ရွမ္းျပည္မွာ TNLA နဲ႔ အစုိးရတပ္ တုိက္ပြဲျဖစ္


(Zawgyi/Unicode)

COVID- 19 ေၾကာင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြေတြ ရပ္ဆိုင္းေနခ်ိန္မွာ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ အစိုးရ တပ္မေတာ္နဲ႔ TNLA ေခၚ တအန္း(ပေလာင္) အဖဲြ႕အၾကားမွာ တနဂၤေႏြေန႔က တိုက္ပဲြ ၂ႀကိမ္ျဖစ္ပြားခဲ့ပါတယ္။ ေလာေလာဆည္ အစိုးရနဲ႕ ေျမာက္ပိုင္းမဟာမိတ္ေတြအၾကား ေတြ႕ဆံုေဆြးေႏြးမယ့္ အေျခအေနနဲ႔ ဒီလအတြင္း က်င္းဖို႔ ရည္ရြယ္ထားတဲ့ ၂၁ရာစုပင္လံုအစည္းအေ၀း အေျခအေနေတြကို ကိုမိုးေဇာ္ တင္ျပပါမယ္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ နဲ႔ မိုးကုတ္ၿမိဳ႔အၾကား မွာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က တိုက္ပဲြ ၂ေနရာ ျဖစ္ခဲ့တာပါ။ ဒီတိုက္ပဲြျဖစ္ပြားတဲ့ အေျခအေနကို TNLA ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴး တားအိုက္ေက်ာ္က အခုလို ေျပာပါတယ္။

“ မနက္ ၈နာရီ ၁၀မိနစ္ေလာက္ကေန ၉နာရီ ထိတစ္ႀကိမ္ေပါ့။ ေန႔လည္က်ေတာ့ ၁၁နာရီခဲြေလာက္ကေန ၄နာရီထိ တစ္ႀကိမ္။ ျဖစ္တာေတာ့ မိုင္းလံုၿမိဳ႔နယ္ခဲြ ၊ မန္ပြန္းရြာနဲ႔ ၀ကၤပါရြာ ၾကားေလာက္က်တာေပါ့။ မေန႔က ျဖစ္တာ ဒီေန႔ကေတာ့ တိုက္ပဲြမျဖစ္ေသးဘူး။”

ထိခိုက္က်ဆံုးမႈအေျခအေနကို မသိရေသးေၾကာင္း ေျပာပါတယ္။

ေက်ာက္မဲေဒသခံေတြကေတာ့ တနဂၤေႏြေန႔က တိုက္ပဲြ ၂ေနရာျဖစ္ေၾကာင္း၊ မိုးကုတ္၊ ေက်ာက္မဲနဲ႔ မိုးမိတ္အၾကားေဒသမွာ အစိုးရတပ္မေတာ္ဘက္က အနည္းဆံုး စစ္ေၾကာင္း ၂ေၾကာင္းေလာက္ လႈပ္ရွားေနသလို TNLA ဘက္ကလည္း လႈပ္ရွားေနတာရွိေၾကာင္း ေျပာပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႕ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ အဖဲြ႕ရဲ႕အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ဒီတိုက္ပဲြျဖစ္စဥ္နဲ႔ပတ္သက္ၿပီး သတင္းမရေသးေၾကာင္း ေျဖၾကားပါတယ္။

ျမန္မာအစိုးရနဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႕ေတြဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလလယ္က တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႔မွာ ေနာက္ဆံုးအႀကိမ္ေတြ႕ဆံုခဲ့ၿပီး ဒီႏွစ္ဇန္နဝါရီလမွာ ထပ္မံေတြ႕ဆံုဖို႔ သေဘာတူခဲ့ေပမဲ့ တ႐ုတ္ႏိုင္ငံမွာ COVID- 19 ေရာဂါျဖစ္ပြားခဲ့တဲ့ေနာက္ ေဆြးေႏြးပဲြေတြ ရပ္တန္႔ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ လကအတြင္းကေတာ့ ျမန္မာႏိုင္ငံ က်ိဳင္းတံုနဲ႔ ျမစ္ႀကီးနားမွာ ေတြ႕ဆံုဖို႔ အစိုးရဘက္က ညွိႏိႈင္းခဲ့ေပမဲ့ သေဘာတူညီမႈမရခဲ့ပါဘူး။

လက္ရွိမွာလည္းေတြ႕ဆံုမယ့္ရက္ သတ္မွတ္ႏိုင္တာမရွိေသးေၾကာင္း ႏွစ္ဘက္ေတြ႕ဆံုေရးအတြက္ေဆာင္ရြက္ ေပးေနတဲ့ PCG ေခၚ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖဲြ႕က ဦးလမိုင္ဂြမ္ဂ်ာက ေျပာပါတယ္။

“ အခုေလာေလာဆည္က ဘာမွလည္း အသံမၾကားေသးဘူး။ အခုက အစိုးရက AA အဖဲြ႕ေတြကို အၾကမ္းဖက္ဆိုၿပီး သတ္မွတ္လိုက္ကတည္းက ေတြ႕ဆံုေဆြးေႏြးမႈဖို႔က ဘာမွ မထူးျခားေသးဘူးဗ်။”

ေျမာက္ပိုင္းမဟာမိတ္အဖဲြ႕မွာ KIA ကခ်င္၊ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔နဲ႔ AA ရခိုင္တပ္ဖဲြ႕ေတြ ပါ၀င္တာျဖစ္ၿပီး ရခိုင္ျပည္နယ္အတြင္းမွာေတာ့ တပ္မေတာ္နဲ႔ AAအၾကားမွာ တိုက္ပဲြေတြ ေတာက္ေလ်ာက္ ျပင္းထန္ေနခဲ့ပါတယ္။

ကမ႓ာအႏွံ႔မွာ Covid19 ေရာဂါ ကူးစက္ပ်ံႏွံေနသလို ျမန္မာျပည္မွာလည္း ေရာဂါကာကြယ္ တိုက္ဖ်က္ေရးအတြက္ အျပင္းအထန္ ေဆာင္ရြက္ေနရတာေၾကာင့္ ဒီလ တတိယပတ္ေလာက္မွာ က်င္းပဖို႔ သေဘာတူညီထားတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစု စတုတၱအႀကိမ္အစည္းအေ၀းဟာ လည္း ရက္ေရႊ႕ေျပာင္းရမယ့္ အေျခအေန ရွိေနပါတယ္။

ဒီအေျခအေနကို ပအို၀္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႕ခ်ဳပ္ရဲ႕ ဒုဥကၠဌ ဦးခြန္ျမင့္ထြန္းက အခုလို ေျပာပါတယ္။

“ ဧၿပီလကို စတုတၳပင္လံုက်င္းပဖို႔ လုပ္ခဲ့ေပမယ့္လို႔ အခုအေျခအေနကေပါ့ေနာ္။ ကပ္ေရာဂါၿပီးဆံုးႏိုင္မႈ အေျခအေနနဲ႔ ႏွစ္ဘက္ညွိႏိႈင္းရမႈအေျခအေနအေပၚပဲ အေျခခံေနေတာ့ က်ေနာ္တို႔အခုကေတာ့ စတုတၳပင္လံု ဘယ္ေန႔ ဘယ္ရက္က်င္းပမယ္ဆိုတာ သတ္မွတ္ထားတာမရွိေသးပါဘူး။ ဧၿပီအတြင္းမွာေတာ့ က်င္းပႏိုင္မယ့္ အလားအလာကေတာ့ စတုတၳပင္လံုေကာ၊ ႏိုင္ငံေရးေဆြးေႏြးပဲြ အဆင့္ဆင့္ေရာ ဒါေတြကေတာ့ က်င္းပႏိုင္ဖို႔ မျဖစ္ႏိုင္ေသးပါဘူး။ ”

အစိုးရအေနနဲ႔ AA အဖဲြ႕ကို အၾကမ္းဖက္အဖဲြ႕အစည္းအျဖစ္ ေၾကညာခဲ့ေပမဲ့ ေတြ႕ဆံုေဆြးေႏြးပဲြေတြ ဆက္လက္ က်င္းပေနမယ္လို႔ ယံုၾကည္ေၾကာင္းေျပာပါတယ္။

ကရင္အမ်ိဳးသားအစည္းအရံုး KNU နဲ႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS တို႔ကေတာ့ COVID- 19 ျဖစ္ပြားေနခ်ိန္မွာ တစ္ႏိုင္ငံလံုးအပစ္အခတ္ရပ္စဲၿပီး ေရာဂါတိ္ုက္ဖ်က္ေရးကို ပူးေပါင္းေဆာင္ရြက္ဖို႔ တိုက္တြန္းေၾကာင္း ထုတ္ျပန္ေၾကညာထားပါတယ္။

ကမာၻ႔ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ကလည္း COVID- 19 ျဖစ္ပြားေနခ်ိန္မွာ ကမာၻအရပ္ရပ္မွ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား အားလုံး အပစ္အခတ္ရပ္စဲၾကရန္ မတ္လ(၂၃)ရက္ေန႔က ေၾကညာခ်က္ထုတ္ျပန္တိုက္တြန္းထားသလို ၾသစေၾတးလ်၊ ကေနဒါ၊ ခ်က္သမၼတႏိုင္ငံ၊ ဒိန္းမတ္ ၊ ဥေရာပသမဂၢ၊ ဖင္လန္ႏိုင္ငံ၊ ျပင္သစ္ ၊ဂ်ာမဏီ ၊ နယ္သာလန္၊ နယူးဇီလန္ ၊ ေနာ္ေ၀ ၊ ပိုလန္ ၊ စပိန္၊ ဆြီဒင္၊ ဆြစ္ဇလန္၊ တူရကီ၊ ၿဗိတိန္ ၊အေမရိကန္ဆိုင္ရာ သံအမတ္ႀကီးေတြကလည္း ျမန္မာႏိုင္ငံတစ္ဝွမ္းက မိသားစုေတြရဲ႕ အက်ိဳးအတြက္ ျမန္မာတပ္မေတာ္နဲ႔ လက္နက္ကိုင္ အဖြဲ႕အစည္းအၾကား တိုက္ပြဲမ်ားရပ္တန္႔ေပးဖို႔ တိုက္တြန္းထားပါတယ္။

မုိးေဇာ္ / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------------------------

ရှမ်းပြည်မှာ TNLA နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်

(Unicode)

COVID- 19 ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရ တပ်မတော်နဲ့ TNLA ခေါ် တအန်း(ပလောင်) အဖွဲ့အကြားမှာ တနင်္ဂနွေနေ့က တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ လောလောဆည် အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်တွေအကြား တွေ့ဆုံဆွေးနွေးမယ့် အခြေအနေနဲ့ ဒီလအတွင်း ကျင်းဖို့ ရည်ရွယ်ထားတဲ့ ၂၁ရာစုပင်လုံအစည်းအဝေး အခြေအနေတွေကို ကိုမိုးဇော် တင်ပြပါမယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ နဲ့ မိုးကုတ်မြို့အကြား မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တိုက်ပွဲ ၂နေရာ ဖြစ်ခဲ့တာပါ။ ဒီတိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော်က အခုလို ပြောပါတယ်။

“ မနက် ၈နာရီ ၁၀မိနစ်လောက်ကနေ ၉နာရီ ထိတစ်ကြိမ်ပေါ့။ နေ့လည်ကျတော့ ၁၁နာရီခွဲလောက်ကနေ ၄နာရီထိ တစ်ကြိမ်။ ဖြစ်တာတော့ မိုင်းလုံမြို့နယ်ခွဲ ၊ မန်ပွန်းရွာနဲ့ ဝင်္ကပါရွာ ကြားလောက်ကျတာပေါ့။ မနေ့က ဖြစ်တာ ဒီနေ့ကတော့ တိုက်ပွဲမဖြစ်သေးဘူး။”

ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးကြောင်း ပြောပါတယ်။

ကျောက်မဲဒေသခံတွေကတော့ တနင်္ဂနွေနေ့က တိုက်ပွဲ ၂နေရာဖြစ်ကြောင်း၊ မိုးကုတ်၊ ကျောက်မဲနဲ့ မိုးမိတ်အကြားဒေသမှာ အစိုးရတပ်မတော်ဘက်က အနည်းဆုံး စစ်ကြောင်း ၂ကြောင်းလောက် လှုပ်ရှားနေသလို TNLA ဘက်ကလည်း လှုပ်ရှားနေတာရှိကြောင်း ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ အဖွဲ့ရဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းမရသေးကြောင်း ဖြေကြားပါတယ်။

မြန်မာအစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ဒီနှစ်ဇန်နဝါရီလမှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ပေမဲ့ တရုတ်နိုင်ငံမှာ COVID- 19 ရောဂါဖြစ်ပွားခဲ့တဲ့နောက် ဆွေးနွေးပွဲတွေ ရပ်တန့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လကအတွင်းကတော့ မြန်မာနိုင်ငံ ကျိုင်းတုံနဲ့ မြစ်ကြီးနားမှာ တွေ့ဆုံဖို့ အစိုးရဘက်က ညှိနှိုင်းခဲ့ပေမဲ့ သဘောတူညီမှုမရခဲ့ပါဘူး။

လက်ရှိမှာလည်းတွေ့ဆုံမယ့်ရက် သတ်မှတ်နိုင်တာမရှိသေးကြောင်း နှစ်ဘက်တွေ့ဆုံရေးအတွက်ဆောင်ရွက် ပေးနေတဲ့ PCG ခေါ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“ အခုလောလောဆည်က ဘာမှလည်း အသံမကြားသေးဘူး။ အခုက အစိုးရက AA အဖွဲ့တွေကို အကြမ်းဖက်ဆိုပြီး သတ်မှတ်လိုက်ကတည်းက တွေ့ဆုံဆွေးနွေးမှုဖို့က ဘာမှ မထူးခြားသေးဘူးဗျ။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်တပ်ဖွဲ့တွေ ပါဝင်တာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာတော့ တပ်မတော်နဲ့ AAအကြားမှာ တိုက်ပွဲတွေ တောက်လျောက် ပြင်းထန်နေခဲ့ပါတယ်။

ကမ္ဘာအနှံ့မှာ Covid19 ရောဂါ ကူးစက်ပျံနှံနေသလို မြန်မာပြည်မှာလည်း ရောဂါကာကွယ် တိုက်ဖျက်ရေးအတွက် အပြင်းအထန် ဆောင်ရွက်နေရတာကြောင့် ဒီလ တတိယပတ်လောက်မှာ ကျင်းပဖို့ သဘောတူညီထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု စတုတ္တအကြိမ်အစည်းအဝေးဟာ လည်း ရက်ရွှေ့ပြောင်းရမယ့် အခြေအနေ ရှိနေပါတယ်။

ဒီအခြေအနေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“ ဧပြီလကို စတုတ္ထပင်လုံကျင်းပဖို့ လုပ်ခဲ့ပေမယ့်လို့ အခုအခြေအနေကပေါ့နော်။ ကပ်ရောဂါပြီးဆုံးနိုင်မှု အခြေအနေနဲ့ နှစ်ဘက်ညှိနှိုင်းရမှုအခြေအနေအပေါ်ပဲ အခြေခံနေတော့ ကျနော်တို့အခုကတော့ စတုတ္ထပင်လုံ ဘယ်နေ့ ဘယ်ရက်ကျင်းပမယ်ဆိုတာ သတ်မှတ်ထားတာမရှိသေးပါဘူး။ ဧပြီအတွင်းမှာတော့ ကျင်းပနိုင်မယ့် အလားအလာကတော့ စတုတ္ထပင်လုံကော၊ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ရော ဒါတွေကတော့ ကျင်းပနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ ”

အစိုးရအနေနဲ့ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပေမဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဆက်လက် ကျင်းပနေမယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကတော့ COVID- 19 ဖြစ်ပွားနေချိန်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲပြီး ရောဂါတိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း COVID- 19 ဖြစ်ပွားနေချိန်မှာ ကမ္ဘာအရပ်ရပ်မှ လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး အပစ်အခတ်ရပ်စဲကြရန် မတ်လ(၂၃)ရက်နေ့က ကြေညာချက်ထုတ်ပြန်တိုက်တွန်းထားသလို သြစတြေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ် ၊ ဥရောပသမဂ္ဂ၊ ဖင်လန်နိုင်ငံ၊ ပြင်သစ် ၊ဂျာမဏီ ၊ နယ်သာလန်၊ နယူးဇီလန် ၊ နော်ေ၀ ၊ ပိုလန် ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ တူရကီ၊ ဗြိတိန် ၊အမေရိကန်ဆိုင်ရာ သံအမတ်ကြီးတွေကလည်း မြန်မာနိုင်ငံတစ်ဝှမ်းက မိသားစုတွေရဲ့ အကျိုးအတွက် မြန်မာတပ်မတော်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းအကြား တိုက်ပွဲများရပ်တန့်ပေးဖို့ တိုက်တွန်းထားပါတယ်။

မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-army-and-tnla-clash-during-covid-19-/5362229.html
ရွမ္းျပည္မွာ TNLA နဲ႔ အစုိးရတပ္ တုိက္ပြဲျဖစ္ ရွမ္းျပည္မွာ TNLA နဲ႔ အစုိးရတပ္ တုိက္ပြဲျဖစ္ Reviewed by THITHTOOLWIN on 02:35 Rating: 5
Powered by Blogger.