ျမန္မာ COVID-19 ေပ်ာက္ကင္းသူ တစ္ဦးတိုး၊ ရန္ကုန္ေနရာတခ်ဳိ႕ အသြားအလာပိတ္


(Zawgyi/Unicode)

ျမန္မာျပည္တြင္းမွာ COVID-19 ေရာဂါေပ်ာက္ကင္းသူ ေနာက္ထပ္တဦးရွိလာၿပီး၊ ထပ္တုိးအတည္ျပဳလူနာ မ်ားလာတဲ့ အင္းစိန္ၿမိဳ႕နယ္က ေနရာတခ်ိဳ႕ကုိ သြားလာခြင့္ပိတ္လိုက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက တင္ဆက္ေပးပါတယ္။

ကိုဗစ္အတည္ျပဳလူနာ နံပါတ္ ၁၅ျဖစ္တဲ့ ေဝဘာဂီေဆးရံုမွာ ကုသမႈခံယူေနတဲ့ အသက္ ၄၅ ႏွစ္အရြယ္ အမ်ိဳးသမီးရဲ႕ ဓာတ္ခြဲနမူနာကုိ ေနာက္ထပ္စစ္ေဆးရာမွာ Negative ႏွစ္ႀကိမ္ထြက္ထားၿပီးျဖစ္လို႔ ေရာဂါေပ်ာက္ကင္းတဲ့ စာရင္းထဲထည့္လို႔ရၿပီလို႔ သိရပါတယ္။ ဒီလူနာနဲ႔ပတ္သက္ၿပီး ဆက္လက္ေဆာင္ရြက္မယ့္အေျခအေနေတြကုိ က်န္းမာေရးဌာနေျပာေရးဆုိခြင့္ရွိသူကို ေမးျမန္းဖုိ႔ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

ေလာေလာဆယ္မွာ လူနာနဲ႔ ပတ္သက္တဲ့ အေျခအေနတခ်ိဳ႕ကုိေတာ့ ေဝဘာဂီအထူးကုေဆးရံုႀကီးက ေဒါက္တာေအးမုိးသက္ျမင့္က အခုလိုေျပာျပထားပါတယ္။

စုစု။ ဒီလူနာက ဆရာမတို႔ရဲ႕ ေဝဘာဂီေဆးရံုမွာပဲ တင္ထားတာဆုိေတာ့ သူ႔ရဲ႕က်န္းမာေရးအေျခအေန ေျပာျပလုိ႔ရမလားရွင့္။

ေဒါက္တာေအးမုိးသက္ျမင့္။ က်န္းမာေရး အေျခအေနေကာင္းပါတယ္။ ေကာင္းတယ္လုိ႔ပဲ ေျပာလို႔ရပါတယ္။ ေကာင္းပါတယ္ သက္သာပါတယ္ေပါ့ေနာ္။ အဲေလာက္ေတာ့ေျပာလို႔ရတယ္ရွင့္။ အေသးစိတ္ေျပာလုိ႔ မရပါဘူးရွင့္။ ဟုတ္ကဲ့။ ေျပာေရးဆုိခြင့္ရွိသူမဟုတ္ေတာ့ အမ်ားႀကီးေျပာလို႔ မရပါဘူးရွင္။

ေရာဂါေပ်ာက္ကင္းသြားသူ လူနာနံပါတ္ ၄ နဲ႔ ၇ အၿပီး လူနာနံပါတ္ ၁၅ ဟာ ကိုဗစ္အတည္ျပဳလူနာေတြထဲက သံုးဦးေျမာက္ေရာဂါ ေပ်ာက္ကင္းသြားသူ ျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္ ထုတ္ျပန္ၿပီးခ်ိန္အထိဆို ျမန္မာျပည္တြင္းမွာ ကိုဗစ္ဓာတ္ခြဲအတည္ျပဳလူနာ ၇၄ ဦး အထိ ရွိထားၿပီးျဖစ္ပါတယ္။ ထပ္တိုးလူနာအမ်ားစုက ခရီးသြားရာဇဝင္ မရွိဘဲ ေရာဂါအတည္ျပဳလူနာေတြနဲ႔ ထိေတြ႕မႈရွိထားသူေတြပါ။

ဒီေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ အာဏာပိုင္ေတြက ဓာတ္ခြဲအတည္ျပဳလူနာေတြ ေနထုိင္ခဲ့တဲ့ေနရာေတြကို အသြားအလာပိတ္လိုက္တဲ့အထိ အရွိန္ျမွင့္ေဆာင္ရြက္ေနတဲ့အေျခအေနပါ။

ဓာတ္ခြဲအတည္ျပဳလူနာ ၁၆ ဦးအထိရွိထားတဲ့ အင္းစိန္ၿမိဳ႕နယ္က ေနရာသံုးခုမွာ အသြားအလာပိတ္ထားတဲ့အေျခအေနကို အင္းစိန္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ဗီြအုိေအကိုေျပာပါတယ္။

“Lock down က က်ေနာ္တို႔က ေလာေလာဆယ္ သံုးေနရာပဲ လုပ္ရပါတယ္။ ဘာျဖစ္လုိ႔လည္းဆိုေတာ့ ဒီက်မ္းစာသင္ေက်ာင္းလမ္းက အစုအဖြဲ႕မ်ားတယ္ေလ။ မ်ားေတာ့ အဲဒီလမ္းတလမ္းကို က်ေနာ္တို႔ Lockdown လုပ္လုိက္ျခင္းအားျဖင့္ အဲဒီကေတြ႕တဲ့လူက ၁၀ေယာက္ေလာက္ ရွိတာကိုး။ ေနာက္ ဒီေတာင္သူကုန္းထဲက တေနရာေပါ့။ ေနာက္ ရြာမအေရွ႕က တေနရာ။ သံုးေနရာပါပဲ။”

ေနာက္ထပ္ေတြ႕လာတဲ့ အတည္ျပဳလူနာအမ်ားစုက ဘာသာေရးအခမ္းအနား တခုကေန စခဲ့တာျဖစ္ၿပီး အဲဒီပြဲကုိသြားခဲ့တဲ့ အင္းစိန္ေနျပည္သူေတြကုိ ကူးစက္တဲ့အေၾကာင္းကိုလည္း ဦးေဝၿဖိဳးဟန္က အခုလိုရွင္းျပထားပါတယ္။

“သူတုိ႔လုပ္တဲ့ဟာကေတာ့ ၈ မုိင္က ဘုရားေက်ာင္းတခုမွာလုပ္တာ။ က်ေနာ္တို႔အင္းစိန္က လူေတြကသြားၿပီး အဲဒီဘုရားေက်ာင္းသြားတက္ရင္းနဲ႔မွ စေတြ႕လုိက္တဲ့သေဘာေပါ့ေနာ္။ က်ေနာ္တို႔ၿမိဳ႕နယ္အေနနဲ႔ကေတာ့ ကုိယ့္ရဲ႕ၿမိဳ႕နယ္ လုပ္ငန္းေကာ္မတီကေနၿပီးေတာ့ လုပ္ရမယ့္အပုိင္းေတြအကုန္ ၾကပ္ၾကပ္မတ္မတ္လုပ္ထားတာမ်ိဳး ရွိပါတယ္။”

တျခားျပည္နယ္နဲ႔ တုိင္းအသီးသီးက ေနရာေတြမွာလည္း ဓာတ္ခြဲအတည္ျပဳလူနာ ေနထုိင္ခဲ့တဲ့အိမ္အပါအဝင္ လမ္းနဲ႔ ရပ္ကြက္တခ်ိဳ႕ကိုပါ အသြားအလာပိတ္ပင္လိုက္တဲ့အထိ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးကို ေဆာင္ရြက္ေနတာေတြ႕ရပါတယ္။

ဒီကေန႔မနက္ ၁၀ နာရီခြဲအထိ စာရင္းေတြအရ ျမန္မာျပည္တြင္းမွာ ဓာတ္ခြဲအတည္ျပဳလူနာ ၇၄ ဦးအထိ ရွိထားၿပီး၊ အဲဒီထဲက ေရာဂါေပ်ာက္ကင္းသူ ၃ ဦးနဲ႔ ေသဆံုးသူ ၄ ဦးအထိရွိထားၿပီး တဦးကုိေတာ့ အထူးၾကပ္မတ္ကုသေပးေနရတယ္လို႔ သိရပါတယ္။

စုစု / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------
[Unicode Version]

မြန်မာ COVID-19 ပျောက်ကင်းသူ တစ်ဦးတိုး၊ ရန်ကုန်နေရာတချို့ အသွားအလာပိတ်

မြန်မာပြည်တွင်းမှာ COVID-19 ရောဂါပျောက်ကင်းသူ နောက်ထပ်တဦးရှိလာပြီး၊ ထပ်တိုးအတည်ပြုလူနာ များလာတဲ့ အင်းစိန်မြို့နယ်က နေရာတချို့ကို သွားလာခွင့်ပိတ်လိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ဆက်ပေးပါတယ်။

ကိုဗစ်အတည်ပြုလူနာ နံပါတ် ၁၅ဖြစ်တဲ့ ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူနေတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးရဲ့ ဓာတ်ခွဲနမူနာကို နောက်ထပ်စစ်ဆေးရာမှာ Negative နှစ်ကြိမ်ထွက်ထားပြီးဖြစ်လို့ ရောဂါပျောက်ကင်းတဲ့ စာရင်းထဲထည့်လို့ရပြီလို့ သိရပါတယ်။ ဒီလူနာနဲ့ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မယ့်အခြေအနေတွေကို ကျန်းမာရေးဌာနပြောရေးဆိုခွင့်ရှိသူကို မေးမြန်းဖို့ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

လောလောဆယ်မှာ လူနာနဲ့ ပတ်သက်တဲ့ အခြေအနေတချို့ကိုတော့ ဝေဘာဂီအထူးကုဆေးရုံကြီးက ဒေါက်တာအေးမိုးသက်မြင့်က အခုလိုပြောပြထားပါတယ်။

စုစု။ ဒီလူနာက ဆရာမတို့ရဲ့ ဝေဘာဂီဆေးရုံမှာပဲ တင်ထားတာဆိုတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေ ပြောပြလို့ရမလားရှင့်။

ဒေါက်တာအေးမိုးသက်မြင့်။ ကျန်းမာရေး အခြေအနေကောင်းပါတယ်။ ကောင်းတယ်လို့ပဲ ပြောလို့ရပါတယ်။ ကောင်းပါတယ် သက်သာပါတယ်ပေါ့နော်။ အဲလောက်တော့ပြောလို့ရတယ်ရှင့်။ အသေးစိတ်ပြောလို့ မရပါဘူးရှင့်။ ဟုတ်ကဲ့။ ပြောရေးဆိုခွင့်ရှိသူမဟုတ်တော့ အများကြီးပြောလို့ မရပါဘူးရှင်။

ရောဂါပျောက်ကင်းသွားသူ လူနာနံပါတ် ၄ နဲ့ ၇ အပြီး လူနာနံပါတ် ၁၅ ဟာ ကိုဗစ်အတည်ပြုလူနာတွေထဲက သုံးဦးမြောက်ရောဂါ ပျောက်ကင်းသွားသူ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက် ထုတ်ပြန်ပြီးချိန်အထိဆို မြန်မာပြည်တွင်းမှာ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၇၄ ဦး အထိ ရှိထားပြီးဖြစ်ပါတယ်။ ထပ်တိုးလူနာအများစုက ခရီးသွားရာဇဝင် မရှိဘဲ ရောဂါအတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိထားသူတွေပါ။

ဒီရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အာဏာပိုင်တွေက ဓာတ်ခွဲအတည်ပြုလူနာတွေ နေထိုင်ခဲ့တဲ့နေရာတွေကို အသွားအလာပိတ်လိုက်တဲ့အထိ အရှိန်မြှင့်ဆောင်ရွက်နေတဲ့အခြေအနေပါ။

ဓာတ်ခွဲအတည်ပြုလူနာ ၁၆ ဦးအထိရှိထားတဲ့ အင်းစိန်မြို့နယ်က နေရာသုံးခုမှာ အသွားအလာပိတ်ထားတဲ့အခြေအနေကို အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဗွီအိုအေကိုပြောပါတယ်။

“Lock down က ကျနော်တို့က လောလောဆယ် သုံးနေရာပဲ လုပ်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကျမ်းစာသင်ကျောင်းလမ်းက အစုအဖွဲ့များတယ်လေ။ များတော့ အဲဒီလမ်းတလမ်းကို ကျနော်တို့ Lockdown လုပ်လိုက်ခြင်းအားဖြင့် အဲဒီကတွေ့တဲ့လူက ၁၀ယောက်လောက် ရှိတာကိုး။ နောက် ဒီတောင်သူကုန်းထဲက တနေရာပေါ့။ နောက် ရွာမအရှေ့က တနေရာ။ သုံးနေရာပါပဲ။”

နောက်ထပ်တွေ့လာတဲ့ အတည်ပြုလူနာအများစုက ဘာသာရေးအခမ်းအနား တခုကနေ စခဲ့တာဖြစ်ပြီး အဲဒီပွဲကိုသွားခဲ့တဲ့ အင်းစိန်နေပြည်သူတွေကို ကူးစက်တဲ့အကြောင်းကိုလည်း ဦးဝေဖြိုးဟန်က အခုလိုရှင်းပြထားပါတယ်။

“သူတို့လုပ်တဲ့ဟာကတော့ ၈ မိုင်က ဘုရားကျောင်းတခုမှာလုပ်တာ။ ကျနော်တို့အင်းစိန်က လူတွေကသွားပြီး အဲဒီဘုရားကျောင်းသွားတက်ရင်းနဲ့မှ စတွေ့လိုက်တဲ့သဘောပေါ့နော်။ ကျနော်တို့မြို့နယ်အနေနဲ့ကတော့ ကိုယ့်ရဲ့မြို့နယ် လုပ်ငန်းကော်မတီကနေပြီးတော့ လုပ်ရမယ့်အပိုင်းတွေအကုန် ကြပ်ကြပ်မတ်မတ်လုပ်ထားတာမျိုး ရှိပါတယ်။”

တခြားပြည်နယ်နဲ့ တိုင်းအသီးသီးက နေရာတွေမှာလည်း ဓာတ်ခွဲအတည်ပြုလူနာ နေထိုင်ခဲ့တဲ့အိမ်အပါအဝင် လမ်းနဲ့ ရပ်ကွက်တချို့ကိုပါ အသွားအလာပိတ်ပင်လိုက်တဲ့အထိ ရောဂါကာကွယ်ထိန်းချုပ်ရေးကို ဆောင်ရွက်နေတာတွေ့ရပါတယ်။

ဒီကနေ့မနက် ၁၀ နာရီခွဲအထိ စာရင်းတွေအရ မြန်မာပြည်တွင်းမှာ ဓာတ်ခွဲအတည်ပြုလူနာ ၇၄ ဦးအထိရှိထားပြီး၊ အဲဒီထဲက ရောဂါပျောက်ကင်းသူ ၃ ဦးနဲ့ သေဆုံးသူ ၄ ဦးအထိရှိထားပြီး တဦးကိုတော့ အထူးကြပ်မတ်ကုသပေးနေရတယ်လို့ သိရပါတယ်။

စုစု / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid/5372829.html
ျမန္မာ COVID-19 ေပ်ာက္ကင္းသူ တစ္ဦးတိုး၊ ရန္ကုန္ေနရာတခ်ဳိ႕ အသြားအလာပိတ္  ျမန္မာ COVID-19 ေပ်ာက္ကင္းသူ တစ္ဦးတိုး၊ ရန္ကုန္ေနရာတခ်ဳိ႕ အသြားအလာပိတ္ Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.