အင္းစိန္ၿမိဳ႕နယ္၌ ဘဏ္တြင္ေငြသြင္းမည့္ က်ပ္ ၁၅၂ သိန္းပါ အထုပ္ကို ခိုးယူထြက္ေျပးသူအား ေဖာ္ထုတ္ဖမ္းဆီးရမိ


ေနျပည္ေတာ္ ဧၿပီ ၁၂

ရန္ကုန္တိုင္းေဒသႀကီး သာေကတ ၿမိဳ႕နယ္ (၉)ရပ္ကြက္ ကမာၾကည္ တံတားအဆင္းလမ္းေန မေမခ်ိဳေသြး (၂၃ႏွစ္)သည္ ဧၿပီ ၇ ရက္ မြန္းလြဲ ၂ နာရီက အင္းစိန္ၿမိဳ႕နယ္ တညင္း ကုန္းရပ္ကြက္ ပုလဲလမ္း ကေမာၻဇ ဘဏ္၌ ေငြသြင္းရန္ ဘဏ္မွ သတ္မွတ္ထားသည့္ စားပြဲခုံေပၚ တြင္ အိတ္ျဖင့္ ထုပ္ထားေသာ ေငြက်ပ္ ၁၅၂ သိန္းပါ အထုပ္ကို တင္ထားၿပီး ဘဏ္ေငြသြင္း ေဘာက္ခ်ာျဖည့္ေနစဥ္ အမည္မသိ အမ်ိဳးသားတစ္ဦးက ယူေဆာင္ သြားသျဖင့္ မေမခ်ိဳေသြးက ေအာ္ဟစ္ အကူအညီေတာင္းခံစဥ္ အဆိုပါ အမ်ိဳးသားမွာ လမ္းေဘး၌ အသင့္ ရပ္ထားေသာ ဆိုင္ကယ္ကို ေမာင္းႏွင္၍ ပုလဲလမ္းဆုံဘက္သို႔ ထြက္ေျပးသြားသျဖင့္ ၎အား အေရးယူေပးရန္ လာေရာက္တိုင္တန္း ၍ အင္းစိန္ၿမိဳ႕မရဲစခန္း၌ အေရးယူ ေဆာင္႐ြက္ခဲ့သည္။

ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ က အမႈမွ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့ရာ ေ႐ႊ ျပည္သာၿမိဳ႕နယ္(ထ/၁၆)ရပ္ကြက္ေန ကိုကိုလြင္က အမႈက်ဴးလြန္ခဲ့ေၾကာင္း စစ္ေဆး ေပၚေပါက္ခဲ့၍ ျပစ္မႈ က်ဴးလြန္သူ ကိုကိုလြင္၏ေနအိမ္ကို ရွာ‌ေဖြရာ ေငြက်ပ္သိန္း ၁၁၀ အား လည္းေကာင္း၊ ျပစ္မႈက်ဴးလြန္စဥ္ ဝတ္ဆင္ခဲ့သည့္ အဝတ္မ်ားႏွင့္ စီးနင္းအသုံးျပဳသည့္ ဆိုင္ကယ္တို႔ ကို လည္းေကာင္း သိမ္းဆည္းရမိ ခဲ့သည္။

ျပစ္မႈက်ဴးလြန္ရာမွ ရရွိခဲ့သည့္ ေငြမ်ားအနက္မွ ေငြက်ပ္ ၇၉၀၀၀၀ ျဖင့္ ဆိုင္ကယ္တစ္စီး ဝယ္ယူခဲ့ ေၾကာင္း၊ ေငြက်ပ္ ၁၈ သိန္းကို အေႂကြးဆပ္ခဲ့ေၾကာင္းႏွင့္ ေငြက်ပ္ သိန္း ၂၀ ကို ေခ်းထားၿပီး သုံးသိန္း ကို ဖခင္ျဖစ္သူထံ ေပးထားခဲ့ ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ သက္ေသခံ ပစၥည္းမ်ား၊ ေငြမ်ားႏွင့္ အတူ ဖမ္းဆီးစစ္ေဆးလ်က္ရွိ ေၾကာင္းႏွင့္ ျပစ္မႈက်ဴးလြန္သူ ကိုကိုလြင္အား အင္းစိန္ၿမိဳ႕မရဲစခန္း က အေရးယူထားေၾကာင္း သတင္း ရရွိသည္။

ရဲျပန္ၾကား / Myanmaalinn
----------------------------------------
အင်းစိန်မြို့နယ်၌ ဘဏ်တွင်ငွေသွင်းမည့် ကျပ် ၁၅၂ သိန်းပါ အထုပ်ကို ခိုးယူထွက်ပြေးသူအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၁၂

ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ် (၉)ရပ်ကွက် ကမာကြည် တံတားအဆင်းလမ်းနေ မမေချိုသွေး (၂၃နှစ်)သည် ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီက အင်းစိန်မြို့နယ် တညင်း ကုန်းရပ်ကွက် ပုလဲလမ်း ကမ္ဘောဇ ဘဏ်၌ ငွေသွင်းရန် ဘဏ်မှ သတ်မှတ်ထားသည့် စားပွဲခုံပေါ် တွင် အိတ်ဖြင့် ထုပ်ထားသော ငွေကျပ် ၁၅၂ သိန်းပါ အထုပ်ကို တင်ထားပြီး ဘဏ်ငွေသွင်း ဘောက်ချာဖြည့်နေစဉ် အမည်မသိ အမျိုးသားတစ်ဦးက ယူဆောင် သွားသဖြင့် မမေချိုသွေးက အော်ဟစ် အကူအညီတောင်းခံစဉ် အဆိုပါ အမျိုးသားမှာ လမ်းဘေး၌ အသင့် ရပ်ထားသော ဆိုင်ကယ်ကို မောင်းနှင်၍ ပုလဲလမ်းဆုံဘက်သို့ ထွက်ပြေးသွားသဖြင့် ၎င်းအား အရေးယူပေးရန် လာရောက်တိုင်တန်း ၍ အင်းစိန်မြို့မရဲစခန်း၌ အရေးယူ ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ရွှေ ပြည်သာမြို့နယ်(ထ/၁၆)ရပ်ကွက်နေ ကိုကိုလွင်က အမှုကျူးလွန်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့၍ ပြစ်မှု ကျူးလွန်သူ ကိုကိုလွင်၏နေအိမ်ကို ရှာ‌ဖွေရာ ငွေကျပ်သိန်း ၁၁၀ အား လည်းကောင်း၊ ပြစ်မှုကျူးလွန်စဉ် ဝတ်ဆင်ခဲ့သည့် အဝတ်များနှင့် စီးနင်းအသုံးပြုသည့် ဆိုင်ကယ်တို့ ကို လည်းကောင်း သိမ်းဆည်းရမိ ခဲ့သည်။

ပြစ်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ငွေများအနက်မှ ငွေကျပ် ၇၉၀၀၀၀ ဖြင့် ဆိုင်ကယ်တစ်စီး ဝယ်ယူခဲ့ ကြောင်း၊ ငွေကျပ် ၁၈ သိန်းကို အကြွေးဆပ်ခဲ့ကြောင်းနှင့် ငွေကျပ် သိန်း ၂၀ ကို ချေးထားပြီး သုံးသိန်း ကို ဖခင်ဖြစ်သူထံ ပေးထားခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံ ပစ္စည်းများ၊ ငွေများနှင့် အတူ ဖမ်းဆီးစစ်ဆေးလျက်ရှိ ကြောင်းနှင့် ပြစ်မှုကျူးလွန်သူ ကိုကိုလွင်အား အင်းစိန်မြို့မရဲစခန်း က အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲပြန်ကြား / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အင္းစိန္ၿမိဳ႕နယ္၌ ဘဏ္တြင္ေငြသြင္းမည့္ က်ပ္ ၁၅၂ သိန္းပါ အထုပ္ကို ခိုးယူထြက္ေျပးသူအား ေဖာ္ထုတ္ဖမ္းဆီးရမိ အင္းစိန္ၿမိဳ႕နယ္၌ ဘဏ္တြင္ေငြသြင္းမည့္ က်ပ္ ၁၅၂ သိန္းပါ အထုပ္ကို ခိုးယူထြက္ေျပးသူအား ေဖာ္ထုတ္ဖမ္းဆီးရမိ Reviewed by THITHTOOLWIN on 09:23 Rating: 5
Powered by Blogger.