တကၠသုိလ္နဲ႔ ေကာလိပ္ေက်ာင္းေတြ COVID-19 ကာကြယ္ေရးမွာ အသုံးျပဳဖုိ႔ျပင္ဆင္


(Zawgyi/Unicode)

တႏိုင္ငံလုံးက ဌာနပိုင္အေဆာက္အဦးေတြကို လိုအပ္ရင္ Quarantine center ေတြအေနနဲ႔သုံးႏိုင္ေအာင္ အေဆာက္အဦးနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြ ပို႔ေပးဖို႔ ပညာေရးဝန္ႀကီးဌာနက တကၠသိုလ္နဲ႔ ေကာလိပ္အသီးသီးကို ဒီကေန႔ အေၾကာင္းၾကားလိုက္ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။

အခု တကၠသိုလ္၊ ေကာလိပ္ေတြက ပိတ္ထားၿပီး လြတ္ေနတဲ့ ေက်ာင္းသားအေဆာင္ေတြရဲ႕ ေနရာ၊ အက်ယ္အဝန္းနဲ႔ အေရအတြက္ စာရင္းကို အစိုးရက ျပဳစုေနတာျဖစ္ပါတယ္။ ဒါက COVID-19 ထိန္းခ်ဳပ္ဖို႔ ႀကိဳတင္ျပင္ဆင္မႈ တခုျဖစ္တယ္လို႔ ပညာေရးဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာ သိန္းဝင္းက ဗြီအိုေအကို ေျပာပါတယ္။

“လိုအပ္ခ်က္အရ ေနာက္ပိုင္း လာလို႔ရွိရင္ well planned ပါ၊ ဘယ္ေနရာမွာ ဘယ္ေလာက္အထိ ထပ္ေပးႏိုင္လဲဆိုတာ capacity ကို သိခ်င္လို႔ေမးတာ၊ ေက်ာင္းေတြမွာ ဝိဇၨာ၊ သိပၸံတကၠသိုလ္ေတြ ရွိတယ္၊ နည္းပညာ၊ ကြန္ပ်ဴတာရွိတယ္၊ ပညာေရးေကာလိပ္ေတြ ရွိတယ္၊ ေက်ာင္းေတြ ေတာ္ေတာ္မ်ားမ်ားက အိပ္ေဆာင္ေတြ ရွိတယ္၊ အဲဒီ အိပ္ေဆာင္ေတြရဲ႕ ဆံ့အား၊ ေပးႏိုင္တဲ့ အေျခအေနကို ပါခ်ဳပ္ေတြကို ေမးထားတာပါ။”

ပညာေရးဝန္ႀကီးဌာနေအာက္မွာ တကၠသိုလ္နဲ႔ ေကာလိပ္ေပါင္း ၁၃၄ ေက်ာင္းရွိၿပီး ေက်ာင္းသား အိပ္ေဆာင္အသစ္ေတြ၊ ေက်ာင္းသားမရွိတဲ့ အိပ္ေဆာင္ေတြရဲ႕ စာရင္းကို အစိုးရက ေကာက္ယူေနတာျဖစ္ပါတယ္။

ဒါက ေကာင္းမြန္တဲ့ ႀကိဳတင္ျပင္ဆင္မႈတခုလို႔ ရွမ္းျပည္အေရွ႕ပိုင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာျမင့္ေက်ာ္က ဗြီအိုေအကို ေျပာပါတယ္။

“ႀကိဳတင္ျပင္ဆင္ထားမွာသာလွ်င္ က်ေနာ္တို႔ တခါမွ မေတြ႕ဖူးတဲ့ COVID ဆိုတဲ့ ကမာၻ႔ကပ္ေရာဂါႀကီးကို က်ေနာ္တို႔ တားဆီးႏိုင္မွာ ျဖစ္သလို သူ႔ေၾကာင့္ျဖစ္လာမယ့္ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကိုလည္း ေလွ်ာ့နည္းေအာင္ ေဆာင္႐ြက္ႏိုင္မွာ ျဖစ္တဲ့အတြက္ အခုလို ႀကိဳတင္ ျပင္ဆင္ထားတာေတြဟာ အေရးတႀကီးလိုအပ္တယ္လို႔ ေျပာလိုပါတယ္။”

ျပည္တြင္းမွာ ဧၿပီလ ၁၃ ရက္က လူေပါင္း ၂၁ ေယာက္ COVID-19 ေတြ႕ရွိခဲ့ၿပီး ဒါက တရက္ထဲမွာ ပိုးေတြ႕ရွိသူ အမ်ားဆုံးျဖစ္ခဲ့တာပါ။ အခုလို ဌာနဆိုင္ရာအေဆာက္အဦေတြကို Quarantine center အေနနဲ႔သုံးဖို႔ရွိတာဟာ ေနာက္ထပ္ မေမွ်ာ္လင့္ဘဲ ပိုးေတြ႕ရွိသူေတြ ထပ္မ်ားလာမလားဆိုတဲ့ စိုးရိမ္မႈေတြအေပၚ အစိုးရရဲ႕ ျပင္ဆင္မႈတခုလို႔လည္း တခ်ိဳ႕ကေျပာပါတယ္။

ေဇာ္ထက္ / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------------------
[Unicode Version]

တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းတွေ COVID-19 ကာကွယ်ရေးမှာ အသုံးပြုဖို့ပြင်ဆင်

တနိုင်ငံလုံးက ဌာနပိုင်အဆောက်အဦးတွေကို လိုအပ်ရင် Quarantine center တွေအနေနဲ့သုံးနိုင်အောင် အဆောက်အဦးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပို့ပေးဖို့ ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်နဲ့ ကောလိပ်အသီးသီးကို ဒီကနေ့ အကြောင်းကြားလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

အခု တက္ကသိုလ်၊ ကောလိပ်တွေက ပိတ်ထားပြီး လွတ်နေတဲ့ ကျောင်းသားအဆောင်တွေရဲ့ နေရာ၊ အကျယ်အဝန်းနဲ့ အရေအတွက် စာရင်းကို အစိုးရက ပြုစုနေတာဖြစ်ပါတယ်။ ဒါက COVID-19 ထိန်းချုပ်ဖို့ ကြိုတင်ပြင်ဆင်မှု တခုဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ သိန်းဝင်းက ဗွီအိုအေကို ပြောပါတယ်။

“လိုအပ်ချက်အရ နောက်ပိုင်း လာလို့ရှိရင် well planned ပါ၊ ဘယ်နေရာမှာ ဘယ်လောက်အထိ ထပ်ပေးနိုင်လဲဆိုတာ capacity ကို သိချင်လို့မေးတာ၊ ကျောင်းတွေမှာ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တွေ ရှိတယ်၊ နည်းပညာ၊ ကွန်ပျူတာရှိတယ်၊ ပညာရေးကောလိပ်တွေ ရှိတယ်၊ ကျောင်းတွေ တော်တော်များများက အိပ်ဆောင်တွေ ရှိတယ်၊ အဲဒီ အိပ်ဆောင်တွေရဲ့ ဆံ့အား၊ ပေးနိုင်တဲ့ အခြေအနေကို ပါချုပ်တွေကို မေးထားတာပါ။”

ပညာရေးဝန်ကြီးဌာနအောက်မှာ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်း ၁၃၄ ကျောင်းရှိပြီး ကျောင်းသား အိပ်ဆောင်အသစ်တွေ၊ ကျောင်းသားမရှိတဲ့ အိပ်ဆောင်တွေရဲ့ စာရင်းကို အစိုးရက ကောက်ယူနေတာဖြစ်ပါတယ်။

ဒါက ကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှုတခုလို့ ရှမ်းပြည်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ဗွီအိုအေကို ပြောပါတယ်။

“ကြိုတင်ပြင်ဆင်ထားမှာသာလျှင် ကျနော်တို့ တခါမှ မတွေ့ဖူးတဲ့ COVID ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးကို ကျနော်တို့ တားဆီးနိုင်မှာ ဖြစ်သလို သူ့ကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း လျှော့နည်းအောင် ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် အခုလို ကြိုတင် ပြင်ဆင်ထားတာတွေဟာ အရေးတကြီးလိုအပ်တယ်လို့ ပြောလိုပါတယ်။”

ပြည်တွင်းမှာ ဧပြီလ ၁၃ ရက်က လူပေါင်း ၂၁ ယောက် COVID-19 တွေ့ရှိခဲ့ပြီး ဒါက တရက်ထဲမှာ ပိုးတွေ့ရှိသူ အများဆုံးဖြစ်ခဲ့တာပါ။ အခုလို ဌာနဆိုင်ရာအဆောက်အဦတွေကို Quarantine center အနေနဲ့သုံးဖို့ရှိတာဟာ နောက်ထပ် မမျှော်လင့်ဘဲ ပိုးတွေ့ရှိသူတွေ ထပ်များလာမလားဆိုတဲ့ စိုးရိမ်မှုတွေအပေါ် အစိုးရရဲ့ ပြင်ဆင်မှုတခုလို့လည်း တချို့ကပြောပါတယ်။

ဇော်ထက် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-quarantine-center/5371122.html
တကၠသုိလ္နဲ႔ ေကာလိပ္ေက်ာင္းေတြ COVID-19 ကာကြယ္ေရးမွာ အသုံးျပဳဖုိ႔ျပင္ဆင္ တကၠသုိလ္နဲ႔ ေကာလိပ္ေက်ာင္းေတြ COVID-19 ကာကြယ္ေရးမွာ အသုံးျပဳဖုိ႔ျပင္ဆင္ Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.