ မလာရဘူးဆိုတာ - အဲ့ဒီမတိုင်ခင် ၇ ရက်နေ့ကတည်းက တွေ့ခွင့်မရခဲ့တာမို့ ၁၉ ရက်နေ့ နောက်ပိုင်းမှာ ကျနော့်အမှုသည်နဲ့ ထပ်မံတွေ့ဖို့ ကြိုးစားသွားမှာပါ”

အကျဉ်းထောင်တွေမှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် အကျဉ်းသားဦးရေ လျှော့ချဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကြီးက အစိုးရကို တိုက်တွန်းထားတာဖြစ်ပါတယ်။

နန္ဒာချမ်း / RFA Burmese
https://www.rfa.org/burmese/news/coronavirus-and-court-04092020130424.html
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တရားေရးလုပ္ငန္းမွာ အခက္အခဲရွိလာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တရားေရးလုပ္ငန္းမွာ အခက္အခဲရွိလာ Reviewed by THITHTOOLWIN on 04:47 Rating: 5
Powered by Blogger.