ၿဗိတိန္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို အခုလ(၂၃)ရက္ေန႔တြင္ စတင္စမ္းသပ္ သုံးစြဲမည္ဟု အစိုးရေၾကညာ


ၿဗိတိန္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို လူသားေတြနဲ႔ စမ္းသပ္အသုံးျပဳတာကို အခုလ(၂၃)ရက္ေန႔မွာ စတင္သြားမယ္လို႔ က်န္းမာေရးဝန္ႀကီး Matt Hancock က ေၾကညာလိုက္ပါတယ္။

ေအာက္စဖို႔ဒ္တကၠသိုလ္က သုေတသနျပဳထုတ္လုပ္ထားတဲ့ ဒီကာကြယ္ေဆးကို လူသားေတြနဲ႔ လက္ေတြ႕စမ္းသပ္သြားေတာ့မွာျဖစ္ၿပီး၊ တကယ္လို႔ စမ္းသပ္မႈဟာေအာင္ျမင္မႈရတယ္ဆိုရင္ ကာကြယ္ေဆးေပါင္း သန္းေပါင္းမ်ားစြာကို အခုႏွစ္ေဆာင္းရာသီမွာ အသုံးျပဳလို႔ ရႏိုင္မွာျဖစ္တယ္လို႔ ေအာက္စဖို႔ဒ္တကၠသိုလ္ ကာကြယ္ေဆးရွာေဖြေရးအဖြဲ႕ဝင္ တစ္ဦးက ေျပာပါတယ္။

ၿဗိတိန္အစိုးရအေနနဲ႔ ေအာက္စဖို႔ဒ္ကာကြယ္ေဆးရွာေဖြေရးအဖြဲ႕ကို ေဆးပညာစမ္းသပ္မႈေတြအတြက္ ေပါင္သန္း(၂၀) ေထာက္ပံ့ေပးထားၿပီး၊ Imperical College London မွ သုေတသနလုပ္ငန္းေတြအတြက္လည္း ေပါင္ (၂၂.၅)သန္း ေထာက္ပံ့ေပးသြားမယ္လို႔ ဆိုပါတယ္။

ေအာက္စဖို႔တကၠသိုလ္မွ ကာကြယ္ေဆးေဗဒဆိုင္ရာ ပေရာ္ဖက္ဆာ Sarah Gilbert ကေတာ့ ထိေရာက္တဲ့ကာကြယ္ေဆးတစ္ခုကို ရရွိဖို႔ ပုံမွန္အေနနဲ႔ (၁၈)လေလာက္အခ်ိန္ယူရေလ့ရွိေပမဲ့ သူ႔အဖြဲ႕က ႀကိဳးစားထားတဲ့ ကာကြယ္ေဆးကေတာ့ အခုႏွစ္ စက္တင္ဘာလအေစာပိုင္းမွာ အသုံးျပဳလို႔ရဖို႔ အဆင့္သင့္ျဖစ္ေနလိမ့္မယ္လို႔ ေျပာၾကားထားပါတယ္။

source photo : Skynews
One News Myanmar
---------------------------------------------
ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အခုလ(၂၃)ရက်နေ့တွင် စတင်စမ်းသပ် သုံးစွဲမည်ဟု အစိုးရကြေညာ
-----------------------------
ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူသားတွေနဲ့ စမ်းသပ်အသုံးပြုတာကို အခုလ(၂၃)ရက်နေ့မှာ စတင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီး Matt Hancock က ကြေညာလိုက်ပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်က သုတေသနပြုထုတ်လုပ်ထားတဲ့ ဒီကာကွယ်ဆေးကို လူသားတွေနဲ့ လက်တွေ့စမ်းသပ်သွားတော့မှာဖြစ်ပြီး၊ တကယ်လို့ စမ်းသပ်မှုဟာအောင်မြင်မှုရတယ်ဆိုရင် ကာကွယ်ဆေးပေါင်း သန်းပေါင်းများစွာကို အခုနှစ်ဆောင်းရာသီမှာ အသုံးပြုလို့ ရနိုင်မှာဖြစ်တယ်လို့ အောက်စဖို့ဒ်တက္ကသိုလ် ကာကွယ်ဆေးရှာဖွေရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ အောက်စဖို့ဒ်ကာကွယ်ဆေးရှာဖွေရေးအဖွဲ့ကို ဆေးပညာစမ်းသပ်မှုတွေအတွက် ပေါင်သန်း(၂၀) ထောက်ပံ့ပေးထားပြီး၊ Imperical College London မှ သုတေသနလုပ်ငန်းတွေအတွက်လည်း ပေါင် (၂၂.၅)သန်း ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

အောက်စဖို့တက္ကသိုလ်မှ ကာကွယ်ဆေးဗေဒဆိုင်ရာ ပရော်ဖက်ဆာ Sarah Gilbert ကတော့ ထိရောက်တဲ့ကာကွယ်ဆေးတစ်ခုကို ရရှိဖို့ ပုံမှန်အနေနဲ့ (၁၈)လလောက်အချိန်ယူရလေ့ရှိပေမဲ့ သူ့အဖွဲ့က ကြိုးစားထားတဲ့ ကာကွယ်ဆေးကတော့ အခုနှစ် စက်တင်ဘာလအစောပိုင်းမှာ အသုံးပြုလို့ရဖို့ အဆင့်သင့်ဖြစ်နေလိမ့်မယ်လို့ ပြောကြားထားပါတယ်။

source photo : Skynews
One News Myanmar
https://www.facebook.com/onenewsmyan
ၿဗိတိန္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို အခုလ(၂၃)ရက္ေန႔တြင္ စတင္စမ္းသပ္ သုံးစြဲမည္ဟု အစိုးရေၾကညာ ၿဗိတိန္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို အခုလ(၂၃)ရက္ေန႔တြင္ စတင္စမ္းသပ္ သုံးစြဲမည္ဟု အစိုးရေၾကညာ Reviewed by THITHTOOLWIN on 05:21 Rating: 5
Powered by Blogger.