ျမန္မာမွာ ကိုဗစ္နဲ႔ေသသူ ေလးဦး ရွိလာ

အိမ္ျပင္မထြက္ဖို႔ မွာၾကားခ်က္ေၾကာင့္ ရန္ကုန္ၿမိဳ႕လယ္မွာ ရွင္းလင္းေန
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ အတည္ျပဳလူနာ ေနာက္ ၃ ေယာက္ စစ္ေဆး ေတြ႕ရွိခဲ့ပါတယ္။

အဲဒီလူနာေတြ အနက္ ပန္းဘဲတန္းၿမိဳ႕နယ္က အသက္ ၈၅ႏွစ္ အ႐ြယ္ အမ်ိဳးသားဟာ မေန႔ မနက္ ၆နာရီက ကြယ္လြန္သြားခဲ့ပါတယ္။

သူရဲ႕ နမူနာ ေဆးစစ္ခ်က္ အေျဖကိုေတာ့ သူကြယ္လြန္ၿပီး ၁၂ နာရီၾကာမွ သူဟာ ကိုဗစ္ႏိုင္တင္း အတည္ျပဳ လူနာျဖစ္ေၾကာင္း က်န္းမာေရး နဲ႔ အားကစား ဝန္ႀကီး ဌာနက ထုတ္ျပန္ခဲ့ပါတယ္။

သူ႔မွာ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြ အတြင္း ခရီးသြား ရာဇဝင္ မရွိေပမယ့္ ဆီးခ်ိဳနဲ႔ ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါ အခံေတြ ရွိၿပီး ေသဆုံးရတဲ့ အေၾကာင္းရင္းကေတာ့ ျပင္းထန္ အဆုတ္ေရာင္ ေရာဂါ ၊ ဆီးခ်ိဳ ၊ ေသြးတိုး ၊ ႏွလုံးေသြးေၾကာက်ဥ္း စတာေတြေၾကာင့္ လို႔ ဆိုပါတယ္။

က်န္၂ေယာက္အနက္ ဗဟန္းက အသက္ ၆၈ ႏွစ္ အ႐ြယ္ အမ်ိဳးသမီးႀကီး ကေတာ့ လူနာအမွတ္ ၈ နဲ႔ လူနာ အမွတ္ ၂၈ တို႔နဲ႔ အတူေန မိသားစု၀င္ ျဖစ္တယ္လို႔ သိရပါတယ္။

ေနာက္ဆုံးတစ္ေယာက္ကေတာ့ ၃၈ႏွစ္ အ႐ြယ္ အင္းစိန္က အမ်ိဳးသား တစ္ဉီးျဖစ္ကာ လူနာအမွတ္ ၂၄၊ ၃၄၊၃၅၊၃၆၊၃၇ တို႔နဲ႔ အတူ ဘာသာေရး အခမ္းအနား အတူ တက္ေရာက္ဖူးသူ ျဖစ္တယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ မတ္လ ၂၃ ရက္ကတည္းက စတင္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ရွိမရွိ နမူနာယူ စမ္းသပ္ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ရာမွာ အခုအခါ ေရာဂါပိုးေတြ႕ရသူ ၄၁ ေယာက္ ရွိရာမွာ အဲဒီအထဲ ကိုဗစ္ ႏိုင္တင္း လူနာေတြကို ကုသေပးတဲ့ က်န္းမာေရး အရာရွိ တစ္ေယာက္လည္း ပါဝင္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ သီတင္း၃ပတ္ အတြင္း အတည္ျပဳလူနာ ၄ေယာက္ေသဆုံးကာ ၃၄ ေယာက္ရဲ႕ က်န္းမာေရးက တည္ၿငိမ္လ်က္ ရွိတယ္လို႔ က်န္းမာေရး ဌာနက ေျပာပါတယ္။

အတည္ျပဳ လူနာေတြ အနက္ ၂ ေယာက္ကေတာ့ ၂ႀကိမ္ထက္မနည္း ပိုးမေတြ႕ အေျဖထြက္လို႔ ေဆး႐ုံက ဆင္းသြားၿပီး က်န္တစ္ေယာက္ ျဖစ္တဲ့ လူနာအမွတ္ ၂၆ ကေတာ့ အထူးၾကပ္မတ္ခန္း မွာထား ကုသေပးေနရတယ္လို႔ ေဝဘာဂီ ေဆး႐ုံအုပ္ ေဒါက္တာ ေအးေအးေအာင္က ဘီဘီစီကို ဧၿပီ ၁၁ ရက္ေန႔က ေျပာပါတယ္။

BBC Burmese
------------------------------------------------
(Unicode)⤵⤵⤵
မြန်မာမှာ ကိုဗစ်နဲ့သေသူ လေးဦး ရှိလာ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ နောက် ၃ ယောက် စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

အဲဒီလူနာတွေ အနက် ပန်းဘဲတန်းမြို့နယ်က အသက် ၈၅နှစ် အရွယ် အမျိုးသားဟာ မနေ့ မနက် ၆နာရီက ကွယ်လွန်သွားခဲ့ပါတယ်။

သူရဲ့ နမူနာ ဆေးစစ်ချက် အဖြေကိုတော့ သူကွယ်လွန်ပြီး ၁၂ နာရီကြာမှ သူဟာ ကိုဗစ်နိုင်တင်း အတည်ပြု လူနာဖြစ်ကြောင်း ကျန်းမာရေး နဲ့ အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သူ့မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ခရီးသွား ရာဇဝင် မရှိပေမယ့် ဆီးချိုနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ အခံတွေ ရှိပြီး သေဆုံးရတဲ့ အကြောင်းရင်းကတော့ ပြင်းထန် အဆုတ်ရောင် ရောဂါ ၊ ဆီးချို ၊ သွေးတိုး ၊ နှလုံးသွေးကြောကျဉ်း စတာတွေကြောင့် လို့ ဆိုပါတယ်။

ကျန်၂ယောက်အနက် ဗဟန်းက အသက် ၆၈ နှစ် အရွယ် အမျိုးသမီးကြီး ကတော့ လူနာအမှတ် ၈ နဲ့ လူနာ အမှတ် ၂၈ တို့နဲ့ အတူနေ မိသားစု၀င် ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးတစ်ယောက်ကတော့ ၃၈နှစ် အရွယ် အင်းစိန်က အမျိုးသား တစ်ဉီးဖြစ်ကာ လူနာအမှတ် ၂၄၊ ၃၄၊၃၅၊၃၆၊၃၇ တို့နဲ့ အတူ ဘာသာရေး အခမ်းအနား အတူ တက်ရောက်ဖူးသူ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်ကတည်းက စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ နမူနာယူ စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ အခုအခါ ရောဂါပိုးတွေ့ရသူ ၄၁ ယောက် ရှိရာမှာ အဲဒီအထဲ ကိုဗစ် နိုင်တင်း လူနာတွေကို ကုသပေးတဲ့ ကျန်းမာရေး အရာရှိ တစ်ယောက်လည်း ပါဝင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သီတင်း၃ပတ် အတွင်း အတည်ပြုလူနာ ၄ယောက်သေဆုံးကာ ၃၄ ယောက်ရဲ့ ကျန်းမာရေးက တည်ငြိမ်လျက် ရှိတယ်လို့ ကျန်းမာရေး ဌာနက ပြောပါတယ်။

အတည်ပြု လူနာတွေ အနက် ၂ ယောက်ကတော့ ၂ကြိမ်ထက်မနည်း ပိုးမတွေ့ အဖြေထွက်လို့ ဆေးရုံက ဆင်းသွားပြီး ကျန်တစ်ယောက် ဖြစ်တဲ့ လူနာအမှတ် ၂၆ ကတော့ အထူးကြပ်မတ်ခန်း မှာထား ကုသပေးနေရတယ်လို့ ဝေဘာဂီ ဆေးရုံအုပ် ဒေါက်တာ အေးအေးအောင်က ဘီဘီစီကို ဧပြီ ၁၁ ရက်နေ့က ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52263211
ျမန္မာမွာ ကိုဗစ္နဲ႔ေသသူ ေလးဦး ရွိလာ ျမန္မာမွာ ကိုဗစ္နဲ႔ေသသူ ေလးဦး ရွိလာ Reviewed by THITHTOOLWIN on 09:44 Rating: 5
Powered by Blogger.