အစုိးရထုတ္ျပန္ခ်က္ ေနာက္က်မႈေၾကာင့္ အလုပ္သမားေတြ အခက္ႀကံဳ

ရန္ကုန္ၿမိဳ႕ရွိ အထည္ခ်ဳပ္စက္ရံု တခု (ႏို၀င္ဘာ ၀၁၊ ၂၀၁၈)

(Zawgyi/Unicode)

ဧၿပီ ၃၀ အထိ စက္႐ုံေတြ လုပ္ငန္းေတြ ပိတ္ထားဖို႔ အစိုးရက ေၾကညာခဲ့ေပမဲ့လည္း ဒီေန႔ မနက္မွာေတာ့ စက္႐ုံ အလုပ္႐ုံေတြမွာ အလုပ္သမားေတြ လုပ္ငန္းဝင္ဖို႔ ေရာက္ရွိလာရင္း အလုပ္ရွင္အလုပ္သမား အျငင္းပြားမႈေတြ ႀကဳံၾကတဲ့အေျခအေနကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က တင္ျပပါမယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အႀကံျပဳခ်က္၊ သတ္မွတ္ခ်က္ေတြအတိုင္း လိုက္နာေဆာင္႐ြက္ၿပီးမွ ျမန္မာတႏိုင္ငံလုံးက စက္႐ုံအလုပ္႐ုံေတြကို ဖြင့္ခြင့္ျပဳမယ္လို႔ အလုပ္သမား၊ လူဝင္မႈနဲ႔ ျပည္သူ႔အင္အား ဝန္ႀကီးဌာနက မေန႔က ဧၿပီလ ၁၉ ရက္က ညေနပိုင္းက ထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမဲ့ အစိုးရက ဒီေၾကညာခ်က္ကို အခ်ိန္မီွ မထုတ္ျပန္ခဲ့သလို ဒီေၾကညာခ်က္အေပၚမွာလည္း တာဝန္ယူမႈ နည္းေနတယ္လို႔ အလုပ္ရွင္၊ အလုပ္သမား အဖြဲ႕အစည္းေတြက တုံ႔ျပန္လိုက္ပါတယ္။

စက္႐ုံတခ်ိဳ႕ဟာ ဒီကိစၥကို မသိဘဲ အလုပ္ျပန္ဖြင့္ခဲ့သလို၊ အစိုးရ ထုတ္ျပန္ခ်က္အတိုင္း မဖြင့္ဘဲေနတဲ့ စက္႐ုံေတြနဲ႔ အလုပ္သမားေတြၾကားမွာလည္း ထပ္တိုးတဲ့ အလုပ္ပိတ္ရက္အတြက္ နစ္နာေၾကးေတာင္းဆိုမႈေတြ ဒီေန႔မနက္ ျဖစ္ပြားခဲ့ပါတယ္။

“အခ်ိန္မေတာ္ ထုတ္ျပန္လာတဲ့ ၫႊန္ၾကားခ်က္ေၾကာင့္ က်ေနာ္တို႔မွာလည္း မနက္ပိုင္းက နည္းနည္း အလုပ္ရႈပ္သြားတာေပါ့ဗ်ာ၊ ကေလးေတြလည္း လာၿပီးေတာ့မွ။ ဒီစက္႐ုံေတြ ျမန္ျမန္ဖြင့္ေရးအတြက္ကို ဘယ္သူေတြက တာဝန္ယူၿပီး စစ္ေဆးၾကမလဲ၊ ဘယ္လိုပုံစံနဲ႔ စစ္ေဆးၾကမလဲ၊ ႏိုင္ငံတကာမွာ က်င့္သုံးေနတဲ့ အြန္လိုင္းေတြနဲ႔ေရာ လုပ္လို႔မရဘူးလား ျမန္ဆန္လြယ္ကူေအာင္ေပါ့။ ဘာေၾကာင့္ဆို ရန္ကုန္ၿမိဳ႕မွာ စက္႐ုံေပါင္း ၆,၀၀၀ ေက်ာ္ရွိတယ္။ ဒီစစ္ေဆးမႈကို ဘယ္ေလာက္အထိ ေစာင့္ၾကရဦးမလဲ ဆိုတာေလးေတြ ျဖစ္လာတယ္ေလ။”

ရန္ကုန္ ေ႐ႊလင္ပန္း စက္မႈဇုန္ ဥကၠ႒ ဦးေအးေသာင္း ေျပာသြားတာပါ။

အစိုးရထုတ္ျပန္ခ်က္မွာ COVID-19 ေရာဂါကာကြယ္ဖို႔ ဧၿပီလ ၂၀ ကေန ၃၀ အထိ က်န္းမာေရးဝန္ႀကီးဌာနက စစ္ေဆးၿပီးမွပဲ တႏိုင္ငံလုံးက စက္႐ုံအလုပ္႐ုံေတြကို ျပန္ဖြင့္ေပးမယ္လို႔ ေရးသားထားပါတယ္။ အမ်ိဳးသားလႊတ္ေတာ္ လူဝင္မႈနဲ႔ အလုပ္သမားေရးရာ ေကာ္မတီဥကၠ႒ ဦးေက်ာ္ေထြးကေတာ့ အစိုးရရဲ႕ ေၾကညာခ်က္က ေနာက္က်တယ္လို႔ ေျပာပါတယ္။

“ေၾကညာခ်က္က မေန႔က ညေန ၆ နာရီေလာက္ကမွ ထြက္တယ္လို႔ သိရတယ္။ ေၾကညာခ်က္ထုတ္တာက နည္းနည္းေနာက္က်သြားေတာ့ ေၾကညာခ်က္ကို အခ်ိန္မီမရေတာ့ ဖြင့္ဖို႔ျပင္ဆင္ထားတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြကေတာ့ သူတို႔ရဲ႕ လုပ္ငန္းလိုအပ္ခ်က္အရ ဆက္ဖြင့္ၾကတယ္ေပါ့။ အဲဒီေတာ့ တခ်ိဳ႕လုပ္သားေတြကလည္း အလုပ္ဆင္းဖို႔ ေရာက္ေနၾကတယ္၊ ဘယ္လိုေၾကာင့္ပဲျဖစ္ျဖစ္ ေၾကညာခ်က္ ထြက္လာၿပီဆိုရင္ ေၾကညာခ်က္အတိုင္းကို အားလုံးလိုက္နာ ေဆာင္႐ြက္ဖို႔လိုတယ္။”

လူမႈဖူလုံေၾကး ေပးေဆာင္ထားတဲ့ အလုပ္သမားေတြက ဒီေၾကညာခ်က္ထုတ္ထားတဲ့ ကာလမွာ လူမႈဖူလုံေၾကး ခံစားခြင့္ကို ရလိမ့္မယ္လို႔လည္း ဦးေက်ာ္ေထြးကေျပာပါတယ္။ အလုပ္သမားေတြဘက္ကေတာ့ ဒီထုတ္ျပန္ခ်က္ဟာရွင္းလင္းမႈ မရွိလို႔ အလုပ္ရွင္၊ အလုပ္သမား အျငင္းပြားမႈေတြ ပိုျဖစ္လာႏိုင္တယ္လို႔ ေျပာပါတယ္။

“ေၾကညာခ်က္ထြက္လာတာကိုက ေနာက္က်တယ္၊ ဒါပထမ အားနည္းခ်က္ ျဖစ္သြားပါတယ္။ ေနာက္အားနည္းခ်က္က ဒီစိစစ္မယ့္ကာလထဲမွာ စက္႐ုံအလုပ္႐ုံေတြက ပိတ္ထားၿပီးမွ စိစစ္ျခင္းကို ေစာင့္ရမွာလား၊ အလုပ္ေတြ လုပ္ေနရင္းတန္းလန္းနဲ႔ လာစစ္ၿပီးမွ စိစစ္မွာလားဆိုတာ ရွင္းရွင္းလင္းလင္းျဖစ္မသြားဘူးေပါ့။ နဂိုကတည္းကမွ အလုပ္သမားေတြက စိုးရိမ္ေနၾကတယ္၊ ထုတ္ျပန္ခ်က္က ျပတ္ျပတ္သားသားမရွိတဲ့အခါက်ေတာ့ ပိုၿပီးေတာ့မွ အျငင္းပြားမႈေတြကို ဦးတည္သြားေစတဲ့ အေနအထား ျဖစ္သြားတာေပါ့။”

စက္မႈလက္မႈ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က ဦးသက္ႏွင္းေအာင္ ေျပာသြားတာပါ။

ဧၿပီလကုန္ထိ အလုပ္ဆက္ပိတ္ထားမယ္ဆိုတဲ့ ေၾကညာခ်က္ကို အစိုးရက ထုတ္ျပန္တာျဖစ္လို႔ စက္႐ုံတခ်ိဳ႕က အလုပ္သမားေတြအတြက္ လစာတစိတ္တပိုင္းကို ခံစားခြင့္အေနနဲ႔ ေပးေပမဲ့ တခ်ိဳ႕စက္႐ုံေတြကေတာ့ အလုပ္မလုပ္ရင္၊ လစာမေပးရဘူးဆိုတဲ့ ဥပေဒပါအတိုင္း ဒီကိစၥကို လူမႈဖူလုံးေၾကး က်ပ္ေငြ ဘီလီယံခ်ီရေနတဲ့ အစိုးရကပဲ တာဝန္ယူေပးရမယ္လို႔ ေျပာပါတယ္။

“ႏိုင္ငံေတာ္မွာ တာဝန္ရွိတယ္လို႔ က်ေနာ္ကေတာ့ ျမင္တာေပါ့၊ ႏိုင္ငံတကာမွာ ဒီပိုက္ဆံ ( လူမႈဖူလုံေၾကး) ေတြနဲ႔ အလုပ္သမားေတြရဲ႕ ပိုက္ဆံေတြကို ဒါလုပ္ေပးသင့္တယ္လို႔ က်ေနာ္ကေတာ့ အႀကံျပဳခ်င္တာေပါ့ေနာ္။ ဒီေနရာမွာ မသုံးရင္ ဘယ္မွာသုံးမလဲ။ တာဝန္မယူဘူးဆိုလည္း ၿပီးေရာေပါ့၊ အေျဖတခုခုေပါ့။”

ေ႐ႊလင္ပန္းစက္မႈဇုန္ ဥကၠ႒ ဦးေအးေသာင္းေျပာသြားတာပါ။

အစိုးရ ထုတ္ျပန္ခ်က္ကိုမလိုက္နာပဲ ဖြင့္တဲ့စက္႐ုံေတြ ရွိလာရင္အသိေပးဖို႔ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးေတြက စက္မႈဇုန္ ဥကၠ႒ေတြကို အေၾကာင္းၾကားထားပါတယ္။ ေဆးဝါး၊ အစားအေသာက္လုပ္ငန္းေတြနဲ႔ အလုပ္သား ၁,၀၀၀ အထက္ရွိတဲ့စက္႐ုံေတြ ဒါေတြကို က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အႀကံျပဳသတ္မွတ္ခ်က္ေတြအတိုင္းျဖစ္ဖို႔ ပထမဦးစားေပး စစ္ေဆးသြားမယ္လို႔ အစိုးရထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

[Unicode Version]

အစိုးရထုတ်ပြန်ချက် နောက်ကျမှုကြောင့် အလုပ်သမားတွေ အခက်ကြုံ

ဧပြီ ၃၀ အထိ စက်ရုံတွေ လုပ်ငန်းတွေ ပိတ်ထားဖို့ အစိုးရက ကြေညာခဲ့ပေမဲ့လည်း ဒီနေ့ မနက်မှာတော့ စက်ရုံ အလုပ်ရုံတွေမှာ အလုပ်သမားတွေ လုပ်ငန်းဝင်ဖို့ ရောက်ရှိလာရင်း အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုတွေ ကြုံကြတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပါမယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်၊ သတ်မှတ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီးမှ မြန်မာတနိုင်ငံလုံးက စက်ရုံအလုပ်ရုံတွေကို ဖွင့်ခွင့်ပြုမယ်လို့ အလုပ်သမား၊ လူဝင်မှုနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက မနေ့က ဧပြီလ ၁၉ ရက်က ညနေပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရက ဒီကြေညာချက်ကို အချိန်မှီ မထုတ်ပြန်ခဲ့သလို ဒီကြေညာချက်အပေါ်မှာလည်း တာဝန်ယူမှု နည်းနေတယ်လို့ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းတွေက တုံ့ပြန်လိုက်ပါတယ်။

စက်ရုံတချို့ဟာ ဒီကိစ္စကို မသိဘဲ အလုပ်ပြန်ဖွင့်ခဲ့သလို၊ အစိုးရ ထုတ်ပြန်ချက်အတိုင်း မဖွင့်ဘဲနေတဲ့ စက်ရုံတွေနဲ့ အလုပ်သမားတွေကြားမှာလည်း ထပ်တိုးတဲ့ အလုပ်ပိတ်ရက်အတွက် နစ်နာကြေးတောင်းဆိုမှုတွေ ဒီနေ့မနက် ဖြစ်ပွားခဲ့ပါတယ်။

“အချိန်မတော် ထုတ်ပြန်လာတဲ့ ညွှန်ကြားချက်ကြောင့် ကျနော်တို့မှာလည်း မနက်ပိုင်းက နည်းနည်း အလုပ်ရှုပ်သွားတာပေါ့ဗျာ၊ ကလေးတွေလည်း လာပြီးတော့မှ။ ဒီစက်ရုံတွေ မြန်မြန်ဖွင့်ရေးအတွက်ကို ဘယ်သူတွေက တာဝန်ယူပြီး စစ်ဆေးကြမလဲ၊ ဘယ်လိုပုံစံနဲ့ စစ်ဆေးကြမလဲ၊ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အွန်လိုင်းတွေနဲ့ရော လုပ်လို့မရဘူးလား မြန်ဆန်လွယ်ကူအောင်ပေါ့။ ဘာကြောင့်ဆို ရန်ကုန်မြို့မှာ စက်ရုံပေါင်း ၆,၀၀၀ ကျော်ရှိတယ်။ ဒီစစ်ဆေးမှုကို ဘယ်လောက်အထိ စောင့်ကြရဦးမလဲ ဆိုတာလေးတွေ ဖြစ်လာတယ်လေ။”

ရန်ကုန် ရွှေလင်ပန်း စက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်း ပြောသွားတာပါ။

အစိုးရထုတ်ပြန်ချက်မှာ COVID-19 ရောဂါကာကွယ်ဖို့ ဧပြီလ ၂၀ ကနေ ၃၀ အထိ ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးပြီးမှပဲ တနိုင်ငံလုံးက စက်ရုံအလုပ်ရုံတွေကို ပြန်ဖွင့်ပေးမယ်လို့ ရေးသားထားပါတယ်။ အမျိုးသားလွှတ်တော် လူဝင်မှုနဲ့ အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးကတော့ အစိုးရရဲ့ ကြေညာချက်က နောက်ကျတယ်လို့ ပြောပါတယ်။

“ကြေညာချက်က မနေ့က ညနေ ၆ နာရီလောက်ကမှ ထွက်တယ်လို့ သိရတယ်။ ကြေညာချက်ထုတ်တာက နည်းနည်းနောက်ကျသွားတော့ ကြေညာချက်ကို အချိန်မီမရတော့ ဖွင့်ဖို့ပြင်ဆင်ထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေကတော့ သူတို့ရဲ့ လုပ်ငန်းလိုအပ်ချက်အရ ဆက်ဖွင့်ကြတယ်ပေါ့။ အဲဒီတော့ တချို့လုပ်သားတွေကလည်း အလုပ်ဆင်းဖို့ ရောက်နေကြတယ်၊ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ကြေညာချက် ထွက်လာပြီဆိုရင် ကြေညာချက်အတိုင်းကို အားလုံးလိုက်နာ ဆောင်ရွက်ဖို့လိုတယ်။”

လူမှုဖူလုံကြေး ပေးဆောင်ထားတဲ့ အလုပ်သမားတွေက ဒီကြေညာချက်ထုတ်ထားတဲ့ ကာလမှာ လူမှုဖူလုံကြေး ခံစားခွင့်ကို ရလိမ့်မယ်လို့လည်း ဦးကျော်ထွေးကပြောပါတယ်။ အလုပ်သမားတွေဘက်ကတော့ ဒီထုတ်ပြန်ချက်ဟာရှင်းလင်းမှု မရှိလို့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေ ပိုဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

“ကြေညာချက်ထွက်လာတာကိုက နောက်ကျတယ်၊ ဒါပထမ အားနည်းချက် ဖြစ်သွားပါတယ်။ နောက်အားနည်းချက်က ဒီစိစစ်မယ့်ကာလထဲမှာ စက်ရုံအလုပ်ရုံတွေက ပိတ်ထားပြီးမှ စိစစ်ခြင်းကို စောင့်ရမှာလား၊ အလုပ်တွေ လုပ်နေရင်းတန်းလန်းနဲ့ လာစစ်ပြီးမှ စိစစ်မှာလားဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်မသွားဘူးပေါ့။ နဂိုကတည်းကမှ အလုပ်သမားတွေက စိုးရိမ်နေကြတယ်၊ ထုတ်ပြန်ချက်က ပြတ်ပြတ်သားသားမရှိတဲ့အခါကျတော့ ပိုပြီးတော့မှ အငြင်းပွားမှုတွေကို ဦးတည်သွားစေတဲ့ အနေအထား ဖြစ်သွားတာပေါ့။”

စက်မှုလက်မှု အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဦးသက်နှင်းအောင် ပြောသွားတာပါ။

ဧပြီလကုန်ထိ အလုပ်ဆက်ပိတ်ထားမယ်ဆိုတဲ့ ကြေညာချက်ကို အစိုးရက ထုတ်ပြန်တာဖြစ်လို့ စက်ရုံတချို့က အလုပ်သမားတွေအတွက် လစာတစိတ်တပိုင်းကို ခံစားခွင့်အနေနဲ့ ပေးပေမဲ့ တချို့စက်ရုံတွေကတော့ အလုပ်မလုပ်ရင်၊ လစာမပေးရဘူးဆိုတဲ့ ဥပဒေပါအတိုင်း ဒီကိစ္စကို လူမှုဖူလုံးကြေး ကျပ်ငွေ ဘီလီယံချီရနေတဲ့ အစိုးရကပဲ တာဝန်ယူပေးရမယ်လို့ ပြောပါတယ်။

“နိုင်ငံတော်မှာ တာဝန်ရှိတယ်လို့ ကျနော်ကတော့ မြင်တာပေါ့၊ နိုင်ငံတကာမှာ ဒီပိုက်ဆံ ( လူမှုဖူလုံကြေး) တွေနဲ့ အလုပ်သမားတွေရဲ့ ပိုက်ဆံတွေကို ဒါလုပ်ပေးသင့်တယ်လို့ ကျနော်ကတော့ အကြံပြုချင်တာပေါ့နော်။ ဒီနေရာမှာ မသုံးရင် ဘယ်မှာသုံးမလဲ။ တာဝန်မယူဘူးဆိုလည်း ပြီးရောပေါ့၊ အဖြေတခုခုပေါ့။”

ရွှေလင်ပန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းပြောသွားတာပါ။

အစိုးရ ထုတ်ပြန်ချက်ကိုမလိုက်နာပဲ ဖွင့်တဲ့စက်ရုံတွေ ရှိလာရင်အသိပေးဖို့မြို့နယ် အုပ်ချုပ်ရေးမှူးတွေက စက်မှုဇုန် ဥက္ကဋ္ဌတွေကို အကြောင်းကြားထားပါတယ်။ ဆေးဝါး၊ အစားအသောက်လုပ်ငန်းတွေနဲ့ အလုပ်သား ၁,၀၀၀ အထက်ရှိတဲ့စက်ရုံတွေ ဒါတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုသတ်မှတ်ချက်တွေအတိုင်းဖြစ်ဖို့ ပထမဦးစားပေး စစ်ဆေးသွားမယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ေဇာ္ထက္/VOA (Burmese)
https://burmese.voanews.com/a/labour-myanmar-covid/5379624.html
အစုိးရထုတ္ျပန္ခ်က္ ေနာက္က်မႈေၾကာင့္ အလုပ္သမားေတြ အခက္ႀကံဳ အစုိးရထုတ္ျပန္ခ်က္ ေနာက္က်မႈေၾကာင့္ အလုပ္သမားေတြ အခက္ႀကံဳ Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.