ထုိင္းကျပန္လာမယ့္သူေတြအတြက္ ကရင္နဲ႔ မြန္ျပည္နယ္မွာ ေစာင့္ၾကည့္ေရးစင္တာေတြ ျပင္ဆင္ထား

မတ္လ ၂၃ ရက္ေန႔က ထိုင္းမွ ျပန္လာၾကသူမ်ား
(Zawgyi/Unicode)

ထိုင္းႏိုင္ငံက ေနရပ္ျပန္ ျမန္မာေတြအတြက္ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္မွာ လူဦးေရ တေသာင္းခဲြေက်ာ္ေလာက္ ထားႏိုင္မယ့္ ေစာင့္ၾကည့္ေရးစင္တာေတြ ျပင္ဆင္ထားျပီးပါျပီ။ ဒီသတင္းကုိ မေအးေအးမာ တင္ဆက္ေပးမွာပါ။

ထိုင္းႏိုင္ငံထဲက ျမန္မာႏိုင္ငံထဲကို ျပန္လာၾကမယ့္ ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္
ကရင္ျပည္နယ္ နဲ ့ မြန္ျပည္နယ္မွာ အမ်ားဆံုးလက္ခံဖို႔ အတြက္ျပင္ဆင္ထားေၾကာင္း
ကရင္ျပည္နယ္ ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာျပပါတယ္။
“က်ေနာ္တို႔စင္တာေတြက တတ္ႏုိင္သမွ်တုိးၿပိီး ထားႏုိင္ေအာင္လုပ္ထားပါတယ္။ အဓိကေတာ့ ျမ၀တီရယ္၊ ဘားအံရယ္၊ မြန္ျပည္နယ္အတြင္းေပါ့။ က်န္တာေတြလည္း ထပ္ဖြင့္ပါတယ္။ အဲဒီ အေျခအေနေတြကို တိုင္းေဒသႀကီးေတြနဲ႔ တိုင္ပင္ၿပီး ေဆာင္ရြက္တဲ့ သေဘာပါ။ ကရင္ျပည္နယ္ထဲမွာ ၅ေထာင္ ၆ေထာင္ေလာက္ ၊ မြန္ျပည္နယ္ထဲမွာေတာ့ ၈ေထာင္ေလာက္ ထားႏိုင္ဖို႔ ေနရာရွိတယ္၊ ထားႏိုင္တယ္ ။ က်ေနာ္တို႔ ျပင္ဆင္ထားတာက ပုိးသတ္သန့္ရွင္းတာေတြနဲ႔ လိုအပ္တာေတြ ျပင္ဆင္မြန္းမံထားပါ တယ္။”

တခ်ိဳ ့ျပည္နယ္နဲ႔ တိုင္းေတြကေတာ့ သူတို႔ ရပ္ရြာမွာေနတဲ့ ျပည္ေတာ္ျပန္ျမန္မာအလုပ္သမားေတြအတြက္ သူတို႔ေဒသတြင္းမွာပဲ သီးျခားထားေစာင့္ၾကည့္ဖို႔ ေနရာေတြျပင္ဆင္ထားၿပီး၊ နယ္စပ္ေရာက္လာတဲ့ အဲဒီလုပ္သားေတြကို တိုက္ရိုက္လာႀကိဳဖို႔အစီအစဥ္ရိွပါတယ္။

ဒါေပမယ့္ ရန္ကုန္တိုင္းအပါအ၀င္ အခ်ိဳ႕တိုင္းနဲ႔ျပည္နယ္ေတြကေတာ့ ခ်က္ခ်င္းလာေခၚဖို႔ အခက္အခဲရိွတယ္လို႔ ဦးေတဇာေအာင္က ေျပာပါတယ္။

“တခ်ိဳ ့ျပည္နယ္တိုင္းနဲ႔ quarantine လုပ္ႏိုင္တဲ့ေနရာနဲ႕ သူတို႕ ေနရာမွာ၀င္ဆန္႔ႏိုင္တဲ့အေနအထားနဲ႕ ၀င္ဆန္႔မူနဲ႔ ထားမယ္။ တခ်ိဳကေတာ့ တုိင္းေဒသႀကီး ျပည္နယ္ေတြတခ်ိဳ႕ကေတာ့ တခါတည္းတုိက္ရိုက္ေစာင့္ၿပီး လက္ခံတာလည္းရွိသလို တခ်ိဳ႕ကေတာ့ တန္းျပီး မႀကိဳဆိုႏိုင္ေသးဘူးေလ။ တခိ်ဳကေတာ့ quarantine ထားဖို့ခက္တယ္၊ မေကြးတို႕ ဘာတို႔ ကေတာ့ သူဖာသာျပင္ဆင္ထားျပီး သူႀကိဳဆိုမယ္ မႏၱေလး၊တိုင္းစစ္ကိုင္းတိုင္းလည္း သူတုိ႕ ျပင္ဆင္ထားတာေတြရွိတယ္။ ရန္ကုန္ေတာ့ ရွိေတာ့ရွိတယ္ ။ ဒါေပမယ့္ ခ်က္ခ်င္းေတာ့ သူတို႔ လုပ္ႏိုင္မွာမဟုတ္ဘူးခင္ဗ်။”

ထိုင္းႏိုင္ငံမွာ ျပီးခဲ့တဲ့ႏွစ္ကစလို ့အခု ကိုဗစ္၁၉ ကပ္ေရာဂါျဖစ္ေနတဲ့အခ်ိန္ထိ စက္ရံုေပါင္း တေထာင္ေက်ာ္ ပိတ္ပစ္ခဲ့ရတာ ျဖစ္ၿပီး လုပ္အားခ မေပးႏိုင္ပဲ ေဒ၀ါလီခံလိုက္တဲ့ စက္ရံုေတြလည္း ရွိေနပါတယ္။ စက္ရံုေတြမွာ အလုပ္လုပ္ ေနၾကတဲ့ ျမန္မာအလုပ္သမားေတြ မွာလည္းလုပ္အားခ နစ္နာတာေတြ၊အျပင္ ေနထုိင္စားေသာက္ဖို႔ အခက္ခဲေတြေၾကာင့္ ၂၀၂၀ ႏွစ္စ ကေန ေနရပ္ျပန္ေနႀကတာပါ။

မတ္လထဲမွာေတာ့ ျမန္မာလုပ္သားေသာင္းဂဏန္း ေနရပ္ျပန္လာႀကပါတယ္ဒီေနာက္မွာေတာ့ ကုိဗစ္၁၉ အေရးေပၚကာလမွာျမန္မာဘက္ကေစာင့္ၾကည့္ေရးစင္တာေတြ အဆင္သင့္မျဖစ္ေသးတာမို႔ ျမန္မာႏိုင္ငံျခားေရး ၀န္ႀကီးဌာနက ထိုင္းကျပန္လာမယ့္ အလုပ္သမားေတြကုိ ဧျပီလ ၃၀ေနာက္ပုိင္းမွာ ေနရပ္ျပန္ၾကဖို႔ ေၾကညာခ်က္ ထုတ္ျပန္ထားတာေၾကာင့္ အလုပ္သမားေတြဟာ ဧျပီလကုန္မွာ ေနရပ္ျပန္လာမွာျဖစ္ပါတယ္။

ထိုင္းႏိုင္ငံထဲမွာ တရား၀င္ေရာ ၊တရားမ၀င္ပါ ျမန္မာလုပ္သား ၃သန္းထက္မနည္း အလုပ္လုပ္ကုိင္ ေနတာျဖစ္ပါတယ္။

ေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------

ထိုင်းကပြန်လာမယ့်သူတွေအတွက် ကရင်နဲ့ မွန်ပြည်နယ်မှာ စောင့်ကြည့်ရေးစင်တာတွေ ပြင်ဆင်ထား

(Unicode)

ထိုင်းနိုင်ငံက နေရပ်ပြန် မြန်မာတွေအတွက် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ လူဦးရေ တသောင်းခွဲကျော်လောက် ထားနိုင်မယ့် စောင့်ကြည့်ရေးစင်တာတွေ ပြင်ဆင်ထားပြီးပါပြီ။ ဒီသတင်းကို မအေးအေးမာ တင်ဆက်ပေးမှာပါ။

ထိုင်းနိုင်ငံထဲက မြန်မာနိုင်ငံထဲကို ပြန်လာကြမယ့် ရွှေ့ပြောင်းအလုပ်သမားတွေအတွက်
ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်မှာ အများဆုံးလက်ခံဖို့ အတွက်ပြင်ဆင်ထားကြောင်း
ကရင်ပြည်နယ် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပြပါတယ်။
“ကျနော်တို့စင်တာတွေက တတ်နိုင်သမျှတိုးပြီး ထားနိုင်အောင်လုပ်ထားပါတယ်။ အဓိကတော့ မြဝတီရယ်၊ ဘားအံရယ်၊ မွန်ပြည်နယ်အတွင်းပေါ့။ ကျန်တာတွေလည်း ထပ်ဖွင့်ပါတယ်။ အဲဒီ အခြေအနေတွေကို တိုင်းဒေသကြီးတွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်တဲ့ သဘောပါ။ ကရင်ပြည်နယ်ထဲမှာ ၅ထောင် ၆ထောင်လောက် ၊ မွန်ပြည်နယ်ထဲမှာတော့ ၈ထောင်လောက် ထားနိုင်ဖို့ နေရာရှိတယ်၊ ထားနိုင်တယ် ။ ကျနော်တို့ ပြင်ဆင်ထားတာက ပိုးသတ်သန့်ရှင်းတာတွေနဲ့ လိုအပ်တာတွေ ပြင်ဆင်မွန်းမံထားပါ တယ်။”

တချို့ပြည်နယ်နဲ့ တိုင်းတွေကတော့ သူတို့ ရပ်ရွာမှာနေတဲ့ ပြည်တော်ပြန်မြန်မာအလုပ်သမားတွေအတွက် သူတို့ဒေသတွင်းမှာပဲ သီးခြားထားစောင့်ကြည့်ဖို့ နေရာတွေပြင်ဆင်ထားပြီး၊ နယ်စပ်ရောက်လာတဲ့ အဲဒီလုပ်သားတွေကို တိုက်ရိုက်လာကြိုဖို့အစီအစဉ်ရှိပါတယ်။

ဒါပေမယ့် ရန်ကုန်တိုင်းအပါအဝင် အချို့တိုင်းနဲ့ပြည်နယ်တွေကတော့ ချက်ချင်းလာခေါ်ဖို့ အခက်အခဲရှိတယ်လို့ ဦးတေဇာအောင်က ပြောပါတယ်။

“တချို့ပြည်နယ်တိုင်းနဲ့ quarantine လုပ်နိုင်တဲ့နေရာနဲ့ သူတို့ နေရာမှာဝင်ဆန့်နိုင်တဲ့အနေအထားနဲ့ ဝင်ဆန့်မူနဲ့ ထားမယ်။ တချိုကတော့ တိုင်းဒေသကြီး ပြည်နယ်တွေတချို့ကတော့ တခါတည်းတိုက်ရိုက်စောင့်ပြီး လက်ခံတာလည်းရှိသလို တချို့ကတော့ တန်းပြီး မကြိုဆိုနိုင်သေးဘူးလေ။ တချိုကတော့ quarantine ထားဖို့ခက်တယ်၊ မကွေးတို့ ဘာတို့ ကတော့ သူဖာသာပြင်ဆင်ထားပြီး သူကြိုဆိုမယ် မန္တလေး၊တိုင်းစစ်ကိုင်းတိုင်းလည်း သူတို့ ပြင်ဆင်ထားတာတွေရှိတယ်။ ရန်ကုန်တော့ ရှိတော့ရှိတယ် ။ ဒါပေမယ့် ချက်ချင်းတော့ သူတို့ လုပ်နိုင်မှာမဟုတ်ဘူးခင်ဗျ။”

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကစလို့အခု ကိုဗစ်၁၉ ကပ်ရောဂါဖြစ်နေတဲ့အချိန်ထိ စက်ရုံပေါင်း တထောင်ကျော် ပိတ်ပစ်ခဲ့ရတာ ဖြစ်ပြီး လုပ်အားခ မပေးနိုင်ပဲ ဒေဝါလီခံလိုက်တဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။ စက်ရုံတွေမှာ အလုပ်လုပ် နေကြတဲ့ မြန်မာအလုပ်သမားတွေ မှာလည်းလုပ်အားခ နစ်နာတာတွေ၊အပြင် နေထိုင်စားသောက်ဖို့ အခက်ခဲတွေကြောင့် ၂၀၂၀ နှစ်စ ကနေ နေရပ်ပြန်နေကြတာပါ။

မတ်လထဲမှာတော့ မြန်မာလုပ်သားသောင်းဂဏန်း နေရပ်ပြန်လာကြပါတယ်ဒီနောက်မှာတော့ ကိုဗစ်၁၉ အရေးပေါ်ကာလမှာမြန်မာဘက်ကစောင့်ကြည့်ရေးစင်တာတွေ အဆင်သင့်မဖြစ်သေးတာမို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်းကပြန်လာမယ့် အလုပ်သမားတွေကို ဧပြီလ ၃၀နောက်ပိုင်းမှာ နေရပ်ပြန်ကြဖို့ ကြေညာချက် ထုတ်ပြန်ထားတာကြောင့် အလုပ်သမားတွေဟာ ဧပြီလကုန်မှာ နေရပ်ပြန်လာမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံထဲမှာ တရားဝင်ရော ၊တရားမဝင်ပါ မြန်မာလုပ်သား ၃သန်းထက်မနည်း အလုပ်လုပ်ကိုင် နေတာဖြစ်ပါတယ်။

အေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/thai-myanmar-migrant-worker-return-covid-19-/5384170.html
ထုိင္းကျပန္လာမယ့္သူေတြအတြက္ ကရင္နဲ႔ မြန္ျပည္နယ္မွာ ေစာင့္ၾကည့္ေရးစင္တာေတြ ျပင္ဆင္ထား ထုိင္းကျပန္လာမယ့္သူေတြအတြက္ ကရင္နဲ႔ မြန္ျပည္နယ္မွာ ေစာင့္ၾကည့္ေရးစင္တာေတြ ျပင္ဆင္ထား Reviewed by THITHTOOLWIN on 05:54 Rating: 5
Powered by Blogger.