ျမဝတီၿမိဳ႕ ရပ္ကြက္ ၃ ဗိုလ္လွေသာင္းလမ္းရွိ ေနအိမ္တန္းလ်ားတစ္ခုတြင္ သံသယလူနာတစ္ဦး ေတြ႕ရွိသျဖင့္ အသြားအလာ ကန႔္သတ္ျခင္းမ်ား ေဆာင္႐ြက္


ျမဝတီ ဧၿပီ ၁၆

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕၊ အမွတ္(၃)ရပ္ကြက္၊ ဗိုလ္လွေသာင္းလမ္းရွိ တန္းလ်ားတစ္ခု၏ ေနအိမ္တြင္ သံသယ လူနာတစ္ဦး ေတြ႕ရွိထားပါသျဖင့္ လူနာအား ျမဝတီခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီး သီးျခားေဆာင္တြင္ ကုသမႈခံယူလ်က္ ရွိၿပီး အဆိုပါ တန္းလ်ားႏွင့္ တန္းလ်ားေရွ႕ရွိ ဝင္ထြက္သြားလာရာ လမ္းအား အသြားအလာ ကန႔္သတ္ပိတ္ပင္ ထားလိုက္ေၾကာင္း ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္က ေျပာသည္။

သံသယလူနာ၏ ႏွာေခါင္းတို႔ပတ္ႏွင့္ အာေခါင္တို႔ပတ္ နမူနာရယူၿပီး NHL သို႔ ေပးပို႔ဓါတ္ခြဲစစ္ေဆးရန္ စီစဥ္ေဆာင္႐ြက္ေနသည့္ ကာလအတြင္း ယာယီအသြားအလာ ကန႔္သတ္သတ္ထားျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာ ၾကားသည္။

ျမဝတီၿမိဳ႕၊ အမွတ္ ၃ ရပ္ကြက္၊ ဗိုလ္လွေသာင္းလမ္းက မျဖဴတန္းလ်ားဆိုတာရွိပါတယ္၊ ေနမယ္ဆိုရင္ေတာ့ အိမ္ေထာင္စု ၄ စု ေလာက္ေနလို႔ရတယ္၊ လက္ရွိေတာ့ ကြၽန္ေတာ္တို႔ သိထားတာ ကာယကံရွင္နဲ႔ မိသားစု ၃ ဦး ပဲေနၿပီး က်န္တဲ့အခန္းေတြ ပိတ္ထားတယ္လို႔ သိထားပါတယ္၊ အဲ့ဒီပတ္ဝန္းက်င္ဧရိယာေလးကို အသြားအလာ ကန႔္သတ္ထားတယ္၊ လုပ္ရတဲ့ ရည္႐ြယ္ခ်က္က အဲ့ဒီမွာေနတဲ့ တစ္ေယာက္က ေခါင္း႐ြက္ ဖ်က္ထိုးေရာင္းပါတယ္၊ တံတားမပိတ္ခင္ ၂၈ ရက္ေလာက္ထိက မဲေဆာက္ဘက္ျခမ္း အသြားအလာရွိတယ္လို႔ေတာ့ သိထားပါတယ္၊ ၾကားထဲမွာလည္း ႏွာေစးေခ်ာင္းဆိုးျဖစ္လို႔ ေဆး႐ုံလာျပတယ္၊ သက္သာလို႔ ျပန္ဆင္း တယ္၊ အခုတစ္ေခါက္ၾကေတာ့ ႏွာေစးေခ်ာင္းဆိုးျဖစ္တယ္၊ အသက္ရႈၾကပ္တယ္ေပါ့ေနာ္ အဲ့လိုျဖစ္တဲ့အခါ ေဆး႐ုံထပ္ၿပီးလာျပတယ္၊ လာျပတဲ့ အတြက္ သီးသန႔္ အေဆာင္မွာထားပါတယ္၊ ႏွာေခါင္းတို႔ပတ္ႏွင့္ အာေခါင္ တို႔ပတ္ နမူနာရယူၿပီး အမ်ိဳးသား ဓါတ္ခြဲဌာန NHL ကိုေပးပို႔ထားၿပီး ျဖစ္ပါတယ္ဟု ျမဝတီခ႐ိုင္အုပ္ ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္က ေျပာသည္။

အဆိုပါ သံသယလူနာသည္ အသက္ ၆၁ ႏွစ္ခန႔္ရွိ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး တံတားမပိတ္ခင္က ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕သို႔လည္း အသြားအလာ ျပဳလုပ္လ်က္ရွိေနသူ တစ္ဦးလည္း ျဖစ္သည္။

အလားတူ သံသယလူနာေနထိုင္သည့္ ေနအိမ္တန္းလ်ားႏွင့္ အနီးဝန္းက်င္အား ပိုးသတ္ေဆးမ်ား လာေရာက္ ဖ်န္းျခင္းကိုလည္း ခ်က္ျခင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထိန္လင္းေအာင္(ျပန္/ဆက္)
-------------------------------------------------
မြဝတီမြို့ ရပ်ကွက် ၃ ဗိုလ်လှသောင်းလမ်းရှိ နေအိမ်တန်းလျားတစ်ခုတွင် သံသယလူနာတစ်ဦး တွေ့ရှိသဖြင့် အသွားအလာ ကန့်သတ်ခြင်းများ ဆောင်ရွက်

မြဝတီ ဧပြီ ၁၆

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်လှသောင်းလမ်းရှိ တန်းလျားတစ်ခု၏ နေအိမ်တွင် သံသယ လူနာတစ်ဦး တွေ့ရှိထားပါသဖြင့် လူနာအား မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီး သီးခြားဆောင်တွင် ကုသမှုခံယူလျက် ရှိပြီး အဆိုပါ တန်းလျားနှင့် တန်းလျားရှေ့ရှိ ဝင်ထွက်သွားလာရာ လမ်းအား အသွားအလာ ကန့်သတ်ပိတ်ပင် ထားလိုက်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

သံသယလူနာ၏ နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ် နမူနာရယူပြီး NHL သို့ ပေးပို့ဓါတ်ခွဲစစ်ဆေးရန် စီစဉ်ဆောင်ရွက်နေသည့် ကာလအတွင်း ယာယီအသွားအလာ ကန့်သတ်သတ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

မြဝတီမြို့၊ အမှတ် ၃ ရပ်ကွက်၊ ဗိုလ်လှသောင်းလမ်းက မဖြူတန်းလျားဆိုတာရှိပါတယ်၊ နေမယ်ဆိုရင်တော့ အိမ်ထောင်စု ၄ စု လောက်နေလို့ရတယ်၊ လက်ရှိတော့ ကျွန်တော်တို့ သိထားတာ ကာယကံရှင်နဲ့ မိသားစု ၃ ဦး ပဲနေပြီး ကျန်တဲ့အခန်းတွေ ပိတ်ထားတယ်လို့ သိထားပါတယ်၊ အဲ့ဒီပတ်ဝန်းကျင်ဧရိယာလေးကို အသွားအလာ ကန့်သတ်ထားတယ်၊ လုပ်ရတဲ့ ရည်ရွယ်ချက်က အဲ့ဒီမှာနေတဲ့ တစ်ယောက်က ခေါင်းရွက် ဖျက်ထိုးရောင်းပါတယ်၊ တံတားမပိတ်ခင် ၂၈ ရက်လောက်ထိက မဲဆောက်ဘက်ခြမ်း အသွားအလာရှိတယ်လို့တော့ သိထားပါတယ်၊ ကြားထဲမှာလည်း နှာစေးချောင်းဆိုးဖြစ်လို့ ဆေးရုံလာပြတယ်၊ သက်သာလို့ ပြန်ဆင်း တယ်၊ အခုတစ်ခေါက်ကြတော့ နှာစေးချောင်းဆိုးဖြစ်တယ်၊ အသက်ရှုကြပ်တယ်ပေါ့နော် အဲ့လိုဖြစ်တဲ့အခါ ဆေးရုံထပ်ပြီးလာပြတယ်၊ လာပြတဲ့ အတွက် သီးသန့် အဆောင်မှာထားပါတယ်၊ နှာခေါင်းတို့ပတ်နှင့် အာခေါင် တို့ပတ် နမူနာရယူပြီး အမျိုးသား ဓါတ်ခွဲဌာန NHL ကိုပေးပို့ထားပြီး ဖြစ်ပါတယ်ဟု မြဝတီခရိုင်အုပ် ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

အဆိုပါ သံသယလူနာသည် အသက် ၆၁ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး တံတားမပိတ်ခင်က ထိုင်းနိုင်ငံ မဲဆောက်မြို့သို့လည်း အသွားအလာ ပြုလုပ်လျက်ရှိနေသူ တစ်ဦးလည်း ဖြစ်သည်။

အလားတူ သံသယလူနာနေထိုင်သည့် နေအိမ်တန်းလျားနှင့် အနီးဝန်းကျင်အား ပိုးသတ်ဆေးများ လာရောက် ဖျန်းခြင်းကိုလည်း ချက်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)
https://www.moi.gov.mm/iprd/
ျမဝတီၿမိဳ႕ ရပ္ကြက္ ၃ ဗိုလ္လွေသာင္းလမ္းရွိ ေနအိမ္တန္းလ်ားတစ္ခုတြင္ သံသယလူနာတစ္ဦး ေတြ႕ရွိသျဖင့္ အသြားအလာ ကန႔္သတ္ျခင္းမ်ား ေဆာင္႐ြက္ ျမဝတီၿမိဳ႕ ရပ္ကြက္ ၃ ဗိုလ္လွေသာင္းလမ္းရွိ ေနအိမ္တန္းလ်ားတစ္ခုတြင္ သံသယလူနာတစ္ဦး ေတြ႕ရွိသျဖင့္ အသြားအလာ ကန႔္သတ္ျခင္းမ်ား ေဆာင္႐ြက္ Reviewed by THITHTOOLWIN on 06:34 Rating: 5
Powered by Blogger.