ရန္ကုန္မွာ ကူးစက္မႈမ်ားေပမယ့္ အလြန္အကြၽံ မစိုးရိမ္ဖို႔ ႏိုင္ငံေရးသမားတခ်ိဳ႕ သတိေပး

(Zawgyi)⤵⤵⤵

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၈ ဦးကို ေတြ႕ရွိထားၿပီး ရန္ကုန္ၿမိဳ႕အတြင္းမွာတင္ ေရာဂါပိုး ကူးစက္ခံထားရသူ ၁၈ ဦး ရွိလာလို႔ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈေတြ မ်ားလာမွာကို ရန္ကုန္ၿမိဳ႕ေန ျပည္သူေတြ စိုးရိမ္ေနၾကပါတယ္။ ႏိုင္ငံေရးသမားေတြ၊ တက္ႂကြလႈပ္ရွားသူမ်ားကေတာ့ အစိုးရိမ္မလြန္ဖို႔ သတိေပးေနၾကပါတယ္။

ျမန္မာႏိုင္ငံမွာ မတ္လ ၂၃ ရက္ေန႔ကေန ဧၿပီလ ၁၀ ရက္ေန႔ ညပိုင္းအထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၈ ဦး ရွိလာၿပီျဖစ္ပါတယ္။

အဲဒီထဲက ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၈ ဦးဟာ ရန္ကုန္ၿမိဳ႕ကျဖစ္ၿပီး ႏိုင္ငံျခားခရီးသြားခဲ့တာမရွိဘဲ ေဒသတြင္း ကူးစက္ခံရသူေတြရွိလာတာေၾကာင့္ ရန္ကုန္ၿမိဳ႕ေန ျပည္သူေတြက ကူးစက္ပ်ံ႕ႏွံ႔မႈ သိသိသာသာ တိုးလာမွာကို စိုးရိမ္ေနၾကတာပါ။

ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ တစ္ၿမိဳ႕နယ္ထဲမွာပဲ ပိုးေတြ႕ရွိသူ ေလးဦးအထိ ရွိေနေပမယ့္ ျပည္သူေတြ စိုးရိမ္မႈမလြန္ကဲဖို႔နဲ႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ အခ်က္ေတြ တစ္ေသြမတိမ္းလိုက္နာဖို႔ လိုအပ္တယ္လို႔ ဗဟန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းျမင့္က RFA ကိုေျပာပါတယ္။

“ဗဟန္းၿမိဳ႕နယ္တြင္းမွာ ေလးေယာက္ေလာက္ ေပၚလာၿပီဆိုေတာ့ စိုးရိမ္ျဖစ္တာ ဓမၼတာပါပဲ။ ဒါေပမဲ့ ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ စိုးရိမ္စိတ္ သိပ္ၿပီးမလြန္ကဲဖို႔ လိုအပ္ပါတယ္။ ကိုယ့္အိမ္မွာ ကိုယ္ေနမယ္ဆိုရင္ ေရာဂါကူးစက္မႈကို ကိုယ္တိုင္ ကာကြယ္ၿပီးသားျဖစ္သလို မိသားစုကိုလည္း ကာကြယ္ၿပီးသားျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဗဟန္းၿမိဳ႕နယ္က ျပည္သူေတြတင္မကပါဘူး ျမန္မာႏိုင္ငံမွာရွိတဲ့ ျပည္သူအားလုံးက အစိုးရနဲ႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္ေတြကို တစ္ေသြမတိမ္းလိုက္နာဖို႔ လိုအပ္ပါတယ္။"

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ အတည္ျပဳလူနာ နံပါတ္ ၈ နဲ႔ နံပါတ္ ၂၈ ဟာ မိသားစုဝင္ေတြျဖစ္ၿပီး ဗဟန္းၿမိဳ႕နယ္မွာ ေနထိုင္တာပါ။  လူနာ နံပါတ္ ၁၅ နဲ႔ နံပါတ္ ၂၅ တို႔လည္း ဗဟန္းၿမိဳ႕နယ္မွာ ေနထိုင္တာ ျဖစ္ပါတယ္။ တျခားၿမိဳ႕နယ္ေတြျဖစ္တဲ့ မဂၤလာေတာင္ၫြန႔္၊ မရမ္းကုန္း၊ ေတာင္ဥကၠလာ၊ အင္းစိန္၊ လႈိင္သာယာ စတဲ့ၿမိဳ႕နယ္ေတြမွာ ပိုးေတြ႕ရွိအတည္ျပဳလူနာ တစ္ဦးစီရွိပါတယ္။

ျပည္သူ႔ေတြအေနနဲ႔ တေျဖးေျဖး စိုးရိမ္စိတ္ေတြရွိလာသလို စိုးရိမ္မႈလြန္ကဲၿပီး တျခား လူမႈေရးျပႆနာေတြ ျဖစ္လာမွာကိုလည္း စိတ္ပူမိတယ္လို႔ ရန္ကုန္အေျခစိုက္ အနာဂတ္အလင္းတန္းဆုံမွတ္အဖြဲ႕ ဒါ႐ိုက္တာ မသက္သက္ေအာင္က ေျပာပါတယ္။

“တေျဖးေျဖးနဲ႔ စိုးရိမ္စိတ္ေတြကေတာ့ ကြၽန္မတို႔ ျပည္သူလူထုေတြမွာ အမ်ားႀကီးရွိတယ္။ ဒါေပမဲ့ စိုးရိမ္မႈက အရမ္း တစ္ဘက္စြန္းေရာက္သြားအခါက်ရင္ တျခား လူမႈေရးျပႆနာေတြ ျဖစ္လာႏိုင္တာကိုလည္း ျမင္ရတယ္။ စိတ္ထြက္ေပါက္ေတြ ေနာက္ၿပီး အိမ္တြင္းမွာေနရတဲ့ အိမ္တြင္းအၾကမ္းဖက္မႈႏႈန္းေတြကလည္း ျမင့္တက္လာမလားဆိုတာ စိတ္ပူစရာေတြ ျဖစ္တယ္။"

ရန္ကုန္ၿမိဳ႕မွာ ေနထိုင္တဲ့ ေဒါက္တာ ဥကၠာၾကည္ဝင္းကေတာ့ လတ္တေလာ ပိုးေတြ႕တဲ့ လူနာပမာဏကို သက္ဆိုင္ရာ က်န္းမာေရးဌာနေတြက ႏိုင္ႏိုင္နင္းနင္း ကိုင္တြယ္ႏိုင္ေပမယ့္ ရန္ကုန္ၿမိဳ႕ဟာ လူဦးေရထူထပ္တာေၾကာင့္ ဒီထက္ပိုမ်ားလာမယ္ဆိုရင္ေတာ့ စိုးရိမ္စရာ အေျခအေနရွိတယ္လို႔ ေျပာပါတယ္။

“တကယ္တမ္းေျပာရရင္ေတာ့ စိုးရိမ္တယ္ခင္ဗ်။ ဘာေၾကာင့္လဲဆိုေတာ့ အရင္က Positive ေတြ႕တဲ့ႏႈန္းက သိပ္မမ်ားေသးဘူး။ အခုေနာက္ပိုင္းမွာ တေျဖးေျဖးနဲ႔ မ်ားလာတယ္ေပါ့ေနာ္။ ၿပီးေတာ့ ကြၽန္ေတာ္ကိုယ္တိုင္လည္း ရန္ကုန္ၿမိဳ႕မွာ ေနတဲ့သူ။ ရန္ကုန္က လူဦးေရ ထူထပ္တာေပါ့ေနာ္။ အလတ္တေလာ ပိုးေတြ႕ရွိတဲ့ လူနာပမာဏနဲ႔ ဆိုရင္ေတာ့ သက္ဆိုင္ရာ က်န္းမာေရးဌာနေတြက ႏိုင္ႏိုင္နင္းနင္း ကိုင္တြယ္ႏိုင္မယ္။ ဒီထက္ပိုၿပီးမ်ားလာမယ္ဆိုရင္ေတာ့ စိုးရိမ္စရာရွိပါတယ္”

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က လာမယ့္ တစ္ပတ္ ႏွစ္ပတ္အတြင္း ေရာဂါပိုးေတြ႕ရွိသူ ပိုမ်ားလာဖို႔ရွိၿပီး အလြန္အကြၽံမစိုးရိမ္ၾကဖို႔နဲ႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာၾကဖို႔ ရွမ္းျပည္နယ္ ျပည္သူေတြကို အြန္လိုင္းကေန ေဆြးေႏြးရာမွာ တိုက္တြန္းထားပါတယ္။

ျမန္မာႏိုင္ငံမွာ ဧၿပီလ ၁၀ ရက္ေန႔အထိ ေရာဂါပိုးေတြ႕ရွိသူ ၂၈ ဦးရွိၿပီး ရန္ကုန္ၿမိဳ႕က ၁၈ ဦး၊ ခ်င္းျပည္နယ္က ၂ ဦး၊ မႏၲေလးၿမိဳ႕မွာ ၁ ဦး၊ ေနျပည္ေတာ္မွာ ၁ ဦး၊ လားရႈိးမွာ ၁ ဦးနဲ႔ မြန္ျပည္နယ္ က်ိဳက္မေရာမွာ ၁ ဦးတို႔ ျဖစ္ပါတယ္။

လက္ရွိ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၃ ဦးရွိၿပီး ျပန္လည္ေကာင္းမြန္လာသူ ၂ ဦးရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

အစိုးရက ဧၿပီလ ၉ ရက္ေနကေန ၁၉ ရက္ေန႔အထိ က်န္းမာေရးကိစၥနဲ႔ အစားအေသာက္ ထြက္ဝယ္တာကလြဲလို႔ အျပင္မထြက္ၾကဖို႔ ေဒသႏၲရ အမိန႔္ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/warning-not-to-worry-about-coronavirus-infection-04112020075359.html
----------
(Unicode)⤵⤵⤵
ရန်ကုန်မှာ ကူးစက်မှုများပေမယ့် အလွန်အကျွံ မစိုးရိမ်ဖို့ နိုင်ငံရေးသမားတချို့ သတိပေး

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၈ ဦးကို တွေ့ရှိထားပြီး ရန်ကုန်မြို့အတွင်းမှာတင် ရောဂါပိုး ကူးစက်ခံထားရသူ ၁၈ ဦး ရှိလာလို့ ဗိုင်းရပ်စ် ပျံ့နှံ့မှုတွေ များလာမှာကို ရန်ကုန်မြို့နေ ပြည်သူတွေ စိုးရိမ်နေကြပါတယ်။ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူများကတော့ အစိုးရိမ်မလွန်ဖို့ သတိပေးနေကြပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့ ညပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၈ ဦး ရှိလာပြီဖြစ်ပါတယ်။

အဲဒီထဲက ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈ ဦးဟာ ရန်ကုန်မြို့ကဖြစ်ပြီး နိုင်ငံခြားခရီးသွားခဲ့တာမရှိဘဲ ဒေသတွင်း ကူးစက်ခံရသူတွေရှိလာတာကြောင့် ရန်ကုန်မြို့နေ ပြည်သူတွေက ကူးစက်ပျံ့နှံ့မှု သိသိသာသာ တိုးလာမှာကို စိုးရိမ်နေကြတာပါ။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တစ်မြို့နယ်ထဲမှာပဲ ပိုးတွေ့ရှိသူ လေးဦးအထိ ရှိနေပေမယ့် ပြည်သူတွေ စိုးရိမ်မှုမလွန်ကဲဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်တွေ တစ်သွေမတိမ်းလိုက်နာဖို့ လိုအပ်တယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က RFA ကိုပြောပါတယ်။

“ဗဟန်းမြို့နယ်တွင်းမှာ လေးယောက်လောက် ပေါ်လာပြီဆိုတော့ စိုးရိမ်ဖြစ်တာ ဓမ္မတာပါပဲ။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာကတော့ စိုးရိမ်စိတ် သိပ်ပြီးမလွန်ကဲဖို့ လိုအပ်ပါတယ်။ ကိုယ့်အိမ်မှာ ကိုယ်နေမယ်ဆိုရင် ရောဂါကူးစက်မှုကို ကိုယ်တိုင် ကာကွယ်ပြီးသားဖြစ်သလို မိသားစုကိုလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် ဗဟန်းမြို့နယ်က ပြည်သူတွေတင်မကပါဘူး မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူအားလုံးက အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို တစ်သွေမတိမ်းလိုက်နာဖို့ လိုအပ်ပါတယ်။"

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူနာ နံပါတ် ၈ နဲ့ နံပါတ် ၂၈ ဟာ မိသားစုဝင်တွေဖြစ်ပြီး ဗဟန်းမြို့နယ်မှာ နေထိုင်တာပါ။  လူနာ နံပါတ် ၁၅ နဲ့ နံပါတ် ၂၅ တို့လည်း ဗဟန်းမြို့နယ်မှာ နေထိုင်တာ ဖြစ်ပါတယ်။ တခြားမြို့နယ်တွေဖြစ်တဲ့ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ အင်းစိန်၊ လှိုင်သာယာ စတဲ့မြို့နယ်တွေမှာ ပိုးတွေ့ရှိအတည်ပြုလူနာ တစ်ဦးစီရှိပါတယ်။

ပြည်သူ့တွေအနေနဲ့ တဖြေးဖြေး စိုးရိမ်စိတ်တွေရှိလာသလို စိုးရိမ်မှုလွန်ကဲပြီး တခြား လူမှုရေးပြဿနာတွေ ဖြစ်လာမှာကိုလည်း စိတ်ပူမိတယ်လို့ ရန်ကုန်အခြေစိုက် အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့ ဒါရိုက်တာ မသက်သက်အောင်က ပြောပါတယ်။

“တဖြေးဖြေးနဲ့ စိုးရိမ်စိတ်တွေကတော့ ကျွန်မတို့ ပြည်သူလူထုတွေမှာ အများကြီးရှိတယ်။ ဒါပေမဲ့ စိုးရိမ်မှုက အရမ်း တစ်ဘက်စွန်းရောက်သွားအခါကျရင် တခြား လူမှုရေးပြဿနာတွေ ဖြစ်လာနိုင်တာကိုလည်း မြင်ရတယ်။ စိတ်ထွက်ပေါက်တွေ နောက်ပြီး အိမ်တွင်းမှာနေရတဲ့ အိမ်တွင်းအကြမ်းဖက်မှုနှုန်းတွေကလည်း မြင့်တက်လာမလားဆိုတာ စိတ်ပူစရာတွေ ဖြစ်တယ်။"

ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဒေါက်တာ ဥက္ကာကြည်ဝင်းကတော့ လတ်တလော ပိုးတွေ့တဲ့ လူနာပမာဏကို သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ပေမယ့် ရန်ကုန်မြို့ဟာ လူဦးရေထူထပ်တာကြောင့် ဒီထက်ပိုများလာမယ်ဆိုရင်တော့ စိုးရိမ်စရာ အခြေအနေရှိတယ်လို့ ပြောပါတယ်။

“တကယ်တမ်းပြောရရင်တော့ စိုးရိမ်တယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ အရင်က Positive တွေ့တဲ့နှုန်းက သိပ်မများသေးဘူး။ အခုနောက်ပိုင်းမှာ တဖြေးဖြေးနဲ့ များလာတယ်ပေါ့နော်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ရန်ကုန်မြို့မှာ နေတဲ့သူ။ ရန်ကုန်က လူဦးရေ ထူထပ်တာပေါ့နော်။ အလတ်တလော ပိုးတွေ့ရှိတဲ့ လူနာပမာဏနဲ့ ဆိုရင်တော့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မယ်။ ဒီထက်ပိုပြီးများလာမယ်ဆိုရင်တော့ စိုးရိမ်စရာရှိပါတယ်”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လာမယ့် တစ်ပတ် နှစ်ပတ်အတွင်း ရောဂါပိုးတွေ့ရှိသူ ပိုများလာဖို့ရှိပြီး အလွန်အကျွံမစိုးရိမ်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့ ရှမ်းပြည်နယ် ပြည်သူတွေကို အွန်လိုင်းကနေ ဆွေးနွေးရာမှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီလ ၁၀ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၂၈ ဦးရှိပြီး ရန်ကုန်မြို့က ၁၈ ဦး၊ ချင်းပြည်နယ်က ၂ ဦး၊ မန္တလေးမြို့မှာ ၁ ဦး၊ နေပြည်တော်မှာ ၁ ဦး၊ လားရှိုးမှာ ၁ ဦးနဲ့ မွန်ပြည်နယ် ကျိုက်မရောမှာ ၁ ဦးတို့ ဖြစ်ပါတယ်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃ ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၂ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အစိုးရက ဧပြီလ ၉ ရက်နေကနေ ၁၉ ရက်နေ့အထိ ကျန်းမာရေးကိစ္စနဲ့ အစားအသောက် ထွက်ဝယ်တာကလွဲလို့ အပြင်မထွက်ကြဖို့ ဒေသန္တရ အမိန့်ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/warning-not-to-worry-about-coronavirus-infection-04112020075359.html
ရန္ကုန္မွာ ကူးစက္မႈမ်ားေပမယ့္ အလြန္အကြၽံ မစိုးရိမ္ဖို႔ ႏိုင္ငံေရးသမားတခ်ိဳ႕ သတိေပး ရန္ကုန္မွာ ကူးစက္မႈမ်ားေပမယ့္ အလြန္အကြၽံ မစိုးရိမ္ဖို႔ ႏိုင္ငံေရးသမားတခ်ိဳ႕ သတိေပး Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.