မႏၲေလးမွာ ႏွာေခါင္းစည္းတပ္ဖို႔ စည္းကမ္းတင္းၾကပ္ေတာ့မယ္


(Zawgyi/Unicode)

COVID-19 ေရာဂါေတြ႔ရိွသူအေရအတြက္ တိုးလာတာနဲ႔အတူပဲ မႏၱေလးတိုင္းေဒသႀကီးမွာေတာ့ လူစုလူေ၀းေတြမွာ ႏွာေခါင္းစည္း မျဖစ္မေနတပ္ဖို႔ ေဆာင္ရြက္ခ်က္ေတြနဲ႔အတူ သၾကၤန္အၿပီးကာလမွာလည္း ေရာဂါကာကြယ္ေရးကို တိုးျမွင့္ေဆာင္ရြက္ဖို႔ ျပင္ဆင္ေနပါတယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းကေန တင္ျပေပးပါမယ္။

ေရာဂါကာကြယ္ေရးအတြက္ ဧၿပီ ၁၀ ရက္ေန႔ ၁၉ ရက္အထိ ေနအိမ္ကေန မလိုအပ္ဘဲ မထြက္ၾကဖို႔ ၿမိဳ႕ႀကီးေတြမွာ တိုက္တြန္းထားသလို အဲဒီရက္ၿပီးရင္လည္း တားျမစ္ကန္႔သတ္ခ်က္ေတြ တိုးျမင့္လုပ္ဖို႔ မႏၱေလးတို္င္းအစိုးရက ျပင္ဆင္ေနတာေတြ႔ရပါတယ္။

ႏွစ္ဆန္း တစ္ရက္မတိုင္ခင္ရက္ေတြကို ႏွာေခါင္းစည္းတပ္ဖို႔အတြက္ ပညာေပးကာလအျဖစ္ သတ္မွတ္ ေဆာင္႐ြက္ေနၿပီး ႏွစ္ဆန္း တစ္ရက္အေက်ာ္ ဧၿပီလ ၁၈ ရက္ စေနေန႔ကစၿပီး သတ္မွတ္ထားတဲ့ ေဒသႏၲရအမိန္႔္ မလိုက္နာသူေတြကို သတ္မွတ္ထားတဲ့ ဥပေဒေတြနဲ႔ အေရးယူတာေတြ ေဆာင္႐ြက္သြားမယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီဝင္ ဦးေက်ာ္ရင္ျမင့္က ဗြီအိုေအကို ေျပာျပပါတယ္။

“က်ေနာ္တို႔ မႏၲေလးၿမိဳ႕မွာ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီရဲ႕ စီမံခန႔္ခြဲတဲ့ ေစ်းေတြအားလုံးမွာ mask ေတြကို အခမဲ့ လိုက္ၿပီးေတာ့မွ ေဝေပးပါတယ္။ အဲ့ဒီလို ပထမပိုင္းမွာ ေဝေပးၿပီးတဲ့ ေနာက္ ေစ်းမ်ားအားလုံးမွာ mask မပါရင္ ေစ်းေရာင္းတဲ့သူေရာ ေစ်းဝယ္တဲ့သူေရာ ေစ်းထဲကို မဝင္ရဘူးဆိုၿပီးေတာ့ အဲ့ဒီလို ကန္႔သတ္ပါတယ္။ ၿမိဳ႕ေတာ္ဝန္ႀကီး ဦးေဆာင္ၿပီးေတာ့ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းနဲ႔ က်ေနာ္တို႔ ခ်ိတ္ဆက္ပါတယ္။ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းက အထည္ခ်ဳပ္သမားေတြက home made mask ေတြကို ထုတ္လုပ္ေနပါတယ္။ ေသာင္းနဲ႔ ခ်ီၿပီးေတာ့မွ စၿပီးထြက္ေနပါၿပီ။ အဲ့ဒီ mask ေတြက ျပန္ေလ်ာ္သုံးလို႔လည္း ရတယ္။ အဲ့ဒီ mask ေတြကို စည္ပင္က ဝန္ထမ္းေတြက ေစ်းေတြ လမ္းေဘးက ေစ်းသည္ေတြကို အစုံ လိုက္ၿပီးေတာ့ ေဝေနဆဲပဲ ျဖစ္ပါတယ္။ လာမယ့္ႏွစ္ဆန္း တစ္ရက္ေန႔ ဧၿပီ ၁၇ ရက္ေန႔ရဲ႕ ေနာက္ပိုင္းမွာ ေရာက္လို႔ရွိရင္ေတာ့ လူတိုင္းလူတိုင္းမွာ အျပင္ထြက္ရင္ mask မတပ္မေနရပါ။ တကယ္လို မတပ္တာကို ေတြ႕လို႔ရွိရင္ ဥပေဒအရ အေရးယူဖို႔ အတြက္ အဲ့ဒါကိုလည္း ျပင္ဆင္ေနပါတယ္။ ခုေတာ့ က်ေနာ္တို႔ mask ေပါင္းေတာ့ ေသာင္းဂဏန္း ေတာ့ ေဝၿပီးတဲ့ အေနအထားမွာ ရွိပါတယ္။”

စည္ပင္က စီမံခန္႔ခြဲတာ မဟုတ္တဲ့ လမ္းေဘး ပ်ံက် ေစ်းက ေစ်းသည္နဲ႔ ေစ်းဝယ္ေတြနဲ႔ လမ္းေဘးဆိုင္ေတြကိုလည္း မႏၲေလးၿမိဳ႕စည္ပင္က ႏွာေခါင္းစည္းေတြ ျဖန္႔ေဝေပးထားၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

ႏွစ္ဆန္းတစ္ရက္ မတိုင္ခင္ ရက္ေတြအတြင္းမွာ ႏွာေခါင္းစည္းေတြ ျဖန္႔ေဝေပးတာေတြႏွင့္ ႏွာေခါင္းစည္း တပ္ဖို႔ ပညာေပးတာေတြကို ေဆာင္႐ြက္မွာျဖစ္ၿပီး ႏွစ္ဆန္းတစ္ရက္ ေက်ာ္လြန္ရင္ေတာ့ အေရးယူမယ့္ကိစၥကို စတင္ေတာ့မွာျဖစ္ပါတယ္။

ႏွာေခါင္းစည္း မတပ္တဲ့သူေတြကို ဘယ္လိုပုံစံနဲ႔ အေရးယူမလဲဆိုတာနဲ႔ ပတ္သက္လို႔လည္း ဦးေက်ာ္ရင္ျမင့္က ခုလို ေျပာျပပါတယ္။

“ကူးစက္ေရာဂါ ကာကြယ္ေရးနဲ႔ ပတ္သက္တဲ့ ဥပေဒတို႔ ေနာက္တစ္ခါ ေနာက္ က်ေနာ္တို႔စည္ပင္မွာ လည္း သတ္မွတ္ထားတဲ့ ျပဌာန္းခ်က္ေတြကို မလိုက္နာရင္ အေရးယူႏိုင္တယ္ ဆိုတာတို႔ ေနာက္တစ္ခါ ကူးစက္ေရာဂါျဖစ္လာရင္ ဘယ္လို ေဆာင္႐ြက္ရမယ္၊ မလိုက္နာရင္ ဘယ္လို အေရးယူမယ္ဆိုတာေတြ ဥပေဒ အဆင့္ဆင့္ေတြနဲ႔ ဥပေဒေတြေတာ့ ရွိပါတယ္ဗ်။ အဲ့ဒါကို ဥပေဒ ကြၽမ္းက်င္တဲ့ အတြင္းေရးမႈးႀကီးက ရွာေဖြၿပီး ျပဳစုေနပါတယ္။ အဲ့ဒီအေပၚမွာတည္ၿပီးေတာ့ တရား႐ုံး ေတြနဲ႔ အဲ့ဒီရက္ေတြက်ရင္ေတာ့ အဆင္သင့္ဖြင့္ထားၿပီးေတာ့ ခ်က္ခ်င္း အေရးယူေဆာင္႐ြက္ဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။”

ရန္ကုန္တိုင္းမွာ တတ္ႏိုင္သမွ် အျပင္မထြက္ၾကဖို႔ ၫႊန္ၾကားထားတဲ့ ကာလအတြင္းမွာ အေၾကာင္းကိစၥ ေၾကာင့္ အျပင္ထြက္ေနၾကရတဲ့သူေတြ သြားလာေရး အဆင္အေျပေစဖို႔အတြက္ YBS အခ်ိဳ႕ ေျပးဆြဲေပးေနပါတယ္.။

အဲ့ဒီလို ေျပးဆြဲေပးေနတဲ့ YBS ေတြေပၚမွာ ေရာဂါကူးစက္မႈေတြကို တားဆီးႏိုင္ဖို႔အတြက္ အကြာအေဝး ကန္႔သတ္ထားတဲ့ ထိုင္ခုံတစ္လုံးကို တစ္ေယာက္ပဲ ထိုင္ရမွာျဖစ္ၿပီး စီးနင္းတဲ့ ခရီးသည္တိုင္း ႏွာေခါင္းစည္း တပ္ဆင္ၿပီး ကားေပၚအတက္အဆင္းမွာ Hand Gel နဲ႔ လက္ေဆးဖို႔ လုပ္ေပးထားပါတယ္။ ဒါေပမဲ့လည္း အခု ဧၿပီလ ၁၉ သၾကၤန္ကာလအၿပီးမွာေတာ့ ေရာဂါကာကြယ္ေရးအတြက္ ဘာေတြ တိုးျမင့္လုပ္ေဆာင္သြားမလဲဆိုတာကေတာ့ ရန္ကုန္တိုင္းအစိုးရဘက္က တိတိက်က် ထြက္မလာေသးပါဘူး။ ရန္ကုန္မွာေတာ့ ေရာဂါပိုးေတြ႔ရိွသူေတြနဲ႔ ဆက္စပ္ၿပီး ရပ္ကြက္နဲ႔လမ္းေတြနဲ႔ တိုက္တာအခ်ိဳ႕ကို အသြားအလာပိတ္ပင္တာေတြ ပိုမ်ားလာပါတယ္။ ဒါ့အျပင္ ဘာသာေရးတရားပဲြနွစ္ခုကေန ကူးစက္မႈမ်ားလာတဲ့အတြက္ အဲဒီ ဘာသာေရးဆရာေတြနဲ႔ အခမ္းအနားစီစဥ္သူေတြကို ရန္ကုန္တိုင္းအစိုးရက အမႈဖြင့္အေရးယူတဲ့အေပၚမွာ အျပန္အလွန္ေ၀ဖန္မႈေတြလည္း ျပင္းထန္ေနပါတယ္။

ဒီကေန႔ မနက္က ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံ ပုဂၢိဳလ္၊ COVID-19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရးအမ်ိဳးသား အဆင့္ ဗဟိုေကာ္မတီ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ Facebook စာမ်က္ႏွာမွာ COVID-19 လူနာ ထပ္တိုးတဲ့ အေၾကာင္း ေရးသားထားတဲ့ ပို႔စ္တခုမွာေတာ့ အင္းစိန္မွာ လူတစ္စု ေရာဂါပိုးရွိေၾကာင္းသိရွိရမႈ ကအစခ်ီၿပီး၊ ရန္ကုန္တိုင္း အစိုးရရဲ႕ ထပ္ဆင့္ လုပ္ေဆာင္ခ်က္ေၾကာင့္ က်မတို႔ ျပည္သူေတြၾကားစိတ္ဝမ္းကြဲၾက ရတာေတြဟာ အလြန္ဝမ္းနည္းစရာ ေကာင္းပါတယ္ ဆိုတဲ့ စာတစ္ေၾကာင္းပါဝင္ပါတယ္။

ရန္ကုန္တိုင္းအစိုးရက အင္းစိန္ျဖစ္ရပ္နဲ႔ မရမ္းကုန္ျဖစ္ရပ္မွာ တရားေဟာဆရာေတြကို အေရးယူအမႈဖြင့္ခဲ့တာရွိၿပီး၊ အဲဒါကို ရည္ၫႊန္းသလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္းမသိဘူး။

အိမ့္သႏၲာထြန္း / ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------------
[Unicode Version]

မန္တလေးမှာ နှာခေါင်းစည်းတပ်ဖို့ စည်းကမ်းတင်းကြပ်တော့မယ်

COVID-19 ရောဂါတွေ့ရှိသူအရေအတွက် တိုးလာတာနဲ့အတူပဲ မန္တလေးတိုင်းဒေသကြီးမှာတော့ လူစုလူဝေးတွေမှာ နှာခေါင်းစည်း မဖြစ်မနေတပ်ဖို့ ဆောင်ရွက်ချက်တွေနဲ့အတူ သင်္ကြန်အပြီးကာလမှာလည်း ရောဂါကာကွယ်ရေးကို တိုးမြှင့်ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းကနေ တင်ပြပေးပါမယ်။

ရောဂါကာကွယ်ရေးအတွက် ဧပြီ ၁၀ ရက်နေ့ ၁၉ ရက်အထိ နေအိမ်ကနေ မလိုအပ်ဘဲ မထွက်ကြဖို့ မြို့ကြီးတွေမှာ တိုက်တွန်းထားသလို အဲဒီရက်ပြီးရင်လည်း တားမြစ်ကန့်သတ်ချက်တွေ တိုးမြင့်လုပ်ဖို့ မန္တလေးတိုင်းအစိုးရက ပြင်ဆင်နေတာတွေ့ရပါတယ်။

နှစ်ဆန်း တစ်ရက်မတိုင်ခင်ရက်တွေကို နှာခေါင်းစည်းတပ်ဖို့အတွက် ပညာပေးကာလအဖြစ် သတ်မှတ် ဆောင်ရွက်နေပြီး နှစ်ဆန်း တစ်ရက်အကျော် ဧပြီလ ၁၈ ရက် စနေနေ့ကစပြီး သတ်မှတ်ထားတဲ့ ဒေသန္တရအမိန့် မလိုက်နာသူတွေကို သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့ အရေးယူတာတွေ ဆောင်ရွက်သွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ရင်မြင့်က ဗွီအိုအေကို ပြောပြပါတယ်။

“ကျနော်တို့ မန္တလေးမြို့မှာ မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ စီမံခန့်ခွဲတဲ့ ဈေးတွေအားလုံးမှာ mask တွေကို အခမဲ့ လိုက်ပြီးတော့မှ ဝေပေးပါတယ်။ အဲ့ဒီလို ပထမပိုင်းမှာ ဝေပေးပြီးတဲ့ နောက် ဈေးများအားလုံးမှာ mask မပါရင် ဈေးရောင်းတဲ့သူရော ဈေးဝယ်တဲ့သူရော ဈေးထဲကို မဝင်ရဘူးဆိုပြီးတော့ အဲ့ဒီလို ကန့်သတ်ပါတယ်။ မြို့တော်ဝန်ကြီး ဦးဆောင်ပြီးတော့ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနဲ့ ကျနော်တို့ ချိတ်ဆက်ပါတယ်။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက အထည်ချုပ်သမားတွေက home made mask တွေကို ထုတ်လုပ်နေပါတယ်။ သောင်းနဲ့ ချီပြီးတော့မှ စပြီးထွက်နေပါပြီ။ အဲ့ဒီ mask တွေက ပြန်လျော်သုံးလို့လည်း ရတယ်။ အဲ့ဒီ mask တွေကို စည်ပင်က ဝန်ထမ်းတွေက ဈေးတွေ လမ်းဘေးက ဈေးသည်တွေကို အစုံ လိုက်ပြီးတော့ ဝေနေဆဲပဲ ဖြစ်ပါတယ်။ လာမယ့်နှစ်ဆန်း တစ်ရက်နေ့ ဧပြီ ၁၇ ရက်နေ့ရဲ့ နောက်ပိုင်းမှာ ရောက်လို့ရှိရင်တော့ လူတိုင်းလူတိုင်းမှာ အပြင်ထွက်ရင် mask မတပ်မနေရပါ။ တကယ်လို မတပ်တာကို တွေ့လို့ရှိရင် ဥပဒေအရ အရေးယူဖို့ အတွက် အဲ့ဒါကိုလည်း ပြင်ဆင်နေပါတယ်။ ခုတော့ ကျနော်တို့ mask ပေါင်းတော့ သောင်းဂဏန်း တော့ ဝေပြီးတဲ့ အနေအထားမှာ ရှိပါတယ်။”

စည်ပင်က စီမံခန့်ခွဲတာ မဟုတ်တဲ့ လမ်းဘေး ပျံကျ ဈေးက ဈေးသည်နဲ့ ဈေးဝယ်တွေနဲ့ လမ်းဘေးဆိုင်တွေကိုလည်း မန္တလေးမြို့စည်ပင်က နှာခေါင်းစည်းတွေ ဖြန့်ဝေပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ဆန်းတစ်ရက် မတိုင်ခင် ရက်တွေအတွင်းမှာ နှာခေါင်းစည်းတွေ ဖြန့်ဝေပေးတာတွေနှင့် နှာခေါင်းစည်း တပ်ဖို့ ပညာပေးတာတွေကို ဆောင်ရွက်မှာဖြစ်ပြီး နှစ်ဆန်းတစ်ရက် ကျော်လွန်ရင်တော့ အရေးယူမယ့်ကိစ္စကို စတင်တော့မှာဖြစ်ပါတယ်။

နှာခေါင်းစည်း မတပ်တဲ့သူတွေကို ဘယ်လိုပုံစံနဲ့ အရေးယူမလဲဆိုတာနဲ့ ပတ်သက်လို့လည်း ဦးကျော်ရင်မြင့်က ခုလို ပြောပြပါတယ်။

“ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေတို့ နောက်တစ်ခါ နောက် ကျနော်တို့စည်ပင်မှာ လည်း သတ်မှတ်ထားတဲ့ ပြဌာန်းချက်တွေကို မလိုက်နာရင် အရေးယူနိုင်တယ် ဆိုတာတို့ နောက်တစ်ခါ ကူးစက်ရောဂါဖြစ်လာရင် ဘယ်လို ဆောင်ရွက်ရမယ်၊ မလိုက်နာရင် ဘယ်လို အရေးယူမယ်ဆိုတာတွေ ဥပဒေ အဆင့်ဆင့်တွေနဲ့ ဥပဒေတွေတော့ ရှိပါတယ်ဗျ။ အဲ့ဒါကို ဥပဒေ ကျွမ်းကျင်တဲ့ အတွင်းရေးမှုးကြီးက ရှာဖွေပြီး ပြုစုနေပါတယ်။ အဲ့ဒီအပေါ်မှာတည်ပြီးတော့ တရားရုံး တွေနဲ့ အဲ့ဒီရက်တွေကျရင်တော့ အဆင်သင့်ဖွင့်ထားပြီးတော့ ချက်ချင်း အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။”

ရန်ကုန်တိုင်းမှာ တတ်နိုင်သမျှ အပြင်မထွက်ကြဖို့ ညွှန်ကြားထားတဲ့ ကာလအတွင်းမှာ အကြောင်းကိစ္စ ကြောင့် အပြင်ထွက်နေကြရတဲ့သူတွေ သွားလာရေး အဆင်အပြေစေဖို့အတွက် YBS အချို့ ပြေးဆွဲပေးနေပါတယ်.။

အဲ့ဒီလို ပြေးဆွဲပေးနေတဲ့ YBS တွေပေါ်မှာ ရောဂါကူးစက်မှုတွေကို တားဆီးနိုင်ဖို့အတွက် အကွာအဝေး ကန့်သတ်ထားတဲ့ ထိုင်ခုံတစ်လုံးကို တစ်ယောက်ပဲ ထိုင်ရမှာဖြစ်ပြီး စီးနင်းတဲ့ ခရီးသည်တိုင်း နှာခေါင်းစည်း တပ်ဆင်ပြီး ကားပေါ်အတက်အဆင်းမှာ Hand Gel နဲ့ လက်ဆေးဖို့ လုပ်ပေးထားပါတယ်။ ဒါပေမဲ့လည်း အခု ဧပြီလ ၁၉ သင်္ကြန်ကာလအပြီးမှာတော့ ရောဂါကာကွယ်ရေးအတွက် ဘာတွေ တိုးမြင့်လုပ်ဆောင်သွားမလဲဆိုတာကတော့ ရန်ကုန်တိုင်းအစိုးရဘက်က တိတိကျကျ ထွက်မလာသေးပါဘူး။ ရန်ကုန်မှာတော့ ရောဂါပိုးတွေ့ရှိသူတွေနဲ့ ဆက်စပ်ပြီး ရပ်ကွက်နဲ့လမ်းတွေနဲ့ တိုက်တာအချို့ကို အသွားအလာပိတ်ပင်တာတွေ ပိုများလာပါတယ်။ ဒါ့အပြင် ဘာသာရေးတရားပွဲနှစ်ခုကနေ ကူးစက်မှုများလာတဲ့အတွက် အဲဒီ ဘာသာရေးဆရာတွေနဲ့ အခမ်းအနားစီစဉ်သူတွေကို ရန်ကုန်တိုင်းအစိုးရက အမှုဖွင့်အရေးယူတဲ့အပေါ်မှာ အပြန်အလှန်ဝေဖန်မှုတွေလည်း ပြင်းထန်နေပါတယ်။

ဒီကနေ့ မနက်က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ Facebook စာမျက်နှာမှာ COVID-19 လူနာ ထပ်တိုးတဲ့ အကြောင်း ရေးသားထားတဲ့ ပို့စ်တခုမှာတော့ အင်းစိန်မှာ လူတစ်စု ရောဂါပိုးရှိကြောင်းသိရှိရမှု ကအစချီပြီး၊ ရန်ကုန်တိုင်း အစိုးရရဲ့ ထပ်ဆင့် လုပ်ဆောင်ချက်ကြောင့် ကျမတို့ ပြည်သူတွေကြားစိတ်ဝမ်းကွဲကြ ရတာတွေဟာ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ် ဆိုတဲ့ စာတစ်ကြောင်းပါဝင်ပါတယ်။

ရန်ကုန်တိုင်းအစိုးရက အင်းစိန်ဖြစ်ရပ်နဲ့ မရမ်းကုန်ဖြစ်ရပ်မှာ တရားဟောဆရာတွေကို အရေးယူအမှုဖွင့်ခဲ့တာရှိပြီး၊ အဲဒါကို ရည်ညွှန်းသလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိဘူး။

အခုလက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ဖြစ်ပွားနေသူ စုစုပေါင်းက ၇၄ ဦးရှိနေပြီး သေဆုံးသူ ၄ ဦး ရှိပါတယ်။

အိမ့်သန္တာထွန်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-mdy/5372788.html
မႏၲေလးမွာ ႏွာေခါင္းစည္းတပ္ဖို႔ စည္းကမ္းတင္းၾကပ္ေတာ့မယ္ မႏၲေလးမွာ ႏွာေခါင္းစည္းတပ္ဖို႔ စည္းကမ္းတင္းၾကပ္ေတာ့မယ္ Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.