ဒုသမၼတ ဦးဟန္နရီဗန္ထီးယူနဲ႔ မိသားစု COVID-19 အစစ္ခံမည္


(Zawgyi/Unicode)

ဒုတိယ သမၼတ ဟန္နရီဗန္ထီးယူနဲ႔ သူ႔မိသားစု၀င္ေတြ၊ ေနာက္ သူနဲ႕အနီးကပ္ထပ္ေတြမႈရိွသူ အားလံုး စုစုေပါင္း လူ ၃၀ ကို ဓါတ္ခဲြနမူနာယူၿပီး ကိုရိုနာဗိုင္းရပ္စ္ ရွိ၊ မရိွ စစ္ေဆးမွာျဖစ္တယ္လို႔ သမၼတရံုးေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေျပာပါတယ္။

ခရစ္ယာန္တရားေဟာဆရာ တဦးမွာ COVID-19 ေရာဂါ ေတြ႕ရတဲ့ေနာက္၊ အဲဒီ ခရစ္ယာန္တရားေဟာဆရာနဲ႔ ဒုသမၼတ ဦးဗန္ထီးယူတို႔ ေတြ႔ဆံုတဲ့ ဓါတ္ပံုေတြ ေပၚထြက္လာတဲ့ေနာက္ ဒုသမတရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္လို႔ စိုးရိမ္မႈေတြ ထြက္ေပၚလာပါတယ္။

ဒါေပမဲ့ ဒီ ဓါတ္ပံုေတြဟာ ေဖေဖာ္၀ါရီလ ၉ ရက္ေန႔တုန္းက ရိုက္ထားတဲ့ ဓါတ္ပံုေတြျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ အေစာဆံုး ဗိုင္းရပ္စ္ ကူးစက္မႈ ရိွခဲ့တာက မတ္လ ၂၃ ရက္ေန႔ျဖစ္တယ္လို႔ ႏိုင္ငံေတာ္သမၼတရံုး ေျပာခြင့္ရသူက ေနျပည္ေတာ္သတင္းေထာက္ေတြကို ျပန္ၾကားခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းမွာလဲ ဒုသမၼတနဲ႔ တရားေဟာဆရာတို႔ ေတြ႔ဆံုတာမ်ိဳး မရိွခဲ့ဘူးလို႔ဆိုပါတယ္။ ဒါေပမဲ့လည္း လူထုအၾကား စိုးရိမ္မႈေတြ ျမင့္တက္လာတာေၾကာင့္ ရွင္းရွင္းလင္းလင္းျဖစ္ေအာင္လို႔ ဒုသမၼတနဲ႔ သူ႔မိသားစု၀င္ေတြ သူနဲ႔ထိေတြ႔ခဲ့သူ အားလံုး စုစုေပါင္း ၃၀ ကို ဓါတ္ခဲြနမူနာယူ စစ္ေဆးမွာျဖစ္တယ္လို႔ ဦးေဇာ္ေဌးက ရွင္းလင္းထားပါတယ္။

ႏိုင္ငံေတာ္ အႀကီးအကဲေတြ က်န္းမာေရးအတြက္ ေနအိမ္အ၀င္အထြက္ေတြ ေတြ႔ဆံုမႈေတြကိုလည္း က်န္းမာေရးလမ္းညႊန္ခ်က္ေတြနဲ႔အညီ ၾကပ္မတ္ေဆာင္ရြက္ေနတယ္လို႔ ဦးေဇာ္ေဌးက တုံ႔ျပန္ပါတယ္။ ဒုသမၼတ ဗန္ထီးယူကို သီးျခားခဲြ ေစာင့္ၾကည့္မႈ လုပ္၊ မလုပ္ ဗီြအိုေအက ေမးျမန္းၾကည့္ေတာ့ သီးျခားခဲြထားတာမ်ိဳးေတာ့ မရိွဘူးလို႔ ဦးေဇာ္ေဌးက ေျဖပါတယ္။

ရန္ကုန္တိုင္း မရမ္းကုန္းၿမိဳ႕နယ္ထဲက ခရစ္ယာန္ဘာသာေရးေဟာေျပာပဲြ တခုမွာ အဲဒီ တရားေဟာဆရာနဲ႔အတူရိွခဲ့တဲ့ လူအခ်ိဳ႕လည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရတယ္လို႔ ဓါတ္ခဲြစမ္းသပ္မႈ အေျဖထြက္ခဲ့ပါတယ္။

အဲဒီ တရားေဟာဆရာကိုေရာ စီစဥ္သူကိုပါ သဘာ၀ေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႔ခဲြမႈဥပေဒနဲ႔ ရန္ကုန္တိုင္းအစိုးရက အမႈဖြင့္အေရးယူထားပါတယ္။

ေနာက္ဆုံး ေတြ႕ရွိခဲ့တဲ့ ေရာဂါ ကူးစက္မႈေတြနဲ႔ ဆက္စပ္ၿပီး ထပ္မံ ကူးစက္ျပန္႔ပြားမွာကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္ ၅ ၿမိဳ႕နယ္က ေနအိမ္ေနရာ ၁၀ ခုကို အသြားအလာ ပိတ္ပင္ကန္႔သတ္လိုက္တယ္လို႔လည္း ရန္ကုန္တိုင္းေဒသႀကီး COVID 19 ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီက ေၾကညာခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ဧၿပီ ၁၃ ေန႔ ေနာက္ဆုံး စစ္ေဆးခဲ့တဲ့ COVID- 19 ဓါတ္ခြဲ နမူနာ စုစုေပါင္း ၃၀၉ ခုထဲက အတည္ျပဳ လူနာ အသစ္ ၂၁ ေယာက္ ေတြ႕ရွိခဲ့တာေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ အေရအတြက္စုစုေပါင္း ၆၂ ဦးရွိၿပီ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------------------

[Unicode Version]

ဒုသမ္မတ ဦးဟန်နရီဗန်ထီးယူနဲ့ မိသားစု COVID-19 အစစ်ခံမည်

ဒုတိယ သမ္မတ ဟင်နရီဗန်ထီးယူနဲ့ သူ့မိသားစုဝင်တွေ၊ နောက် သူနဲ့အနီးကပ်ထပ်တွေမှုရှိသူ အားလုံး စုစုပေါင်း လူ ၃၀ ကို ဓါတ်ခွဲနမူနာယူပြီး ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးမှာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

ခရစ်ယာန်တရားဟောဆရာ တဦးမှာ COVID-19 ရောဂါ တွေ့ရတဲ့နောက်၊ အဲဒီ ခရစ်ယာန်တရားဟောဆရာနဲ့ ဒုသမ္မတ ဦးဗန်ထီးယူတို့ တွေ့ဆုံတဲ့ ဓါတ်ပုံတွေ ပေါ်ထွက်လာတဲ့နောက် ဒုသမတရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ်လာပါတယ်။

ဒါပေမဲ့ ဒီ ဓါတ်ပုံတွေဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်းက ရိုက်ထားတဲ့ ဓါတ်ပုံတွေဖြစ်ပြီး မြန်မာနိုင်ငံမှာ အစောဆုံး ဗိုင်းရပ်စ် ကူးစက်မှု ရှိခဲ့တာက မတ်လ ၂၃ ရက်နေ့ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူက နေပြည်တော်သတင်းထောက်တွေကို ပြန်ကြားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာလဲ ဒုသမ္မတနဲ့ တရားဟောဆရာတို့ တွေ့ဆုံတာမျိုး မရှိခဲ့ဘူးလို့ဆိုပါတယ်။ ဒါပေမဲ့လည်း လူထုအကြား စိုးရိမ်မှုတွေ မြင့်တက်လာတာကြောင့် ရှင်းရှင်းလင်းလင်းဖြစ်အောင်လို့ ဒုသမ္မတနဲ့ သူ့မိသားစုဝင်တွေ သူနဲ့ထိတွေ့ခဲ့သူ အားလုံး စုစုပေါင်း ၃၀ ကို ဓါတ်ခွဲနမူနာယူ စစ်ဆေးမှာဖြစ်တယ်လို့ ဦးဇော်ဌေးက ရှင်းလင်းထားပါတယ်။

နိုင်ငံတော် အကြီးအကဲတွေ ကျန်းမာရေးအတွက် နေအိမ်အဝင်အထွက်တွေ တွေ့ဆုံမှုတွေကိုလည်း ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဦးဇော်ဌေးက တုံ့ပြန်ပါတယ်။ ဒုသမ္မတ ဗန်ထီးယူကို သီးခြားခွဲ စောင့်ကြည့်မှု လုပ်၊ မလုပ် ဗွီအိုအေက မေးမြန်းကြည့်တော့ သီးခြားခွဲထားတာမျိုးတော့ မရှိဘူးလို့ ဦးဇော်ဌေးက ဖြေပါတယ်။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ထဲက ခရစ်ယာန်ဘာသာရေးဟောပြောပွဲ တခုမှာ အဲဒီ တရားဟောဆရာနဲ့အတူရှိခဲ့တဲ့ လူအချို့လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ဓါတ်ခွဲစမ်းသပ်မှု အဖြေထွက်ခဲ့ပါတယ်။

အဲဒီ တရားဟောဆရာကိုရော စီစဉ်သူကိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ ရန်ကုန်တိုင်းအစိုးရက အမှုဖွင့်အရေးယူထားပါတယ်။

နောက်ဆုံး တွေ့ရှိခဲ့တဲ့ ရောဂါ ကူးစက်မှုတွေနဲ့ ဆက်စပ်ပြီး ထပ်မံ ကူးစက်ပြန့်ပွားမှာကို ထိန်းချုပ်တဲ့အနေနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၅ မြို့နယ်က နေအိမ်နေရာ ၁၀ ခုကို အသွားအလာ ပိတ်ပင်ကန့်သတ်လိုက်တယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး COVID 19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီ ၁၃ နေ့ နောက်ဆုံး စစ်ဆေးခဲ့တဲ့ COVID- 19 ဓါတ်ခွဲ နမူနာ စုစုပေါင်း ၃၀၉ ခုထဲက အတည်ပြု လူနာ အသစ် ၂၁ ယောက် တွေ့ရှိခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်စုစုပေါင်း ၆၂ ဦးရှိပြီ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/vice-president/5371044.html
ဒုသမၼတ ဦးဟန္နရီဗန္ထီးယူနဲ႔ မိသားစု COVID-19 အစစ္ခံမည္  ဒုသမၼတ ဦးဟန္နရီဗန္ထီးယူနဲ႔ မိသားစု COVID-19 အစစ္ခံမည္ Reviewed by THITHTOOLWIN on 19:44 Rating: 5
Powered by Blogger.