မေလးရွားမွာ COVID-19 ကူးစက္သူ ျမန္မာႏုိင္ငံသား ၅၀ ထက္မနည္းရွိ

မေလးရွားႏိုင္ငံ Kuala Lumpur ၿမိဳ႕ (ဧၿပီ ၁၅၊ ၂၀၂၀)

(Zawgyi/Unicode)

မေလးရွားႏိုင္ငံတြင္း COVID-19 ေရာဂါပိုးကူးစက္ခံရသူ ျမန္မာႏိုင္ငံသား ၅၀ အထိ တိုးလာတဲ့သတင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

မေလးရွားႏိုင္ငံတြင္းမွာ တရား၀င္ေရာ၊ တရားမ၀င္ေရာ ျမန္မာအလုပ္သမား ၅၀၀,၀၀၀ ထက္မနည္းရိွေနတဲ့အထဲ အခုဆိုရင္ COVID-19 ေရာဂါပိုးကူးစက္ခံရသူ ျမန္မာႏိုင္ငံသားေတြ ပို တိုးလာပါတယ္။ မေလးရွားႏိုင္ငံ အာဏာပိုင္ေတြရဲ႕ ထုတ္ျပန္ခ်က္အရ ေရာဂါပိုးကူးစက္ခံရသူ ျမန္မာ ၅၀ အထိ ရိွလာတယ္လို႔ မေလးရွားႏုိင္ငံ ျမန္မာသံရံုးကအလုပ္သမားသံအရာရွိ ဦးေအာင္ေဇာ္မင္းက ဗီြအိုေအကို ေျပာပါတယ္။

"ရွိပါတယ္။ ပို တိုးလာတယ္။ ျပီးခဲ့တဲ့ အပတ္က ထုတ္ျပန္တာ ၃၀ အခု ၂၀ ထပ္တုိးလာပါတယ္ ၅၀ ထိ တုိးလာပါတယ္။ တရားမ၀င္လို႔ဘဲ ေျပာရမွာ ဆလာယန္းဘက္ကပါ။"

မေလးရွားႏိုင္ငံ ျမန္မာသံရံုးအေနနဲ့ မေလးရွားႏိုင္ငံက စက္ရံုေတြကိုပညာေပးတာေတြကုိ ျပီးခဲ့တဲ့ လေတြက လုပ္ခဲ့သလို အခုအခါမွာေတာ့ တရားမ၀င္ေနထုိင္သူေတြက အကူညီေတာင္းလာတဲ့အခါ စာေသာက္ေရးကို သြားေရာက္ကူညီတာမ်ိဳးေတြ ရွိတယ္လို႔လည္း ဆိုပါတယ္။

"သီးျခားခြင္ျပဳမိန္႔ေတြယူျပီး အျပင္က တရားမ၀င္ေတြကို သြားေရာက္လွဴဒါန္းတာေတြ ရွိပါတယ္။ အခုလွဴေနတဲ့ အဖဲြ႔အစည္းေတြက တရားမ၀င္ေနထုိင္ေနသူေတြကုိ သြားလွဴေနၾကတာပါ။ တရား၀င္ေတြကေတာ့ သက္ဆုိင္ရာ အလုပ္ရွင္ေတြနဲ႔ ျမန္မာေအဂ်င္စီေတြ ခ်ိတ္ဆက္ျပီး ကူညီေပးၾကပါတယ္။ က်ေနာ္တို႔ကိုလည္း တရားမ၀င္လူေတြ အမ်ားႀကီး ဆက္သြယ္လာပါတယ္။ တခ်ိဳ႕ေတြက ေတာထဲမွာပဲ စားစာရာေသာက္စရာ မရွိဘူးဆိုေတာ့ အဲဒီအခါ အဲဒီနယ္ေျမမွာရွိတဲ့ နာေရးကူညီမူ့အသင္းေတြနဲ႔ ခ်ိိတ္ဆက္ျပီး သြားေရာက္ကူညီခိုင္းတာေတြလည္း ရွိပါတယ္။"

COVID-19 အေရးေပၚကာလမွာ ေရာဂါကူးစက္မႈ မျပန႔္ပြားေအာင္ တရားဝင္ ႏိုင္ငံျခားသားအလုပ္သမားမ်ားကုိ မေလးရွားအစုိးရ စီမံခန႔္ခြဲမႈ ေကာင္းေပမဲ့လည္း တရားမ၀င္ေနထုိင္သူေတြအတြက္ အဓိကထားလုပ္ဖို႔ လိုအပ္ေနေသးေၾကာင္း မေလးရွားလုပ္ငန္းရွင္ ေတြက ေျပာၾကားၾကပါတယ္။ တရားမဝင္ အလုပ္သမားမ်ာေတြမ်ားတာေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါကူးစက္ပ်ံ႕ႏွ႔ံမႈကို ထိန္းခ်ဳပ္ဖို႔ စစ္ေဆးဖို ့ေျခရာခံဖို႔က ခက္ခဲေနတယ္လို႔လည္း ဆိုပါတယ္။ တရားမ၀င္ေနထုိင္သူေတြဟာ က်ဥ္းေျမာင္းတဲ့ ေနရာေတြမွာ စုေပါင္းေနထုိင္ေနတာေၾကာင့္ ေရာဂါျဖစ္ႏုိင္ေခ်မ်ားေနတာပါ။

မေလးရွားမွာ တရားမ၀င္ အလုပ္သမား ၃.၃ သန္း ခန္႔ ရွိျပီး ဒီထဲမွာ ျမန္မာကေတာ့ ၃၀၀,၀၀၀ ခန္႔ ရွိေနတာပါ။ မေလးရွားအစုိးအေနနဲ ့တရားမ၀င္ႏိုင္ငံျခားသားေတြၾကား ေရာဂါျပန္႔ပြားမႈကုိ ပုိျပီးထိမ္းခ်ဳပ္ဖို႔ မေလးရွားလုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္က ဒီရက္ပုိင္းမွာပဲ သတိေပးထားပါတယ္။ ေလာေလာဆယ္မွာ မေလးရွားမွာ ျမန္မာ ၅၀ အပါအ၀င္ ႏုိင္ငံျခားသား အလုပ္သမား ၆၀၀ ေက်ာ္ဟာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ မေလးရွားအာဏာပိုင္ေတြက ထုတ္ျပန္ထားပါတယ္။

အလားတူ ထုိင္းႏုိင္ငံမွာေတာ့ ျမန္မာႏိုင္ငံသား ၁၇ ဦးဟာ ကူးစက္ခံေနရေၾကာင္း ထုိင္းက်န္းမာေရးဌာနကို ကုိးကားျပီး ထုိင္းႏိုင္ငံမွာရွိတဲ့ အလုပ္သမား သံအရာရွိေတြက ေျပာပါတယ္။ ျမန္မာသံရံုးအေနနဲ႔ကေတာ့ စက္ရံုပိတ္လို႔ အခက္အခဲျဖစ္ေနတဲ့ အလုပ္သမားေတြကိုေတာ့ ဥပေဒေႀကာင္းအရ ကူညီေပးမူေတြရွိတယ္လို႔ ဆိုပါတယ္။

မေလးရွားႏိုင္ငံမွာ COVID-19 ဓါတ္ခဲြအတည္ျပဳပိုးေတြ႔သူ ၅,၀၀၀ ေက်ာ္ရိွထားၿပီး ေရာဂါေၾကာင့္ လူ ၉၀ ၀န္းက်င္ ေသဆံုးခဲ့ပါၿပီ။ ထိုင္းႏိုင္ငံမွာေတာ့ ဓါတ္ခဲြအတည္ျပဳ ပိုးေတြ႔သူ ၃,၀၀၀ နီးပါးရိွၿပီး ေသဆံုးသူက ၅၀ နီးပါးရိွေနပါၿပီ။


[Unicode Version]

မလေးရှားမှာ COVID-19 ကူးစက်သူ မြန်မာနိုင်ငံသား ၅၀ ထက်မနည်းရှိ

မလေးရှားနိုင်ငံတွင်း COVID-19 ရောဂါပိုးကူးစက်ခံရသူ မြန်မာနိုင်ငံသား ၅၀ အထိ တိုးလာတဲ့သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

မလေးရှားနိုင်ငံတွင်းမှာ တရားဝင်ရော၊ တရားမဝင်ရော မြန်မာအလုပ်သမား ၅၀၀,၀၀၀ ထက်မနည်းရှိနေတဲ့အထဲ အခုဆိုရင် COVID-19 ရောဂါပိုးကူးစက်ခံရသူ မြန်မာနိုင်ငံသားတွေ ပို တိုးလာပါတယ်။ မလေးရှားနိုင်ငံ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ ရောဂါပိုးကူးစက်ခံရသူ မြန်မာ ၅၀ အထိ ရှိလာတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးကအလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက ဗွီအိုအေကို ပြောပါတယ်။

"ရှိပါတယ်။ ပို တိုးလာတယ်။ ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်တာ ၃၀ အခု ၂၀ ထပ်တိုးလာပါတယ် ၅၀ ထိ တိုးလာပါတယ်။ တရားမဝင်လို့ဘဲ ပြောရမှာ ဆလာယန်းဘက်ကပါ။"

မလေးရှားနိုင်ငံ မြန်မာသံရုံးအနေနဲ့ မလေးရှားနိုင်ငံက စက်ရုံတွေကိုပညာပေးတာတွေကို ပြီးခဲ့တဲ့ လတွေက လုပ်ခဲ့သလို အခုအခါမှာတော့ တရားမဝင်နေထိုင်သူတွေက အကူညီတောင်းလာတဲ့အခါ စာသောက်ရေးကို သွားရောက်ကူညီတာမျိုးတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

"သီးခြားခွင်ပြုမိန့်တွေယူပြီး အပြင်က တရားမဝင်တွေကို သွားရောက်လှူဒါန်းတာတွေ ရှိပါတယ်။ အခုလှူနေတဲ့ အဖွဲ့အစည်းတွေက တရားမဝင်နေထိုင်နေသူတွေကို သွားလှူနေကြတာပါ။ တရားဝင်တွေကတော့ သက်ဆိုင်ရာ အလုပ်ရှင်တွေနဲ့ မြန်မာအေဂျင်စီတွေ ချိတ်ဆက်ပြီး ကူညီပေးကြပါတယ်။ ကျနော်တို့ကိုလည်း တရားမဝင်လူတွေ အများကြီး ဆက်သွယ်လာပါတယ်။ တချို့တွေက တောထဲမှာပဲ စားစာရာသောက်စရာ မရှိဘူးဆိုတော့
အဲဒီအခါ အဲဒီနယ်မြေမှာရှိတဲ့ နာရေးကူညီမူ့အသင်းတွေနဲ့ ချိတ်ဆက်ပြီး သွားရောက်ကူညီခိုင်းတာတွေလည်း ရှိပါတယ်။"

COVID-19 အရေးပေါ်ကာလမှာ ရောဂါကူးစက်မှု မပြန့်ပွားအောင် တရားဝင် နိုင်ငံခြားသားအလုပ်သမားများကို မလေးရှားအစိုးရ စီမံခန့်ခွဲမှု ကောင်းပေမဲ့လည်း တရားမဝင်နေထိုင်သူတွေအတွက် အဓိကထားလုပ်ဖို့ လိုအပ်နေသေးကြောင်း မလေးရှားလုပ်ငန်းရှင် တွေက ပြောကြားကြပါတယ်။ တရားမဝင် အလုပ်သမားမျာတွေများတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ စစ်ဆေးဖို ့ခြေရာခံဖို့က ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။ တရားမဝင်နေထိုင်သူတွေဟာ ကျဉ်းမြောင်းတဲ့ နေရာတွေမှာ စုပေါင်းနေထိုင်နေတာကြောင့် ရောဂါဖြစ်နိုင်ချေများနေတာပါ။

မလေးရှားမှာ တရားမဝင် အလုပ်သမား ၃.၃ သန်း ခန့် ရှိပြီး ဒီထဲမှာ မြန်မာကတော့ ၃၀၀,၀၀၀ ခန့် ရှိနေတာပါ။ မလေးရှားအစိုးအနေနဲ့တရားမဝင်နိုင်ငံခြားသားတွေကြား ရောဂါပြန့်ပွားမှုကို ပိုပြီးထိမ်းချုပ်ဖို့ မလေးရှားလုပ်ငန်းရှင်များအဖွဲ့ချုပ်က ဒီရက်ပိုင်းမှာပဲ သတိပေးထားပါတယ်။ လောလောဆယ်မှာ မလေးရှားမှာ မြန်မာ ၅၀ အပါအဝင် နိုင်ငံခြားသား အလုပ်သမား ၆၀၀ ကျော်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ မလေးရှားအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

အလားတူ ထိုင်းနိုင်ငံမှာတော့ မြန်မာနိုင်ငံသား ၁၇ ဦးဟာ ကူးစက်ခံနေရကြောင်း ထိုင်းကျန်းမာရေးဌာနကို ကိုးကားပြီး ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမား သံအရာရှိတွေက ပြောပါတယ်။ မြန်မာသံရုံးအနေနဲ့ကတော့ စက်ရုံပိတ်လို့ အခက်အခဲဖြစ်နေတဲ့ အလုပ်သမားတွေကိုတော့ ဥပဒေကြောင်းအရ ကူညီပေးမူတွေရှိတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ COVID-19 ဓါတ်ခွဲအတည်ပြုပိုးတွေ့သူ ၅,၀၀၀ ကျော်ရှိထားပြီး ရောဂါကြောင့် လူ ၉၀ ဝန်းကျင် သေဆုံးခဲ့ပါပြီ။ ထိုင်းနိုင်ငံမှာတော့ ဓါတ်ခွဲအတည်ပြု ပိုးတွေ့သူ ၃,၀၀၀ နီးပါးရှိပြီး သေဆုံးသူက ၅၀ နီးပါးရှိနေပါပြီ။

မေအးေအးမာ/VOA (Burmese)
https://burmese.voanews.com/a/migrant-malaysia-covid/5379517.html
မေလးရွားမွာ COVID-19 ကူးစက္သူ ျမန္မာႏုိင္ငံသား ၅၀ ထက္မနည္းရွိ မေလးရွားမွာ COVID-19 ကူးစက္သူ ျမန္မာႏုိင္ငံသား ၅၀ ထက္မနည္းရွိ Reviewed by THITHTOOLWIN on 18:47 Rating: 5
Powered by Blogger.