ကို႐ိုနာဗိုင္းရပ္စ္: ၿဗိတိသွ်ဝန္ႀကီးခ်ဳပ္ ေဆး႐ုံက ဆင္းခြင့္ရၿပီ

 ျပန္သက္သာလာခဲ့ၿပီ။
(Zawgyi)⤵⤵⤵

ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးခံရလို႔ ေဆး႐ုံမွာ ကုသခံခဲ့ရအၿပီး ဒီကေန႔ ဧၿပီလ ၁၂ ရက္ေန႔မွာ ေဆး႐ုံက ဆင္းခဲ့ၿပီလို႔ ဝန္ႀကီးခ်ဳပ္႐ုံးက ထုတ္ျပန္ အသိေပးပါတယ္။ ဒါေပမယ့္ ခ်က္ျခင္းေတာ့ အလုပ္ေတြ ျပန္လုပ္ဦးမွာ မဟုတ္ေသးဘူးလို႔ ဆိုပါတယ္။

အသက္ ၅၅ ႏွစ္ရွိၿပီျဖစ္တဲ့ မစၥတာဂြၽန္ဆင္ဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရေၾကာင္း ေဆးစစ္ခ်က္အရ ေတြ႕ရွိၿပီး ၁၀ ရက္အၾကာၿပီးခဲ့တဲ့ တနဂၤေႏြေန႔က လန္ဒန္က စိန္႔ေသာမတ္စ္ေဆး႐ုံကို တက္ခဲ့ရပါတယ္။

သူဟာ အေရးေပၚၾကပ္မတ္ကုသေဆာင္မွာ သုံးရက္ေနခဲ့ရၿပီးတဲ့ေနာက္ ၾကာသပေတးေန႔ကေတာ့ ျပန္သက္သာလို႔ ပုံမွန္ကုသေဆာင္ထဲ ျပန္ေရာက္လာခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ဟာ အခု ေဆး႐ုံကဆင္းလာၿပီးတဲ့ေနာက္မွာ ဝန္ႀကီးခ်ဳပ္ေတြရဲ႕ ေက်းလက္က ေနအိမ္မွာပဲ အနားယူ ျပန္နာလန္ထတဲ့အထိ ေနမယ္လို႔ သိရပါတယ္။

ေဆးအဖြဲ႕ရဲ႕ အႀကံျပဳခ်က္အရ ဝန္ႀကီးခ်ဳပ္ဟာ အလုပ္ေတြခ်က္ျခင္းျပန္လုပ္ဦးမွာ မဟုတ္ပါဘူး။ သူ႔ကို ဂ႐ုတစိုက္ျပဳစုကုသေပးခဲ့ၾကတဲ့ စိန္႔ေသာမတ္စ္ေဆး႐ုံက လူတိုင္းကို ေက်းဇူးတင္ေၾကာင္း ေျပာခ်င္ပါတယ္။ ဒီဗိုင္းရပ္စ္ပိုးေၾကာင့္ ထိခိုက္ခဲ့ရသူ အားလုံးကိုလည္း သူ႔စိတ္ထဲမွာ သတိရေတြးေတာေနမွာပါ လို႔ ဝန္ႀကီးခ်ဳပ္႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေဘာရစ္ဂြၽန္ဆင္ရဲ႕ ဇနီးေလာင္းျဖစ္ၿပီး သူတို႔ရဲ႕ ရင္ေသြးကို ကိုယ္ဝန္လြယ္ထားရသူ ကယ္ရီဆင္းမြန္းကလည္း သူတို႔ဆီကို ၾကင္နာတဲ့ ေထာက္ခံအားေပးတဲ့ စကားေတြေျပာၾကား ေပးပို႔ၾကသူ အားလုံးကို ေက်းဇူးတင္ေၾကာင္း တြစ္တာကေန ေျပာပါတယ္။ ဒီကေန႔ေတာ့ ကြၽန္မ သိပ္ကံေကာင္းတယ္လို႔ ခံစားရပါတယ္လို႔ သူက ဆိုပါတယ္။

ၿပီးခဲ့တဲ့ အပတ္ကေတာ့ စိတ္ထဲမွာ အေမွာင္တိုက္ႀကီး ျဖစ္ခဲ့ရတဲ့ အခ်ိန္ေတြ ရွိခဲ့တယ္။ ကြၽန္မလိုပဲ ကိုယ္ခ်စ္ရသူေတြရဲ႕ အေျခအေနအေပၚ စိုးရိမ္ေသာက ႀကီးႀကီးမားမား ေရာက္ေနခဲ့ရသူေတြအားလုံးကို စာနာမိပါတယ္ လို႔သူဆိုပါတယ္။

ၿဗိတိသွ် က်န္းမာေရးေစာင့္ရွာက္မႈဌာန NHS က ဝန္ထမ္းေတြကိုလည္း ဘယ္လို ေက်းဇူးတင္ရမွန္းမသိဘူး၊ သူတို႔ ေက်းဇူးကို ဘယ္ေတာ့မွ မေမ့ပါဘူးလို႔လည္း သူက ေျပာပါေသးတယ္။

မစၥဆင္းမြန္းဟာ ေနာက္ ႏွစ္လဆိုရင္ ရင္ေသြးေလးကို မီးဖြားေတာ့မွာပါ၊ သူ႔မွာလည္း ကို႐ိုနာေရာဂါလကၡဏာေတြ ရွိေနလို႔ တစ္ကိုယ္တည္း သီးျခားခြဲေနေနေပမယ့္ ပိုးရွိမရွိေတာ့ ေဆးအစစ္မခံရေသးပါဘူး။

BBC Burmese
https://www.bbc.com/burmese/world-52263210
------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်: ဗြိတိသျှဝန်ကြီးချုပ် ဆေးရုံက ဆင်းခွင့်ရပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြန်သက်သာလာခဲ့ပြီ။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးခံရလို့ ဆေးရုံမှာ ကုသခံခဲ့ရအပြီး ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့မှာ ဆေးရုံက ဆင်းခဲ့ပြီလို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန် အသိပေးပါတယ်။ ဒါပေမယ့် ချက်ခြင်းတော့ အလုပ်တွေ ပြန်လုပ်ဦးမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာဂျွန်ဆင်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ဆေးစစ်ချက်အရ တွေ့ရှိပြီး ၁၀ ရက်အကြာပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လန်ဒန်က စိန့်သောမတ်စ်ဆေးရုံကို တက်ခဲ့ရပါတယ်။

သူဟာ အရေးပေါ်ကြပ်မတ်ကုသဆောင်မှာ သုံးရက်နေခဲ့ရပြီးတဲ့နောက် ကြာသပတေးနေ့ကတော့ ပြန်သက်သာလို့ ပုံမှန်ကုသဆောင်ထဲ ပြန်ရောက်လာခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟာ အခု ဆေးရုံကဆင်းလာပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်တွေရဲ့ ကျေးလက်က နေအိမ်မှာပဲ အနားယူ ပြန်နာလန်ထတဲ့အထိ နေမယ်လို့ သိရပါတယ်။

ဆေးအဖွဲ့ရဲ့ အကြံပြုချက်အရ ဝန်ကြီးချုပ်ဟာ အလုပ်တွေချက်ခြင်းပြန်လုပ်ဦးမှာ မဟုတ်ပါဘူး။ သူ့ကို ဂရုတစိုက်ပြုစုကုသပေးခဲ့ကြတဲ့ စိန့်သောမတ်စ်ဆေးရုံက လူတိုင်းကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးကြောင့် ထိခိုက်ခဲ့ရသူ အားလုံးကိုလည်း သူ့စိတ်ထဲမှာ သတိရတွေးတောနေမှာပါ လို့ ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘောရစ်ဂျွန်ဆင်ရဲ့ ဇနီးလောင်းဖြစ်ပြီး သူတို့ရဲ့ ရင်သွေးကို ကိုယ်ဝန်လွယ်ထားရသူ ကယ်ရီဆင်းမွန်းကလည်း သူတို့ဆီကို ကြင်နာတဲ့ ထောက်ခံအားပေးတဲ့ စကားတွေပြောကြား ပေးပို့ကြသူ အားလုံးကို ကျေးဇူးတင်ကြောင်း တွစ်တာကနေ ပြောပါတယ်။ ဒီကနေ့တော့ ကျွန်မ သိပ်ကံကောင်းတယ်လို့ ခံစားရပါတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ စိတ်ထဲမှာ အမှောင်တိုက်ကြီး ဖြစ်ခဲ့ရတဲ့ အချိန်တွေ ရှိခဲ့တယ်။ ကျွန်မလိုပဲ ကိုယ်ချစ်ရသူတွေရဲ့ အခြေအနေအပေါ် စိုးရိမ်သောက ကြီးကြီးမားမား ရောက်နေခဲ့ရသူတွေအားလုံးကို စာနာမိပါတယ် လို့သူဆိုပါတယ်။

ဗြိတိသျှ ကျန်းမာရေးစောင့်ရှာက်မှုဌာန NHS က ဝန်ထမ်းတွေကိုလည်း ဘယ်လို ကျေးဇူးတင်ရမှန်းမသိဘူး၊ သူတို့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူးလို့လည်း သူက ပြောပါသေးတယ်။

မစ္စဆင်းမွန်းဟာ နောက် နှစ်လဆိုရင် ရင်သွေးလေးကို မီးဖွားတော့မှာပါ၊ သူ့မှာလည်း ကိုရိုနာရောဂါလက္ခဏာတွေ ရှိနေလို့ တစ်ကိုယ်တည်း သီးခြားခွဲနေနေပေမယ့် ပိုးရှိမရှိတော့ ဆေးအစစ်မခံရသေးပါဘူး။

BBC Burmese
https://www.bbc.com/burmese/world-52263210
ကို႐ိုနာဗိုင္းရပ္စ္: ၿဗိတိသွ်ဝန္ႀကီးခ်ဳပ္ ေဆး႐ုံက ဆင္းခြင့္ရၿပီ ကို႐ိုနာဗိုင္းရပ္စ္: ၿဗိတိသွ်ဝန္ႀကီးခ်ဳပ္ ေဆး႐ုံက ဆင္းခြင့္ရၿပီ Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.