အီစတာ၀တ္ျပဳပဲြ ဗာတီကန္မွာ ပရိသတ္မပါဘဲ ပုပ္ရဟန္းမင္း ဦးေဆာင္က်င္းပ

ပုပ္ရဟန္းမင္းႀကီး Francis. (ဧၿပီ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

ခရစ္ယာန္ဘာသာ၀င္ေတြရဲ႕ အထြတ္အျမတ္ထားရာ ေန႔တေန႔ျဖစ္တဲ့ အီစတာပဲြေတာ္ ၀တ္ျပဳဆုေတာင္းပဲြ အခမ္းအနားကို ကက္သလစ္ သာသနာပိုင္ ပုပ္ရဟန္းမင္းႀကီး Francis ဦးေဆာင္ၿပီး ဗာတီကန္ၿမိဳ႕က St. Peter ဘုရားေက်ာင္းမွာ ဒီကေန႔ က်င္းပခဲ့ပါတယ္။

ပုံမွန္အားျဖင့္ေတာ့ St. Peter ရင္ျပင္မွာက်င္းပတဲ့ အီစတာပဲြေတာ္ ၀တ္ျပဳဆုေတာင္းပဲြ အခမ္းအနားကို ကမာၻတ၀ွမ္းက ခရစ္ယာန္ဘာသာ၀င္ေတြ သိန္းနဲ႔ခ်ီၿပီး တက္ေရာက္တာျဖစ္ေပမယ့္ ဒီႏွစ္မွာေတာ့ ကမာၻတ၀ွမ္းမွာျဖစ္ေနတဲ့ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ ဒီ၀တ္ျပဳဆုေတာင္းပဲြ အခမ္းအနားကို လူထုေတြကို တက္ေရာက္ခြင့္မေပးဘဲ ၀တ္ျပဳဆုေတာင္းပဲြကိုလည္း ဘုရားေက်ာင္းအတြင္းမွာပဲ က်င္းပခဲ့တာ ျဖစ္ပါတယ္။

“ဒီကေန႔မွာေတာ့ ကို႐ုိနာဗုိင္းရပ္စ္ေရာဂါ ကူးစက္ခံလိုက္ရလို႔ ေသဆုံးခဲ့တဲ့သူေတြ၊ ေနမေကာင္းျဖစ္ခဲ့တဲ့သူေတြနဲ႔ မိသားစု၀င္ေတြ အပါအ၀င္ ကိုယ္ခ်စ္တဲ့ခင္တဲ့ သူေတြကို ဆုံး႐ႈံးလိုက္ရတဲ့သူေတြအတြက္ ဆုေတာင္းေမတၱာ ပို႔သေနပါတယ္” လုိ႔ ပုပ္ရဟန္းမင္းႀကီး Francis ေျပာသြားတာပါ။

ဒီ၀တ္ျပဳဆုေတာင္းပဲြကို ကမာၻတ၀ွမ္းက ခရစ္ယာန္ဘာသာ၀င္ေတြ ၾကည့္႐ႈႏုိင္ဖို႔အတြက္ ဗာတီကန္ကေန ထုတ္လႊင့္ေပးခဲ့တာျဖစ္ၿပီး ခရစ္ယာန္ဘာသာ၀င္ေတြ အေတာ္မ်ားမ်ားဟာလည္း အင္တာနက္ အြန္လိုင္းကေနပဲ ၀တ္ျပဳဆုေတာင္းပဲြကို ၾကည့္႐ႈခဲ့ၾကပါတယ္။


----------------------------------

(Unicode)

အီစတာဝတ်ပြုပွဲ ဗာတီကန်မှာ ပရိသတ်မပါဘဲ ပုပ်ရဟန်းမင်း ဦးဆောင်ကျင်းပ

ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ နေ့တနေ့ဖြစ်တဲ့ အီစတာပွဲတော် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ဦးဆောင်ပြီး ဗာတီကန်မြို့က St. Peter ဘုရားကျောင်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ပုံမှန်အားဖြင့်တော့ St. Peter ရင်ပြင်မှာကျင်းပတဲ့ အီစတာပွဲတော် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ကမ္ဘာတဝှမ်းက ခရစ်ယာန်ဘာသာဝင်တွေ သိန်းနဲ့ချီပြီး တက်ရောက်တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဒီဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို လူထုတွေကို တက်ရောက်ခွင့်မပေးဘဲ ဝတ်ပြုဆုတောင်းပွဲကိုလည်း ဘုရားကျောင်းအတွင်းမှာပဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

“ဒီကနေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံလိုက်ရလို့ သေဆုံးခဲ့တဲ့သူတွေ၊ နေမကောင်းဖြစ်ခဲ့တဲ့သူတွေနဲ့ မိသားစုဝင်တွေ အပါအဝင် ကိုယ်ချစ်တဲ့ခင်တဲ့ သူတွေကို ဆုံးရှုံးလိုက်ရတဲ့သူတွေအတွက် ဆုတောင်းမေတ္တာ ပို့သနေပါတယ်” လို့ ပုပ်ရဟန်းမင်းကြီး Francis ပြောသွားတာပါ။

ဒီဝတ်ပြုဆုတောင်းပွဲကို ကမ္ဘာတဝှမ်းက ခရစ်ယာန်ဘာသာဝင်တွေ ကြည့်ရှုနိုင်ဖို့အတွက် ဗာတီကန်ကနေ ထုတ်လွှင့်ပေးခဲ့တာဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တွေ အတော်များများဟာလည်း အင်တာနက် အွန်လိုင်းကနေပဲ ဝတ်ပြုဆုတောင်းပွဲကို ကြည့်ရှုခဲ့ကြပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/pope-francis-ester/5369123.html
အီစတာ၀တ္ျပဳပဲြ ဗာတီကန္မွာ ပရိသတ္မပါဘဲ ပုပ္ရဟန္းမင္း ဦးေဆာင္က်င္းပ အီစတာ၀တ္ျပဳပဲြ ဗာတီကန္မွာ ပရိသတ္မပါဘဲ ပုပ္ရဟန္းမင္း ဦးေဆာင္က်င္းပ Reviewed by THITHTOOLWIN on 02:17 Rating: 5
Powered by Blogger.