

(Zawgyi)⤵⤵⤵
ရှင်ဗွေယန်      ဧပြီ  ၆




ရှင်ဗွေယန်(ပြန်/ဆက်)
---------------------------------------------
(Unicode)⤵⤵⤵
ရှင်ဗွေယန်မြို့ တဆိတ်ကျေးရွာအဝင် တဆိတ်တံတား ကျိုးကျမှုဖြစ်ပွား

ရှင်ဗွေယန်      ဧပြီ  ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ ၅မိုင်အကွာ ခလုံကျေးရွာအုပ်စု၊ တဆိတ် ကျေးရွာ မိုင်တိုင်အမှတ် ၂၀၁နှင့် ၂၀၂ အကြားရှိ အရှည် (၂၂၀)ပေရှိသော တံဆိတ်သံဘောင်ဘေလီတံတားသည် ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ယာဉ်အမှတ် 8H/--- ဖြတ်သန်းမောင်းနှင်နေစဉ် ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါယာဉ်သည် ပခုက္ကူ၊ နမ္မတီး၊ တနိုင်း၊ ရှင်ဗွေယန်မှတဆင့် နန်းယွန်းမြို့သို့ မုန့်များ ပို့ဆောင်ရန်သွားစဉ် တံတားကျိုးကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား ရှင်ဗွေယန်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိသည်။

တံတားကျိုးကျမှုဖြစ်စဉ်နှင့်ပတ်သက်၍  ယာဉ်မောင်းအား  ရှင်ဗွေယန်မြို့နယ် ရဲစခန်းတွင်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရှင်ဗွေယန်(ပြန်/ဆက်)
https://www.moi.gov.mm/iprd/
ရှင်ဗွေယန်မြို့ တဆိတ်ကျေးရွာအဝင် တဆိတ်တံတား ကျိုးကျမှုဖြစ်ပွား ရှင်ဗွေယန်မြို့ တဆိတ်ကျေးရွာအဝင် တဆိတ်တံတား ကျိုးကျမှုဖြစ်ပွား Reviewed by THITHTOOLWIN on 02:43 Rating: 5
Powered by Blogger.