ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္ခံ ၄၁ ဦးထိ တိုးလာ

ကုိ႐ိုနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ ကာကြယ္ႏုိင္ေရး ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ ပုိးသတ္ေဆး ဖ်န္းေနသည့္ ၾကက္ေျခနီတပ္ဖြဲ႔ဝင္အခ်ဳိ႕။ မတ္ ၂၉၊ ၂၀၂၀)
(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ကူးစက္ခံရသူ ေနာက္ထပ္ ၂ ဦး စစ္ေဆးေတြ႔ရွိေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက တနဂၤေႏြ သန္းေခါင္ေက်ာ္ တနလာၤေန႔ မနက္အေစာပိုင္းမွာ ေၾကညာလိုက္တာေၾကာင့္ ဗိုင္းရပ္စ္ကူးစက္ခံရသူ အတည္ျပဳလူနာ ၄၁ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

တနလၤာေန႔ အေစာပိုင္းက ထုတ္ျပန္တဲ့ စာရင္းအရဆိုရင္ ေနာက္ဆုံးေတြ႔ရွိတဲ့ ကူးစက္ခံရသူ ႏွစ္ဦးမွာ Case-040 ဟာ ရန္ကုန္တိုင္း ဗဟန္းၿမိဳ႕နယ္မွာ ေနထိုင္တဲ့ အသက္ ၆၈ ႏွစ္အရြယ္ အမ်ိဳးသမီးတဦးျဖစ္ၿပီး ဓာတ္ခြဲအတည္ျပဳလူနာ Case-08၊ Case-028 တို႔နဲ႔ အတူေန မိသားစုဝင္ ျဖစ္ပါတယ္။ အဲဒီလူနာဟာ ေျမာက္ဥကၠလာပ ျပည္သူ႔ေဆး႐ုံႀကီးကို သြားေရာက္ျပသခဲ့တယ္လို႔ ဆိုပါတယ္။

ေနာက္ကူးစက္ခံရသူတဦးျဖစ္တဲ့ Case-041 ကေတာ့ ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ အသက္ ၃၈ ႏွစ္အရြယ္ အမ်ိဳးသားတဦး ျဖစ္ပါတယ္။ သူဟာ Case-024၊ Case-034၊ Case-035၊ Case-036 နဲ႔ Case-037 တို႔နဲ႔ ဘာသာေရးအခမ္းအနား အတူတက္ေရာက္ခဲ့ဖူးတဲ့ ရာဇဝင္ရွိခဲ့တယ္လု႔ိ ဆိုပါတယ္။

လက္ရွိ အင္းစိန္ ျပည္သူ႔ေဆး႐ုံႀကီးကေန ေဝဘာဂီ အထူးကုေဆး႐ုံကို လႊဲေျပာင္းကုသဖို႔ စီစဥ္ေဆာင္ရြက္ေနေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာအစိုးရ တရားဝင္စာရင္းအရ လက္ရွိ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူေပါင္း ေလးဦးရွိေနပါၿပီ။ ေနာက္ဆံုးေသဆုံးသြားတဲ့ ေလးဦးေျမာက္ လူနာဟာ ရန္ကုန္တုိင္း ပန္းဘဲတန္းၿမိဳ႕နယ္က အသက္ ၈၅ ႏွစ္အရြယ္ အမ်ဳိးသားတဦးျဖစ္ၿပီး လြန္ခဲ့တဲ့ သီတင္းႏွစ္ပတ္အတြင္း ျပည္ပခရီးသြားခဲ့ဖူးတဲ့ ရာဇ၀င္ မရွိသူျဖစ္ေၾကာင္းလည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ဒီအေတာအတြင္းမွာပဲ ကုိ႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈကို ထိန္းခ်ဳပ္ဖို႔ သႀကၤန္ကာလအတြင္း လူေတြ ေနအိမ္ေတြထဲမွာပဲ ေနၾကဖို႔၊ လူစုလူေ၀း ေရကစားတာေတြ မလုပ္ၾကဖို႔ တာ၀န္ရွိသူေတြက တိုက္တြန္းထားသလို ခုလို ႏွစ္သစ္ကူးရာသီမွာ ကိုယ့္ရပ္ဌာနျပန္ၾကတဲ့ အစိုးရ၀န္ထမ္းေတြကိုလည္း ဒီႏွစ္မွာ မျပန္ၾကဖို႔ အစိုးရက တားျမစ္ထားပါတယ္။

ရပ္ကြက္ေတြထဲမွာ အုန္းလက္မ႑ပ္ အပါအ၀င္ ေရကစားမ႑ပ္ေတြ မလုပ္ၾကဖို႔လည္း သက္ဆိုင္ရာ ရပ္ကြက္တာ၀န္ရွိသူေတြက လုိက္လံသတိေပးတာေတြ လုပ္ေနပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံ ၄၁ ဦးထိ တိုးလာ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ နောက်ထပ် ၂ ဦး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တနင်္ဂနွေ သန်းခေါင်ကျော် တနလာၤနေ့ မနက်အစောပိုင်းမှာ ကြေညာလိုက်တာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာ ၄၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

တနင်္လာနေ့ အစောပိုင်းက ထုတ်ပြန်တဲ့ စာရင်းအရဆိုရင် နောက်ဆုံးတွေ့ရှိတဲ့ ကူးစက်ခံရသူ နှစ်ဦးမှာ Case-040 ဟာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ Case-08၊ Case-028 တို့နဲ့ အတူနေ မိသားစုဝင် ဖြစ်ပါတယ်။ အဲဒီလူနာဟာ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးကို သွားရောက်ပြသခဲ့တယ်လို့ ဆိုပါတယ်။

နောက်ကူးစက်ခံရသူတဦးဖြစ်တဲ့ Case-041 ကတော့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားတဦး ဖြစ်ပါတယ်။ သူဟာ Case-024၊ Case-034၊ Case-035၊ Case-036 နဲ့ Case-037 တို့နဲ့ ဘာသာရေးအခမ်းအနား အတူတက်ရောက်ခဲ့ဖူးတဲ့ ရာဇဝင်ရှိခဲ့တယ်လု့ိ ဆိုပါတယ်။

လက်ရှိ အင်းစိန် ပြည်သူ့ဆေးရုံကြီးကနေ ဝေဘာဂီ အထူးကုဆေးရုံကို လွှဲပြောင်းကုသဖို့ စီစဉ်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရ တရားဝင်စာရင်းအရ လက်ရှိ ကိုဗစ်ရောဂါကြောင့် သေဆုံးသူပေါင်း လေးဦးရှိနေပါပြီ။ နောက်ဆုံးသေဆုံးသွားတဲ့ လေးဦးမြောက် လူနာဟာ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်က အသက် ၈၅ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ပြည်ပခရီးသွားခဲ့ဖူးတဲ့ ရာဇဝင် မရှိသူဖြစ်ကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့သင်္ကြန်ကာလအတွင်း လူတွေ နေအိမ်တွေထဲမှာပဲ နေကြဖို့၊ လူစုလူဝေး ရေကစားတာတွေ မလုပ်ကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားသလို ခုလို နှစ်သစ်ကူးရာသီမှာ ကိုယ့်ရပ်ဌာနပြန်ကြတဲ့ အစိုးရဝန်ထမ်းတွေကိုလည်း ဒီနှစ်မှာ မပြန်ကြဖို့ အစိုးရက တားမြစ်ထားပါတယ်။

ရပ်ကွက်တွေထဲမှာ အုန်းလက်မဏ္ဍပ် အပါအဝင် ရေကစားမဏ္ဍပ်တွေ မလုပ်ကြဖို့လည်း သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူတွေက လိုက်လံသတိပေးတာတွေ လုပ်နေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-infected…/5369405.html
ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္ခံ ၄၁ ဦးထိ တိုးလာ ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္ခံ ၄၁ ဦးထိ တိုးလာ Reviewed by THITHTOOLWIN on 09:23 Rating: 5
Powered by Blogger.