COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(Zawgyi)⤵⤵⤵
(၁၁-၄-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ

၁။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ (၁၁-၄-၂၀၂၀)ရက္ေန႔၊ ည ဓာတ္ခြဲအေျဖမ်ာအရ ေစာင့္ၾကည့္လူနာမ်ား၊ ေဆး႐ုံမ်ားႏွင့္ သက္ဆိုင္ရာ ေနရာမ်ား တြင္ အသြားအလာကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈမႈခံရသူမ်ား စုစုေပါင္း (၁၆၇) ဦး၏ ဓာတ္ခြဲ နမူနာမ်ားအား စစ္ေဆးခဲ့ရာ (ဇယား-၁) ၌ ေဖာ္ျပထားရွိေသာ လူနာ (၃) ဦး၏ ဓာတ္ခြဲအေျဖတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရၿပီး က်န္လူနာမ်ားႏွင့္ ေစာင့္ၾကပ္ၾကည့္ရႈမႈခံရသူ (၁၆၄) ဦး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုး မရွိေၾကာင္း ေတြ႕ရွိရပါသည္။

၂။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-029) သည္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕တြင္ ေနထိုင္ေသာ အသက္ (၂၆) ႏွစ္အ႐ြယ္ အမ်ိဳးသား (၁)ဦးျဖစ္ၿပီး (၂၈-၃-၂၀၂၀)ရက္ေန႔တြင္ အဂၤလန္ ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္လာခဲ့ရာတြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွတစ္ဆင့္ မဂၤလာဒုံၿမိဳ႕နယ္ရွိ သတ္မွတ္ ထားေသာ အေဆာက္အဦတစ္ခုတြင္ အသြားအလာကန႔္သတ္ျခင္း (Facility Quarantine) ျပဳလုပ္ရန္ ၫႊန္းပို႔ခဲ့ၿပီး ဓာတ္ခြဲနမူနာ ေပးပို႔စစ္ေဆးခဲ့ျခင္းျဖစ္ပါသည္။ လူနာအား စဝ္စံထြန္း ျပည္သူ႔ေဆး႐ုံႀကီး၊ ေတာင္ႀကီးၿမိဳ႕သို႔ လႊဲေျပာင္းကုသရန္စီစဥ္လ်က္ရွိၿပီး လတ္တေလာက်န္းမာေရး အေျခအေနမွာ ေကာင္းမြန္ လ်က္ရွိပါသည္။

၃။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-030) သည္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ေဆး႐ုံ တစ္ခုတြင္ တာဝန္ထမ္းေဆာင္လ်က္ရွိေသာ ဆရာဝန္တစ္ဦးျဖစ္ၿပီး ဓာတ္ခြဲအတည္ျပဳလူနာ တစ္ဦးအား အနီးကပ္ ေဆးကုသမႈေပးခဲ့သည့္ ရာဇဝင္ရွိခဲ့သျဖင့္ ၎ထံမွ ဓာတ္ခြဲနမူနာအား ေပးပို႔စစ္ေဆးခဲ့ျခင္း ျဖစ္ပါသည္။ လူနာအား ေဝဘာဂီေဆး႐ုံႀကီးသို႔ လႊဲေျပာင္းကုသရန္ စီစဥ္ လ်က္ရွိၿပီး လတ္တေလာက်န္းမာေရး အေျခအေနမွာ ေကာင္းမြန္လ်က္ရွိပါသည္။

၄။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-031) သည္ ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၄၉)ႏွစ္အ႐ြယ္ အမ်ိဳးသမီး (၁)ဦးျဖစ္ၿပီး ဓာတ္ခြဲအတည္ျပဳလူနာ (Case-001) သည္ ကေလးမွ တီးတိန္သို႔သြားစဥ္ (Case-031) ၏ ေနအိမ္၌ ညအိပ္တည္းခိုခဲ့ေၾကာင္း သိရွိရပါသည္။ (Case-001) အား ဓာတ္ခြဲအတည္ ျပဳလူနာအျဖစ္ သတ္မွတ္ခဲ့ၿပီးေနာက္ ၎အား (၂၅-၃-၂၀၂၀)ရက္ေန႔မွ စတင္ကာ ေနအိမ္၌ အသြားအလာ ကန႔္သတ္ထားရွိျခင္းျဖစ္ၿပီး ဓာတ္ခြဲနမူနာရယူစစ္ေဆးခဲ့ျခင္း ျဖစ္ပါသည္။ လူနာအား တီးတိန္ေဆး႐ုံသို႔ လႊဲေျပာင္းကုသရန္ စီစဥ္လ်က္ရွိၿပီး လတ္တေလာက်န္းမာေရး အေျခအေနမွာ ေကာင္းမြန္လ်က္ရွိပါသည္။

၅။ ယခုအခါ (၂၃-၃-၂၀၂၀)ရက္ေန႔မွ (၁၁-၄-၂၀၂၀)ရက္ေန႔၊ ည (၈:၀၀)နာရီအခ်ိန္အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၃၁) ဦး ေတြ႕ရွိခဲ့ၿပီး ျဖစ္ပါသည္။

၆။ သို႔ျဖစ္ရာ လက္ရွိ ကုသမႈေပးခံယူလ်က္ရွိေသာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ားမွာ ခ်င္းျပည္နယ္၊ တီးတိန္ ျပည္သူ႔ေဆး႐ုံတြင္ (၂)ဦး၊ ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ လူနာ (၁၈) ဦး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ လားရႈိးျပည္သူ႔ေဆး႐ုံႀကီးတြင္ (၁) ဦး၊ ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီးတြင္ လူနာ (၁) ဦး၊ တီးတိန္ျပည္သူ႔ေဆး႐ုံသို႔ လႊဲေျပာင္းေပးပို႔ရန္ စီစဥ္လ်က္ရွိေသာ လူနာ (၁)ဦး၊ ေဝဘာဂီ အထူးကုေဆး႐ုံသို႔ လႊဲေျပာင္းေပးပို႔ရန္ စီစဥ္လ်က္ရွိေသာ လူနာ (၁)ဦး၊ စဝ္စံထြန္းျပည္သူ႔ေဆး႐ုံႀကီးသို႔ လႊဲေျပာင္းေပးပို႔ရန္ စီစဥ္လ်က္ရွိေသာ လူနာ (၁)ဦး၊ စုစုေပါင္း (၂၅)ဦးတို႔ျဖစ္ၿပီး ၎တို႔၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္လ်က္ရွိပါသည္။ ေဝဘာဂီအထူးကု ေဆး႐ုံႀကီးရွိ လူနာ (၁) ဦးအား အထူးၾကပ္မတ္ခန္း၌ သီးျခားထားရွိ ေဆးကုသမႈေပးလ်က္ရွိပါသည္။

၇။ အဆိုပါ ဓာတ္ခြဲအတည္ျပဳလူနာမ်ားႏွင့္ ထိေတြ႕ခဲ့သူမ်ားအားလုံးကို စုံစမ္းေဖာ္ထုတ္၍ အသြားအလာကန႔္သတ္ကာ ေစာင့္ၾကပ္ၾကည့္ရႈသြားမည္ျဖစ္ပါသည္။ သို႔ျဖစ္ပါ၍ အဆိုပါ ဓာတ္ခြဲ အတည္ျပဳလူနာမ်ားႏွင့္ အနီးကပ္ထိေတြ႕ခဲ့သည့္ ျပည္သူလူထုအေနျဖင့္ နီးစပ္ရာက်န္းမာေရး ဌာနသို႔ ဆက္သြယ္အေၾကာင္းၾကားေစလိုေၾကာင္း တိုက္တြန္းအပ္ပါသည္။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/
--------------
(Unicode)⤵⤵⤵

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၁-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၁-၄-၂၀၂၀)ရက်နေ့၊ ည ဓာတ်ခွဲအဖြေမျာအရ စောင့်ကြည့်လူနာများ၊ ဆေးရုံများနှင့် သက်ဆိုင်ရာ နေရာများ တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံရသူများ စုစုပေါင်း (၁၆၇) ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) ၌ ဖော်ပြထားရှိသော လူနာ (၃) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာများနှင့် စောင့်ကြပ်ကြည့်ရှုမှုခံရသူ (၁၆၄) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။

၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-029) သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် နေထိုင်သော အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး (၂၈-၃-၂၀၂၀)ရက်နေ့တွင် အင်္ဂလန် နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မင်္ဂလာဒုံမြို့နယ်ရှိ သတ်မှတ် ထားသော အဆောက်အဦတစ်ခုတွင် အသွားအလာကန့်သတ်ခြင်း (Facility Quarantine) ပြုလုပ်ရန် ညွှန်းပို့ခဲ့ပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ လူနာအား စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး၊ တောင်ကြီးမြို့သို့ လွှဲပြောင်းကုသရန်စီစဉ်လျက်ရှိပြီး လတ်တလောကျန်းမာရေး အခြေအနေမှာ ကောင်းမွန် လျက်ရှိပါသည်။

၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-030) သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးရုံ တစ်ခုတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်တစ်ဦးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးအား အနီးကပ် ဆေးကုသမှုပေးခဲ့သည့် ရာဇဝင်ရှိခဲ့သဖြင့် ၎င်းထံမှ ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ လူနာအား ဝေဘာဂီဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ် လျက်ရှိပြီး လတ်တလောကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာ (Case-031) သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် နေထိုင်သော အသက် (၄၉)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ (Case-001) သည် ကလေးမှ တီးတိန်သို့သွားစဉ် (Case-031) ၏ နေအိမ်၌ ညအိပ်တည်းခိုခဲ့ကြောင်း သိရှိရပါသည်။ (Case-001) အား ဓာတ်ခွဲအတည် ပြုလူနာအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ၎င်းအား (၂၅-၃-၂၀၂၀)ရက်နေ့မှ စတင်ကာ နေအိမ်၌ အသွားအလာ ကန့်သတ်ထားရှိခြင်းဖြစ်ပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ လူနာအား တီးတိန်ဆေးရုံသို့ လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိပြီး လတ်တလောကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၅။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၁-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၁) ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

၆။ သို့ဖြစ်ရာ လက်ရှိ ကုသမှုပေးခံယူလျက်ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၂)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၈) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ တီးတိန်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်လျက်ရှိသော လူနာ (၁)ဦး၊ ဝေဘာဂီ အထူးကုဆေးရုံသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်လျက်ရှိသော လူနာ (၁)ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်လျက်ရှိသော လူနာ (၁)ဦး၊ စုစုပေါင်း (၂၅)ဦးတို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကု ဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၇။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/
COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.