လုပ္ငန္းခြင္ထဲျပန္ေရာက္လာတဲ့ ၀န္ထမ္းေတြအတြက္ ကုိဗစ္ကာကြယ္ေရး ဘယ္လုိ စီစဥ္ထားသလဲ


(Zawgyi/Unicode)

ဧၿပီလ ၂၀ ရက္ကစလို႔ ဘဏ္နဲ႔ပုဂၢလိကကုမၸဏီလုပ္ငန္းအေတာ္မ်ားမ်ား ျပန္လည္ လည္ပတ္ၿပီး ဝန္ထမ္းေတြ ျပန္အလုပ္လုပ္ကိုင္ေနၾကရာမွာ၊ အဲဒီဝန္ထမ္းေတြအတြက္ ေရာဂါကာကြယ္ေရး အစီအစဥ္ေတြ ဘာေတြမ်ားလုပ္ထားသလဲဆိုတာကို မေမခက တင္ဆက္ေပးမွာပါ။

႐ုံးလုပ္ငန္းလို ပုဂၢလိက လုပ္ငန္းအေတာ္မ်ားမ်ား ျပန္လည္ဖြင့္လွစ္လုပ္ကိုင္ေနေၾကပမယ့္ ဒီလူေတြအတြက္ ေရာဂါပိုးမကူးေအာင္ က်န္းမာေရးဆိုင္ရာၫႊန္ၾကားခ်က္ေတြကို အစိုးရပိုင္းထုတ္ျပန္ထားေပမယ့္ ဒါေတြကို ၾကပ္မတ္ဖို႔လိုတယ္လို႔ အလုပ္သမားေရးလႈပ္ရွားသူေတြက ေထာက္ျပေနၾကပါတယ္။

အလုပ္သမားအေရးလႈပ္ရွားသူ တဦးျဖစ္တဲ့ မသက္သက္ေအာင္ကေတာ့ လုပ္ငန္းခြင္၀င္ေနတဲ့ အလုပ္သမားေတြ နဲ႔ပတ္သတ္လို႔ အခုလို အစိုးရကိုတိုက္တြန္းလိုက္ပါတယ္။

“က်န္းမာေရး နဲ႔ အားကစား၀န္ႀကီးဌာနကေနၿပီးေတာ့ ထုတ္ျပန္ထားတဲ့ ညြန္ၾကားခ်က္ေတြအတိုင္း အလုပ္ရွင္ေတြဘက္က ေလးစားလိုက္နာဖို႔ လိုတယ္။ မ်ားေသာအားျဖင့္က အလုပ္ျပဳတ္မွာေၾကာက္ၾကတယ္။ ဒီအခ်ိန္ ဒီကာလမွာ စက္ရံု၊ အလုပ္ရံုေတြကို စစ္ေဆးတာမဟုတ္ပဲနဲ႔ ခုနက အလုပ္ဌာနမ်ားေအာက္မွာ အက်ံဳး၀င္တဲ့ service ေပးတဲ့ ကုမၸဏီေတြ ၀န္ေဆာင္မႈေပးေနရတဲ့ ေနရာေတြမွာ လုပ္ေနတဲ့ ၀န္ထမ္းေတြကိုလည္း ေကာ္မတီဖြဲ႔ထားၿပီးေတာ့ ဒီေကာ္မတီအေနနဲ႔ စစ္ေဆးဖို႔ လိုတယ္။ အလုပ္သမား ေတြကလည္း မေျပာရဲ၊ အလုပ္ရွင္ဘက္ကလည္း ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို ေလးစားလိုက္နာမႈမရွိဘူးဆိုရင္ ေနာက္ဆက္တြဲျပႆနာေတြ က်မတို႔က ဒါက ရိုးရိုးျပႆနာမဟုတ္ပါဘူး ကမာၻ႔ကပ္ေရာဂါ ျဖစ္ပါတယ္။ အဲဒီအတြက္ အင္မတန္ စိုးရိမ္ရတယ္။ တိက်တဲ့ စည္းကမ္းေတြနဲ႔ စစ္ေဆးမႈေတြ၊ အေရးယူမႈေတြကို ထိထိေရာက္ေရာက္ လုပ္ဖို႔ လိုတယ္လို႔ က်မအေနနဲ႔ ျမင္ပါတယ္။”

လက္ရွိမွာေတာ့ COVID-19 ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈမွ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ တစ္ႏိုင္ငံလုံးရွိ စက္႐ုံ၊ အလုပ္႐ုံေတြကို အစိုးရဝန္ႀကီးဌာနပူးေပါင္းအဖြဲ႕ဝင္တို႔က စစ္ေဆးၿပီး သတ္မွတ္ခ်က္နဲ႔ ကိုက္မွ ဖြင့္ခြင့္ေပးမယ္လို႔ အစိုးရဘက္က ထုတ္ျပန္ ထားပါတယ္။ စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနမ်ားကို ဒီလ ၂၀ ရက္မွ ၃၀ ရက္အတြင္း စစ္ေဆးမႈမ်ားျပဳလုပ္မယ္လို႔ ထုတ္ ျပန္ထားပါတယ္။ ေဆးဝါးထုတ္လုပ္ေရးစက္႐ုံေတြ၊ စားေသာက္ကုန္ ထုတ္တဲ့ စက္႐ုံေတြ၊ က်န္းမာေရးလိုအပ္ခ်က္ ေတြနဲ႔ ကိုက္ညီတဲ့ ဖြင့္ဖို႔ အသင့္ျဖစ္ေနတဲ့ စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနေတြနဲ႔ လုပ္သားဦးေရ ၁၀၀၀ နဲ႔ အထက္ရွိေသာ စက္႐ုံ၊ အလုပ္႐ုံေတြကို ဦးစားေပးစစ္မယ္လို႔ ထုတ္ျပန္ခ်က္မွာေျပာထားပါတယ္။

က်န္းမာေရးဌာနထုတ္ျပန္ခ်က္ထဲမွာေတာ့ စစ္ေဆးမယ့္လုပ္ငန္းေတြမွာ စက္႐ုံ၊ အလုပ္႐ုံေတြအျပင္ လုပ္ငန္းဌာနမ်ားဆိုတာ ပါဝင္ေပမယ့္ ေဖာ္ျပထားတဲ့ဌာနေတြဟာ ဘယ္လုပ္ငန္းဌာနဆိုတာ တိတိက်က် မေဖာ္ျပထားပါဘူး။ ဒီအတြက္ တိတိက်က်ေဖာ္ျပတာ မ်ိဳးလုပ္ဖို႔ကိုလည္း မသက္သက္ေအာင္ကေျပာပါတယ္။

ဒါေၾကာင့္ စစ္ေဆးဖို႔ လုပ္ေဆာင္မႈပိုင္းကလည္း အားနည္းတာေတြမျဖစ္ဖို႔နဲ႔ ဖြင့္ထားတဲ့ အလုပ္ခြင္ ေတြ အတြက္ အျမန္ဆုံးစစ္ဖို႔ မသက္သက္ေအာင္က တိုက္တြန္းခဲ့ပါတယ္။

KBZ ဘဏ္ရဲ႕ ႏိုင္ငံျခား ဘဏ္ အေကာင့္နဲ႔ ဘဏ္လုပ္ငန္းဌာနက ဌာနမွဴး ဦးမင္းနႏၵာစိုးကေတာ့ သူတို႔ ဘဏ္လုပ္ငန္း အေနနဲ႔ လူအမ်ားနဲ႔ေန႔စဥ္ဆက္ဆံရသူေတြမို႔ ပိုးမကူးေအာင္ အထူးသတိထားတယ္ လို႔ေျပာပါတယ္။

“က်ေနာ္တို႔ ေငြေၾကးလုပ္ငန္းဘဏ္ကို အစိုးရပိုင္းက မရပ္ဖို႔ တရား၀င္ ထုတ္ျပန္ထားတယ္။ဒီအတြက္ တခ်ိဳ႕ကို work from home အိမ္မွာလုပ္တာ၊ ေနာက္ work from another place ဆိုၿပီးေတာ့ ခြဲၿပီးလုပ္ေနတယ္။ ဒါကေတာ့ က်ေနာ္တို႔KBZေပၚလစီေပါ့။ ၿပီးေတာ့ customer နဲ႔ တိုက္ရိုက္ထိေတြ႔ရမယ့္ operation ေတြမွာေတာ့ hand gel တို႔ mask တို႔ သူတို႔အတြက္ အကာကြယ္ျဖစ္မယ့္ဟာေတြကို လံုလံုေလာက္ေလာက္ထားၿပီးေတာ့ ဒါေတြကို မျဖစ္မေနလိုက္နာဖို႔ စည္းကမ္းထုတ္ထားတာေပါ့ေနာ္။ မျဖစ္မေနေတာ့ အလုပ္ဆင္းရမယ္။ စိုးရိမ္ပူပန္စိတ္အေနနဲ႔ကေတာ့ ျပည္သူလူထုေတြ လူသားတိုင္းမွာ အခုလိုအေျခအေနမွာ အကုန္လံုးအနည္းအမ်ားရွိတာေပါ့။”

ကုန္စည္တင္ပို႔တဲ့ လုပ္ငန္းတခုမွာ လုပ္ကိုင္ေနတဲ့ အမည္မေဖာ္လိုသူ တဦးကေတာ့ လက္ရွိမွာ သူတို႔ ကုမၸဏီအေနနဲ႔ က်န္းမာေရးဘက္က ထုတ္ျပန္ထားတဲ့ သတ္မွတ္အကြာအေဝးထားဖို႔၊ ကုမၸဏီကေန ကာကြယ္ေရးပစည္းေတြေဝဖို႔ ကိုလည္း လုပ္ေဆာင္ေပးတာမ်ိဳး လုံးဝမရွိဘူးလို႔ဆိုပါတယ္။ တိုင္ၾကားရင္ အလုပ္ ထိခိုက္မွာစိုးတဲ့ အတြက္ သည္းခံေနရတယ္လို႔ ေျပာပါတယ္။ သူ႔အေနနဲ႔ အစိုးရဘက္က တိတိက်က် လာစစ္ၿပီး အေရးယူတာ လိုခ်င္တယ္လို႔ ေျပာပါတယ္။

လုပ္ငန္းခြင္ေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈ ထိန္းခ်ဳပ္တားဆီးႏိုင္ေရးအတြက္ လူေတြခပ္ခြာခြာေနၾကဖို႔ (Social Distancing) အပါအဝင္ လိုက္နာဖို႔ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ တာေတြကိုတိတိ က်က် က်င့္သုံးတဲ့ ႏိုင္ငံေတြမွာ ပိုးကူးစက္ႏႈန္းမရွိသေလာက္ နည္းသလို ေကာင္းက်ိဳးမ်ားစြာျဖစ္ခဲ့တယ္ဆိုတဲ့ သာဓကေတြရွိတာေၾကာင့္ ထုတ္ျပန္ခ်က္ေတြအတိုင္းလုပ္ငန္းရွင္ေတြ လိုက္နာဖို႔ ၾကပ္မတ္ဖို႔လိုတယ္လို႔ က်န္းမာေရးပညာရွင္ေတြဘက္ကလည္း ေထာက္ျပေနၾကပါတယ္။

ေမခ  / ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------

လုပ်ငန်းခွင်ထဲပြန်ရောက်လာတဲ့ ဝန်ထမ်းတွေအတွက် ကိုဗစ်ကာကွယ်ရေး ဘယ်လို စီစဉ်ထားသလဲ

(Unicode)

ဧပြီလ ၂၀ ရက်ကစလို့ ဘဏ်နဲ့ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းအတော်များများ ပြန်လည် လည်ပတ်ပြီး ဝန်ထမ်းတွေ ပြန်အလုပ်လုပ်ကိုင်နေကြရာမှာ၊ အဲဒီဝန်ထမ်းတွေအတွက် ရောဂါကာကွယ်ရေး အစီအစဉ်တွေ ဘာတွေများလုပ်ထားသလဲဆိုတာကို မမေခက တင်ဆက်ပေးမှာပါ။

ရုံးလုပ်ငန်းလို ပုဂ္ဂလိက လုပ်ငန်းအတော်များများ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်နေကြေပမယ့် ဒီလူတွေအတွက် ရောဂါပိုးမကူးအောင် ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်တွေကို အစိုးရပိုင်းထုတ်ပြန်ထားပေမယ့် ဒါတွေကို ကြပ်မတ်ဖို့လိုတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။

အလုပ်သမားအရေးလှုပ်ရှားသူ တဦးဖြစ်တဲ့ မသက်သက်အောင်ကတော့ လုပ်ငန်းခွင်ဝင်နေတဲ့ အလုပ်သမားတွေ နဲ့ပတ်သတ်လို့ အခုလို အစိုးရကိုတိုက်တွန်းလိုက်ပါတယ်။

“ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနကနေပြီးတော့ ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေအတိုင်း အလုပ်ရှင်တွေဘက်က လေးစားလိုက်နာဖို့ လိုတယ်။ များသောအားဖြင့်က အလုပ်ပြုတ်မှာကြောက်ကြတယ်။ ဒီအချိန် ဒီကာလမှာ စက်ရုံ၊ အလုပ်ရုံတွေကို စစ်ဆေးတာမဟုတ်ပဲနဲ့ ခုနက အလုပ်ဌာနများအောက်မှာ အကျုံးဝင်တဲ့ service ပေးတဲ့ ကုမ္ပဏီတွေ ဝန်ဆောင်မှုပေးနေရတဲ့ နေရာတွေမှာ လုပ်နေတဲ့ ဝန်ထမ်းတွေကိုလည်း ကော်မတီဖွဲ့ထားပြီးတော့ ဒီကော်မတီအနေနဲ့ စစ်ဆေးဖို့ လိုတယ်။ အလုပ်သမား တွေကလည်း မပြောရဲ၊ အလုပ်ရှင်ဘက်ကလည်း ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လေးစားလိုက်နာမှုမရှိဘူးဆိုရင် နောက်ဆက်တွဲပြဿနာတွေ ကျမတို့က ဒါက ရိုးရိုးပြဿနာမဟုတ်ပါဘူး ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပါတယ်။ အဲဒီအတွက် အင်မတန် စိုးရိမ်ရတယ်။ တိကျတဲ့ စည်းကမ်းတွေနဲ့ စစ်ဆေးမှုတွေ၊ အရေးယူမှုတွေကို ထိထိရောက်ရောက် လုပ်ဖို့ လိုတယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။”

လက်ရှိမှာတော့ COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်ရေးအတွက် တစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံတွေကို အစိုးရဝန်ကြီးဌာနပူးပေါင်းအဖွဲ့ဝင်တို့က စစ်ဆေးပြီး သတ်မှတ်ချက်နဲ့ ကိုက်မှ ဖွင့်ခွင့်ပေးမယ်လို့ အစိုးရဘက်က ထုတ်ပြန် ထားပါတယ်။ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ဒီလ ၂၀ ရက်မှ ၃၀ ရက်အတွင်း စစ်ဆေးမှုများပြုလုပ်မယ်လို့ ထုတ် ပြန်ထားပါတယ်။ ဆေးဝါးထုတ်လုပ်ရေးစက်ရုံတွေ၊ စားသောက်ကုန် ထုတ်တဲ့ စက်ရုံတွေ၊ ကျန်းမာရေးလိုအပ်ချက် တွေနဲ့ ကိုက်ညီတဲ့ ဖွင့်ဖို့ အသင့်ဖြစ်နေတဲ့ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေနဲ့ လုပ်သားဦးရေ ၁၀၀၀ နဲ့ အထက်ရှိသော စက်ရုံ၊ အလုပ်ရုံတွေကို ဦးစားပေးစစ်မယ်လို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။

ကျန်းမာရေးဌာနထုတ်ပြန်ချက်ထဲမှာတော့ စစ်ဆေးမယ့်လုပ်ငန်းတွေမှာ စက်ရုံ၊ အလုပ်ရုံတွေအပြင် လုပ်ငန်းဌာနများဆိုတာ ပါဝင်ပေမယ့် ဖော်ပြထားတဲ့ဌာနတွေဟာ ဘယ်လုပ်ငန်းဌာနဆိုတာ တိတိကျကျ မဖော်ပြထားပါဘူး။ ဒီအတွက် တိတိကျကျဖော်ပြတာ မျိုးလုပ်ဖို့ကိုလည်း မသက်သက်အောင်ကပြောပါတယ်။

ဒါကြောင့် စစ်ဆေးဖို့ လုပ်ဆောင်မှုပိုင်းကလည်း အားနည်းတာတွေမဖြစ်ဖို့နဲ့ ဖွင့်ထားတဲ့ အလုပ်ခွင် တွေ အတွက် အမြန်ဆုံးစစ်ဖို့ မသက်သက်အောင်က တိုက်တွန်းခဲ့ပါတယ်။

KBZ ဘဏ်ရဲ့ နိုင်ငံခြား ဘဏ် အကောင့်နဲ့ ဘဏ်လုပ်ငန်းဌာနက ဌာနမှူး ဦးမင်းနန္ဒာစိုးကတော့ သူတို့ ဘဏ်လုပ်ငန်း အနေနဲ့ လူအများနဲ့နေ့စဉ်ဆက်ဆံရသူတွေမို့ ပိုးမကူးအောင် အထူးသတိထားတယ် လို့ပြောပါတယ်။

“ကျနော်တို့ ငွေကြေးလုပ်ငန်းဘဏ်ကို အစိုးရပိုင်းက မရပ်ဖို့ တရားဝင် ထုတ်ပြန်ထားတယ်။ဒီအတွက် တချို့ကို work from home အိမ်မှာလုပ်တာ၊ နောက် work from another place ဆိုပြီးတော့ ခွဲပြီးလုပ်နေတယ်။ ဒါကတော့ ကျနော်တို့KBZပေါ်လစီပေါ့။ ပြီးတော့ customer နဲ့ တိုက်ရိုက်ထိတွေ့ရမယ့် operation တွေမှာတော့ hand gel တို့ mask တို့ သူတို့အတွက် အကာကွယ်ဖြစ်မယ့်ဟာတွေကို လုံလုံလောက်လောက်ထားပြီးတော့ ဒါတွေကို မဖြစ်မနေလိုက်နာဖို့ စည်းကမ်းထုတ်ထားတာပေါ့နော်။ မဖြစ်မနေတော့ အလုပ်ဆင်းရမယ်။ စိုးရိမ်ပူပန်စိတ်အနေနဲ့ကတော့ ပြည်သူလူထုတွေ လူသားတိုင်းမှာ အခုလိုအခြေအနေမှာ အကုန်လုံးအနည်းအများရှိတာပေါ့။”

ကုန်စည်တင်ပို့တဲ့ လုပ်ငန်းတခုမှာ လုပ်ကိုင်နေတဲ့ အမည်မဖော်လိုသူ တဦးကတော့ လက်ရှိမှာ သူတို့ ကုမ္ပဏီအနေနဲ့ ကျန်းမာရေးဘက်က ထုတ်ပြန်ထားတဲ့ သတ်မှတ်အကွာအဝေးထားဖို့၊ ကုမ္ပဏီကနေ ကာကွယ်ရေးပစည်းတွေဝေဖို့ ကိုလည်း လုပ်ဆောင်ပေးတာမျိုး လုံးဝမရှိဘူးလို့ဆိုပါတယ်။ တိုင်ကြားရင် အလုပ် ထိခိုက်မှာစိုးတဲ့ အတွက် သည်းခံနေရတယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ အစိုးရဘက်က တိတိကျကျ လာစစ်ပြီး အရေးယူတာ လိုချင်တယ်လို့ ပြောပါတယ်။

လုပ်ငန်းခွင်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်တားဆီးနိုင်ရေးအတွက် လူတွေခပ်ခွာခွာနေကြဖို့ (Social Distancing) အပါအဝင် လိုက်နာဖို့ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ တာတွေကိုတိတိ ကျကျ ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ပိုးကူးစက်နှုန်းမရှိသလောက် နည်းသလို ကောင်းကျိုးများစွာဖြစ်ခဲ့တယ်ဆိုတဲ့ သာဓကတွေရှိတာကြောင့် ထုတ်ပြန်ချက်တွေအတိုင်းလုပ်ငန်းရှင်တွေ လိုက်နာဖို့ ကြပ်မတ်ဖို့လိုတယ်လို့ ကျန်းမာရေးပညာရှင်တွေဘက်ကလည်း ထောက်ပြနေကြပါတယ်။

မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-worker-conditon-/5384144.html
လုပ္ငန္းခြင္ထဲျပန္ေရာက္လာတဲ့ ၀န္ထမ္းေတြအတြက္ ကုိဗစ္ကာကြယ္ေရး ဘယ္လုိ စီစဥ္ထားသလဲ လုပ္ငန္းခြင္ထဲျပန္ေရာက္လာတဲ့ ၀န္ထမ္းေတြအတြက္ ကုိဗစ္ကာကြယ္ေရး ဘယ္လုိ စီစဥ္ထားသလဲ Reviewed by THITHTOOLWIN on 02:56 Rating: 5
Powered by Blogger.