စကၤာပူမွာ COVID-19 ကူးစက္သူ တရက္အတြင္း သိသိသာသာတုိး


(Zawgyi/Unicode)

စကၤာပူနိုင္ငံမွာ COVID- 19 ကပ္ေရာဂါက်ေရာက္ေနတဲ့အတြက္ အကန္႔အသတ္နဲ႔ သြားလာခြင့္ပိတ္ပင္ထားတာကို ေနာက္ထပ္ သီတင္း ၄ ပတ္ ထပ္တိုးလိုက္တယ္လို႔ ဝန္ႀကီးခ်ဳပ္ Lee Hsien Loong က အဂၤါေန႔ကေျပာပါတယ္။

မေန႔ အဂၤါေန႔တရက္ထဲမွာ ေရာဂါကူးစက္သူ အသစ္ ၁၁၀၀ ေက်ာ္ေတြ႕ခဲ့လို႔ နိုင္ငံတဝွမ္း ကူးစက္ခံထားရသူေပါင္း၉၀၀၀ ေက်ာ္ ရွိတာမို႔ စကၤာပူဟာ အေရွ႕ေတာင္အာရွနိုင္ငံေတြမွာ ကူးစက္ခံရမႈ အမ်ားဆုံးနိုင္ငံ ျဖစ္လာပါတယ္။ တနလၤာေန႔တုန္းကလည္း ကူးစက္သူ ၁၀၀၀ ေက်ာ္ ထပ္မံ ေတြ႕ရွိခဲ့တာပါ။

ကူးစက္သူ ဦးေရရဲ႕ ၈၀ ရာခိုင္ႏႈန္းေလာက္က ျပည္ပကေန လာေရာက္ ၾကတဲ့ ေရႊ႕ေျပာင္းလုပ္သားေတြ ျဖစ္ၿပီးသူတို႔ကအိမ္ရာေတြမွာ စုေဝးေနထိုင္ၾကတာပါ။ ဒီလို အိမ္ရာေတြမွာ ေနထိုင္သူေတြထဲက ေရာဂါလကၡဏာျပသူေရာ မျပသူေတြပါ အားလုံးကို တင္းတင္းၾကပ္ၾကပ္စစ္ေဆးေနတဲ့အတြက္ အခုလို ကူးစက္ခြရသူ အေရအတြက္ ျမင့္တက္လာတာ ျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္ Lee က ေျပာပါတယ္။

အလုပ္သမားေတြ ေနတဲ့ အေဆာင္ေတြအတြင္း ေရာဂါ ထိန္းခ်ဳပ္ေရး ေဆာင္ရြက္ထားနိုင္ၿပီ ျဖစ္ေပမဲ့ အေရးမႀကီးတဲ့ စီးပြားေရး လုပ္ငန္းေတြနဲ႔ ေက်ာင္းေတြကို ေမလ ၄ ရက္ေန႔အထိ ဒါမွမဟုတ္ ေရာဂါကို ထိန္းခ်ဳပ္နိုင္တဲ့ အထိ ဆက္ပိတ္ထားမွာ ျဖစ္တယ္လို႔ လည္း သူကေျပာပါတယ္။

အေစာပိုင္းမွာ ႏိုင္ငံျခားသားအလုပ္သမား အိမ္ရာေတြကေန ကူးစက္ျပန္႔ႏွံ႔ နိုင္တာကို ထည့္မတြက္ခဲ့တာေၾကာင့္ စကၤာပူမွာ အခုလို ေရာဂါကူးစက္မႈႏႈန္း မ်ားျပားတဲ့ ျပႆနာကို ရင္ဆိုင္ေနရတာပါ။

စကၤာပူမွာ ေရႊ႕ေျပာင္းအလုပ္သမား ၁.၄ သန္းရွိၿပီး ဒီအလုပ္သမားေတြက ဘဂၤလားေဒ့ရွ္၊ အိႏၵိယနဲ႔ တျခားဆင္းရဲတဲ့ အာရွနိုင္ငံေတြက လာေရာက္သူေတြျဖစ္ၿပီး အိမ္အေဆာင္ ၄၀ ေက်ာ္မွာ၊ တခန္းကို လူ ၂၀ ေလာက္အထိ စုေဝးေနထိုင္ၾကတာျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------------

စင်္ကာပူမှာ COVID-19 ကူးစက်သူ တရက်အတွင်း သိသိသာသာတိုး

(Unicode)

စင်္ကာပူနိုင်ငံမှာ COVID- 19 ကပ်ရောဂါကျရောက်နေတဲ့အတွက် အကန့်အသတ်နဲ့ သွားလာခွင့်ပိတ်ပင်ထားတာကို နောက်ထပ် သီတင်း ၄ ပတ် ထပ်တိုးလိုက်တယ်လို့ ဝန်ကြီးချုပ် Lee Hsien Loong က အင်္ဂါနေ့ကပြောပါတယ်။

မနေ့ အင်္ဂါနေ့တရက်ထဲမှာ ရောဂါကူးစက်သူ အသစ် ၁၁၀၀ ကျော်တွေ့ခဲ့လို့ နိုင်ငံတဝှမ်း ကူးစက်ခံထားရသူပေါင်း၉၀၀၀ ကျော် ရှိတာမို့ စင်္ကာပူဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကူးစက်ခံရမှု အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ တနင်္လာနေ့တုန်းကလည်း ကူးစက်သူ ၁၀၀၀ ကျော် ထပ်မံ တွေ့ရှိခဲ့တာပါ။

ကူးစက်သူ ဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ပြည်ပကနေ လာရောက် ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပြီးသူတို့ကအိမ်ရာတွေမှာ စုဝေးနေထိုင်ကြတာပါ။ ဒီလို အိမ်ရာတွေမှာ နေထိုင်သူတွေထဲက ရောဂါလက္ခဏာပြသူရော မပြသူတွေပါ အားလုံးကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေတဲ့အတွက် အခုလို ကူးစက်ခွရသူ အရေအတွက် မြင့်တက်လာတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Lee က ပြောပါတယ်။

အလုပ်သမားတွေ နေတဲ့ အဆောင်တွေအတွင်း ရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်ထားနိုင်ပြီ ဖြစ်ပေမဲ့ အရေးမကြီးတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ကျောင်းတွေကို မေလ ၄ ရက်နေ့အထိ ဒါမှမဟုတ် ရောဂါကို ထိန်းချုပ်နိုင်တဲ့ အထိ ဆက်ပိတ်ထားမှာ ဖြစ်တယ်လို့ လည်း သူကပြောပါတယ်။

အစောပိုင်းမှာ နိုင်ငံခြားသားအလုပ်သမား အိမ်ရာတွေကနေ ကူးစက်ပြန့်နှံ့ နိုင်တာကို ထည့်မတွက်ခဲ့တာကြောင့် စင်္ကာပူမှာ အခုလို ရောဂါကူးစက်မှုနှုန်း များပြားတဲ့ ပြဿနာကို ရင်ဆိုင်နေရတာပါ။

စင်္ကာပူမှာ ရွှေ့ပြောင်းအလုပ်သမား ၁.၄ သန်းရှိပြီး ဒီအလုပ်သမားတွေက ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တခြားဆင်းရဲတဲ့ အာရှနိုင်ငံတွေက လာရောက်သူတွေဖြစ်ပြီး အိမ်အဆောင် ၄၀ ကျော်မှာ၊ တခန်းကို လူ ၂၀ လောက်အထိ စုဝေးနေထိုင်ကြတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/singapore-covid-rise-/5384436.html
စကၤာပူမွာ COVID-19 ကူးစက္သူ တရက္အတြင္း သိသိသာသာတုိး စကၤာပူမွာ COVID-19 ကူးစက္သူ တရက္အတြင္း သိသိသာသာတုိး Reviewed by THITHTOOLWIN on 05:53 Rating: 5
Powered by Blogger.