ကိုဗစ္-၁၉ လူနာေတြအတြက္ အသက္ရႉအကူကိရိယာ ျမန္မာအင္ဂ်င္နီယာေတြတီထြင္

အသက္ရႈၾကပ္တဲ့ေဝဒနာခံစားရပါက အသက္ရႉႏိုင္ဖို႔ ကူညီေပးႏိုင္မယ့္ အသက္ရႈအေထာက္အကူျပဳကိရိယာ
(Zawgyi)⤵⤵⤵

ကိုဗစ္-၁၉ လူနာေတြအေနနဲ႔ အသက္ရႉၾကပ္တဲ့ေဝဒနာခံစားရပါက အသက္ရႉႏိုင္ဖို႔ ကူညီေပးႏိုင္မယ့္ အသက္ရႉအေထာက္အကူျပဳကိရိယာ ( prototype mini ventilator) ကို ျမန္မာအင္ဂ်င္နီယာ၃ဦး စုေပါင္းၿပီး တီထြင္ခဲ့တယ္လို႔ ဦးေဆာင္တီထြင္သူေတြထံက သိရပါတယ္။

"ICUထဲမွာ ထားတဲ့ ventilator တစ္လုံး ဘယ္လိုလုပ္ထားလဲဆိုတဲ့ အေျခခံကို သီအိုရီပိုင္းအရ အရင္ ေလ့လာတယ္။ သီအိုရီပိုင္း ေကာင္းေကာင္း နားလည္သြားတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ ျပည္တြင္းမွာ ဘာပစၥည္းေတြရွိလဲေပ့ါ။ အမွန္တိုင္းေျပာရမယ္ဆိုရင္ ကိုဗစ္ေၾကာင့္ ျဖစ္လာၿပီဆို ventalitor ေပၚတင္ရ တဲ့အေျခအေနက ေနာက္ဆုံးေပါ့။ အဲအဆင့္မေရာက္ခင္ Mini ventilator ကိုရေအာင္လုပ္မယ္ ဆိုၿပီး လုပ္ခဲ့တာ။" လို႔ ဒီကိရိယာတီထြင္ရာမွာ ပါဝင္သူ လူငယ္အင္ဂ်င္နီယာတစ္ဦးျဖစ္တဲ့ ကိုအာကာထက္ေက်ာ္က ေျပာျပပါတယ္။

 ေအာ္တိုစနစ္နဲ႔ အလုပ္လုပ္ႏိုင္ေအာင္ တီထြင္ထား

ဒီအသက္ရႉအကူကိရိယာနဲ႔ပတ္သက္ၿပီး ေဆးပညာကြၽမ္းက်င္သူက ဘယ္လိုမွတ္ခ်က္ျပဳသလဲ

ဒီကိရိယာကို အေမရိကန္ႏိုင္ငံက ေက်ာင္းသားေတြထုတ္လုပ္တဲ့ပုံစံကို အေျခခံကာ တီထြင္ထားတာ ျဖစ္ၿပီး အဆုတ္ထိခိုက္ပ်က္စီးသြားသူေတြထက္ ကနဦး အသက္ရႉရခက္ခဲတဲ့ လူနာေတြ အတြက္ အေထာက္အပံ့ျဖစ္ဖို႔ ရည္႐ြယ္တာလို႔ ကိုအာကာထက္ေက်ာ္က ဘီဘီစီကို ေျပာျပပါတယ္။

ျမန္မာအင္ဂ်င္နီယာေတြျဖစ္တဲ့ ဦးဝင္းသိန္း၊ ကိုရဲမင္းနဲ႔ ကိုအာကာထက္ေက်ာ္တို႔ ဦးေဆာင္ တီထြင္တဲ့ ဒီအသက္ရႉအကူကိရိယာကို လည္ပတ္မႈပိုင္းအေနနဲ႔ ကနဦးစမ္းသပ္ ေအာင္ျမင္ၿပီျဖစ္ေပမယ့္ ေမ့ေဆးပါရဂူ ဆရာဝန္ေတြနဲ႔ျပသၿပီး အႀကံျပဳခ်က္ေတြကိုလည္း ေတာင္းခံထားတယ္လို႔ ဆိုပါတယ္။

"ထပ္ၿပီး အဆင့္ျမႇင့္ဖို႔ေတာ့လိုတာေပါ့ေနာ္။ လူနာရဲ႕ လိုအပ္ခ်က္အတိုင္း pressure ၊ volume၊ flow သူ႔ဆီကလာတဲ့အသက္ရႉႏႈန္း ေပါ့။ ဒါေတြကို တြက္ခ်က္ၿပီးလုပ္လို႔ရေအာင္ ထပ္ၿပီး အဆင့္ျမႇင့္သြားဖို႔ရွိတယ္။ စက္က လည္ပတ္ႏိုင္ၿပီဆိုေပမယ့္ အၿငိမ္းစား ေမ့ေဆး ဆရာဝန္ႀကီးေတြက ဒါေတြထပ္ၿပီး လိုေသးတဲ့အေၾကာင္း အႀကံျပဳတယ္။ ဒါေၾကာင့္ စက္ဒီဇိုင္းနဲ႔အတူ ဒါေတြအားလုံးကို ထပ္ၿပီး အဆင့္ျမႇင့္တဲ့အေနနဲ႔ လုပ္သြားမယ္" လို႔ ဦးေဆာင္သူအင္ဂ်င္ နီယာ တစ္ဦးျဖစ္တဲ့ ဦးဝင္းသိန္းက ေျပာျပပါတယ္။

ျမန္မာအင္ဂ်င္နီယာေတြတီထြင္တဲ့ အသက္ရႉအေထာက္အကူျပဳ အကူကိရိယာဟာ ကနဦး တီထြင္မႈအေနနဲ႔ ကုန္က်စရိတ္ က်ပ္သိန္းဆယ္ဂဏန္းဝန္းက်င္ ကုန္က်ခဲ့ၿပီး ကြန္ပ်ဴတာနဲ႔ ခ်ိတ္ဆက္ကာ ေအာ္တိုစနစ္နဲ႔ အလုပ္လုပ္ႏိုင္ေအာင္ တီထြင္ထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။

အေမရိကန္ေက်ာင္းသားေတြတီထြင္ထားတဲ့ပုံကို အေျခခံကာ တီထြင္ခဲ့
ဒီကိရိယာကို ဘယ္ေနရာေတြမွာ အသုံးျပဳႏိုင္မွာလဲ

"ကြၽန္ေတာ္တို႔ ျမန္မာျပည္မွာလည္း ႏိုင္ငံကဆင္းရဲေတာ့ ဝယ္ဖို႔ခက္ခဲတယ္ဆိုတာသိေတာ့ Ventilator ( အသက္ရႉစက္) ကေဈးႀကီးတယ္၊ ဒီေတာ့ အဲေနရာမွာ ဘယ္လိုလုပ္လို႔ ရမလဲဆိုေတာ့ ampu bag ဆိုတဲ့ လက္နဲ႔ညႇစ္ပီး သုံးတဲ့ေလအိတ္ ရွိတယ္။ ဒါက အေရးေပၚကားေတြမွာသုံးတာ။ ဒါကို ပုံမွန္ညစ္ၿပီး လူကတခ်ိန္လုံး လုပ္ဖို႔ဆိုတာမလြယ္ဘူး။

အဲေနရာမွာ portable type ကိုသြားၾကည့္တဲ့ အခါက်ေတာ့ လူကလုပ္စရာမလိုဘဲ လူကလိုအပ္တာကို ထိန္းခ်ဳပ္ၿပီး အသက္ရႉလို႔ရေအာင္ ကူညီတဲ့စက္ေပါ့။ ဥပမာ- နယ္ေဆး႐ုံေတြမွာ အသက္ရႉစက္လုံး၀ မရွိတဲ့ေနရာမ်ိဳးမွာ ဒီဟာနဲ႔ခ်ိတ္ဆက္ၿပီးယာယီသုံးလို႔ရမယ္။ အဲဒီကတဆင့္ ရန္ကုန္လို ေနရာမ်ိဳးကို ေခၚလာမယ္ဆိုရင္ ကားနဲ႔လာတဲ့အခါ လမ္းမွာ ဒီစက္ကို သုံးလို႔ရမယ္။ အဓိက ဒါကိုရည္႐ြယ္ပါတယ္" လို႔ တီထြင္ရာမွာပါဝင္သူ တစ္ဦးျဖစ္တဲ့ ကိုရဲမင္းဟိန္းက ရွင္းျပပါတယ္။

ကိုဗစ္-၁၉ ကူးစက္ခံရသူလူနာေတြဟာ အဆုတ္ထိခိုက္ပ်က္စီးၿပီး အသက္ရႉၾကပ္တဲ့ေဝဒနာကို အဓိက ခံစားရတာျဖစ္ပါတယ္။ ဒီလိုခံစားရတဲ့အခ်ိန္မွာ အဆုတ္ကေန အသက္႐ူႏိုင္ဖို႔ အကူကိရိယာေတြ လိုအပ္ မွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္ခံထားရသူေပါင္း ၂၈ ဦးေတြ႕ရွိထားၿပီျဖစ္ကာ ဒီထဲမွာ ေရာဂါ အခံရွိၿပီး အဆုတ္ထိခိုက္ၿပီး ေသြးဆိပ္တက္တဲ့ လကၡဏာေၾကာင့္ ေသဆုံးသူ ၃ဦးရွိလာၿပီလည္းျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52254592
-------------
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ လူနာတွေအတွက် အသက်ရှူအကူကိရိယာ မြန်မာအင်ဂျင်နီယာတွေတီထွင်

ဓာတ်ပုံ မူပိုင် YeMin
Image caption အသက်ရှုကြပ်တဲ့ဝေဒနာခံစားရပါက အသက်ရှူနိုင်ဖို့ ကူညီပေးနိုင်မယ့် အသက်ရှုအထောက်အကူပြုကိရိယာ

ကိုဗစ်-၁၉ လူနာတွေအနေနဲ့ အသက်ရှူကြပ်တဲ့ဝေဒနာခံစားရပါက အသက်ရှူနိုင်ဖို့ ကူညီပေးနိုင်မယ့် အသက်ရှူအထောက်အကူပြုကိရိယာ ( prototype mini ventilator) ကို မြန်မာအင်ဂျင်နီယာ၃ဦး စုပေါင်းပြီး တီထွင်ခဲ့တယ်လို့ ဦးဆောင်တီထွင်သူတွေထံက သိရပါတယ်။

"ICUထဲမှာ ထားတဲ့ ventilator တစ်လုံး ဘယ်လိုလုပ်ထားလဲဆိုတဲ့ အခြေခံကို သီအိုရီပိုင်းအရ အရင် လေ့လာတယ်။ သီအိုရီပိုင်း ကောင်းကောင်း နားလည်သွားတဲ့အချိန်မှာ ကျွန်တော်တို့ ပြည်တွင်းမှာ ဘာပစ္စည်းတွေရှိလဲပေ့ါ။ အမှန်တိုင်းပြောရမယ်ဆိုရင် ကိုဗစ်ကြောင့် ဖြစ်လာပြီဆို ventalitor ပေါ်တင်ရ တဲ့အခြေအနေက နောက်ဆုံးပေါ့။ အဲအဆင့်မရောက်ခင် Mini ventilator ကိုရအောင်လုပ်မယ် ဆိုပြီး လုပ်ခဲ့တာ။" လို့ ဒီကိရိယာတီထွင်ရာမှာ ပါဝင်သူ လူငယ်အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ကိုအာကာထက်ကျော်က ပြောပြပါတယ်။
ဓာတ်ပုံ မူပိုင် YeMin
Image caption အော်တိုစနစ်နဲ့ အလုပ်လုပ်နိုင်အောင် တီထွင်ထား
ဒီအသက်ရှူအကူကိရိယာနဲ့ပတ်သက်ပြီး ဆေးပညာကျွမ်းကျင်သူက ဘယ်လိုမှတ်ချက်ပြုသလဲ

ဒီကိရိယာကို အမေရိကန်နိုင်ငံက ကျောင်းသားတွေထုတ်လုပ်တဲ့ပုံစံကို အခြေခံကာ တီထွင်ထားတာ ဖြစ်ပြီး အဆုတ်ထိခိုက်ပျက်စီးသွားသူတွေထက် ကနဦး အသက်ရှူရခက်ခဲတဲ့ လူနာတွေ အတွက် အထောက်အပံ့ဖြစ်ဖို့ ရည်ရွယ်တာလို့ ကိုအာကာထက်ကျော်က ဘီဘီစီကို ပြောပြပါတယ်။

မြန်မာအင်ဂျင်နီယာတွေဖြစ်တဲ့ ဦးဝင်းသိန်း၊ ကိုရဲမင်းနဲ့ ကိုအာကာထက်ကျော်တို့ ဦးဆောင် တီထွင်တဲ့ ဒီအသက်ရှူအကူကိရိယာကို လည်ပတ်မှုပိုင်းအနေနဲ့ ကနဦးစမ်းသပ် အောင်မြင်ပြီဖြစ်ပေမယ့် မေ့ဆေးပါရဂူ ဆရာဝန်တွေနဲ့ပြသပြီး အကြံပြုချက်တွေကိုလည်း တောင်းခံထားတယ်လို့ ဆိုပါတယ်။

"ထပ်ပြီး အဆင့်မြှင့်ဖို့တော့လိုတာပေါ့နော်။ လူနာရဲ့ လိုအပ်ချက်အတိုင်း pressure ၊ volume၊ flow သူ့ဆီကလာတဲ့အသက်ရှူနှုန်း ပေါ့။ ဒါတွေကို တွက်ချက်ပြီးလုပ်လို့ရအောင် ထပ်ပြီး အဆင့်မြှင့်သွားဖို့ရှိတယ်။ စက်က လည်ပတ်နိုင်ပြီဆိုပေမယ့် အငြိမ်းစား မေ့ဆေး ဆရာဝန်ကြီးတွေက ဒါတွေထပ်ပြီး လိုသေးတဲ့အကြောင်း အကြံပြုတယ်။ ဒါကြောင့် စက်ဒီဇိုင်းနဲ့အတူ ဒါတွေအားလုံးကို ထပ်ပြီး အဆင့်မြှင့်တဲ့အနေနဲ့ လုပ်သွားမယ်" လို့ ဦးဆောင်သူအင်ဂျင် နီယာ တစ်ဦးဖြစ်တဲ့ ဦးဝင်းသိန်းက ပြောပြပါတယ်။

မြန်မာအင်ဂျင်နီယာတွေတီထွင်တဲ့ အသက်ရှူအထောက်အကူပြု အကူကိရိယာဟာ ကနဦး တီထွင်မှုအနေနဲ့ ကုန်ကျစရိတ် ကျပ်သိန်းဆယ်ဂဏန်းဝန်းကျင် ကုန်ကျခဲ့ပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်ကာ အော်တိုစနစ်နဲ့ အလုပ်လုပ်နိုင်အောင် တီထွင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ မူပိုင် YeMin
Image caption အမေရိကန်ကျောင်းသားတွေတီထွင်ထားတဲ့ပုံကို အခြေခံကာ တီထွင်ခဲ့
ဒီကိရိယာကို ဘယ်နေရာတွေမှာ အသုံးပြုနိုင်မှာလဲ

"ကျွန်တော်တို့ မြန်မာပြည်မှာလည်း နိုင်ငံကဆင်းရဲတော့ ဝယ်ဖို့ခက်ခဲတယ်ဆိုတာသိတော့ Ventilator ( အသက်ရှူစက်) ကဈေးကြီးတယ်၊ ဒီတော့ အဲနေရာမှာ ဘယ်လိုလုပ်လို့ ရမလဲဆိုတော့ ampu bag ဆိုတဲ့ လက်နဲ့ညှစ်ပီး သုံးတဲ့လေအိတ် ရှိတယ်။ ဒါက အရေးပေါ်ကားတွေမှာသုံးတာ။ ဒါကို ပုံမှန်ညစ်ပြီး လူကတချိန်လုံး လုပ်ဖို့ဆိုတာမလွယ်ဘူး။

အဲနေရာမှာ portable type ကိုသွားကြည့်တဲ့ အခါကျတော့ လူကလုပ်စရာမလိုဘဲ လူကလိုအပ်တာကို ထိန်းချုပ်ပြီး အသက်ရှူလို့ရအောင် ကူညီတဲ့စက်ပေါ့။ ဥပမာ- နယ်ဆေးရုံတွေမှာ အသက်ရှူစက်လုံး၀ မရှိတဲ့နေရာမျိုးမှာ ဒီဟာနဲ့ချိတ်ဆက်ပြီးယာယီသုံးလို့ရမယ်။ အဲဒီကတဆင့် ရန်ကုန်လို နေရာမျိုးကို ခေါ်လာမယ်ဆိုရင် ကားနဲ့လာတဲ့အခါ လမ်းမှာ ဒီစက်ကို သုံးလို့ရမယ်။ အဓိက ဒါကိုရည်ရွယ်ပါတယ်" လို့ တီထွင်ရာမှာပါဝင်သူ တစ်ဦးဖြစ်တဲ့ ကိုရဲမင်းဟိန်းက ရှင်းပြပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရသူလူနာတွေဟာ အဆုတ်ထိခိုက်ပျက်စီးပြီး အသက်ရှူကြပ်တဲ့ဝေဒနာကို အဓိက ခံစားရတာဖြစ်ပါတယ်။ ဒီလိုခံစားရတဲ့အချိန်မှာ အဆုတ်ကနေ အသက်ရူနိုင်ဖို့ အကူကိရိယာတွေ လိုအပ် မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူပေါင်း ၂၈ ဦးတွေ့ရှိထားပြီဖြစ်ကာ ဒီထဲမှာ ရောဂါ အခံရှိပြီး အဆုတ်ထိခိုက်ပြီး သွေးဆိပ်တက်တဲ့ လက္ခဏာကြောင့် သေဆုံးသူ ၃ဦးရှိလာပြီလည်းဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52254592
ကိုဗစ္-၁၉ လူနာေတြအတြက္ အသက္ရႉအကူကိရိယာ ျမန္မာအင္ဂ်င္နီယာေတြတီထြင္ ကိုဗစ္-၁၉ လူနာေတြအတြက္ အသက္ရႉအကူကိရိယာ ျမန္မာအင္ဂ်င္နီယာေတြတီထြင္ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.