ျမန္မာမွာ COVID-19 လူနာထပ္တုိးၿပီး စုစုေပါင္း ၁၂၁ ဦးရွိလာ


(Zawgyi/Unicode)

ဧၿပီလ ၂၁ ရက္၊ အဂၤါေန႔ည ၈ နာရီအထိ ထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၁၂၁ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။ မူလက ၁၁၉ ဦး ရွိခဲ့ရာက ေနာက္တုိးလူနာ ၂ ဦး ရွိတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက အဂၤါေန႔ညမွာ ထုတ္ျပန္လုိက္တာ ျဖစ္ပါတယ္။

ေနာက္တုိး လူနာေတြထဲက လူနာအမွတ္ ၁၂၀ ဟာ ဒဂုံၿမိဳ႕သစ္ အေရွ႕ပုိင္းက အသက္ ၂၁ ႏွစ္အရြယ္ အမ်ဳိးသမီးတဦးျဖစ္ၿပီး လူနာ အမွတ္ ၁၂၁ ကေတာ့ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕က အသက္ ၂၁ ႏွစ္အရြယ္ အမ်ဳိးသမီးတဦး ျဖစ္တယ္လုိ႔ ဆုိပါတယ္။

လူနာအမွတ္ ၁၂၀ ဟာ ျမန္မာပလာဇာမွာ အလုပ္လုပ္တဲ့ MPT ၀န္ထမ္းတဦးျဖစ္ေၾကာင္း ဒဂုံၿမိဳ႕သစ္အေရွ႕ပုိင္း လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေက်ာ္ေက်ာ္ေမာင္ေျပာတာကုိ ကုိးကားၿပီး ျပည္တြင္းသတင္းေတြမွာ ေဖာ္ျပထားပါတယ္။

အခုခ်ိန္ထိ အတည္ျပဳထားတဲ့ လူနာေတြထဲမွာ က်န္းမာေရး၀န္ထမ္း ၆ ဦး ပါ၀င္ ေနတဲ့အတြက္ ဓာတ္ခြဲအတည္ျပဳလူနာေတြနဲ႔ ထိေတြ႔မႈ ရွိခဲ့လို႔ အသြားအလာကန္႔သတ္ခံရတဲ့ ဆရာဝန္ေတြနဲ႔ နယ္ေဆးရံုေတြမွာ ေရာဂါကာကြယ္ေရးအတြက္ ပစၥည္းလုိအပ္ခ်က္ေတြ ရွိေနေၾကာင္း ေျပာဆုိမႈေတြလည္း ရွိေနပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------

မြန်မာမှာ COVID-19 လူနာထပ်တိုးပြီး စုစုပေါင်း ၁၂၁ ဦးရှိလာ

(Unicode)

ဧပြီလ ၂၁ ရက်၊ အင်္ဂါနေ့ည ၈ နာရီအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၁၂၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ မူလက ၁၁၉ ဦး ရှိခဲ့ရာက နောက်တိုးလူနာ ၂ ဦး ရှိတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အင်္ဂါနေ့ညမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

နောက်တိုး လူနာတွေထဲက လူနာအမှတ် ၁၂၀ ဟာ ဒဂုံမြို့သစ် အရှေ့ပိုင်းက အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး လူနာ အမှတ် ၁၂၁ ကတော့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦး ဖြစ်တယ်လို့ ဆိုပါတယ်။

လူနာအမှတ် ၁၂၀ ဟာ မြန်မာပလာဇာမှာ အလုပ်လုပ်တဲ့ MPT ဝန်ထမ်းတဦးဖြစ်ကြောင်း ဒဂုံမြို့သစ်အရှေ့ပိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်ပြောတာကို ကိုးကားပြီး ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

အခုချိန်ထိ အတည်ပြုထားတဲ့ လူနာတွေထဲမှာ ကျန်းမာရေးဝန်ထမ်း ၆ ဦး ပါဝင် နေတဲ့အတွက် ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ ထိတွေ့မှု ရှိခဲ့လို့ အသွားအလာကန့်သတ်ခံရတဲ့ ဆရာဝန်တွေနဲ့ နယ်ဆေးရုံတွေမှာ ရောဂါကာကွယ်ရေးအတွက် ပစ္စည်းလိုအပ်ချက်တွေ ရှိနေကြောင်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-121-/5384254.html
ျမန္မာမွာ COVID-19 လူနာထပ္တုိးၿပီး စုစုေပါင္း ၁၂၁ ဦးရွိလာ ျမန္မာမွာ COVID-19 လူနာထပ္တုိးၿပီး စုစုေပါင္း ၁၂၁ ဦးရွိလာ Reviewed by THITHTOOLWIN on 02:56 Rating: 5
Powered by Blogger.