ကို႐ိုနာဗိုင္းရပ္စ္ - အိႏၵိယ ေလာ့ေဒါင္းထပ္တိုးတာ ဘာေတြေျပာင္းသြားသလဲ

 ေနာက္ထပ္သုံးပတ္ေလာက္ ထပ္ပိတ္မယ္
(Zawgyi)⤵⤵⤵
ႏိုင္ငံကို ထပ္ၿပီး ပိတ္ဆို႔ကန္႔သတ္ ေလာ့ေဒါင္းလုပ္ဖို႔ အခ်ိန္ထပ္တိုးလိုက္ၿပီး ေနာက္တစ္ရက္မွာပဲ အိႏၵိယမွာ လုပ္ငန္းခြင္တခ်ိဳ႕အတြက္ ေျဖေလွ်ာ့တာေတြ လုပ္ေပးခဲ့ပါတယ္။

လယ္ယာလုပ္ငန္း၊ ဘဏ္လုပ္ငန္း၊ အမ်ားျပည္သူနဲ႔ဆိုင္တဲ့လုပ္ငန္းေတြအတြက္ ေျဖေလွ်ာ့ေပးလိုက္ေပမဲ့ ခရီးသည္တင္ ကား၊ရထားလိုင္းေတြနဲ႔ စီးပြားေရးလုပ္ငန္းအမ်ားစုကေတာ့ ဆက္ၿပီး ပိတ္ထားရဦးမွာ ျဖစ္ပါတယ္။

ဒီစည္းမ်ဥ္းေတြက ဧၿပီ ၂၀ မွာ အသက္ဝင္မွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ကုန္စည္စီးဆင္းမႈ လြယ္ကူလာဖို႔နဲ႔ စီးပြားေရး ႐ိုက္ခတ္မႈကို သက္သာလာေစမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ေလာ့ေဒါင္းလုပ္ ပိတ္ထားတာက မတ္လ ၂၅ ရက္မွာ စခဲ့တာ ျဖစ္ပါတယ္။ ေနာက္ေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ျပန္႔ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ေမလ ၃ ရက္ အထိ ရက္ထပ္တိုးလိုက္ပါတယ္။

အခုခ်ိန္အထိ အိႏၵိယမွာ ကူးစက္မႈ ၉,၇၅၆ ခုရွိၿပီး ေသဆုံးသူက ၃၇၇ ဦး ရွိပါၿပီ။

ႏိုင္ငံမွာ ကူးစက္မႈကို ဇန္နဝါရီ အကုန္ပိုင္းက စေတြ႕ခဲ့ေပမဲ့ ကူးစက္ေတြ မ်ားလာတာကေတာ့ မတ္လ အစပိုင္းမွ ျဖစ္ပါတယ္။

အိႏၵိယဟာ ခရီးသြားလာခြင့္ေတြ တင္းတင္းၾကပ္ၾကပ္ တားျမစ္ခဲ့တဲ့ အေစာပိုင္းႏိုင္ငံေတြထဲက တစ္ႏိုင္ငံပါ။ ႏိုင္ငံျခားသားေတြကို ျပည္ဝင္ခြင့္ဗီဇာေတြ ပိတ္ပစ္ခဲ့ၿပီး ေနာက္ဆုံးမွာ ႏိုင္ငံတကာ ေလယာဥ္ အဝင္အထြက္ေတြကိုပါ ရပ္ပစ္ခဲ့ပါတယ္။ ၿပီးေတာ့ ျပည္တြင္း ရထားလိုင္းနဲ႔ ေလေၾကာင္းလိုင္းေတြကိုလည္း ေလာ့ေဒါင္းစကတည္းက အသြားအလာေတြ ပိတ္ထားလိုက္ပါတယ္။

ဒါေပမဲ့ တားျမစ္ခ်က္ေတြကို ဆက္ထားမယ္ဆိုရင္ စိန္ေခၚခ်က္ေတြမ်ားပါလိမ့္မယ္။
အသြားအလာပိတ္ပင္ထားခ်ိန္ ဗိုင္းရပ္စ္စစ္
ေလာ့ေဒါင္း ဆက္ပိတ္ထားမယ္ဆိုတဲ့ သတင္း အဂၤါေန႔က ထြက္လာေတာ့ ေ႐ႊ႕ေျပာင္းလုပ္သား ေထာင္ေပါင္းမ်ားစြာက လမ္းေပၚထြက္လာၿပီး သူတို႔႐ြာေတြကို ျပန္ခြင့္ေပးဖို႔ ေတာင္းဆိုၾကပါတယ္။

ဘာေတြေျပာင္းသြားလဲ

ျပည္တြင္း၊ျပည္ပ ခရီးသြားေတြ တားျမစ္ထားတာအျပင္ ေက်ာင္းေတြ၊ ေကာလိပ္ေတြ၊ ေစ်းဝယ္စင္တာေတြ၊ ႐ုပ္ရွင္႐ုံေတြနဲ႔ စီးပြားေရးလုပ္ငန္း အမ်ားစု ဆက္ပိတ္ထားရမွာပါ။ အစားအေသာက္ကုန္စုံဆိုင္နဲ႔ ေဆးဆိုင္ေတြေတာ့ ပိတ္တဲ့ထဲ မပါပါဘူး။

လူစုလူေဝး ျဖစ္ေစတဲ့ လူမႈေရး၊ ႏိုင္ငံေရး၊ ဘာသာေရး စုေဝးမႈေတြ အကုန္ တားျမစ္ထားပါတယ္။

ဒါေပမဲ့ လယ္ယာစိုက္ပ်ိဳးေရးနဲ႔ဆိုင္တဲ့ လုပ္ငန္းေတြ ျပန္ဖြင့္ခြင့္ေပးမယ္လို႔ အစိုးရက ေျပာပါတယ္။

အဲဒီလို ျပန္ဖြင့္ခြင့္ရမယ့္ လုပ္ငန္းေတြထဲမွာ ႏို႔ထြက္ပစၥည္းလုပ္ငန္း၊ ေရထြက္ကုန္လုပ္ငန္း၊ လက္ဖက္၊ ေကာ္ဖီ၊ ေရာ္ဘာစိုက္ပ်ိဳးေရး နဲ႔ လယ္ယာထြက္ကုန္နဲ႔ ဆက္စပ္ပစၥည္း အေရာင္းဆိုင္ေတြပါ ပါဝင္ပါတယ္။

ၿပီးေတာ့ ေန႔စားဝင္ေငြနဲ႔ ရပ္တည္ေနရသူေတြကို အလုပ္အကိုင္ေပးႏိုင္တဲ့ အမ်ားျပည္သူနဲ႔ဆိုင္တဲ့ အလုပ္ေတြပါ ျပန္စႏိုင္မွာ ျဖစ္ေပမဲ့ ဒီလုပ္ငန္းေတြမွာ တစ္ဦးနဲ႔တစ္ဦး ခပ္ခြာခြာ ေနၿပီး အလုပ္လုပ္ရမယ့္ လမ္းၫႊန္ေအာက္မွာပဲ လုပ္ရမွာပါ။

ေလာ့ေဒါင္းပိတ္လိုက္စဥ္က ကုန္ေတြစုပုံၿပီး ကုန္စီးဆင္းမႈ ေႏွာင့္ေႏွးကုန္တဲ့အတြက္ ကုန္တင္ကား၊ရထားနဲ႔ ေလယာဥ္ေတြကိုေတာ့ ျပန္လုပ္ခြင့္ေပးမွာ ျဖစ္ပါတယ္။

ျပည္သူေတြကို လူမႈေရး အေထာက္အပံ့နဲ႔ ပင္စင္ေငြ အစိုးရ ျဖန္႔ျဖဴးေပးႏိုင္ဖို႔အတြက္ ဘဏ္ေတြကိုလည္း ျပန္ဖြင့္ခြင့္ေပးမွာ ျဖစ္ပါတယ္။
စည္းကမ္းအသစ္ေတြက ဘယ္သူေတြကို အက်ိဳးသက္ေရာက္မလဲ

စည္းကမ္းအမ်ားစုက လယ္ယာနဲ႔ စီးပြားေရးလုပ္ငန္းခြင္မွာ ပါဝင္ေနသူေတြမွာ သက္ေရာက္မွာ ျဖစ္ပါတယ္။

ကုန္ပို႔လုပ္ငန္းေတြ ျပန္ဖြင့္လိုက္ရင္ အြန္လိုင္းစီးပြားေရး လုပ္ငန္းေတြ ျပန္လည္သက္ဝင္လာၿပီး ပစၥည္းျပတ္ေနတာ တခ်ိဳ႕ လည္းျပန္ရလာဖြယ္ ရွိပါတယ္။

ေရပိုက္ျပင္သမား၊ မီးသမားနဲ႔ လက္သမားလို အလုပ္သမားေတြကိုလည္း ျပန္လုပ္ခြင့္ေပးလိုက္ပါတယ္။

ၿပီးေတာ့ အေဝးေျပးလမ္းမႀကီးေတြ တစ္ေလွ်ာက္က စားေသာက္ဆိုင္ေတြကိုလည္း ခပ္ခြာခြာေန စည္းမ်ဥ္းေအာက္ကေန ျပန္ဖြင့္ခြင့္ေပးမွာ ျဖစ္လို႔ ကုန္ပို႔လုပ္ငန္းေတြက ကုန္တင္ကားေမာင္းသူေတြလည္း လမ္းမွာ အရင္လိုပဲ စားစရာရရွိႏိုင္မွာ ျဖစ္ပါတယ္။

ဒါေပမဲ့ ဒီစည္းမ်ဥ္းေတြက ဗိုင္းရပ္စ္မျပန္႔ေအာင္ ထိန္းခ်ဳပ္ထားတဲ့ေနရာေတြမွာ အက်ဳံးဝင္မွာ မဟုတ္ဘူးလို႔ အစိုးရက ေျပာပါတယ္။

ဒါေၾကာင့္ ျပည္နယ္နဲ႔ ခ႐ိုင္ တာဝန္ရွိသူေတြက ဗိုင္းရပ္စ္ ကူးစက္တဲ့ေနရာေတြကို ေတာက္ေလွ်ာက္ ရွာေဖြ သတ္မွတ္ေပးေနရမွာ ျဖစ္ပါတယ္။ ေနာက္ အဲဒီေနရာေတြကို လုံးဝ ပိတ္ဆို႔ၿပီး အေရးေပၚကယ္ဆယ္ေရးယာဥ္၊ ရဲကား အဝင္အထြက္ပဲ ခြင့္ျပဳမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီလိုေနရာေတြမွာ ခုနက စည္းမ်ဥ္းသစ္ေတြ အသက္ဝင္မွာ မဟုတ္ပါဘူး။

BBC Burmese
---------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - အိန္ဒိယ လော့ဒေါင်းထပ်တိုးတာ ဘာတွေပြောင်းသွားသလဲ

နိုင်ငံကို ထပ်ပြီး ပိတ်ဆို့ကန့်သတ် လော့ဒေါင်းလုပ်ဖို့ အချိန်ထပ်တိုးလိုက်ပြီး နောက်တစ်ရက်မှာပဲ အိန္ဒိယမှာ လုပ်ငန်းခွင်တချို့အတွက် ဖြေလျှော့တာတွေ လုပ်ပေးခဲ့ပါတယ်။

လယ်ယာလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အများပြည်သူနဲ့ဆိုင်တဲ့လုပ်ငန်းတွေအတွက် ဖြေလျှော့ပေးလိုက်ပေမဲ့ ခရီးသည်တင် ကား၊ရထားလိုင်းတွေနဲ့ စီးပွားရေးလုပ်ငန်းအများစုကတော့ ဆက်ပြီး ပိတ်ထားရဦးမှာ ဖြစ်ပါတယ်။

ဒီစည်းမျဉ်းတွေက ဧပြီ ၂၀ မှာ အသက်ဝင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကုန်စည်စီးဆင်းမှု လွယ်ကူလာဖို့နဲ့ စီးပွားရေး ရိုက်ခတ်မှုကို သက်သာလာစေမယ်လို့ မျှော်လင့်ရပါတယ်။

လော့ဒေါင်းလုပ် ပိတ်ထားတာက မတ်လ ၂၅ ရက်မှာ စခဲ့တာ ဖြစ်ပါတယ်။ နောက်တော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် မေလ ၃ ရက် အထိ ရက်ထပ်တိုးလိုက်ပါတယ်။

အခုချိန်အထိ အိန္ဒိယမှာ ကူးစက်မှု ၉,၇၅၆ ခုရှိပြီး သေဆုံးသူက ၃၇၇ ဦး ရှိပါပြီ။

နိုင်ငံမှာ ကူးစက်မှုကို ဇန်နဝါရီ အကုန်ပိုင်းက စတွေ့ခဲ့ပေမဲ့ ကူးစက်တွေ များလာတာကတော့ မတ်လ အစပိုင်းမှ ဖြစ်ပါတယ်။

အိန္ဒိယဟာ ခရီးသွားလာခွင့်တွေ တင်းတင်းကြပ်ကြပ် တားမြစ်ခဲ့တဲ့ အစောပိုင်းနိုင်ငံတွေထဲက တစ်နိုင်ငံပါ။ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ဗီဇာတွေ ပိတ်ပစ်ခဲ့ပြီး နောက်ဆုံးမှာ နိုင်ငံတကာ လေယာဉ် အဝင်အထွက်တွေကိုပါ ရပ်ပစ်ခဲ့ပါတယ်။ ပြီးတော့ ပြည်တွင်း ရထားလိုင်းနဲ့ လေကြောင်းလိုင်းတွေကိုလည်း လော့ဒေါင်းစကတည်းက အသွားအလာတွေ ပိတ်ထားလိုက်ပါတယ်။

ဒါပေမဲ့ တားမြစ်ချက်တွေကို ဆက်ထားမယ်ဆိုရင် စိန်ခေါ်ချက်တွေများပါလိမ့်မယ်။

လော့ဒေါင်း ဆက်ပိတ်ထားမယ်ဆိုတဲ့ သတင်း အင်္ဂါနေ့က ထွက်လာတော့ ရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာက လမ်းပေါ်ထွက်လာပြီး သူတို့ရွာတွေကို ပြန်ခွင့်ပေးဖို့ တောင်းဆိုကြပါတယ်။

ဘာတွေပြောင်းသွားလဲ

ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ တားမြစ်ထားတာအပြင် ကျောင်းတွေ၊ ကောလိပ်တွေ၊ ဈေးဝယ်စင်တာတွေ၊ ရုပ်ရှင်ရုံတွေနဲ့ စီးပွားရေးလုပ်ငန်း အများစု ဆက်ပိတ်ထားရမှာပါ။ အစားအသောက်ကုန်စုံဆိုင်နဲ့ ဆေးဆိုင်တွေတော့ ပိတ်တဲ့ထဲ မပါပါဘူး။

လူစုလူဝေး ဖြစ်စေတဲ့ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး စုဝေးမှုတွေ အကုန် တားမြစ်ထားပါတယ်။

ဒါပေမဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ ပြန်ဖွင့်ခွင့်ပေးမယ်လို့ အစိုးရက ပြောပါတယ်။

အဲဒီလို ပြန်ဖွင့်ခွင့်ရမယ့် လုပ်ငန်းတွေထဲမှာ နို့ထွက်ပစ္စည်းလုပ်ငန်း၊ ရေထွက်ကုန်လုပ်ငန်း၊ လက်ဖက်၊ ကော်ဖီ၊ ရော်ဘာစိုက်ပျိုးရေး နဲ့ လယ်ယာထွက်ကုန်နဲ့ ဆက်စပ်ပစ္စည်း အရောင်းဆိုင်တွေပါ ပါဝင်ပါတယ်။

ပြီးတော့ နေ့စားဝင်ငွေနဲ့ ရပ်တည်နေရသူတွေကို အလုပ်အကိုင်ပေးနိုင်တဲ့ အများပြည်သူနဲ့ဆိုင်တဲ့ အလုပ်တွေပါ ပြန်စနိုင်မှာ ဖြစ်ပေမဲ့ ဒီလုပ်ငန်းတွေမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေပြီး အလုပ်လုပ်ရမယ့် လမ်းညွှန်အောက်မှာပဲ လုပ်ရမှာပါ။

လော့ဒေါင်းပိတ်လိုက်စဉ်က ကုန်တွေစုပုံပြီး ကုန်စီးဆင်းမှု နှောင့်နှေးကုန်တဲ့အတွက် ကုန်တင်ကား၊ရထားနဲ့ လေယာဉ်တွေကိုတော့ ပြန်လုပ်ခွင့်ပေးမှာ ဖြစ်ပါတယ်။

ပြည်သူတွေကို လူမှုရေး အထောက်အပံ့နဲ့ ပင်စင်ငွေ အစိုးရ ဖြန့်ဖြူးပေးနိုင်ဖို့အတွက် ဘဏ်တွေကိုလည်း ပြန်ဖွင့်ခွင့်ပေးမှာ ဖြစ်ပါတယ်။
စည်းကမ်းအသစ်တွေက ဘယ်သူတွေကို အကျိုးသက်ရောက်မလဲ

စည်းကမ်းအများစုက လယ်ယာနဲ့ စီးပွားရေးလုပ်ငန်းခွင်မှာ ပါဝင်နေသူတွေမှာ သက်ရောက်မှာ ဖြစ်ပါတယ်။

ကုန်ပို့လုပ်ငန်းတွေ ပြန်ဖွင့်လိုက်ရင် အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေ ပြန်လည်သက်ဝင်လာပြီး ပစ္စည်းပြတ်နေတာ တချို့ လည်းပြန်ရလာဖွယ် ရှိပါတယ်။

ရေပိုက်ပြင်သမား၊ မီးသမားနဲ့ လက်သမားလို အလုပ်သမားတွေကိုလည်း ပြန်လုပ်ခွင့်ပေးလိုက်ပါတယ်။

ပြီးတော့ အဝေးပြေးလမ်းမကြီးတွေ တစ်လျှောက်က စားသောက်ဆိုင်တွေကိုလည်း ခပ်ခွာခွာနေ စည်းမျဉ်းအောက်ကနေ ပြန်ဖွင့်ခွင့်ပေးမှာ ဖြစ်လို့ ကုန်ပို့လုပ်ငန်းတွေက ကုန်တင်ကားမောင်းသူတွေလည်း လမ်းမှာ အရင်လိုပဲ စားစရာရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီစည်းမျဉ်းတွေက ဗိုင်းရပ်စ်မပြန့်အောင် ထိန်းချုပ်ထားတဲ့နေရာတွေမှာ အကျုံးဝင်မှာ မဟုတ်ဘူးလို့ အစိုးရက ပြောပါတယ်။

ဒါကြောင့် ပြည်နယ်နဲ့ ခရိုင် တာဝန်ရှိသူတွေက ဗိုင်းရပ်စ် ကူးစက်တဲ့နေရာတွေကို တောက်လျှောက် ရှာဖွေ သတ်မှတ်ပေးနေရမှာ ဖြစ်ပါတယ်။ နောက် အဲဒီနေရာတွေကို လုံးဝ ပိတ်ဆို့ပြီး အရေးပေါ်ကယ်ဆယ်ရေးယာဉ်၊ ရဲကား အဝင်အထွက်ပဲ ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုနေရာတွေမှာ ခုနက စည်းမျဉ်းသစ်တွေ အသက်ဝင်မှာ မဟုတ်ပါဘူး။

BBC Burmese
https://www.bbc.com/burmese/world-52295295
ကို႐ိုနာဗိုင္းရပ္စ္ - အိႏၵိယ ေလာ့ေဒါင္းထပ္တိုးတာ ဘာေတြေျပာင္းသြားသလဲ ကို႐ိုနာဗိုင္းရပ္စ္ - အိႏၵိယ ေလာ့ေဒါင္းထပ္တိုးတာ ဘာေတြေျပာင္းသြားသလဲ Reviewed by THITHTOOLWIN on 05:03 Rating: 5
Powered by Blogger.