COVID-19 တုိက္ဖ်က္ေရး ပူးေပါင္းေဆာင္ရြက္ဖုိ႔ ကန္ နဲ႔ အာဆီယံႏုိင္ငံေတြ ေဆြးေႏြး

အင္ဒီုနီးရွားႏိုင္ငံတြင္ COVID ရွိမရွိ အပူခ်ိန္တိုင္းေနစဥ္
(Zawgyi/Unicode)

COVID-19 ကမၻာ့ကပ္ေဘးေရာဂါကာကြယ္တိုက္ဖ်က္ေရးလူထုက်န္းမာေရး အေရးေပၚ စီမံခ်က္ ေတြ ပူးေပါင္းေဆာင္ရြက္ဖို႔အတြက္ အေမရိကန္နဲ႔ အာဆီယံ အဆင့္ျမင့္ ေခါင္းေဆာင္ အစည္းအေ၀းကို ဧၿပီလ (၁) ရက္ေန႔က ဗီြဒီယိုကြန္ဖရင့္နဲ႔ ျပဳလုပ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့လ ကုန္ပိုင္းကလည္း အေရးေပၚ က်န္းမာေရးနဲ႔ လူသားခ်င္းစာနာမႈ ဆိုင္ရာ အကူအညီေတြအတြက္ အာဆီယံအဖဲြ႔၀င္ႏိုင္ငံေတြကိုအေမရိကန္ျပည္ေထာင္စုက အေမရိကန္ေဒၚလာ ၁၈ သန္းေက်ာ္ ေထာက္ပံ့ခဲ့တာပါ။

တကမၻာလံုးကို ကူးစက္ပ်ံႏွံေနတဲ့ COVID-19 ေရာဂါ အပါအ၀င္ ကပ္ေဘးဒုကၡေတြကို ရင္ဆိုင္ကာကြယ္ရာမွာ အာဆီယံနဲ႔ အေမရိကန္ၾကား ခိုင္ခိုင္မာမာ ပူးေပါင္းေဆာင္ရြက္ဖို႔ ႏွစ္ဘက္တာ၀န္ရွိသူေတြက ေဆြးေႏြးခဲ့ၾကတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနရဲ႕ ဧၿပီလ ၆ ရက္ေန႔ထုတ္ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

အထူးသျဖင့္ COVID-19 ကူးစက္ေရာဂါ ကို ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးမွာ က်န္းမာေရး ပညာရပ္ဆိုင္ရာ နည္းပညာနဲ႔ သင္တန္းေတြ၊ ေဆး၀ါးကုသမႈကြ်မ္းက်င္ပညာရွင္ေတြ ၾကား ပူးေပါင္းေဆာင္ရြက္ဖို႔နဲ႕ရန္ပံုေငြ ပိုင္းဆိုင္ရာမွာ ပိုမို ေထာက္ပံ့ဖို႔ ကိစၥရပ္ေတြကို အာဆီယံဘက္က တင္ျပ ေဆြးေႏြးခဲ့ပါတယ္။

COVID-19 ကမၻာ့ကပ္ေဘးေရာဂါစတင္ျဖစ္ေပၚခ်ိန္ကတည္းက အေမရိကန္ျပည္ေထာင္စုကေန တကမၻာလံုးအတြက္ ဓါတ္ခဲြစမ္းသပ္ပိုင္းဆိုင္ရာ အေထာက္အကူပစၥည္းေတြ၊ ေရာဂါဆိုင္ရာ အခ်က္အလက္ေကာက္ယူမႈနဲ႔ အေရးေပၚ တံု႔ျပန္ေဆာင္ရြက္ဖို႔ စတာေတြအတြက္ ေထာက္ပံ့ခဲ့တဲ့ ရန္ပံုေငြ စုစုေပါင္း အေမရိကန္ေဒၚလာ ၂၇၄ သန္းရွိပါတယ္။

အခုလို အေမရိကန္နဲ႔ အာဆီယံ အဆင့္ျမင့္ တယ္လီကြန္ဖရင့္အစည္းအေ၀းလိုမ်ဳိး COVID-19 ကပ္ေဘးေရာဂါရင္ဆိုင္ေနရတဲ့ ကာလမွာ အာဆီနဲ႔ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးအဆင့္ ေဆြးေႏြးပဲြနဲ႔ က်န္းမာေရး ၀န္ႀကီးေတြ ေဆြးေႏြးပဲြေတြ အပါအ၀င္ က႑အလိုက္ တယ္လီကြန္ဖရင့္နဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ျပဳလုပ္မယ့္ ေဆြးေႏြးပဲြ အစီအစဥ္ေတြကိုအေမရိကန္ဘက္က အဆိုျပဳခဲ့ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

ဗီြဒီယိုကြန္ဖရင့္နဲ႔အစည္းအေ၀းကို အာဆီယံ ဆိုင္ရာ အေမရိကန္ လက္ေထာက္ႏိုင္ငံျခားေရး၀န္ႀကီး David Stilwell နဲ႕ လက္ရွိ အာဆီယံဥကၠဌအျဖစ္ တာ၀န္ယူထားတဲ့ ဗီယက္နမ္ႏိုင္ငံရဲ႕ ဒုႏိုင္ငံျခားေရး၀န္ႀကီး Nguyen Quoc Dzung တို႔ ပူးတဲြျပဳလုပ္ခဲ့တာပါ။

ဒီအေတာအတြင္း ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ေနာက္တဦးကို တနလၤာေန႔က ထပ္မံအတည္ျပဳလိုက္တာေၾကာင့္ အခုဆိုရင္ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၂၂ ဦးအထိ ရွိသြားၿပီး တဦးကေတာ့ ျပီးခဲ့တဲ့သီတင္းပတ္ထဲမွာပဲ ေသဆံုးခဲ့တာပါ။

မၾကာေသးခင္က ျပည္ပခရီးသြားခဲ့သူ အသက္ ၅၁ ႏွစ္အ႐ြယ္ အမ်ိဳးသမီးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေနတာ ေတြ႕ရွိရေၾကာင္း တနလၤာေန႔မွာပဲ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက အတည္ျပဳလိုက္တာပါ။ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေတြကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ လာမယ့္သၾကၤန္ကာလအတြင္း ေရပတ္တာ၊ လူစုလူေ၀းလုပ္တာနဲ႔ ခရီးသြားလာတာေတြ မလုပ္ဖို႔လည္း အစိုးရက တားျမစ္ထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------------

COVID-19 တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကန် နဲ့ အာဆီယံနိုင်ငံတွေ ဆွေးနွေး

(Unicode)

COVID-19 ကမ္ဘာ့ကပ်ဘေးရောဂါကာကွယ်တိုက်ဖျက်ရေးလူထုကျန်းမာရေး အရေးပေါ် စီမံချက် တွေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အမေရိကန်နဲ့ အာဆီယံ အဆင့်မြင့် ခေါင်းဆောင် အစည်းအဝေးကို ဧပြီလ (၁) ရက်နေ့က ဗွီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လ ကုန်ပိုင်းကလည်း အရေးပေါ် ကျန်းမာရေးနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုအမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၁၈ သန်းကျော် ထောက်ပံ့ခဲ့တာပါ။

တကမ္ဘာလုံးကို ကူးစက်ပျံနှံနေတဲ့ COVID-19 ရောဂါ အပါအဝင် ကပ်ဘေးဒုက္ခတွေကို ရင်ဆိုင်ကာကွယ်ရာမှာ အာဆီယံနဲ့ အမေရိကန်ကြား ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်ဘက်တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဧပြီလ ၆ ရက်နေ့ထုတ် ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အထူးသဖြင့် COVID-19 ကူးစက်ရောဂါ ကို ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးမှာ ကျန်းမာရေး ပညာရပ်ဆိုင်ရာ နည်းပညာနဲ့ သင်တန်းတွေ၊ ဆေးဝါးကုသမှုကျွမ်းကျင်ပညာရှင်တွေ ကြား ပူးပေါင်းဆောင်ရွက်ဖို့နဲ့ရန်ပုံငွေ ပိုင်းဆိုင်ရာမှာ ပိုမို ထောက်ပံ့ဖို့ ကိစ္စရပ်တွေကို အာဆီယံဘက်က တင်ပြ ဆွေးနွေးခဲ့ပါတယ်။

COVID-19 ကမ္ဘာ့ကပ်ဘေးရောဂါစတင်ဖြစ်ပေါ်ချိန်ကတည်းက အမေရိကန်ပြည်ထောင်စုကနေ တကမ္ဘာလုံးအတွက် ဓါတ်ခွဲစမ်းသပ်ပိုင်းဆိုင်ရာ အထောက်အကူပစ္စည်းတွေ၊ ရောဂါဆိုင်ရာ အချက်အလက်ကောက်ယူမှုနဲ့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ဖို့ စတာတွေအတွက် ထောက်ပံ့ခဲ့တဲ့ ရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၄ သန်းရှိပါတယ်။

အခုလို အမေရိကန်နဲ့ အာဆီယံ အဆင့်မြင့် တယ်လီကွန်ဖရင့်အစည်းအဝေးလိုမျိုး COVID-19 ကပ်ဘေးရောဂါရင်ဆိုင်နေရတဲ့ ကာလမှာ အာဆီနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲနဲ့ ကျန်းမာရေး ဝန်ကြီးတွေ ဆွေးနွေးပွဲတွေ အပါအဝင် ကဏ္ဍအလိုက် တယ်လီကွန်ဖရင့်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်မယ့် ဆွေးနွေးပွဲ အစီအစဉ်တွေကိုအမေရိကန်ဘက်က အဆိုပြုခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဗွီဒီယိုကွန်ဖရင့်နဲ့အစည်းအဝေးကို အာဆီယံ ဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell နဲ့ လက်ရှိ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဗီယက်နမ်နိုင်ငံရဲ့ ဒုနိုင်ငံခြားရေးဝန်ကြီး Nguyen Quoc Dzung တို့ ပူးတွဲပြုလုပ်ခဲ့တာပါ။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နောက်တဦးကို တနင်္လာနေ့က ထပ်မံအတည်ပြုလိုက်တာကြောင့် အခုဆိုရင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၂ ဦးအထိ ရှိသွားပြီး တဦးကတော့ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ သေဆုံးခဲ့တာပါ။ မကြာသေးခင်က ပြည်ပခရီးသွားခဲ့သူ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာ တွေ့ရှိရကြောင်း တနင်္လာနေ့မှာပဲ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက အတည်ပြုလိုက်တာပါ။ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ လာမယ့်သင်္ကြန်ကာလအတွင်း ရေပတ်တာ၊ လူစုလူဝေးလုပ်တာနဲ့ ခရီးသွားလာတာတွေ မလုပ်ဖို့လည်း အစိုးရက တားမြစ်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-us-asean-video-conference-/5362392.html
COVID-19 တုိက္ဖ်က္ေရး ပူးေပါင္းေဆာင္ရြက္ဖုိ႔ ကန္ နဲ႔ အာဆီယံႏုိင္ငံေတြ ေဆြးေႏြး COVID-19 တုိက္ဖ်က္ေရး ပူးေပါင္းေဆာင္ရြက္ဖုိ႔ ကန္ နဲ႔ အာဆီယံႏုိင္ငံေတြ ေဆြးေႏြး Reviewed by THITHTOOLWIN on 02:38 Rating: 5
Powered by Blogger.