COVID-19 ကာကြယ္ဖို႔ စာေရးတင္ျပသူ ကန္စစ္သေဘၤာအႀကီးအကဲ ရာထူးဖယ္ရွားခံရ

အေမရိကန္ေရတပ္ ေလယာဥ္တင္စစ္သေဘၤာ USS Theodore Roosevelt

(Zawgyi/Unicode)

အေမရိကန္ေရတပ္ ေလယာဥ္တင္စစ္သေဘၤာ USS Theodore Roosevelt ေပၚမွာ coronavirus ပိုးကူးစက္ျဖစ္ပြားေနၿပီလို႔ အသိေပးခဲ့တဲ့ သေဘၤာ captain ကို ေရတပ္က ရာထူးကေန ဖယ္႐ွားလိုက္ပါတယ္။
ေရတပ္ဗိုလ္မွဴးႀကီး Brett Crozier

ေရတပ္ဗိုလ္မွဴးႀကီး Brett Crozier ကို ရာထူးကေန ဖယ္႐ွားၿပီး သူ႔ေနရာမွာ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး Carlos Sardiello နဲ႔ အစားထိုးမယ္လို႔ ေရတပ္ယာယီဝန္ႀကီး Thomas Modly က Pentagon စစ္ဌာနခ်ဳပ္မွာ ၾကာသပေတးေန႔က သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

အဆင့္ဆင့္ ႀကီးၾကပ္ကြပ္ကဲတဲ့ေနရာမွာ သြက္သြက္လက္လက္နဲ႔ ခံႏိုင္ရည္႐ွိတဲ့ စိတ္ဓါတ္လိုအပ္ၿပီး။ ခက္ခဲတဲ့အေျခအေနႀကံဳလာရင္ မွန္ကန္တဲ့ဆံုးျဖတ္ခ်က္၊ ရင့္ၾကက္မႈနဲ႔ ဦးေဆာင္မႈေပးႏုိင္တဲ့ တပ္မွဴးႀကီးမ်ဳိး လိုအပ္တယ္လို႔ ေရတပ္ဝန္ႀကီးကေျပာပါတယ္။

ေရတပ္ဗိုလ္မွဴးႀကီး Crozier အေပၚ သူအယံုအၾကည္ မ႐ွိေတာ့ဘူးလို႔လည္း ေျပာပါတယ္။ တျခားတာဝန္႐ွိသူေတြရဲ႕ ေျပာၾကားခ်က္အရ Crozier ကေတာ့ ေရတပ္မွာ ဆက္လက္တာဝန္ထမ္းေနမွာျဖစ္ပါတယ္။

Center for American Progress အဖဲြ႔က စစ္တပ္အႀကီးအကဲေဟာင္းျဖစ္တဲ့ အမ်ိးသား လံုၿခံဳေရးနဲ႔ ႏိုင္ငံတကာမူဝါဒေရးရာ ဒုဥကၠ႒ Kelly Magsamen ကေတာ့ ေရတပ္ဗိုလ္မွဴးႀကီး Crozier ကို ဖယ္႐ွားမယ့္အစား ရာထူးေတာင္တိုးေပးသင့္တယ္လို႔ ေျပာပါတယ္။ စိုးရိမ္စရာကိစၥကို အဆင့္ဆင့္ အမိန္႔ေပးသင့္တဲ့အတိုင္း ေဆာင္႐ြက္ခဲ့သူကို မမွ်မတ အေရးယူတဲ့ လုပ္ရပ္ေနာက္ တခုျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Theodore Roosevelt စစ္သေဘၤာေပၚမွာ coronavirus ပိုးကူးစက္ေနမႈေၾကာင့္ သေဘၤာသားေတြရဲ႕ အသက္ကို ကာကြယ္ဖုိ႔ အထက္အရာ႐ွိေတြအေနနဲ႔ ျပတ္ျပတ္သားသား ဆံုးျဖတ္ေပးပါလို႔ ေရတပ္ဗိုလ္မွဴးႀကီး Brett Crozier က အခုသီတင္းပါတ္အေစာပိုင္းက စာေရးသားေတာင္းဆိုခဲ့တာပါ။

အဲဒီစာ သတင္းမီဒီယာေတြမွာ ေပါက္ၾကားခဲ့ၿပီးေနာက္ ခုလို ရာထူးကေန ဖယ္႐ွားခံရတာျဖစ္ပါတယ္။


[Unicode Version]

COVID-19 ကာကွယ်ဖို့ စာရေးတင်ပြသူ ကန်စစ်သင်္ဘောအကြီးအကဲ ရာထူးဖယ်ရှားခံရ

အမေရိကန်ရေတပ် လေယာဉ်တင်စစ်သင်္ဘော USS Theodore Roosevelt ပေါ်မှာ coronavirus ပိုးကူးစက်ဖြစ်ပွားနေပြီလို့ အသိပေးခဲ့တဲ့ သင်္ဘော captain ကို ရေတပ်က ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

ရေတပ်ဗိုလ်မှူးကြီး Brett Crozier ကို ရာထူးကနေ ဖယ်ရှားပြီး သူ့နေရာမှာ ရေတပ်ဗိုလ်ချုပ်ကြီး Carlos Sardiello နဲ့ အစားထိုးမယ်လို့ ရေတပ်ယာယီဝန်ကြီး Thomas Modly က Pentagon စစ်ဌာနချုပ်မှာ ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲတဲ့နေရာမှာ သွက်သွက်လက်လက်နဲ့ ခံနိုင်ရည်ရှိတဲ့ စိတ်ဓါတ်လိုအပ်ပြီး။ ခက်ခဲတဲ့အခြေအနေကြုံလာရင် မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ ရင့်ကြက်မှုနဲ့ ဦးဆောင်မှုပေးနိုင်တဲ့ တပ်မှူးကြီးမျိုး လိုအပ်တယ်လို့ ရေတပ်ဝန်ကြီးကပြောပါတယ်။

ရေတပ်ဗိုလ်မှူးကြီး Crozier အပေါ် သူအယုံအကြည် မရှိတော့ဘူးလို့လည်း ပြောပါတယ်။ တခြားတာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ Crozier ကတော့ ရေတပ်မှာ ဆက်လက်တာဝန်ထမ်းနေမှာဖြစ်ပါတယ်။

Center for American Progress အဖွဲ့က စစ်တပ်အကြီးအကဲဟောင်းဖြစ်တဲ့ အမျိးသား လုံခြုံရေးနဲ့ နိုင်ငံတကာမူဝါဒရေးရာ ဒုဥက္ကဋ္ဌ Kelly Magsamen ကတော့ ရေတပ်ဗိုလ်မှူးကြီး Crozier ကို ဖယ်ရှားမယ့်အစား ရာထူးတောင်တိုးပေးသင့်တယ်လို့ ပြောပါတယ်။ စိုးရိမ်စရာကိစ္စကို အဆင့်ဆင့် အမိန့်ပေးသင့်တဲ့အတိုင်း ဆောင်ရွက်ခဲ့သူကို မမျှမတ အရေးယူတဲ့ လုပ်ရပ်နောက် တခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Theodore Roosevelt စစ်သင်္ဘောပေါ်မှာ coronavirus ပိုးကူးစက်နေမှုကြောင့် သင်္ဘောသားတွေရဲ့ အသက်ကို ကာကွယ်ဖို့ အထက်အရာရှိတွေအနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးပါလို့ ရေတပ်ဗိုလ်မှူးကြီး Brett Crozier က အခုသီတင်းပါတ်အစောပိုင်းက စာရေးသားတောင်းဆိုခဲ့တာပါ။

အဲဒီစာ သတင်းမီဒီယာတွေမှာ ပေါက်ကြားခဲ့ပြီးနောက် ခုလို ရာထူးကနေ ဖယ်ရှားခံရတာဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/covid-19-us-military-aircraft-carrier/5358549.html
COVID-19 ကာကြယ္ဖို႔ စာေရးတင္ျပသူ ကန္စစ္သေဘၤာအႀကီးအကဲ ရာထူးဖယ္ရွားခံရ COVID-19 ကာကြယ္ဖို႔ စာေရးတင္ျပသူ ကန္စစ္သေဘၤာအႀကီးအကဲ ရာထူးဖယ္ရွားခံရ Reviewed by THITHTOOLWIN on 03:27 Rating: 5
Powered by Blogger.