COVID-19 အျဖစ္နည္းတဲ့ ျပည္နယ္ ၉ခု ျပန္ဖြင့္ဖုိ႔ သမၼတအိမ္ျဖဴေတာ္ စဥ္းစားေန

Dr. Deborah Birx ေမးခြန္းမ်ားကိုေျဖဆိုေနစဥ္
(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ကိုရိုနာဗုိင္းရပ္စ္ ေရာဂါ အကူးစက္ခံရသူ အေရအတြက္ အနည္းဆံုး ျဖစ္တဲ့ ျပည္နယ္ ၉ ခုကို စီးပြားေရး ျပန္လည္လုပ္ေဆာင္ခြင့္ ပထမဆံုး ေပးဖို႔ သမၼတ အိမ္ျဖဴက စဥ္းစား ေနပါတယ္။

သမၼတအိမ္ျဖဴက ဒီေရာဂါဆိုင္ရာ အလုပ္အဖြဲ႔တာဝန္ခံ Dr. Deborah Birx က ဒီ ျပည္နယ္ ၉ ခုမွာ ေရာဂါအကူးစက္ခံရသူက ျပည္နယ္တခုကို လူတေထာင္ထက္နည္း တာေတြ႔ရသလို တရက္ကို ေနာက္ထပ္ အကူးစက္ခံရသူက ၃၀ ထက္နည္းတယ္လို႔ ဗုဒၶဟူးေန႔က ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ဒီေရာဂါဒဏ္ေၾကာင့္ ၿပီးခဲ့တဲ့ သီတင္း ၄ ပတ္အတြင္း လူေပါင္း ၂၂ သန္းေက်ာ္ အလုပ္လက္မဲ့ ျဖစ္ကုန္ၿပီး ႏိုင္ငံ့စီးပြားေရးလည္း အေျခေန ဆိုးသြားခဲ့တာပါ။

သမၼတ ေဒၚနယ္ထရမ့္ကေတာ့ စီးပြားေရး အျမန္ျပန္ ဦးေမာ့လာဖို႔ ေမလ တရက္ေန႔ကို ဦးတည္ခ်က္ ထားၿပီး လုပ္ငန္းေတြ ျပန္ဖြင့္ ႏိုင္ဖို႔ တြန္းအား ေပးေနတာပါ။ ဒါေပမယ့္ နယူးေရာက္ ျပည္နယ္လို ဒီေရာဂါ ဒဏ္ ဆိုးဆိုးဝါးဝါး ခံရတဲ့ ေဒသေတြကေတာ့ အဆင္ေျပဖို႔ မလြယ္ပါဘူး။

ျပန္ဖြင့္ဖုိ႔ လုပ္ေနတဲ့ ျပည္နယ္ ၉ ခု ဟာ ဘယ္ျပည္နယ္ေတြလဲ ဆိုတာကိုေတာ့ Birx ကထုတ္မေျပာပါဘူး။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------------

COVID-19 အဖြစ်နည်းတဲ့ ပြည်နယ် ၉ခု ပြန်ဖွင့်ဖို့ သမ္မတအိမ်ဖြူတော် စဉ်းစားနေ

(Unicode)

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ အကူးစက်ခံရသူ အရေအတွက် အနည်းဆုံး ဖြစ်တဲ့ ပြည်နယ် ၉ ခုကို စီးပွားရေး ပြန်လည်လုပ်ဆောင်ခွင့် ပထမဆုံး ပေးဖို့ သမ္မတ အိမ်ဖြူက စဉ်းစား နေပါတယ်။

သမ္မတအိမ်ဖြူက ဒီရောဂါဆိုင်ရာ အလုပ်အဖွဲ့တာဝန်ခံ Dr. Deborah Birx က ဒီ ပြည်နယ် ၉ ခုမှာ ရောဂါအကူးစက်ခံရသူက ပြည်နယ်တခုကို လူတထောင်ထက်နည်း တာတွေ့ရသလို တရက်ကို နောက်ထပ် အကူးစက်ခံရသူက ၃၀ ထက်နည်းတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီရောဂါဒဏ်ကြောင့် ပြီးခဲ့တဲ့ သီတင်း ၄ ပတ်အတွင်း လူပေါင်း ၂၂ သန်းကျော် အလုပ်လက်မဲ့ ဖြစ်ကုန်ပြီး နိုင်ငံ့စီးပွားရေးလည်း အခြေနေ ဆိုးသွားခဲ့တာပါ။

သမ္မတ ဒေါ်နယ်ထရမ့်ကတော့ စီးပွားရေး အမြန်ပြန် ဦးမော့လာဖို့ မေလ တရက်နေ့ကို ဦးတည်ချက် ထားပြီး လုပ်ငန်းတွေ ပြန်ဖွင့် နိုင်ဖို့ တွန်းအား ပေးနေတာပါ။ ဒါပေမယ့် နယူးရောက် ပြည်နယ်လို ဒီရောဂါ ဒဏ် ဆိုးဆိုးဝါးဝါး ခံရတဲ့ ဒေသတွေကတော့ အဆင်ပြေဖို့ မလွယ်ပါဘူး။

ပြန်ဖွင့်ဖို့ လုပ်နေတဲ့ ပြည်နယ် ၉ ခု ဟာ ဘယ်ပြည်နယ်တွေလဲ ဆိုတာကိုတော့ Birx ကထုတ်မပြောပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-us-9-states-will-reopen-/5375400.html
COVID-19 အျဖစ္နည္းတဲ့ ျပည္နယ္ ၉ခု ျပန္ဖြင့္ဖုိ႔ သမၼတအိမ္ျဖဴေတာ္ စဥ္းစားေန COVID-19 အျဖစ္နည္းတဲ့ ျပည္နယ္ ၉ခု ျပန္ဖြင့္ဖုိ႔ သမၼတအိမ္ျဖဴေတာ္ စဥ္းစားေန Reviewed by THITHTOOLWIN on 06:36 Rating: 5
Powered by Blogger.