COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(Zawgyi)⤵⤵⤵
(၁၃-၄-၂၀၂၀) ရက္ေန႔၊ နံနက္(၀၀:၃၀) နာရီ

၁။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ (၁၂-၄-၂၀၂၀) ရက္ေန႔၊ ည ဓာတ္ခြဲစစ္ေဆးမႈမ်ားအရ ေစာင့္ၾကည့္လူနာမ်ား၊ ေဆး႐ုံမ်ားႏွင့္ သက္ဆိုင္ရာေနရာမ်ားတြင္ အသြားအလာကန္႔သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈမႈခံေနသူမ်ား စုစုေပါင္း (၂၇၈)ဦး၏ ဓာတ္ခြဲ နမူနာမ်ားအား စစ္ေဆးခဲ့ရာ ဇယား (၁) ၌ ေဖာ္ျပထားရွိေသာ လူနာ (၂) ဦးႏွင့္ (၁၂-၄-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီသတင္းတြင္ ေဖာ္ျပထားရွိေသာ လူနာ (၁) ဦး၊ စုစုေပါင္း (၃) ဦး၏ ဓာတ္ခြဲအေျဖတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရၿပီး က်န္လူနာမ်ားႏွင့္ ေစာင့္ၾကပ္ ၾကည့္ရႈမႈခံေနသူ (၂၇၅) ဦး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုး မရွိေၾကာင္း ေတြ႕ရွိ ရပါသည္။

၂။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-040) သည္ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၆၈) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ဓာတ္ခြဲအတည္ျပဳလူနာ (Case-08) ႏွင့္ (Case-028) တို႔ႏွင့္အတူေနမိသားစုဝင္မ်ားျဖစ္ပါသည္။ (Case-08) အား ဓာတ္ခြဲအတည္ျပဳ လူနာအျဖစ္ သတ္မွတ္ခဲ့ၿပီးေနာက္ လူနာမွာ (၂၈-၃-၂၀၂၀) ရက္ေန႔တြင္ (Case-028) ႏွင့္အတူ ေနအိမ္၌ အသြားအလာကန္႔သတ္ျခင္းျပဳလုပ္ထားရွိပါသည္။ အဆိုပါလူနာအား (၉-၄-၂၀၂၀) ရက္ေန႔တြင္ ဓာတ္ခြဲနမူနာရယူစစ္ေဆးခဲ့ၿပီး ယင္းေန႔တြင္ပင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈ ဆိုင္ရာဌာန (ရန္ကုန္) ၏ ဓာတ္ခြဲအေျဖအရ ေရာဂါပိုးမေတြ႕ရွိရေၾကာင္း သိရွိရပါသည္။ သို႔ေသာ္လည္း လူနာမွာ ေမာျခင္း၊ ေခ်ာင္းဆိုးျခင္း လကၡဏာမ်ားခံစားခဲ့ရသျဖင့္ (၁၂-၄-၂၀၂၀) ရက္ေန႔တြင္ ေျမာက္ဥကၠလာပျပည္သူ႔ေဆး႐ုံႀကီးသို႔သြားေရာက္ျပသခဲ့ရာ ၎အားေစာင့္ၾကည့္ လူနာအျဖစ္သတ္မွတ္၍ ဓာတ္ခြဲနမူနာထပ္မံရယူစစ္ေဆးခဲ့ျခင္းျဖစ္ပါသည္။ အဆိုပါလူနာတြင္ ေသြးတိုးေရာဂါႏွင့္ နာတာရွည္ေက်ာက္ကပ္ေရာဂါအခံမ်ားရွိေၾကာင္း သိရွိရပါသည္။

၃။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-041) သည္ ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၃၈) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး (၆-၄-၂၀၂၀) ရက္ေန႔မွစတင္၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ကိုယ္လက္နာက်င္ကိုက္ခဲျခင္း၊ ႏုံးခ်ိျခင္းစေသာ လကၡဏာမ်ား ခံစားခဲ့ရေသာ္လည္း ေရာဂါလကၡဏာမွာ ျပင္းထန္ျခင္းမရွိသျဖင့္ ေဆး႐ုံသို႔ သြားေရာက္ျပသ ခဲ့ျခင္းမရွိေၾကာင္း သိရွိရပါသည္။ အဆိုပါလူနာသည္ (Case-024)၊ (Case-034)၊ (Case-035)၊ (Case-036) ႏွင့္ (Case-037) တို႔ႏွင့္ ဘာသာေရးအခမ္းအနား အတူတက္ေရာက္ခဲ့ဖူးသည့္ ရာဇဝင္ရွိ ေၾကာင္း သိရွိရပါသည္။ လူနာသည္ (၁၂-၄-၂၀၂၀)ရက္ေန႔တြင္ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္းႏွင့္ ကိုယ္လက္ကိုက္ခဲျခင္းစေသာ လကၡဏာမ်ားထပ္မံခံစားခဲ့ရသျဖင့္ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီး သို႔ သြားေရာက္ျပသခဲ့ရာ ၎အား ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္၍ ဓာတ္ခြဲနမူနာရယူ စစ္ေဆးခဲ့ျခင္း ျဖစ္ၿပီး အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးမွ ေဝဘာဂီအထူးကုေဆး႐ုံႀကီးသို႔ လႊဲေျပာင္း ကုသရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါသည္။

၄။ ယခုအခါ (၂၃-၃-၂၀၂၀)ရက္ေန႔မွ (၁၂-၄-၂၀၂၀)ရက္ေန႔၊ ည (၁၂:၀၀)နာရီအခ်ိန္အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၄၁) ဦး ေတြ႕ရွိခဲ့ၿပီး ျဖစ္ပါသည္။

၅။ သို႔ျဖစ္ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ားမွာ ခ်င္းျပည္နယ္၊ တီးတိန္ ျပည္သူ႔ေဆး႐ုံတြင္ (၃)ဦး၊ ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ လူနာ (၂၇)ဦး၊ ရွမ္း ျပည္နယ္ (ေျမာက္ပိုင္း)၊ လားရႈိးျပည္သူ႔ေဆး႐ုံႀကီးတြင္ (၁)ဦး၊ ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီး တြင္ လူနာ (၁)ဦး၊ စဝ္စံထြန္းျပည္သူ႔ေဆး႐ုံႀကီးတြင္ လူနာ (၁)ဦးႏွင့္ ေျမာက္ဥကၠလာပျပည္သူ႔ ေဆး႐ုံႀကီးတြင္ လူနာ (၁)ဦး၊ စုစုေပါင္း (၃၄)ဦး တို႔ျဖစ္ၿပီး ၎တို႔၏ က်န္းမာေရး အေျခအေန မွာ တည္ၿငိမ္လ်က္ရွိပါသည္။ ေဝဘာဂီအထူးကုေဆး႐ုံႀကီးရွိ လူနာ (၁) ဦးအား အထူးၾကပ္မတ္ ခန္း၌ သီးျခားထားရွိ ေဆးကုသမႈေပးလ်က္ရွိပါသည္။

၆။ အဆိုပါ ဓာတ္ခြဲအတည္ျပဳလူနာမ်ားႏွင့္ ထိေတြ႕ခဲ့သူမ်ားအားလုံးကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနအေနျဖင့္ ရွာေဖြစုံစမ္းေဖာ္ထုတ္၍ အသြားအလာကန႔္သတ္ျခင္း၊ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားအား ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။ သို႔ျဖစ္ပါ၍ အဆိုပါ ဓာတ္ခြဲအတည္ျပဳလူနာမ်ားႏွင့္ အနီးကပ္ထိေတြ႕ခဲ့သည့္ ျပည္သူလူထုအေနျဖင့္ နီးစပ္ရာ က်န္းမာေရးဌာနသို႔ ဆက္သြယ္အေၾကာင္းၾကားေစလိုေၾကာင္း တိုက္တြန္းအပ္ပါ သည္။

၇။ လတ္တေလာ ထပ္မံထုတ္ျပန္ရန္ ဓာတ္ခြဲအေျဖသတင္းမ်ားမရွိေတာ့ပါ။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/?epa=SEARCH_BOX
--------------
(Unicode)⤵⤵⤵

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၃-၄-၂၀၂၀) ရက်နေ့၊ နံနက်(၀၀:၃၀) နာရီ

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၂-၄-၂၀၂၀) ရက်နေ့၊ ည ဓာတ်ခွဲစစ်ဆေးမှုများအရ စောင့်ကြည့်လူနာများ၊ ဆေးရုံများနှင့် သက်ဆိုင်ရာနေရာများတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံနေသူများ စုစုပေါင်း (၂၇၈)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ ဇယား (၁) ၌ ဖော်ပြထားရှိသော လူနာ (၂) ဦးနှင့် (၁၂-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ဖော်ပြထားရှိသော လူနာ (၁) ဦး၊ စုစုပေါင်း (၃) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာများနှင့် စောင့်ကြပ် ကြည့်ရှုမှုခံနေသူ (၂၇၅) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိ ရပါသည်။

၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-040) သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် (၆၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ (Case-08) နှင့် (Case-028) တို့နှင့်အတူနေမိသားစုဝင်များဖြစ်ပါသည်။ (Case-08) အား ဓာတ်ခွဲအတည်ပြု လူနာအဖြစ် သတ်မှတ်ခဲ့ပြီးနောက် လူနာမှာ (၂၈-၃-၂၀၂၀) ရက်နေ့တွင် (Case-028) နှင့်အတူ နေအိမ်၌ အသွားအလာကန့်သတ်ခြင်းပြုလုပ်ထားရှိပါသည်။ အဆိုပါလူနာအား (၉-၄-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ပြီး ယင်းနေ့တွင်ပင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) ၏ ဓာတ်ခွဲအဖြေအရ ရောဂါပိုးမတွေ့ရှိရကြောင်း သိရှိရပါသည်။ သို့သော်လည်း လူနာမှာ မောခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် (၁၂-၄-၂၀၂၀) ရက်နေ့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြသခဲ့ရာ ၎င်းအားစောင့်ကြည့် လူနာအဖြစ်သတ်မှတ်၍ ဓာတ်ခွဲနမူနာထပ်မံရယူစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါလူနာတွင် သွေးတိုးရောဂါနှင့် နာတာရှည်ကျောက်ကပ်ရောဂါအခံများရှိကြောင်း သိရှိရပါသည်။

၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-041) သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်သော အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး (၆-၄-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ နုံးချိခြင်းစသော လက္ခဏာများ ခံစားခဲ့ရသော်လည်း ရောဂါလက္ခဏာမှာ ပြင်းထန်ခြင်းမရှိသဖြင့် ဆေးရုံသို့ သွားရောက်ပြသ ခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။ အဆိုပါလူနာသည် (Case-024)၊ (Case-034)၊ (Case-035)၊ (Case-036) နှင့် (Case-037) တို့နှင့် ဘာသာရေးအခမ်းအနား အတူတက်ရောက်ခဲ့ဖူးသည့် ရာဇဝင်ရှိ ကြောင်း သိရှိရပါသည်။ လူနာသည် (၁၂-၄-၂၀၂၀)ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းစသော လက္ခဏာများထပ်မံခံစားခဲ့ရသဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီး သို့ သွားရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်း ကုသရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၄။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၂-၄-၂၀၂၀)ရက်နေ့၊ ည (၁၂:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄၁) ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

၅။ သို့ဖြစ်ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၃)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၂၇)ဦး၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး တွင် လူနာ (၁)ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦးနှင့် မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးတွင် လူနာ (၁)ဦး၊ စုစုပေါင်း (၃၄)ဦး တို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေ မှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ် ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၆။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရှာဖွေစုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ်ပါ သည်။

၇။ လတ်တလော ထပ်မံထုတ်ပြန်ရန် ဓာတ်ခွဲအဖြေသတင်းများမရှိတော့ပါ။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/?epa=SEARCH_BOX
COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း Reviewed by THITHTOOLWIN on 02:14 Rating: 5
Powered by Blogger.