မႏၱေလးတုိင္းေဒသႀကီး တခုလုံး ညမထြက္ရ အမိန္႔ထုတ္

မႏၱေလးၿမိဳ႕အတြင္း စက္ဘီးစီးေနသူမ်ား
(Zawgyi/Unicode)

ျမန္မာႏုိင္ငံအတြင္း လွ်င္ျမန္စြာကူးစက္ျပန္႔ႏွံ႔လာေနတဲ့ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏုိင္ေရးလုပ္ငန္းေတြကုိ အေထာက္အကူျပဳေစေရးအတြက္ ရည္ရြယ္ၿပီး မႏၱေလးတုိင္းေဒသႀကီးအတြင္း မည္သူမဆုိ လုံေလာက္တဲ့အေၾကာင္းျပခ်က္ မရွိဘဲ ေန႔စဥ္ ည (၉) နာရီကေန မနက္ (၄) နာရီအၾကား အျပင္ လုံး၀ထြက္ခြာျခင္းမျပဳဖုိ႔ ၀န္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က အမိန္႔ေၾကညာခ်က္ ထုတ္ျပန္လုိက္ပါတယ္။

ဒီအမိန္ေၾကညာခ်က္ဟာ ျမန္မာႏွစ္ဆန္း (၁) ရက္၊ ဧၿပီလ ၁၇ ရက္ေန႔၊ ဒီကေန႔မွာ စတင္အသက္၀င္မွာ ျဖစ္ၿပီး ေနာက္ဆက္တြဲ အမိန္႔တစုံတရာ မထုတ္ျပန္မခ်င္း ေန႔စဥ္ ဒီအမိန္႔ေၾကညာခ်က္အတုိင္း လုိက္နာေဆာင္ရြက္ရမယ္လုိ႔ ဆုိပါတယ္။

ခၽြင္းခ်က္အေနနဲ႔ ကုန္စည္စီးဆင္းမႈအတြက္ သြားေရာက္ေနရတဲ့ ယာဥ္နဲ႔ လူပုဂၢဳိလ္ေတြအေနနဲ႔ သက္ဆုိင္ရာတာ၀န္ရွိသူေတြရဲ႕ ခြင့္ျပဳခ်က္နဲ႔အညီ သတ္မွတ္ထားတဲ့ေနရာေတြမွာ လမ္းညြန္ခ်က္နဲ႔ အညီ ေဆာင္ရြက္ခြင့္ရွိမွာ ျဖစ္တယ္လုိ႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အမ်ားျပည္သူေတြအေနနဲ႔ ေန႔ခင္းဘက္မွာ မျဖစ္မေန အျပင္ထြက္ရမယ္ဆုိရင္ အိမ္ေထာင္စုတစုမွာ (၁) ေယာက္ႏႈန္းနဲ႔ Mask ႏွာေခါင္းစည္းတပ္ၿပီး ထြက္ခြင့္ရွိမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေစ်းမွာ ေစ်းေရာင္းတဲ့သူေတြအေနနဲ႔လည္း ႏွာေခါင္းစည္းေတြ တပ္ၾကရမယ္လုိ႔ အမိန္႔ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တခ်ိန္ထဲမွာဘဲ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာန၊ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနကလည္း အမ်ားျပည္သူ COVID-19 ေရာဂါကူးစက္ ျပန္႔ႏွံ႔မႈကုိ ဟန္႔တားတဲ့အေနနဲ႔ မျဖစ္မေန အလုပ္ အသြားအလာ လုပ္ရတာ၊ ခြင့္ျပဳခ်က္ရ ကုန္ဒိုင္ေတြမွာ ေစ်းေရာင္းေစ်း၀ယ္ လုပ္တာ၊ ခြင့္ျပဳခ်က္အရ ကုန္စည္အသယ္အပို႔ လုပ္တာနဲ႔ က်န္းမာေရး၊ နာေရး စသျဖင့္ မျဖစ္မေန အေရးေပၚအေၾကာင္းအရာေတြေကလြဲလို႔ က်န္တဲ့ကိစၥေတြမွာ လူ ၅ ေယာက္ ဒါမွမဟုတ္ ၅ ေယာက္ထက္ပိုျပီး စုေ၀းမႈ မလုပ္ဖုိ႔ အမိန္႔ထုတ္ျပန္ထားပါတယ္။ ဒီညႊန္ၾကားခ်က္အတုိင္း မလိုက္နာရင္ေတာ့ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဥပေဒနဲ႔ အေရးယူသြားမယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ သတိေပးထားပါတယ္။

ျမန္မာႏုိင္ငံမွာ ဧျပီလ ၁၆ ရက္ ၾကာသပေတးေန႔ မနက္ပိုင္းအထိ ဓာတ္ခြဲအတည္ျပဳစာရင္း အရ ေရာဂါကူးစက္သူ ၈၅ ဦးနဲ႔ ေသဆံုးသူ ၄ ဦးရွိေၾကာင္း ထုတ္ျပန္ထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------

မန္တလေးတိုင်းဒေသကြီး တခုလုံး ညမထွက်ရ အမိန့်ထုတ်

(Unicode)

မြန်မာနိုင်ငံအတွင်း လျှင်မြန်စွာကူးစက်ပြန့်နှံ့လာနေတဲ့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းတွေကို အထောက်အကူပြုစေရေးအတွက် ရည်ရွယ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း မည်သူမဆို လုံလောက်တဲ့အကြောင်းပြချက် မရှိဘဲ နေ့စဉ် ည (၉) နာရီကနေ မနက် (၄) နာရီအကြား အပြင် လုံးဝထွက်ခွာခြင်းမပြုဖို့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အမိန့်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီအမိန်ကြေညာချက်ဟာ မြန်မာနှစ်ဆန်း (၁) ရက်၊ ဧပြီလ ၁၇ ရက်နေ့၊ ဒီကနေ့မှာ စတင်အသက်ဝင်မှာ ဖြစ်ပြီး နောက်ဆက်တွဲ အမိန့်တစုံတရာ မထုတ်ပြန်မချင်း နေ့စဉ် ဒီအမိန့်ကြေညာချက်အတိုင်း လိုက်နာဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

ချွင်းချက်အနေနဲ့ ကုန်စည်စီးဆင်းမှုအတွက် သွားရောက်နေရတဲ့ ယာဉ်နဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့အညီ သတ်မှတ်ထားတဲ့နေရာတွေမှာ လမ်းညွန်ချက်နဲ့ အညီ ဆောင်ရွက်ခွင့်ရှိမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အများပြည်သူတွေအနေနဲ့ နေ့ခင်းဘက်မှာ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် အိမ်ထောင်စုတစုမှာ (၁) ယောက်နှုန်းနဲ့ Mask နှာခေါင်းစည်းတပ်ပြီး ထွက်ခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဈေးမှာ ဈေးရောင်းတဲ့သူတွေအနေနဲ့လည်း နှာခေါင်းစည်းတွေ တပ်ကြရမယ်လို့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တချိန်ထဲမှာဘဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကလည်း အများပြည်သူ COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုကို ဟန့်တားတဲ့အနေနဲ့ မဖြစ်မနေ အလုပ် အသွားအလာ လုပ်ရတာ၊ ခွင့်ပြုချက်ရ ကုန်ဒိုင်တွေမှာ ဈေးရောင်းဈေးဝယ် လုပ်တာ၊ ခွင့်ပြုချက်အရ ကုန်စည်အသယ်အပို့ လုပ်တာနဲ့ ကျန်းမာရေး၊ နာရေး စသဖြင့် မဖြစ်မနေ အရေးပေါ်အကြောင်းအရာတွေကေလွဲလို့ ကျန်တဲ့ကိစ္စတွေမှာ လူ ၅ ယောက် ဒါမှမဟုတ် ၅ ယောက်ထက်ပိုပြီး စုဝေးမှု မလုပ်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ ဒီညွှန်ကြားချက်အတိုင်း မလိုက်နာရင်တော့ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီလ ၁၆ ရက် ကြာသပတေးနေ့ မနက်ပိုင်းအထိ ဓာတ်ခွဲအတည်ပြုစာရင်း အရ ရောဂါကူးစက်သူ ၈၅ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/mandalay-division-curfew-/5375471.html
မႏၱေလးတုိင္းေဒသႀကီး တခုလုံး ညမထြက္ရ အမိန္႔ထုတ္ မႏၱေလးတုိင္းေဒသႀကီး တခုလုံး ညမထြက္ရ အမိန္႔ထုတ္ Reviewed by THITHTOOLWIN on 06:36 Rating: 5
Powered by Blogger.