RCSS/SSA ၏ ကိုဗစ္ ေထာက္ပံ့ပစၥည္းမ်ား လက္ခံပါက အေရးယူမည္ဟု တပ္ ၿခိမ္းေျခာက္


သွ်မ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ၊ သွ်မ္းျပည္ တပ္မေတာ္ (RCSS/SSA) ေထာက္ပံ့သည့္ COVID-19 ကာကြယ္ေရး ပစၥည္းမ်ားလက္ခံရယူပါက အေရးယူ ခံရမည္ျဖစ္ေၾကာင္း ေဒသခံမ်ားအား တပ္မေတာ္က ၿခိမ္းေျခာက္သည္ဟု သတင္းရရွိသည္။

သွ်မ္းျပည္ အတြင္းရွိ ၿမိဳ႕နယ္ ၂၄ ၿမိဳ႕နယ္ အတြက္ COVID-19 ကာကြယ္ေရး ပစၥည္းမ်ားကို RCSS/SSA အဖြဲ႕ က ဧၿပီ ပထမပတ္က စတင္ကာ ကူညီေထာက္ပံ့မႈမ်ားေပးခဲ့သည္။

COVID-19 ကာကြယ္ရန္ အတြက္ (RCSS/SSA) ၏ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရးေကာ္မတီ (PMC) အဖြဲ႕မွ ဦးေဆာင္ၿပီး မိုင္းပန္ၿမိဳ႕နယ္အတြင္း သြားေရာက္လႉဒါန္ ေပးအပ္စဥ္ ေနာင္ေလ႐ြာ ႏွင့္ မိုက္ပုတ္႐ြာရွိ႐ြာသားမ်ားအား ေထာက္ပံ့ပစၥည္း လက္မခံရန္ အစိုးရတပ္မေတာ္က တားျမစ္ျခင္းခံရေၾကာင္း RCSS/SSA၏ ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မႉးႀကီး စဝ္အုမ္ေခး က ေျပာသည္။

“ RCSS က်န္းမာေရးအဖြဲ႕ကေန လာၿပီး ပညာေပးတာ ကာကြယ္ေရးပစၥည္းလာေပးတာ လက္မခံရဘူး။ လက္က္ခံမယ္ဆိုရင္ ခင္ဗ်ားတို႔ကို အေရးယူမယ္။ ေထာင္ခ်မယ္ ဆိုၿပီး ၿခိမ္းေျခာက္တယ္” ဟု ဒုဗိုလ္မႉးႀကီး စဝ္အုမ္ေခး က ဆိုသည္။

RCSS/SSA ၏ COVID-19 ေထာက္ပံ့ပစၥည္းမ်ားကို လက္ခံသည့္ ေဒသခံမ်ား ကို အစိုးရ တပ္မေတာ္မွ ေထာင္ခ်မည္ ဆိုသည့္ ၿခိမ္းေျခာက္မႈမ်ား မျပဳလုပ္သင့္ေၾကာင္း RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မႉးႀကီး စဝ္အုမ္ေခးက သွ်မ္းသံေဆင့္သို႔ ေျပာသည္။

“ အစိုးရ တပ္မေတာ္ ဒီလို တားျမစ္တာ က ၿငိမ္းခ်မ္းေရးတည္ေဆာက္ေနခ်ိန္မွာ ယုံၾကည္မႈ ထိခိုက္ႏိုင္တယ္” ဟု ဒုဗိုလ္မႉးႀကီး စဝ္အုမ္ေခး ကေျပာသည္။

RCSS ၏ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရးေကာ္မတီ ( PMC) အဖြဲ႕မွ ဦးေဆာင္ၿပီး သွ်မ္းျပည္တြင္းရွိ ကိုဗစ္ ေရာဂါ ကာကြယ္ေရးပစၥည္းမ်ားျဖစ္သည့္ PPE ဝတ္စုံမ်ား Mask မ်ား လႉဒါန္းေပးခဲ့ၿပီး က်န္းမာေရး လက္ကမ္းစာေစာင္မ်ားကိုလည္း ကြင္းဆင္း ပညာေပးခဲ့ၾကေၾကာင္း သိရသည္။
မိုင္းပန္ၿမိဳ႕ေရာက္မိုက္ပုတ္႐ြာသား လုံးစိုင္းက – “ က်ေနာ္တို႔ကို က်န္းမာေရးလာစစ္ေပးတယ္။ ကူညီေထာက္ပံ့မႈေပးတယ္။ ေကာင္းတဲ့လုပ္ရပ္ဘဲေလ က်ေနာ္တို႔ယူရမွာေပါ့။ ဒီဘက္ကလည္း က်ေနာ္တို႔ကို ပစၥည္းေတြယူရင္ ဖမ္းမယ္တဲ့ ။ က်ေနာ္တို႔က ႐ြာသားေတြေလ။ လက္နက္ကိုင္သူမွန္သမွ်ကိုေၾကာက္ရတာေပါ့။ ” – ဟု သွ်မ္းသံေတာ္ဆင့္အားေျပာသည္။

ထိုနည္းတူ မိုင္းပန္ၿမိဳ႕နယ္ နားဝန္ေက်း႐ြာအနီးတြင္ ဧၿပီ ၁၂ ရက္က RCSS/SSA ၏ ေဆးတပ္မ်ားသည္ COVID-19 ႏွင့္ ပတ္သက္ၿပီး ကြင္းဆင္း စစ္ေဆးေနခ်ိန္ တြင္ အစိုးရ တပ္မေတာ္ ႏွင့္ ထိေတြ႕မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

၎ႏွင့္ပတ္သက္ၿပီး မိုင္းပန္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းေနာင့္က – “တိုက္ပြဲျဖစ္ပြါးခဲ့တဲ့ မိုင္းပန္ၿမိဳ႕ ေတာင္ ဘက္ မိုင္ ၂၀ ေက်ာ္အကြာ ကရွိတဲ့ ေက်း႐ြာေ တြ မွာ ၿမိဳ႕နယ္က်န္းမာေရးအဖြဲ႕ေတြ ေရာက္ဖို႔ခက္ခဲတဲ့ေနရာျဖစ္တယ္။ အခုလို တိုက္ပြဲေတြ ထပ္ျဖစ္ေတာ့ က်န္းမာေရးဝန္ထမ္းေတြ ေရာက္ဖို႔ပိုလို႔ေတာင္ခက္ခဲသြားေစပါတယ္။ အဲလိုဆိုရင္ေတာ့ လူထုဘဲနစ္နာမွာေပါ့ေနာ္ ”- ဟု သွ်မ္းသံေတာ္ဆင့္အား ေျပာဆိုသည္။

လက္ရွိ ျမန္မာႏိုင္ငံတဝွမ္း COVID-19 ကူးစက္ခံရသည့္ လူနာသည္ (၁၁၉)ဦးထိ ရွိလာၿပီး ေသဆုံးသူ ၅ ဦး ရွိလာေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီး ဌာန ထုတ္ျပန္ခ်က္ အရသိရသည္။

နန္းဆိုင္ဖူး - သွ်မ္းသံေတာ္ဆင့္
--------------------------------------------
RCSS/SSA ၏ ကိုဗစ် ထောက်ပံ့ပစ္စည်းများ လက်ခံပါက အရေးယူမည်ဟု တပ် ခြိမ်းခြောက်

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) ထောက်ပံ့သည့် COVID-19 ကာကွယ်ရေး ပစ္စည်းများလက်ခံရယူပါက အရေးယူ ခံရမည်ဖြစ်ကြောင်း ဒေသခံများအား တပ်မတော်က ခြိမ်းခြောက်သည်ဟု သတင်းရရှိသည်။

သျှမ်းပြည် အတွင်းရှိ မြို့နယ် ၂၄ မြို့နယ် အတွက် COVID-19 ကာကွယ်ရေး ပစ္စည်းများကို RCSS/SSA အဖွဲ့ က ဧပြီ ပထမပတ်က စတင်ကာ ကူညီထောက်ပံ့မှုများပေးခဲ့သည်။

COVID-19 ကာကွယ်ရန် အတွက် (RCSS/SSA) ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ (PMC) အဖွဲ့မှ ဦးဆောင်ပြီး မိုင်းပန်မြို့နယ်အတွင်း သွားရောက်လှူဒါန် ပေးအပ်စဉ် နောင်လေရွာ နှင့် မိုက်ပုတ်ရွာရှိရွာသားများအား ထောက်ပံ့ပစ္စည်း လက်မခံရန် အစိုးရတပ်မတော်က တားမြစ်ခြင်းခံရကြောင်း RCSS/SSA၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသည်။

“ RCSS ကျန်းမာရေးအဖွဲ့ကနေ လာပြီး ပညာပေးတာ ကာကွယ်ရေးပစ္စည်းလာပေးတာ လက်မခံရဘူး။ လက်က်ခံမယ်ဆိုရင် ခင်ဗျားတို့ကို အရေးယူမယ်။ ထောင်ချမယ် ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ဆိုသည်။

RCSS/SSA ၏ COVID-19 ထောက်ပံ့ပစ္စည်းများကို လက်ခံသည့် ဒေသခံများ ကို အစိုးရ တပ်မတော်မှ ထောင်ချမည် ဆိုသည့် ခြိမ်းခြောက်မှုများ မပြုလုပ်သင့်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေးက သျှမ်းသံဆေင့်သို့ ပြောသည်။

“ အစိုးရ တပ်မတော် ဒီလို တားမြစ်တာ က ငြိမ်းချမ်းရေးတည်ဆောက်နေချိန်မှာ ယုံကြည်မှု ထိခိုက်နိုင်တယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး ကပြောသည်။

RCSS ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ( PMC) အဖွဲ့မှ ဦးဆောင်ပြီး သျှမ်းပြည်တွင်းရှိ ကိုဗစ် ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ Mask များ လှူဒါန်းပေးခဲ့ပြီး ကျန်းမာရေး လက်ကမ်းစာစောင်များကိုလည်း ကွင်းဆင်း ပညာပေးခဲ့ကြကြောင်း သိရသည်။
မိုင်းပန်မြို့ရောက်မိုက်ပုတ်ရွာသား လုံးစိုင်းက – “ ကျနော်တို့ကို ကျန်းမာရေးလာစစ်ပေးတယ်။ ကူညီထောက်ပံ့မှုပေးတယ်။ ကောင်းတဲ့လုပ်ရပ်ဘဲလေ ကျနော်တို့ယူရမှာပေါ့။ ဒီဘက်ကလည်း ကျနော်တို့ကို ပစ္စည်းတွေယူရင် ဖမ်းမယ်တဲ့ ။ ကျနော်တို့က ရွာသားတွေလေ။ လက်နက်ကိုင်သူမှန်သမျှကိုကြောက်ရတာပေါ့။ ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ထိုနည်းတူ မိုင်းပန်မြို့နယ် နားဝန်ကျေးရွာအနီးတွင် ဧပြီ ၁၂ ရက်က RCSS/SSA ၏ ဆေးတပ်များသည် COVID-19 နှင့် ပတ်သက်ပြီး ကွင်းဆင်း စစ်ဆေးနေချိန် တွင် အစိုးရ တပ်မတော် နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းနှင့်ပတ်သက်ပြီး မိုင်းပန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းနောင့်က – “တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ မိုင်းပန်မြို့ တောင် ဘက် မိုင် ၂၀ ကျော်အကွာ ကရှိတဲ့ ကျေးရွာေ တွ မှာ မြို့နယ်ကျန်းမာရေးအဖွဲ့တွေ ရောက်ဖို့ခက်ခဲတဲ့နေရာဖြစ်တယ်။ အခုလို တိုက်ပွဲတွေ ထပ်ဖြစ်တော့ ကျန်းမာရေးဝန်ထမ်းတွေ ရောက်ဖို့ပိုလို့တောင်ခက်ခဲသွားစေပါတယ်။ အဲလိုဆိုရင်တော့ လူထုဘဲနစ်နာမှာပေါ့နော် ”- ဟု သျှမ်းသံတော်ဆင့်အား ပြောဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတဝှမ်း COVID-19 ကူးစက်ခံရသည့် လူနာသည် (၁၁၉)ဦးထိ ရှိလာပြီး သေဆုံးသူ ၅ ဦး ရှိလာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန ထုတ်ပြန်ချက် အရသိရသည်။

နန်းဆိုင်ဖူး - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/16210
RCSS/SSA ၏ ကိုဗစ္ ေထာက္ပံ့ပစၥည္းမ်ား လက္ခံပါက အေရးယူမည္ဟု တပ္ ၿခိမ္းေျခာက္ RCSS/SSA ၏ ကိုဗစ္ ေထာက္ပံ့ပစၥည္းမ်ား လက္ခံပါက အေရးယူမည္ဟု တပ္ ၿခိမ္းေျခာက္ Reviewed by THITHTOOLWIN on 05:49 Rating: 5
Powered by Blogger.