တာခ်ီလိတ္နဲ႔ မေလးရွားမွာ သၾကၤန္ေရကစားတဲ့သူေတြအဖမ္းခံရ


(Zawgyi)⤵⤵⤵
 တာခ်ီလိတ္ၿမိဳ႕မွာ သၾကၤန္ကို ႀကိဳဆိုတဲ့အေၾကာင္းနဲ႔ ေရကစားလိုက္တဲ့ စားေသာက္ဆိုင္မွာ ဆိုင္ရွင္ အပါအဝင္ ၁၀ ေယာက္ကို ဖမ္းလိုက္ၿပီး ေဒသႏၲရအမိန႔္ ေဖာက္ဖ်က္က်ဴးလြန္မႈနဲ႔ အမႈဖြင့္ထားပါတယ္။

ဒီအေတာအတြင္းမွာပဲ မေလးရွားႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ မကူးစက္ေရး ထိန္းခ်ဳပ္ေနခ်ိန္မွာ Sepang ခ႐ိုင္က စက္႐ုံတ႐ုံမွာ အလုပ္သမားအေဆာင္ဝင္းအတြင္း သၾကၤန္ေရကစားတဲ့ ျမန္မာအမ်ိဳးသား ၆၂ ေယာက္ကို ရဲတပ္ဖြဲ႕ က မေန႔က ဖမ္းဆီးလိုက္ပါတယ္။

စက္႐ုံအုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔ ပူးေပါင္းစုံစမ္းၿပီး မနက္ ၂ နာရီေလာက္မွာ စီးနင္းဖမ္းဆီးလိုက္တာပါ။ သၾကၤန္ပြဲႏႊဲေနတာကို လက္ကိုင္ဖုန္းနဲ႔ ဗြီဒီယို႐ိုက္ၿပီး facebook လူမႈကြန္ရက္မွာ တင္တာကို အလုပ္သမားႏွစ္ေယာက္က ဝန္ခံတယ္လို႔ ခ႐ိုင္ရဲမႉးက ေျပာပါတယ္။

မွတ္တမ္းတင္တဲ့ မိုဘိုင္းဖုန္းႏွစ္လုံးကိုလည္း သိမ္းလိုက္ၿပီး တခ်ိဳ႕ကလည္း သၾကၤန္ပြဲမွာ ပါတယ္လို႔ ဝန္ခံပါတယ္။ တခ်ိဳ႕ကိုေတာ့ စုံစမ္းဖမ္းဆီးခဲ့ပါတယ္။ သူတို႔ကို ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး အက္ဥပေဒ၊ ဆက္သြယ္ေရးနဲ႔ မီဒီယာအက္ဥပေဒေတြနဲ႔ အမႈကို စုံစမ္းစစ္ေဆးေနပါတယ္။

RFA Burmese
----------------------------------------------
(Unicode)⤵⤵⤵
တာချီလိတ်နဲ့ မလေးရှားမှာ သင်္ကြန်ရေကစားတဲ့သူတွေအဖမ်းခံရ

 တာချီလိတ်မြို့မှာ သင်္ကြန်ကို ကြိုဆိုတဲ့အကြောင်းနဲ့ ရေကစားလိုက်တဲ့ စားသောက်ဆိုင်မှာ ဆိုင်ရှင် အပါအဝင် ၁၀ ယောက်ကို ဖမ်းလိုက်ပြီး ဒေသန္တရအမိန့် ဖောက်ဖျက်ကျူးလွန်မှုနဲ့ အမှုဖွင့်ထားပါတယ်။

ဒီအတောအတွင်းမှာပဲ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရေး ထိန်းချုပ်နေချိန်မှာ Sepang ခရိုင်က စက်ရုံတရုံမှာ အလုပ်သမားအဆောင်ဝင်းအတွင်း သင်္ကြန်ရေကစားတဲ့ မြန်မာအမျိုးသား ၆၂ ယောက်ကို ရဲတပ်ဖွဲ့ က မနေ့က ဖမ်းဆီးလိုက်ပါတယ်။

စက်ရုံအုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းစုံစမ်းပြီး မနက် ၂ နာရီလောက်မှာ စီးနင်းဖမ်းဆီးလိုက်တာပါ။ သင်္ကြန်ပွဲနွှဲနေတာကို လက်ကိုင်ဖုန်းနဲ့ ဗွီဒီယိုရိုက်ပြီး facebook လူမှုကွန်ရက်မှာ တင်တာကို အလုပ်သမားနှစ်ယောက်က ဝန်ခံတယ်လို့ ခရိုင်ရဲမှူးက ပြောပါတယ်။

မှတ်တမ်းတင်တဲ့ မိုဘိုင်းဖုန်းနှစ်လုံးကိုလည်း သိမ်းလိုက်ပြီး တချို့ကလည်း သင်္ကြန်ပွဲမှာ ပါတယ်လို့ ဝန်ခံပါတယ်။ တချို့ကိုတော့ စုံစမ်းဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး အက်ဥပဒေ၊ ဆက်သွယ်ရေးနဲ့ မီဒီယာအက်ဥပဒေတွေနဲ့ အမှုကို စုံစမ်းစစ်ဆေးနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တာခ်ီလိတ္နဲ႔ မေလးရွားမွာ သၾကၤန္ေရကစားတဲ့သူေတြအဖမ္းခံရ တာခ်ီလိတ္နဲ႔ မေလးရွားမွာ သၾကၤန္ေရကစားတဲ့သူေတြအဖမ္းခံရ Reviewed by THITHTOOLWIN on 07:25 Rating: 5
Powered by Blogger.