ရွမ္းျပည္နယ္ ေဒသအသီးသီးတြင္ ညမထြက္ရန္ ျပည္နယ္ အစိုးရအဖြဲ႕အမိန္႔ထုတ္ျပန္

(Zawgyi)⤵⤵⤵

ေတာင္ႀကီး ၊ ဧၿပီ ၂၀

ရွမ္းျပည္နယ္ရွိ ေဒသအသီးသီးမွာ ညမထြက္ရန္အတြက္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕မွ ဒီကေန႔ ဧၿပီ ၂၀ ရက္ေန႔စြဲနဲ႔ သတင္းထုတ္ျပန္လိုက္ပါတယ္။

ရွမ္းျပည္နယ္ အတြင္း ကိုဗစ္-19 အတည္ျပဳလူနာ ၄ ဦးေတြ႕ရွိထားၿပီး ေရာဂါထပ္မံျဖစ္ပြားမႈမရွိေစရန္ နဲ႔ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရးအတြက္ ညမထြက္ရ အမိန္႔ကို ထုတ္ျပန္လိုက္တာျဖစ္တယ္လို႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ျပည္နယ္ စီမံကိန္းနဲ႔ဘ႑ာေရး၀န္ႀကီး ဦးစိုးၫြန္႔လြင္ ကေျပာပါတယ္။

အဆိုပါ ညမထြက္ရအမိန္႔ဟာ ရွမ္းျပည္နယ္ အတြင္းရွိ ၿမိဳ႕နယ္ ၅၅ ၿမိဳ႕နယ္ရွိတဲ့အနက္ ကိုးကန္႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ရွိၿမိဳ႕နယ္ ၂ ၿမိဳ႕နယ္ အပါအ၀င္ ၇ၿမိဳ႕နယ္မွ လြဲၿပီး ၄၈ ၿမိဳ႕နယ္လုံးမွာ အာဏာသက္ေရာက္မွာျဖစ္တယ္လို႔ ဦးစိုးၫြန္႔လြင္ ကေျပာပါတယ္။

ညမထြက္ရ အမိန္႔အေနနဲ႔ ေန႔စဥ္ ည ၁၀း၀၀နာရီကေန နံနက္ ၄း၀၀နာရီအထိ တာ၀န္ရွိသူေတြ ၊ လူနာေတြ၊ ကုန္စည္ စီးဆင္းမႈ မျပတ္ေစေရးအတြက္ ကုန္တင္ယာဥ္ေတြက လြဲၿပီး မည္သူမွ် ညထြက္ခြင့္ရွိမွာမဟုတ္ဘူးလို႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ မွ သတင္းထုတ္ျပန္ပါတယ္။

အဆိုပါ ညမထြက္ရ အမိန္႔ဟာ ဧၿပီလ ၂၀ ရ က္ေန႔ကေန ေမလ ၁၉ ရက္ေန႔အထိ တစ္လၾကာျမင့္မွာျဖစ္တယလို႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕မွ သိရပါတယ္။

ညမထြက္ရ အမိန္႔ကို အျခားတိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ေတြမွာလည္း ထုတ္ျပန္ထားပါတယ္။

သတင္း-ခြန္ဆာ (ေ႐ႊႀတိဂံ)
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
ရှမ်းပြည်နယ် ဒေသအသီးသီးတွင် ညမထွက်ရန် ပြည်နယ် အစိုးရအဖွဲ့အမိန့်ထုတ်ပြန်

တောင်ကြီး ၊ ဧပြီ ၂၀

ရှမ်းပြည်နယ်ရှိ ဒေသအသီးသီးမှာ ညမထွက်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဒီကနေ့ ဧပြီ ၂၀ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ် အတွင်း ကိုဗစ်-19 အတည်ပြုလူနာ ၄ ဦးတွေ့ရှိထားပြီး ရောဂါထပ်မံဖြစ်ပွားမှုမရှိစေရန် နဲ့ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် ညမထွက်ရ အမိန့်ကို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် ကပြောပါတယ်။

အဆိုပါ ညမထွက်ရအမိန့်ဟာ ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၅၅ မြို့နယ်ရှိတဲ့အနက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိမြို့နယ် ၂ မြို့နယ် အပါအဝင် ၇မြို့နယ်မှ လွဲပြီး ၄၈ မြို့နယ်လုံးမှာ အာဏာသက်ရောက်မှာဖြစ်တယ်လို့ ဦးစိုးညွန့်လွင် ကပြောပါတယ်။

ညမထွက်ရ အမိန့်အနေနဲ့ နေ့စဉ် ည ၁၀း၀၀နာရီကနေ နံနက် ၄း၀၀နာရီအထိ တာဝန်ရှိသူတွေ ၊ လူနာတွေ၊ ကုန်စည် စီးဆင်းမှု မပြတ်စေရေးအတွက် ကုန်တင်ယာဉ်တွေက လွဲပြီး မည်သူမျှ ညထွက်ခွင့်ရှိမှာမဟုတ်ဘူးလို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ မှ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ညမထွက်ရ အမိန့်ဟာ ဧပြီလ ၂၀ ရ က်နေ့ကနေ မေလ ၁၉ ရက်နေ့အထိ တစ်လကြာမြင့်မှာဖြစ်တယလို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ သိရပါတယ်။

ညမထွက်ရ အမိန့်ကို အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာလည်း ထုတ်ပြန်ထားပါတယ်။

သတင်း-ခွန်ဆာ (ရွှေတြိဂံ)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ရွမ္းျပည္နယ္ ေဒသအသီးသီးတြင္ ညမထြက္ရန္ ျပည္နယ္ အစိုးရအဖြဲ႕အမိန္႔ထုတ္ျပန္ ရွမ္းျပည္နယ္ ေဒသအသီးသီးတြင္ ညမထြက္ရန္ ျပည္နယ္ အစိုးရအဖြဲ႕အမိန္႔ထုတ္ျပန္ Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.